Sports Myanmar

Sports Myanmar ဘောလုံးသတင်းများကို SM မှာ အခမဲ့ဖတ်နိုင်ပါပြီ။ နောက်ဆုံးရ အားကစားသတင်းတွေကို Sports Myanmar ကနေ ဖတ်ရှုလိုက်ပါ။

BREAKING!ယူရိုမှာ ၂ ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းအင်္ဂလန်အမျိုးသမီးဘောလုံးအသင်းဟာ ဆွစ်ဇာလန်နိုင်ငံမှာ က...
27/07/2025

BREAKING!
ယူရိုမှာ ၂ ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်း

အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းဟာ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၅ အမျိုးသမီးယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၂ မှာတုန်းကလည်း ချန်ပီယံဖြစ်ထားခဲ့တာကြောင့် ၂ ကြိမ်ဆက် ဗိုလ်စွဲမှု ဖြစ်လာစေခဲ့ပါတယ် ။ ဒါ့အပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာကိုလည်း ပြန်လည်ချေပနိုင်ခဲ့ပါပြီ ။

စပိန်အသင်းဟာ အင်္ဂလန်အသင်းဘက်ကို ဂိုးကန်သွင်းမှုများစွာ ရရှိခဲ့ပေမယ့် ဂိုးထပ်မံမသွင်းယူနိုင်တာကြောင့် ပင်နယ်တီကန်ခဲ့ကြရတာဖြစ်ပြီး ချဲလ်ဆီးအမျိုးသမီးအသင်းရဲ့ ဂိုးသမား ဟန်နာ ဟမ်ပ်တန်ရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ အင်္ဂလန်တို့ ချန်ပီယံဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ် ။

Congratulations!

ရာသီအကြိုခြေစမ်းပွဲမှာ နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်အသင်းအလက်ဆန်းဒါး အီဆက် မပါဝင်နိုင်ခဲ့တာက နယူးကာဆယ်အသင်းအပေါ် သက်ရောက်မှု...
27/07/2025

ရာသီအကြိုခြေစမ်းပွဲမှာ နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်အသင်း

အလက်ဆန်းဒါး အီဆက် မပါဝင်နိုင်ခဲ့တာက နယူးကာဆယ်အသင်းအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ် ။ အာဆင်နယ်ဟာ နယူးကာဆယ်က ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ကစားပုံပျက်မသွားခဲ့ဘဲ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပထမပိုင်းမှာတင်သွင်းယူနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာလည်း နယူးကာဆယ်ဘက်က ချေပဂိုးထပ်သွင်းနိုင်ခဲ့ပေမယ့် အိုဒီဂွာက အာဆင်နယ်အတွက် ပင်နယ်တီကနေ အနိုင်ဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့ပါတယ် ။

နိုင်ပွဲနဲ့စတင်ခဲ့တဲ့ ဘာစီလိုနာအသင်းဘာစီလိုနာအသင်းဟာ ဒီကနေ့ ဂျပန်နိုင်ငံမှာကစားခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲမှာ ဗစ်ဆယ်ကိုဘေ...
27/07/2025

နိုင်ပွဲနဲ့စတင်ခဲ့တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ဒီကနေ့ ဂျပန်နိုင်ငံမှာကစားခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲမှာ ဗစ်ဆယ်ကိုဘေးအသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ ဘာစီလိုနာအသင်းအတွက် အဓိကကစားသမားတွေအားလုံး ပါဝင်ကစားခဲ့ကြပြီး ကစားသမားသစ် ရက်ရှ်ဖိုဒ့်ကလည်း ဒုတိယပိုင်းမှာ မိနစ်အနည်းငယ် ပါဝင်ကစားသွားခဲ့ပါတယ် ။ ဘာစီလိုနာအတွက် ဂိုးတွေကိုတော့ အဲရစ်ဂါစီယာ ၊ မကြာခင်ကမှ ပြောင်းရွှေ့လာတဲ့ ရွန်နီ နဲ့ လူငယ်ကစားသမားလေး ပက်ဒရိုတို့က သွင်းယူပေးခဲ့ကြပါတယ် ။

Photo Newsစင်္ကာပူမှာ ကစားမယ့် အာဆင်နယ် - နယူးကာဆယ်ပွဲစဉ်မတိုင်ခင်မှာ ကွင်းထဲဝင်ရောက်လာပြီး အာဆင်နယ်ဖန်တွေကို မိတ်ဆက်သွာ...
27/07/2025

Photo News
စင်္ကာပူမှာ ကစားမယ့် အာဆင်နယ် - နယူးကာဆယ်ပွဲစဉ်မတိုင်ခင်မှာ ကွင်းထဲဝင်ရောက်လာပြီး အာဆင်နယ်ဖန်တွေကို မိတ်ဆက်သွားခဲ့တဲ့ ကစားသမားသစ် ဗစ်တာ ဂျော်ကာရက်စ်

