Global Yaw Funding

Global Yaw Funding Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Yaw Funding, Digital creator, Raffles Park.

02/09/2026
🤝🤝🤝“တွဲလက်ညီညီ ချီတက်မည်” ကမ်ပိန်းမှ ရရှိသော ထောက်ပို့ငွေတစ်ကျပ်ချင်းစီကို အဓိပ္ပါယ်ရှိအောင် အသုံးချပြီး ရှေ့တန်းရဲဘော်မ...
22/04/2026

🤝🤝🤝

“တွဲလက်ညီညီ ချီတက်မည်” ကမ်ပိန်းမှ ရရှိသော ထောက်ပို့ငွေတစ်ကျပ်ချင်းစီကို အဓိပ္ပါယ်ရှိအောင် အသုံးချပြီး ရှေ့တန်းရဲဘော်များအတွက် ကာကွယ်ရေး ဦးထုပ်များကို ဆက်လက် တပ်ဆင်ပေးလျက်ရှိပါသည်။
ယနေ့တွင် ဒုတိယအသုတ်အဖြစ် ရှေ့တန်းတွင် တိုက်ပွဲဝင်မည့် ရဲဘော်များထံသို့ လုံခြုံမှုတိုးမြှင့်ပေးနိုင်ခဲ့ပါပြီ။
ဒီအောင်မြင်မှုဟာ
တစ်ဦးတစ်ယောက်တည်းရဲ့ အားမဟုတ်ပါဘူး—
ပြည်သူလူထုတစ်ရပ်လုံးရဲ့ “တွဲလက်ညီညီ” လက်တွဲအားပါ။
ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေ အတွက်
နောက်တန်းကနေ မချန်မထား ပံ့ပိုးနေကြတဲ့ ပြည်သူအားလုံးကို
အထူးကျေးဇူးတင်ရှိပါသည်။
ငါတို့တွဲလက်ညီညီ—ရှေ့ကိုသာ ဆက်ချီတက်မည်။

"တွဲလက်ညီညီ ချီတက်မည်" ဂီတရံပုံငွေပွဲနှင့်ကံစမ်းမဲဖောက်ပွဲအား 4.4.2026 (စနေနေ့ည)တွင် ချောင်းနန်းမြို့ရှိလပ်ကီး ဆဲလ်ဗမ်း(...
06/04/2026

"တွဲလက်ညီညီ ချီတက်မည်" ဂီတရံပုံငွေပွဲနှင့်ကံစမ်းမဲဖောက်ပွဲအား 4.4.2026 (စနေနေ့ည)တွင် ချောင်းနန်းမြို့ရှိ
လပ်ကီး ဆဲလ်ဗမ်း(LUCKY-7) မြန်မာဆိုင်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

ထိုပွဲဖြစ်မြောက်ရေးအတွက်နေရာစီစဥ်ပေးပါသော LUCKY-7 မြန်မာဆိုင်မိသားစု၊ ဂီတဖြင့်အားဖြည့်ပေးကြသော LUCKY-7 MUSIC BAND နှင့် အဆိုရှင်များအားလုံး၊ Presenter အဖြစ်အမြဲကူညီဆောင်ရွက်ပေးသော ကိုလွှမ်းပြည့်၊ ပွဲ​ စ/လယ်/ဆုံး အသေးစိုက် တာဝန်ယူကူညီပေးကာ လက်ကျန်မဲလက်မှတ်များစွာကို ရောင်းချပေးသော ကိုမင်းမင်း၊ အဖက်ဖက်မှ ကူညီပေးကြသော မိတ်ဆွေများ၊ ငွေစာရင်းများကို သေချာစနစ်တကျပြုစုပေးသော ညီမလေးများ၊ပွဲကို လာရောက်ဝိုင်းရံအားပေးကြသော တစ်ယောက်စီတိုင်းကို Global Yaw Funding (ယောမိသားစု)မှ အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ပါသည်။

