Mya Thinzar Li Aung

Mya Thinzar Li Aung Hello 🤗

ဘ၀လက်တွဲဖော် ဆိုတာ...💕ကိုယ့်ရဲ့ ဝမ်းနည်းမှု၊ ရွှင်လန်းမှု၊ အိပ်မက်တွေကို အတူမျှဝေမယ့်သူတစ်နေ့တာအလုပ်ပင်ပန်းပြီးနောက် ပြန...
21/07/2025

ဘ၀လက်တွဲဖော် ဆိုတာ...💕
ကိုယ့်ရဲ့ ဝမ်းနည်းမှု၊ ရွှင်လန်းမှု၊ အိပ်မက်တွေကို အတူမျှဝေမယ့်သူ
တစ်နေ့တာအလုပ်ပင်ပန်းပြီးနောက် ပြန်ပြောချင်စရာရှိတဲ့လူ
ခက်ခဲတဲ့အချိန်မှာ “ငါနဲ့အတူရှိနေမယ်” ဆိုတဲ့ ယုံကြည်မှုကိုပေးနိုင်တဲ့သူ
ပျော်ရွှင်မှုကိုလည်း အတူခံစားနိုင်တဲ့သူ
လက်တွဲပြီး မျှဝေမယ့်အရာများ
အိမ်မက်များ
ဆုံးဖြတ်ချက်များ
အောင်မြင်မှုအနာဂတ်
ဝမ်းနည်းမှုပင်ကို အတူကျော်ဖြတ်ခြင်း
ဘ၀လက်တွဲဖော်ကို ရှာဖွေရေးမှာ အရေးကြီးတာ...ချစ်ခြင်းမေတ္တာမင်းနှစ်ဦးကိုပဲမဟုတ်ပါဘူး။
အချင်းချင်းလေးစားခြင်း၊ နားလည်နိုင်ခြင်း၊ ထောက်ခံနိုင်ခြင်းတွေပါဝင်ပါတယ်။
ဘ၀လက်တွဲဖော်တစ်ဦး ရှိနေတယ် ဆိုတာဟာ...
တစ်ဘဝတာ မျှော်လင့်ချက်နဲ့ သံသယတွေကို အတူတကွဖြေရှင်းနိုင်မယ့် မိမိဘေးက အခိုင်အမာရှိနေတဲ့လူတစ်ဦးရရှိနေခြင်းဖြစ်ပါတယ်
#နေ့ရက်တိုင်းပျော်ရွှင်ပါစေ
@အမာခံပရိသတ်များ

16/07/2025

ဘဝမှာ အရာရာတိုင်းကို အာရုံစိုက်လို့မရပါဘူး ။ ထိန်းချုပ်လို့ရတာနဲ့ မရတာဆိုပြီး ကွဲပြားပါတယ် ။ မိုးရွာတာကို ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး ဒါပေ မယ့် မိုးရွာလာရှင် ကိုယ့်ကိုယ်ကိုယ် မစိုအောင်တော့ ထိန်းချုပ်လို့ရပါတယ် ။ ထီးတွေဘာတွေသုံးပေါ့လေ ။

ဆိုလိုတာက ထိန်းချုပ်လို့ မရတဲ့အရာတွေအပေါ်မှာ အာရုံ စိုက်တာများသွားမယ်ဆိုရင် ကိုယ့်ဘဝကြီးက အသုံးမကျ ပါလားဆိုတဲ့ အတွေးတွေကပဲ ပိုပြီး ကြီးစိုးနေပါလိမ့်မယ်

အဲ့ဒီအစား ကိုယ် ထိန်းချုပ်လို့ရတဲ့အရာတွေအပေါ်မှာပဲ အာရုံပိုစိုက်ပြီး ကိုယ့်ဘဝကိုယ်အကောင်းဆုံးဖြစ်အောင် ရှင်သန်ပါ ။
#နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ

16/07/2025

အချစ်စစ်မှာ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ ကြာလေ ပိုချစ်လေပါပဲ။အခန့်မသင့်လို့ ရန်ဖြစ် စကားများတာကလွဲရင် တစ်ယောက်နဲ့တစ်ယောက် ပြတ်သားနိုင်တဲ့ထိ မဖြစ်ဘူး။