ကွင်းထဲသွားကြည့်ဖြစ်တဲ့သူတွေ တွေ့လိုက်ကြရဲ့လားဗျ

Here We Go!ဆော်ဒီထိပ်သီကလပ် အယ်လ်နက်ဆာအသင်းဟာ ချဲလ်ဆီးအသင်းက ပေါ်တူဂီကစားသမား ယိုဝေါင်ဖဲလစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရ...
27/07/2025

Here We Go!
ဆော်ဒီထိပ်သီကလပ် အယ်လ်နက်ဆာအသင်းဟာ ချဲလ်ဆီးအသင်းက ပေါ်တူဂီကစားသမား ယိုဝေါင်ဖဲလစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။ အယ်လ်နက်ဆာအသင်းဟာ ဒီအပြောင်းအရွှေ့အတွက် ယူရို သန်း ၃၀ ပေးချေရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ add-on, sell-on clause တွေအပါအဝင် ယူရို သန်း ၅၀ အထိ ရရှိနိုင်မယ်လို့ ဖာဘရီဇီယို ရိုမားနိုးက ဖော်ပြသွားခဲ့ပါတယ် ။

Photo News!နာပိုလီအသင်းရဲ့ ရာသီအကြိုခြေစမ်းပွဲမှာ ပါဝင်ကစားနေတဲ့ ကယ်ဗင် ဒီဘရိုင်းနားမနေ့က ကစားခဲ့တဲ့ စီးရီးဘီကလပ် ကန်တန်...
27/07/2025

Photo News!
နာပိုလီအသင်းရဲ့ ရာသီအကြိုခြေစမ်းပွဲမှာ ပါဝင်ကစားနေတဲ့ ကယ်ဗင် ဒီဘရိုင်းနား

မနေ့က ကစားခဲ့တဲ့ စီးရီးဘီကလပ် ကန်တန်ဇာရိုအသင်းနဲ့ ခြေစမ်းပွဲမှာ မန်စီးတီးကွင်းလယ်ကစားသမားဟောင်းကြီး ကယ်ဗင် ဒီဘရိုင်းနားဟာ အသင်းသစ် နာပိုလီအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ် ။

"ရိုနယ်ဒို က ကျွန်တော့ရဲ့ စံပြကစားသမားပါ ။ ဒါပေမယ့် ဘောလုံးသမိုင်းတလျောက် အကောင်းဆုံးကတော့ မက်ဆီပါပဲ ။ ဘာစီလိုနာလို့ ပြေ...
27/07/2025

"ရိုနယ်ဒို က ကျွန်တော့ရဲ့ စံပြကစားသမားပါ ။ ဒါပေမယ့် ဘောလုံးသမိုင်းတလျောက် အကောင်းဆုံးကတော့ မက်ဆီပါပဲ ။ ဘာစီလိုနာလို့ ပြောလိုက်ရင် အားလုံးက မက်ဆီရဲ့ အကြောင်းတွေပါပဲ ။ ဒီအသင်းရဲ့ အောင်မြင်မှုများစွာကို မက်ဆီက ရယူပေးခဲ့တာပါ"

"အခု ကျွန်တော် ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရခဲ့ပါပြီ ၊ ဒီအတွက် ဝမ်းသာမိပါတယ် ။ ဒါပေမယ့်လည်း မက်ဆီ နဲ့ တွဲကစားခွင့် မရခဲ့တာအတွက်လည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်ရပါတယ် ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းရဲ့ဂျာစီကိုဝတ်ဆင်ကစားဖို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါပြီ"
Marcus Rashford

"ကျွန်တော့အတွက် ( အာဆင်နယ်က ) မှန်ကန်တဲ့ အသင်းကို ရောက်ရှိလာတယ်လို့ ခံစားမိပါတယ် ။ မီကေးအာတီတာ နဲ့ အန်ဒရီယာ ဘာတာတို့နဲ့ ...
27/07/2025

"ကျွန်တော့အတွက် ( အာဆင်နယ်က ) မှန်ကန်တဲ့ အသင်းကို ရောက်ရှိလာတယ်လို့ ခံစားမိပါတယ် ။ မီကေးအာတီတာ နဲ့ အန်ဒရီယာ ဘာတာတို့နဲ့ ပြောဆိုအပြီးမှာ သူတို့ ဘယ်လိုတွေ ကစားခဲ့ကြတယ် ၊ သူတို့ရဲ့ စီမံကိန်းတွေက ဘာတွေဆိုတာရယ်ကို သိရှိခဲ့ရပါတယ် ။ မနှစ်က ဘောလုံးရာသီမှာ အာဆင်နယ်နဲ့ ကျွန်တော် ကစားခဲ့ဖူးပါတယ် ၊ တကယ်ကို ကောင်းတဲ့အသင်းပါ ။ ဒါတွေက အခုလို အာဆင်နယ်ကို ရောက်လာစေတဲ့ အကြောင်းအရင်းတွေပါပဲ"