ဂီတပွဲအတွင်း ရရှိငွေ - 5280000 ဝမ်
ကုန်ကျငွေ စုစုပေါင်း- 860000 -ဝမ်
လက်ကျန်ငွေ စုစုပေါင်း - 4420000 - ဝမ် ရရှိခဲ့ပါသည်။

ဂီတပွဲချိန်အတွင်း လက်ကျန်မဲလက်မှတ်အစောင်ရေ ၄၇၀ -စောင် (ဝမ် ၄၇ သိန်း)
ကိုလဲ ရောင်းချခဲ့သည်။

ရရှိငွေအားလုံး အလေလွင့်မရှိအောင် သေချာစီစစ်ပြီး ယောဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ/စစ်ဘေးရှောင်ပြည်သူများထံ ပေးပို့သွားမည် ဖြစ်သည်။

"တွဲလက်တွေခိုင်မြဲ မယိုင်လဲတဲ့ စိတ်ဓါတ်တွေနဲ့
တော်လှန်ရေးကို ဆက်လက်ချီတက်ကြပါစို့။"


#လက်တွဲညီညီချီတက်မည်

Global Yaw Funding (GYF)             သဘောထား ထုတ်ပြန်ကြေငြာချက်                                ၁/၂၀၂၆                   ...
30/03/2026

Global Yaw Funding (GYF)
သဘောထား ထုတ်ပြန်ကြေငြာချက်
၁/၂၀၂၆

နေ့စွဲ ၃၀-၃-၂၀၂၆

၁။ Global Yaw Funding (GYF)အဖွဲ့သည် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်၍ ယောဒေသအတွင်းရှိ စစ်ရေး/ကျန်းမာရေး/ပညာရေးနှင့် စစ်ဘေးရှောင်ကိစ္စများကို တစိုက်မတ်မတ်ထောက်ပံ့လာခဲ့သော ပြည်တွင်းပြည်ပမှာရှိတဲ့ ယောသူ/ယောသားများနှင့် ဖွဲ့စည်းထားသော ထောက်ပို့အဖွဲ့စည်းတခုဖြစ်ပါသည်။

၂။ ၂၂-၃-၂၀၂၆ ခုနှစ်တွင် လက်နက်နဲ့ မဖြေရှင်းရန် သဘောတူညီမှု ရှိနေ၍ လုံခြုံးရေးအင်အား အနည်းငယ်ဖြင့်သာ ထီးလင်းမြို့နယ်၊ရေမျက်နီကျေးရွာသို့ သားရှင်ပြုအလှူပွဲပြုလုပ်ရန် ရောက်ရှိ‌နေ
သော ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးမှ ကိုကောင်းကောင်းဦးဆောင်သော အင်အား ၇ဦးနှင့် ရေမျက်နီရွာအလှူပွဲသို့ လာရောက်ထောက်လှမ်းသော ကိုမြတ်သူဦးဆောင်သော ယောကာကွယ်ရေးတပ် (YDF)အဖွဲ့မှ ထောက်လှမ်းရေး ရဲဘော် ၂ဦးတို့သည် ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာအနီး စတားလင့်ဆိုင်တခုတွင် အချိုရည်သောက်ရင်း စကားပြောဆိုနေကြစဉ် ကိုမြတ်သူဦးဆောင်သာ YDF အဖွဲ့မှ ရဲဘော်အချို့သည် ကားတစ်စီးဖြင့် ရုတ်တရက်ရောက်ရှိလာပြီး ရည်ရွယ်ချက်ရှိရှိ လက်ဦးမှုရယူကာ တဖက်သတ်ပစ်ခတ်မှုစတင်ပြုလုပ်ခဲ့ပြီး ဒရုန်းများပါအသုံးပြုတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

၃။ ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးမှ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ကျဆုံးကာ ရဲဘော် မျိုးအောင်နှင့် ရဲဘော်မိုင်းပီးတို့ ၂ဦးလဲ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသည်။