@အမာခံပရိသတ်များ

12/05/2025

"ပန်း‌ လေး တွေ လည်း လှ ပ တယ်…
ဒါ ပေ မယ့် မင်း ရဲ့ အ ပြုံး နဲ့တော့ မ ယှဉ် နိုင် ဘူး။"

အမဲ၀တ်ရင် ခန္တကိုယ် သေးသွားတယ် ဆိုလို့..😂 #သေးသွားလာ
11/05/2025

အမဲ၀တ်ရင် ခန္တကိုယ် သေးသွားတယ် ဆိုလို့..😂

#သေးသွားလာ

ချစ်တယ်ဆိုရင် သူ့လိုထုတ်ပြပါ..ရင်ထဲမှာတို့    နှလုံးသားထဲ မှာတို့ ...လုပ်မနေနဲ့ 😎
11/05/2025

ချစ်တယ်ဆိုရင် သူ့လိုထုတ်ပြပါ..ရင်ထဲမှာတို့
နှလုံးသားထဲ မှာတို့ ...လုပ်မနေနဲ့ 😎

"အချစ်" ရဲ့အဓိပ္ပာယ်...💕အချစ် ဆိုတဲ့ စကားလုံးဟာ အလွန်ကျယ်ပြန့်နက်နဲတဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်💕  တစ်ဦးတစ်ယောက် (သ...
11/05/2025

"အချစ်" ရဲ့အဓိပ္ပာယ်...💕
အချစ် ဆိုတဲ့ စကားလုံးဟာ အလွန်ကျယ်ပြန့်နက်နဲတဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်💕

တစ်ဦးတစ်ယောက် (သို့) တစ်ခုခုအပေါ်မှာ ရှိတဲ့ နွေးထွေးတဲ့ ခံစားချက်၊ နှစ်သက်မြတ်နိုးမှု၊ စွဲလမ်းမှု လို့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်💕

မိဘမေတ္တာ (Parental Love) မိဘက သားသမီးအပေါ်ထားတဲ့ နက်ရှိုင်းပြီး အနစ်နာခံတဲ့ ချစ်ခြင်းမေတ္တာမျိုးပါ💕

ချစ်သူတို့၏ ချစ်ခြင်း (Romantic Love) နှစ်ဦးသားကြားမှာရှိတဲ့ လိုလားတောင့်တမှု၊ စိတ်အားထက်သန်မှုနဲ့ ရင်းနှီးနွေးထွေးတဲ့ ချစ်ခြင်းမျိုးပါ💕

ခင်မင်ရင်းနှီးမှု (Friendship Love) သူငယ်ချင်းတွေအကြားမှာရှိတဲ့ ယုံကြည်မှု၊ လေးစားမှုနဲ့ နားလည်မှုအပေါ် အခြေခံတဲ့ ချစ်ခြင်းမျိုးပါ💕

ညီအစ်ကို မောင်နှမတို့၏ ချစ်ခြင်း (Familial Love) မိသားစုဝင်တွေအကြားမှာရှိတဲ့ သံယောဇဉ်နဲ့ ချစ်ခင်မြတ်နိုးမှုမျိုးပါ💕

ကိုယ်ကျိုးမငဲ့သော ချစ်ခြင်း (Agape Love)ဘာကိုမှ ပြန်မလိုလားဘဲ သူတစ်ပါးရဲ့ ကောင်းကျိုးကိုသာ လိုလားတဲ့ မေတ္တာမျိုးပါ။ ဘာသာရေးနဲ့ ဆက်နွယ်နေတတ်ပါတယ်💕

ဝါသနာပါသော ချစ်ခြင်း (Love of something): စာအုပ်ကို ချစ်တာ၊ ဂီတကို ချစ်တာ စသဖြင့် ကိုယ်နှစ်သက်တဲ့ အရာတစ်ခုအပေါ်မှာ ထားတဲ့ စိတ်အားထက်သန်မှုမျိုး💕

စိတ်ပညာရှင်တွေကတော့ အချစ်ကို နွေးထွေးတဲ့ ခံစားချက်၊ နူးညံ့သိမ်မွေ့မှု၊ တစ်ဖက်သားရဲ့ တုံ့ပြန်မှုအပေါ် အာရုံခံစားနိုင်မှု၊ တစ်ဖက်သားကြောင့် ပျော်ရွှင်မှုနဲ့ စိတ်နှစ်မြှုပ်ထားမှု စတဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားမှုတစ်ခုလို့ သတ်မှတ်ကြပါတယ်💕

