Qoo10 Myanmar

Qoo10 Myanmar Digital creator Everything you need, there is shipment to your door step with same price.

26/07/2024
10/06/2024

အိုဗားမား မိန်းမရဲ့ အဖြေကို အရမ်းကြိုက်တယ်။

ယောက်ျားကထားခဲ့လို့ဖြစ်စေ
ချစ်သူကထားခဲ့လို့ဖြစ်စေ
အငယ်အနှောင်းယူသွားလို့ဖြစ်စေ
စွန့်ပစ်ခဲ့ရင် မိန်းမတချို့ဘဝပျက်မတတ်
ဖြစ်တတ်ကြပါတယ်..
အမှန်က ပျော်ရမှာပါ....
လက်ခုပ်တီးပြီးကို
ကျေနပ်ဝမ်းမြောက်စွာပျော်ရမှာပါ....

ကိုယ်ငယ်ရွယ်ကျန်းမာတုန်း
သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ
သိလိုက်ရတဲ့အတွက်
က်ိုယ့်တန်ဖိုးနားမလည်တဲ့လူရဲ့ဘေးနား
အဓိပ္ပါယ်မဲ့ ဖြတ်သန်းရခြင်းထက်
နှောင့်ဖွဲ့ခြင်းမဲ့စွာ ဘဝကို
လွတ်လပ်စွာ တည်ဆောက်ရခြင်းက
ပိုကောင်းတယ်ဆိုတာကို နားလည်ခဲ့ရင်
ဒီမိန်းမဟာ ပျော်သင့်ပါတယ်....
တခါကဘုရင်ကြီးတစ်ပါးမှာ သမီး(၃)ယောက်ရှိသတဲ့။
ဘုရင်ကြီးက သမီးတော်တို့ဒီလို
နေနေရတာ ဘာကြောင့်လဲလို့
မေးတဲ့အခါ သမီးအကြီး(၂)ယောက်က

"ခမည်းတော် ကျေးဇူးကြောင့်...."
လို့ အမြဲလျှောက်ပြီး
အငယ်ဆုံးသမီးတော်ကတော့
"သမီးတော်ရဲ့ဘုန်းကံကြောင့်" လို့လျှောက်သတဲ့။

တိုတိုပြောရရင်
ဘုရင်ကြီးကစိတ်ဆိုးပြီး အဆင်းရဲဆုံးလူနဲ့
ပေးစားလွှတ်လိုက်တယ်။
တောစပ်မှာ ထင်းခုတ်ဖို့သွားတော့
ချောင်းတစ်ခုအကူးမှာ သူဆင်းရဲ
ထင်းခုတ်သမားဟာ စိန်တွေတွေ့တော့
သူ့မိန်းမ အတွက်ဆော့ကစား ရအောင်
ယူလာရာကမင်းသမီးကနေရာလိုက်ပြခိုင်းပြီး ခမည်းတော်ထံအပ်တော့ ခမည်းတော့်
ဘဏ္ဍာဆိုရင်မီးသွေးတုန်းပဲဖြစ်နေလို့
သမီးတော့်ဥစ္စာ ဆိုမှ စိန်ပြန်ဖြစ်သတဲ့.....

နောက်တစ်ခုက
အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့
သူ့ဇနီး စားသောက်ဆိုင်တစ်ခုမှာ
သွားစားကြတော့ သူ့ဇနီးကို
စားသောက်ဆိုင်ပိုင်ရှင်က
စကားပြောချင်လို့အိုဘားမားဆီမှာ
ခွင့်တောင်းတယ်။

ဆိုင်ပိုင်ရှင်ဖြစ်သူနဲ့စကားသွားပြောပြီး
ပြန်လာတဲ့ဇနီးကို အိုဘားမားကြီးက မေးတော့ ကျမကိုသူကျောင်းတုန်းက
ကြိုက်ခဲ့ဖူးတယ်လို့ မီရှဲကပြောပြပါတယ်။

"တကယ်လို့သာမင်းတို့ ရခဲ့ကြရင် အခုနေမင်းဟာဒီစားသောက်ဆိုင်ကြီး
ပိုင်နေရောပေါ့နော်" ဆိုတော့..

