Chatthin Revolution-CTN-R

Chatthin Revolution-CTN-R အာဏာရှင်စနစ် ကျရှုံးရမည်

HAPPY BIRTHDAY ပါ  အမေစုအမေစု ကျန်းမာပါစေအသက်ရာကျော်ရှည်ပါစေမတရား ချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေ။
18/06/2025

HAPPY BIRTHDAY ပါ အမေစု
အမေစု ကျန်းမာပါစေ
အသက်ရာကျော်ရှည်ပါစေ
မတရား ချုပ်နှောင်ခံရခြင်းမှ
အမြန်ဆုံးလွတ်မြောက်ပါစေ။

10/06/2025

🌹🌹အမေစု ရဲ့ ၈၀ ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုများကို ပေးပို့နိုင်ပါရန်🌹🌹

(၁) ဒီ link ကို နှိပ်ပြီး ကိုယ်တိုင်ပို့လို့ရပါပြီ

👉 https://tinyurl.com/80BDWish

(သို့မဟုတ်)

(၂) Official Fundraiser များမှတဆင့် ပေးပို့လိုသူများအတွက် ဒီမှာ နှိပ်ပြီး Fundraiser List ကိုကြည့်နိုင်ပါပြီ

👉 https://aid2burma.com/OfficialFRs

အီးမေး တစ်ခုသုံးပြီးလည်း video အများကြီးတင်နိုင်ပါတယ်

link ကိုအသုံးပြုလို့အစဉ်မပြေသူများ Facebook Messenger ကိုတိုက်ရိုက်ပို့ကြပါခင်ဗျာ

08/06/2025
ကိုယ့်ဒေသက နိုင်ကျဉ်းတွေ ဘေးကင်းကြရဲ့လား
07/06/2025

ကိုယ့်ဒေသက နိုင်ကျဉ်းတွေ ဘေးကင်းကြရဲ့လား

မန္တလေးမှာ မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၉ ဦးကျဆုံးခဲ့တယ်...

03/06/2025

Send a message to learn more

02/06/2025

ချပ်သင်းတိုက်နယ် အတွင်း 18.5.2025ရက်မှစပြီးစကစဖက်မှစစ်ကြောင်းထိုးလာရာ လက်ရှိအချိန်ထိ စစ်ကြောင်းများ အင်အားများစွာထိုးလျက်ရှိပြီး အပြစ်မဲ့ပြည်သူများစွာလည်းဖမ်းဆီးခံနေရပြီး သေဆုံးသောအပြစ်မဲ့ပြည်သူများလည်း ယနေ့ 2.6.2025ရက်အချိန်ထိ ရှိလာ.

ကံကြီးအရှေ့ကုန်းရွာ၊ကံကြီးအနောက်ကုန်းရွာ၊ပေါက်ဆိန်ကုန်းရွာ၊နှောကုန်းရွာ ပေါက်တော့ရွာ၊ကျေးတောရွာ ဖက်များသို့စစ်ကြောင်းထိုးလျက်ရှိပြီး ပြည်သူအများအပြားနေအိမ်စွန့်ခွာ၍‌တိမ်းရှောင်နေရ

ယနေ့နှောကုန်းရွာဖက်သို့စစ်ကြောင်းထိုးလာသောစကစများမှာ ထွက်ပြေးတိမ်းရှောင်သောပြည်သူများအားလိုက်လံပစ်ခတ်လျက်ရှိရာပြည်သူများထိခိုက်ဟုသိရှိရ

#သွေးကြွေးမှာဆွေးနွေးစရာမရှိ

01/06/2025

NUG ရဲ့သီချင်းလေးပါ
ကိုကျားကိုယ်တိုင်ပံ့ပိုးပေးထားတာပါ😁

30/05/2025

ငါ့နေရာမှာစစ်မဖြစ်ဘူး.....,

မင့်နေရာပြာကျ
ဘာမှ ငါနဲ့မဆိုင်...

ငါ့အိမ်ယာငါ့ခြံထွက်
သရက်ပိန္နဲတွေခူးလို့မနိုင်....

မင်းတို့မြေ စစ်တလင်းလား
စစ်ခင်းသွားတဲ့နေရာမှာနေတာကိုး..

ငါ့ခြံမှာပန်းခူးရင်း
သူငယ်ချင်းတွေအိမ်လိုက်ပို့
ဒို့က တနိုင်ငံရောက်နေသလိုမျိုး..

သာသာယာယာပါပဲ
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
မနက်တိုင်းလမ်းလျှောက်မပျက်ဘူး.

လူတွေရဲ့ဒုက္ခလည်း
နည်းနည်းမှမတွေးခဲ့မိပါဘူး...

ငါ့နေရာမှာစစ်မဖြစ်ဘူးလေ...

မောင်စိန်ဝင်း (ပုတီးကုန်း)
29/5/25

29/05/2025

လူငယ်ပါ
စစ်မတိုက်ချင်တဲ့လူငယ်ပေါ့

ဘဝကိုရိုးရိုးလေးဖြတ်သန်းချင်တဲ့လူငယ်
ရိုးရိုးရှင်းရှင်းအိပ်မက်ကလေးရှိတဲ့လူငယ်

စစ်မှာမ​ပျော်တဲ့လူငယ်

မနက်မိုးလင်းရင် ကျောင်းသို့မဟုတ်
အလုပ်ကိုသွားချင်တဲ့လူငယ်

တနေကုန်ပင်ပန်းခဲ့တာကို ညနေစောင်းထမင်းဝိုင်း မှာမိသားစုကိုပြောပြချင်တဲ့လူငယ်

လူtat ရတာ လူTay တာမ​ပျော်တဲ့လူငယ်

စနေ တနဂ်နွေပိတ်ရက်တွေမှာ အမေ့ကိုစျေးလိုက်ပို့ချင်တဲ့လူငယ်
ကလေးတွေကိုကစားကွင်းလိုက်ပို့ချင်တဲ့လူငယ်

စစ်ကိုမျက်ရည်​တွေနဲ့ကြည့်​နေရတဲ့လူငယ်

ရယ်ခဲတဲ့ အဖေ့ကိုဟာသတွေပြောချင်
အတူတူရယ်မောချင်တဲ့လူငယ်

စစ်​မြေပြင်မှာ မ​ပျော်ဘဲ စစ်​မြေပြင်​ရောက်​နေတဲ့လူငယ်

ရဲ​ဘော်ရဲဘက်ကျဆုံးတဲ့အခါငို​ကြွေးတတ်တဲ့လူငယ်
ရန်သူရဲ့ကျန်ခဲ့တဲ့ သားသမီးတွေအတွက် စိတ်မ​ကောင်းဖြစ်တတ်တဲ့လူငယ်

ငါလည်းစစ်ကိုမုန်းသလို
ရန်သူမင်းလည်းစစ်ကိုနှစ်သက်မယ်မထင်ဘူး

ဒါ​ပေမဲ့လာပါ
ငါတို့စီးချင်းထိုးရ​အောင်

မြေစာပင်​တွေနည်း​အောင်

မင်းနိုင်ရင် မင်း အိမ်ပြန်ပါ
ငါနိုင်ရင် ငါလည်းအိမ်ပြန်မယ်

Address

Raffles Park

Website

Alerts

Be the first to know and let us send you an email when Chatthin Revolution-CTN-R posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share