အချို့က အချစ်ဟာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုသက်သက်လို့ မြင်ကြသလို၊ အချို့ကတော့ ဝိညာဉ်ရေးရာနဲ့ ပိုသက်ဆိုင်တဲ့ အရာလို့ ရှုမြင်ကြပါတယ်💕

Plato ရဲ့ အဆိုအရ အချစ်ဟာ အောက်ခြေကနေ စပြီး တဖြည်းဖြည်းနဲ့ ပိုမြင့်မားတဲ့ အဆင့်ကို တက်သွားတဲ့အရာလို့ ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အလှကနေ စပြီး စိတ်ပိုင်းဆိုင်ရာ အလှ၊ နောက်ဆုံးမှာတော့ အမှန်တရားနဲ့ အလှရဲ့ အနှစ်သာရကို သိမြင်တဲ့အထိ တိုးတက်သွားနိုင်တယ်လို့ သူက ယုံကြည်ပါတယ်💕

ဒါကြောင့် "အချစ်" ရဲ့ အဓိပ္ပာယ်ဟာ ပြောတဲ့သူနဲ့ နားထောင်တဲ့သူရဲ့ အခြေအနေ၊ ပြောနေတဲ့ အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်💕

ဆိတ် ဆင်း ရဲ တယ် 🫠
10/05/2025

ဆိတ် ဆင်း ရဲ တယ် 🫠

ပုံပြင်တစ်ပုတ်ပြောပြမယ် 🤭🤭🤭   " စမတ်ဖုန်းနဲ့ကြက်”တစ်နေ့တုန်းက ကြက်တစ်ကောင်က စမတ်ဖုန်း တစ်လုံးကို တွေ့လိုက်ရတယ်။သူဘာလုပ်သ...
07/05/2025

ပုံပြင်တစ်ပုတ်ပြောပြမယ် 🤭🤭🤭
" စမတ်ဖုန်းနဲ့ကြက်”
တစ်နေ့တုန်းက ကြက်တစ်ကောင်က စမတ်ဖုန်း တစ်လုံးကို တွေ့လိုက်ရတယ်။
သူဘာလုပ်သလဲဆိုတော့...
ဖုန်းကို ကောက်ပြီး “ဝိုင်ဖိုင်ကိုရှာတယ်” ။
ကံကောင်းထောက်မစွာပဲ ဝိုင်ဖိုင်တစ်ခုကို တွေ့လိုက်ရ တယ်။
Password ကို မှောက်ကြည့်တော့... “ငါ့မိန်းမ မသိစေနှင့်” တဲ့။
ကြက်က စိတ်တွေလှုပ်ရှားပြီး “ဟဲဟဲ ဒါဆိုငါ့မိန်းမကို လည်း မပြစေနှင့်” ပေါ့လေ။🤭