၄။ ၂၀၂၅ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သော တပ်တွင်းပြဿနာများကြောင့် ပိုမိုဆိုးရွာသောအခြေနေများ
မဖြစ်စေရန်အတွက် မကွေးတိုင်းစစ်ဌာနတိုင်းမှူး၊နွေဦးတော်လှန်ရေးတပ်ပေါင်းစု(SRA)ကိုယ်စားပြု မောင်ဆောင်းခ(BPLA)နှင့် ကိုမင်းကျော်(YA)၊ဂန့်ဂေါခရိုင်စစ်ဌာန ကိုယ်စားပြု သခင်ဇော် တို့မှ သဘာပတိများအဖြစ်ဆောင်ရွက်ကာ ၁၀-၃-၂၀၂၆ ခုနှစ်တွင် ပထမအကြိမ် အစည်းအဝေးပြုလုပ်ပြီး နှစ်ဦးနှစ်ဖက်လုံးမှ မည်သည့်အခြေနေတွင်မဆို လက်နက်နဲ့မဖြေရှင်းကြရန် လက်နက်နှင့်စတင်ဖြေရှင်းသူ အရှုံးဖြစ်ကြောင်း သဘာပတိများမှ‌ပြောဆိုဆုံးဖြတ်ခဲ့မှုကို နှစ်ဖက်လုံးမှ သဘောတူလက်ခံခဲ့ကြောင်းသိရှိရသည်။

၅။ ဂန့်ဂေါခရိုင် စစ်ဌာနမှလည်း မတ်လ (၁၀)ရက်နေ့ရက်စွဲဖြင့် မည်သူမျှ ကျေးရွာနှင့် တပ်စခန်းအနီးဝန်းကျင်တို့တွင် မလိုလားအပ်ဘဲ လက်နက်ပစ်ဖောက်ခြင်း ဖောက်ခွဲခြင်းများမပြုလုပ်ရန်၊ အကယ်၍ လက်နက်စမ်းသပ်ခြင်းပြုလုပ်မည်ဆိုပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်ရာတပ်ရင်းတပ်ဖွဲ့ထံ ကြိုတင်အသိပေးရမည်။ အထက်ပါအချက်များအားလိုက်နာကြရန်နှင့် လိုက်နာမှုမရှိပါက ဂန့်ဂေါခရိုင်စစ်ဌာနမှ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်ကိုလဲတွေ့ရှိရသည်။

၆။ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်အချင်းချင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုကြောင့် ယောကာကွယ်ရေးတပ်မြေပြင်စစ်ဒေသရုံးမှ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းနှင့် တပ်ကြပ် စိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့ရသည့်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

၇။ ကိုမြတ်သူဦးဆောင်သော ယောကာကွယ်ရေးတပ် (YDF)အဖွဲ့သည် မတ်လ ၁၀ ရက်နေ့တွင်ပြုလုပ်သော အစည်းဝေးပွဲဆုံးဖြတ်ချက်ကိုလည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသော ဂန့်ဂေါခရိုင်စစ်ဌာန၏ထုတ်ပြန်ချက်ကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ခဲ့ပြီး မြန်မာ့ရိုးရာ သားရှင်ပြုအလှူပွဲပြုလုပ်ရန်ရောက်ရှိနေသော ယောကာကွယ်ရေးတပ်မြေပြင်စစ်ဒေသရုံး ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းတို့အဖွဲ့အား သေဆုံးသည်အထိ ရည်ရွယ်ချက်ရှိရှိ စတင်ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းအပေါ် Global Yaw Funding (GYF)အဖွဲ့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါသည်။