"ဂိုးတွေသွင်းယူရတာက ကျွန်တော့ရဲ့ အလုပ်တစ်ခုပါ ။ ဒါကို အာဆင်နယ်အသင်းမှာ လုပ်နိုင်ဖို့ မစောင့်ချင်တော့ပါဘူး"
Viktor Gyokeres ( အာဆင်နယ်ကစားသမားသစ် )

အင်တာမိုင်ယာမီအသင်းဟာ အခုလအစပိုင်းတုန်းက ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စင်စင်နာတီအသင်းကို အိမ်ကွင်းမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ...
27/07/2025

အင်တာမိုင်ယာမီအသင်းဟာ အခုလအစပိုင်းတုန်းက ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စင်စင်နာတီအသင်းကို အိမ်ကွင်းမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ် ။ မက်ဆီ နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ ပွဲပယ်ခံခဲ့ရတာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် လူးဝစ် ဆွာရက်က အကောင်းဆုံး ဦးဆောင်ကစားသွားခဲ့တာပါ ။ စင်စင်နာတီအသင်း သွင်းယူတဲ့ဂိုးကို ခွင့်မပြုခဲ့တာကလည်း အိမ်ရှင်အသင်းကို ကံကောင်းစေခဲ့ပါတယ် ။ ဒီပွဲမစတင်ခင်မှာ ကစားသမားသစ် ရိုဒရီဂို ဒီပေါလ်ကို မိတ်ဆက်ပေးသွားခဲ့ပြီး မက်ဆီ နဲ့အတူ ပွဲကို ကြည့်ရှုအားပေးသွားခဲ့ပါတယ် ။

ဒီမနက်ကစားခဲ့တဲ့ Premier League Summer Series ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂-၁ နဲ့ အနိုင်ကစား...
27/07/2025

ဒီမနက်ကစားခဲ့တဲ့ Premier League Summer Series ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂-၁ နဲ့ အနိုင်ကစားခဲ့ပါတယ် ။ မန်ယူနိုက်တက်အတွက် ဘရူနို ဖာနန်ဒက်စ် က ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ အတော်လေးလှပခဲ့ပါတယ် ။ ကစားသမားသစ် ကွန်ညာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး အမ်ဘျူမို ကိုတော့ အသင်းနဲ့ လေ့ကျင့်တာ နောက်ကျခဲ့တာကြောင့် အခုပွဲမှာ ထည့်သွင်းမကစားခဲ့ပါဘူး ။

မန်ယူနိုက်တက်ဟာ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ် ။

OFFICIAL!!ဗစ်တာ ဂျော်ကာရက်စ် ဟာ အာဆင်နယ်ကစားသမားဖြစ်လာခဲ့ပါပြီအာဆင်နယ်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီးသီယာ...
26/07/2025

OFFICIAL!!
ဗစ်တာ ဂျော်ကာရက်စ် ဟာ အာဆင်နယ်ကစားသမားဖြစ်လာခဲ့ပါပြီ

အာဆင်နယ်အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး

သီယာရီ အွန်နရီ ရဲ့ ဂန္ထဝင်ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ် ။

Welcome to Premier League

အေစီမီလန်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ လီဗာပူးအသင်းပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ ဟောင်ကောင်မှာ ကစားခဲ့တဲ့ ရာသီအကြိုခြေ...
26/07/2025

အေစီမီလန်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ လီဗာပူးအသင်း

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ ဟောင်ကောင်မှာ ကစားခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲမှာ အေစီမီလန်အသင်းကို ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ မိနစ် ၉၀ အထိ အေစီမီလန်အသင်းက ၃-၁ နဲ့ အနိုင်ရရှိနေတာဖြစ်ပြီး မိနစ် ၉၀ အကျော်မှာ တစ်ဘက် ၁ ဂိုးစီထပ်သွင်းခဲ့ကြပါတယ် ။

လီဗာပူးအသင်းဘက်မှာ ကစားသမားသစ် ဖလော်ရီယန်ဗက် ပါဝင်ကစားခဲ့သလို မီလိုဇ့် ကာကက်ဇ် နဲ့ ဖရင်းပေါင်တို့လည်း လူစားဝင်ကစားခဲ့ကြပါတယ် ။ ဟျူဂို အီကီတက်ကတော့ ပါဝင်မကစားခဲ့သေးပါဘူး ။ လီဗာပူးအတွက် ၂ ဂိုးကို ဒိုမီနစ် ဆိုဘော့ဇ်စလိုင်း နဲ့ ကိုဒီ ဂတ်ပိုတို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Address

Paya Lebar

Alerts

Be the first to know and let us send you an email when Sports Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share