#နေ့ရက်တိုင်းပျော်ရွှင်ပါစေ

ဝိတ်ချနေပါတယ်ဆိုမှ ... 🤭🤭🤭
06/05/2025

ဝိတ်ချနေပါတယ်ဆိုမှ ... 🤭🤭🤭

04/05/2025

ကိုယ်တိုင်လဲအတွေးလွန်တတ် တဲ့သူဖြစ်လို့
အတွေးလွန်တတ်တဲ့သူတွေမှာ တွေမှာတွေ့ရတဲ့ လက္ခဏာတွေကို ပြောပြမယ် 🌹
အရာရာကို အသေးစိတ် စဉ်းစားလေ့ရှိခြင်း: သေးငယ်တဲ့အရာကအစ အရေးပါတဲ့အရာအဆုံး အားလုံးကို နက်နက်ရှိုင်းရှိုင်း စဉ်းစားလေ့ရှိပါတယ်။🌹
အတိတ်ကအရာတွေကို ပြန်တွေးတောနေတတ်ခြင်း: ဖြစ်ပြီးသွားတဲ့အရာတွေ၊ ပြောခဲ့တဲ့စကားတွေ၊ လုပ်ခဲ့တဲ့အပြုအမူတွေကို ပြန်စဉ်းစားပြီး နောင်တရနေတတ်တာမျိုး ဒါမှမဟုတ် အကောင်းဆုံးလုပ်ခဲ့သလားဆိုတာကို စဉ်းစားနေတတ်ပါတယ်။🌹
အနာဂတ်ကို စိုးရိမ်ပူပန်နေတတ်ခြင်း: မဖြစ်သေးတဲ့အရာတွေ၊ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ကြိုတင်တွေးတောပြီး စိတ်ပူပန်သောကရောက်နေတတ်ပါတယ်။🌹
ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲခြင်း: ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေ၊ အကျိုးအပြစ်တွေကို အများကြီး စဉ်းစားနေတာကြောင့် ရိုးရှင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတောင် ချဖို့ အချိန်အများကြီးယူရတတ်ပါတယ်။🌹
အခြားသူတွေရဲ့အပြောအဆိုကို အလေးထားခြင်း: သူတို့အပေါ် ဘယ်လိုထင်မလဲ၊ ဘာပြောကြမလဲဆိုတာကို အမြဲ စဉ်းစားနေတတ်ပြီး အဲဒီအပေါ်မှာ စိတ်သောကရောက်တတ်ပါတယ်။🌹
မိမိကိုယ်ကို ဝေဖန်ပိုင်းခြားလေ့ရှိခြင်း: ကိုယ့်ရဲ့လုပ်ရပ်တွေ၊ စကားတွေကို အမြဲ ပြန်သုံးသပ်ပြီး အပြစ်ရှာနေတတ်ပါတယ်။🌹
အိပ်ရေးပျက်ခြင်း (သို့) အိပ်မပျော်ခြင်း: အတွေးတွေများနေတာကြောင့် ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။🌹
အာရုံစူးစိုက်ရခက်ခဲခြင်း: အတွေးတွေများနေတဲ့အတွက် လက်ရှိလုပ်နေတဲ့အရာ ဒါမှမဟုတ် ပြောနေတဲ့အပေါ်မှာ အာရုံစူးစိုက်ဖို့ ခက်ခဲတတ်ပါတယ်။🌹
အလွယ်တကူ စိတ်ဖိစီးလွယ်ခြင်း: အတွေးတွေများပြီး စိုးရိမ်ပူပန်မှုတွေကြောင့် အလွယ်တကူ စိတ်ဖိစီးမှု ခံစားရတတ်ပါတယ်။🌹
တစ်ယောက်တည်း အချိန်ဖြုန်းရတာကို နှစ်သက်ခြင်း: အတွေးတွေကို ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ဖို့အတွက် လူရှုပ်တဲ့နေရာတွေထက် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်တတ်ပါတယ်။
ဒါတွေအားလုံးဟာ ယေဘုယျအားဖြင့် တွေ့ရတတ်တဲ့ စရိုက်လက္ခဏာတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး အနည်းနဲ့အများ ကွဲပြားနိုင်ပါတယ်🌹

#မေတ္တာများစွာဖြင့် #နေ့ရက်တိုင်းပျော်ရွှင်ပါစေ

04/05/2025

မနက်ဖြန်ကို အကောင်းဆုံးဖြတ်သန်းဖို့ အကျဉ်းချုပ်ကတော့🌿
မနက်: စောထ၊ ရေသောက်၊ မနက်စာစား၊ လှုပ်ရှား၊ အစီအစဉ်ဆွဲ။🌿
နေ့လယ်: အာရုံစိုက်လုပ်၊ ခဏနား၊ ကျန်းမာစွာစား၊ ရေများများသောက်၊ အပြုသဘောထား၊ ရင်းနှီးသူနဲ့ စကားပြော။🌿
ညနေ: စောစာစား၊ ဖျော်ရည်သောက်၊ ဖုန်းလျှော့သုံး၊ စာဖတ်/တရားထိုင်၊ လုံလောက်စွာအိပ်။🌿
အဓိကကတော့ စိတ်ကို အပြုသဘောထားပြီး တက်ကြွစွာ ဖြတ်သန်းဖို့ပါပဲ🌿

#မေတ္တာများစွာဖြင့်

Address

Singapore River

Telephone

+6585460726

Website

Alerts

Be the first to know and let us send you an email when Mya Thinzar Li Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mya Thinzar Li Aung:

Share