‌၈။ ယခုကဲ့သို့ တော်လှန်ရေးရဲဘော်အချင်းချင်းကြား ဆွေးနွေး‌ဖြေရှင်းရမည့်အစား လက်နက်နဲ့ ‌ဖြေရှင်းမှုကို ပြုလုပ်ခဲ့သော ကိုမြတ်သူဦးဆောင်သော ယောကာကွယ်ရေးတပ်(YDF)အဖွဲ့အား လက်ရှိကျူးလွန်ထားသော ရဲဘော်အချင်းချင်းသတ်ဖြတ်မှုအား တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် မဖြေရှင်း‌ပေးမချင်း ယောဒေသတွင်းမှာရှိကြသော ထောက်ပို့ပြည်သူများ၊
ပြည်တွင်းပြည်ပမှာရှိကြသော ထောက်ပို့အဖွဲ့အစည်းများနှင့် တစ်ဦးတစ်ယောက်ချင်းထောက်ပို့နေကြသော ထောက်ပို့ပြည်သူများအနေဖြင့် လုံးဝ(လုံးဝ)ထောက်ပို့ခြင်းမပြုကြပါရန် ထောက်ပို့ပြည်သူများအား Global Yaw Funding (GYF)အဖွဲ့မှ ‌အလေးအနက်ထား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၉။ တော်လှန်ရေးရဲဘော်အချင်းချင်း သတ်ဖြတ်သည့် အလေ့အထတခု မထွန်းကားစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအနေဖြင့်လည်းကောင်း တော်လှန်ရေးရဲဘော်အချင်းချင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခဲ့ကြသူများအား အမှန်တရားပေါ်ပေါက်သည်အထိ ထိထိရောက်ရောက် အရေးယူပေးပါရန် လေးစားစွာဖြင့် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။


ဥက္ကဌ
Global Yaw Funding (GYF)

20/03/2026

🤝💕“တွဲလက်ညီညီချီတက်မည်” 💕🤝

တွဲလက်ညီညီ ချီတက်မည် ကမ်ပိန်းလေးကို 1 Jan မှ 15 Mar 2026 ရက်နေ့အထိ တိုင်းရင်းသား နယ်မြေတွင် လှုပ်ရှားနေသည့် အထူးစစ်ကြောင်း-၁ (ယောဒေသ) အတွက် စုဖွဲ့ပြင်ဆင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ဂန့်ဂေါခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိတပ်ရင်း ၁၄ ရင်းနှင့် ကလေးကဘော်ဂန့်ဂေါ (KKG)တပ်ရင်းများ စုဖွဲ့ပြင်ဆင်မှုလိုအပ်ချက်များကိုဖြည့်ဆည်းရန် နှင့် ယောဒေသအတွင်းလှုပ်ရှားနေသောစစ်ကြောင်းများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြုလုပ်ခဲ့ရာ နိုင်ငံတကာရှိ ✨Fund Raisers (၃၇) ဖွဲ့✨တို့မှတဆင့် ထောက်ပို့ပြည်သူအသီးသီးက မဲလက်မှတ်များဝယ်ယူအားပေးခြင်း၊ အလှူငွေသီးသန့်ထည့်ဝင်ခြင်းများဖြင့် အဘက်ဘက်မှ ဝန်းရံထောက်ပို့ခဲ့ခြင်းကြောင့်

🌟 မဲလက်မှတ်အစောင်ရေ (7,980) ရောင်းချနိုင်ခဲ့ပြီး ခန့်မှန်း USD 55,636 နှင့်
🌟 Certificate အလှူငွေသီးသန့်ထည့်ဝင်ခြင်းမှ ခန့်မှန်း USD 14,596 ရရှိခဲ့ပြီး
🌟 စုစုပေါင်း မြန်မာကျပ်ငွေ ၂,၇၇၄ သိန်းကျော် ( ခန့်မှန်း USD 70,232)ရရှိခဲ့ပါတယ်။

✨ကံစမ်းမဲများကို ဧပြီလဆန်းမှာ မဲဖောက်ပေးဖို့ပြင်ဆင်နေပြီဖြစ်ပါကြောင်းနှင့် ရရှိအလှူငွေများကို မြေပြင်သို့ စတင်စီးဆင်းနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးရင်းးးးးးးး
ပြည်သူတွေဝန်းရံပေးတဲ့ ခွန်အားတွေနဲ့အတူ ရှေ့သို့ ပါခင်ဗျာ 🤜🤛🤜🤛