မဟုတ်ဖူး ကျမနဲ့သာသူရခဲ့ရင်
"သူဟာ အမေရိကန်သမ္မတ ဖြစ်နေပြီလေ..."
လို့ပြုံးပြုံးကြီးပြောချပေးလိုက်ပါသတဲ့

ကဲ...ဒီတော့ ပြောချင်တာက
မိန်းမတိုင်းမှာ သူ့ဘုန်းသူကံဆိုတာရှိတယ်...

ယောက်ကျားတစ်ယောက်
ဘုန်းကံနိမ့်လာပြီဆိုရင်....
မိန်းမတစ်ယောက်ရဲ့
ဘုန်းကံရှိမြဲရှိနေတယ်ဆိုရင်.....
အကြောင်းအမျိုးမျိုးပေါ်လာပြီး
အဲ့ဒီယောက်ကျားဟာ ဘုန်းကံရှိတဲ့
မိန်းမနားမှာမနေနိုင်ပဲ
စွန့်ပြေးချင်စိတ်ပေါက်လာလိမ့်မယ်...

ဘဝမှာ ဒီမိန်းမကြောင့်သာ ဒီလိုနေထိုင် ဒီလိုစားသောက်ရပြီး ဒီလိုစည်းစိမ်နဲ့ အဆင်တပြေ နေရမယ့်ကံပါလာတယ်
ဆိုတာ သူတို့မသိကြဘဲ သူတို့တော်လို့တတ်လွန်လွန်းလို့
ချည်းထင်တတ်ကြတယ်....

အားပေးချင်တာက သတ္တိရှိကြပါ...
ရဲရဲသာလုပ်ပြပါ။
မတွန့်ပါနဲ့မကြောက်ပါနဲ့ ဝမ်းမနည်းပါနဲ့
ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ တိတ်တိတ်လေးအချိန်တခုသာပေး စောင့်ကြည့်နေလိုက်ပါ...
လူတိုင်းလက်ခံနိုင်တဲ့ ကိုယ်လည်းကျေနပ်ဝမ်းသာရမဲ့ အဖြေတစ်ခုရမှာပါ....

သိဉ္စည်းမင်းကြီး တောလိုက်ရာမှအပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံသော မိန်းမပျိုတစ်ဦးကို တွေ့သည်နှင့် မေးမြန်းရာ ဖခင် က ပေးစားသည့် ယောက်ျားကိုယူ၍ လိုက်ခဲ့စဉ်တောလမ်းတစ်နေရာ၌ ခင်ပွန်းဖြစ်သူက သဖန်းသီးများခူးစားနေရာ မိမိကဆာလှသဖြင့် တောင်းစားသော် စားလိုလျှင်ကိုယ်တိုင် ခူးစားဟု ဆိုလေသည်။ သို့နှင့် ကိုယ်တိုင်တက်ခူးရာ ပြန်မဆင်းနိုင်အောင် သစ်ပင်အောက်ခြေတွင် ဆူးများဖြင့်ကာရံ၍ ထွက်ပြေးတော့သည်ဟူဧ။်။

မင်းကြီးလည်း ကောင်းခြင်းငါးဖြာနှင့် လှပတင့်တယ်သော် ထိုမိန်းမပျိုကို မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့လေသည်။ ထို့နောက် မင်းကြီးနှင့် မိဖုရားကြီးတို့ တိုင်းခန်းလှည့်လည်ရင်း တစ်နေရာအရောက်တွင် မိဖုရားကြီးက ဣနြေ္ဒမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီးမေးလျှင် ဤသို့ဖြေ၏

"ဘုရားနှမကို တောတွင်း၌ ပစ်ပြေးသွားသူသည် ယခုအခါ လမ်းခင်းနေရသည်ကို တွေ့လျှင် ဘုရားနှမကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤလူညံ့မဆောင်နိုင်ရှာ ဟုတွေးမိ၍ရယ်မိကြောင်းပါ ဘုရား"
မင်းကြီးက မယုံကြည်၍ ဘုရားလောင်း
မဟော်သဓသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်း၏။

"ဤမိန်းမမြတ်ကို ယောက်ျားက စွန့်ပစ်သွားသည်ဟူသော စကားကို သားတော်ယုံကြည်ပါသည်။ ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့် အတူဆက်ဆံ၍မနေနိုင်ကြောင်းပါ ဘုရား" တည်းဟူ၏။