#တွဲလက်ညီညီချီတက်မည်

"တွဲလက်ညီတူ စစ်ရှောင်ကူ" ဂီတပွဲစာရင်းရှင်းတမ်းစပွန်စာစာရင်း-ထွန်းတောက်ဖြိုး မြန်မာစားသောက်ဆိုင်-၁၀ သိန်းကလေးကဘော်အဖွဲ့-2...
18/03/2026

"တွဲလက်ညီတူ စစ်ရှောင်ကူ" ဂီတပွဲစာရင်းရှင်းတမ်း

စပွန်စာစာရင်း-

ထွန်းတောက်ဖြိုး မြန်မာစားသောက်ဆိုင်-၁၀ သိန်း
ကလေးကဘော်အဖွဲ့-200000
ဘာရန်း(FC)-50000
ကိုမောင်မောင်(ဘာရန်းFC)-50000
ဖိုးခွားလေး-50000
အမိမြေ မြန်မာစားသောက်ဆိုင်-300000
Yan Yan Yaw-50000
Zaw Win Oo-50000
ကိုပိုင်စိုး -100000
Final Battle Force-100000
SYSO - 200000
အိုပါးဇော်ကြီး+ဆာကူရာစုစု-50000
ကြောက်ခေတ်မှောက်ပစ်အဖွဲ့-300000
ကိုချမ်းဟို-50000
မဝင်းနဲ့အဖွဲ့- 600000
ကိုရဲ -30000

ကျွန်တော်တို့ ရန်ဘုံငွေဂီတဖြော်ဖြေပွဲမှာ ပါ၀င်အားဖြည့်ပေးကြတဲ့ volunteer ညီကိုများ ၊Real Feeling Band မှ အဖွဲ့တော်သားများ၊ဆိုဂျူးမြေမှဂီတရူးလေးများအဖွဲ့ မှ ညီကိုများ ၊ presenter ကူညီဆောင်ရွက်ပေးပါသော ကိုလွှမ်းပြည့်၊ ပွဲကျင်းပ ခွင့်ပေးပါသော ထွန်းတောက်ဖြိုးမြန်မာစားသောက်ဆိုင် ၊တက် ​ရောက်ဂုဏ်ပြုပေးပါသော ကိုဇော်မိုးအောင်နှင့် ကိုမင်းမင်း၊စာရင်းကိုင်ကူညီပေးသော ညီလေးနဲ့ညီမလေး၊ စည်းကမ်းရှိစွာဝန်းရံအားပေး ကြသောဘာရန်းမှ ရွှေညီကိုများအား ကျွန်တော်တို့ Global YawFunding အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🙏

08/02/2026

သူမရဲ့အပြုံးတွေလိုပဲလားမသိဘူး 🤪🤪
အေးစက်စက်နဲ့ ဒီကမ်ပိန်းလေးဟာ ဝိုင်းရံအားဖြည့်သူတွေ နဲနေလျှက်ပါ....

ကမ်ပိန်းမှာပါဝင်ပေးကြဖို့ရယ်
ကမ်ပိန်းရက်ထပ်တိုးထားကြောင်းကို ဂန့်ဂေါခရိုင်ရှိ
အထူးစစ်ကြောင်း (၁) 2ic ရဲ့ တိုက်တွန်းစကားဖြစ်ပါတယ် အားဖြည့်ပါဝင်ပေးကြပါအုံးနော်🤝🤝🤝

📌တွဲလက်ညီညီကမ်ပိန်းမှာ ပါ၀င်ကောက်ခံပေးကြမဲ့ နိုင်ငံအလိုက် FR စာရင်းဖြစ်ပါတယ်။ Certificate လေးယူပြီး ထောက်ပို့လို့ရသလို ကံစမ်းမဲဝယိပြီး ကူလို့ရပါတယ်ခင်ဗျာ 🤝🤝✊✊

https://www.facebook.com/share/p/1Dvwt9a3oX/?mibextid=wwXIfr

Address

Raffles Park

Website

Alerts

Be the first to know and let us send you an email when Global Yaw Funding posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global Yaw Funding:

Shortcuts

Share