ထို့နည်းတူစွာ ဘုန်းကံမြင့်မားသော မိန်းမကောင်းတွေကို ညံ့ဖျင်းသိမ်နုပ်သော ယောက်ျားယုတ်က တန်ဖိုးကိုနားမလည်သောကြောင့် စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲခြင်းတို့ကို ဖြစ်စေလျက် မိန်းကလေးဘက်က စွန့်ခွါသွားအောင်လည်းကောင်း မိမိကိုယ်တိုင် စွန့်ပစ်၍သော်လည်းကောင်း သူတို့၏ ဘုန်းကံနိမ့်ပါးမှုအတိုင်း ဘဝကို ရွေးခြယ်ကြရ၏။

သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိတို့၏တန်ဖိုးကို ကောင်းစွာသိရှိနားလည်ပြီ တန်ဖိုးထားတတ်သူနှင့်သာလျှင် ကောင်းစွာထိုက်တန်ပါပေ၏။

တကယ်တော့ မိမိကို စွန့်ပစ်သွားသူသည် မိမိ၏ဘုန်းကံအရှိန်ကို မလွှမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့လူသာ ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ်စိုးစဉ်းမျှ မရှိသင့်။ သာလွန်မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတောဝမ်းသာသင့်တော့သည် မဟုတ်ပါလား....

ဒါကြောင့် ကိုယ့်ကိုစွန့်ခွါသွားလို့ ဝမ်းနည်းပက်လက် မျက်ရည်တစက်စက်နဲ့ ဘဝသေနေသလို
ကျန်ခဲ့တဲ့မိန်းမတွေကို ပြောချင်တာက သတ္တိရှိပါ...
ဘဝကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပါ...

သူများအားမကိုးပါနဲ့ ...တစ်နေ့ ကိုယ့်ဘုန်းကိုယ့်ကံနဲ့တန်တဲ့လူနဲ့ကြုံလာခဲ့ရင် ကိုယ့်အခြေအနေတင့်တယ်လှပနေရမယ်လို့ ခံယူထားပါ...
ပြီးတော့ သိပ်လှအောင် နေပါ ။

...🌹 #ကျေးကို

18/05/2024

Singapore ကနေ မှာလို့ ရပါတယ်

11/05/2024
22/04/2024
03/04/2024

ဒီမနက် 3 April 2024 ထိုင်ဝမ် မှာ ပြင်းအား အပြင်းဆုံး လှုပ်ခတ် သွားတဲ့ ငလျင်

10 Lessons I learned from the book " THE TOP 10 DISTINCTIONS BETWEEN MILLIONAIRES AND THE MIDDLE CLASS"-1.   Millionaire...
11/03/2024

10 Lessons I learned from the book " THE TOP 10 DISTINCTIONS BETWEEN MILLIONAIRES AND THE MIDDLE CLASS"
-
1. Millionaires do not increase their spending when their income increases, they increase their investing.

2. Millionaires talk about ideas. The middle class talks about things and other people.

3. Millionaires believe they must be generous. The middle class believes they can't afford to give.

4. Millionaires Continually learn and grow. The middle Class thinks learning ended with school.

5. Millionaires embrace Change. The middle class is threatened by change.

6. Millionaires think long term. The middle class thinks short term.

7. Millionaires work for profits. The middle class works for wages.

8. Millionaires focus on increasing their net worth. The middle class focuses on increasing it's paychecks

9. Millionaires take risks. The middle class is afraid to take risks.

10. Rich and very rich people have developed the discipline of delayed gratification. Millionaires do today what others don’t, so they can have tomorrow what others won’t.

ကျောင်းလခ (Ref: www.moe.gov.sg) ယခုအခါ မိမိတို့သားသမီးများကို စင်္ကာပူသို့ ကျောင်းလာထားလိုသော မြန်မာမိဘများ အတော်များလာသ...
07/03/2024

ကျောင်းလခ (Ref: www.moe.gov.sg)

ယခုအခါ မိမိတို့သားသမီးများကို စင်္ကာပူသို့ ကျောင်းလာထားလိုသော မြန်မာမိဘများ အတော်များလာသည် ဖြစ်ရာ စင်္ကာပူမှ ကျောင်းလခများကို သိသာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

Crd

Address

Raffles Park

Website

Alerts

Be the first to know and let us send you an email when Qoo10 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Qoo10 Myanmar:

Share