21/11/2024
ပြည်ပမှာရောက်နေကြတဲ့မြန်မာတွေအတွက် မြန်မာ့အစားအစာကိုလွမ်းမောကြတဲ့သူများမယ်ထင်ပါတယ်။ အဲ့ထဲကမှ မုန့်ဟင်းခါးကို ပိုလွမ်းကြမယ်ထင်တယ်နော်။
တချို့နိုင်ငံတွေမှာ ငါးခူ/ငါးကြင်း အလွယ်တကူဝယ်မရတဲ့အတွက် မုန့်ဟင်းခါးချက်စားချင်ရင် လိုချင်တဲ့ငါးရှာမရတာနဲ့ ရတဲ့ငါးနဲ့ချက်စားကြရတော့တာပဲ 😄 တချို့လဲ salmon နဲ့ချက်ကြတယ်။ တချို့လဲ ငါးသေတ္တာနဲ့ချက်ကြတယ်။
အခုလဲ မုန့်ဟင်းခါးကို ငါးခူ/ငါးကြင်းအပြင် ဘာငါးနဲ့အစားထိုးချက်ရမလဲဆိုပြီး ရှာဖွေရင်းနဲ့ Red Snapper ကိုစမ်းချက်ကြည့်တာ တော်တော်လေးကိုအဆင်ပြေပြီး ငါးခူထက်ကို အရိုးမများဘဲ အရသာပိုချိုနေတဲ့အတွက် ချက်နည်းလေးမျှဝေလိုက်ပါတယ်။
အခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ အိုးဘဲဥတို့ ငှက်ပျောအူတို့ကတော့ မိမိဖာသာ ကြိုက်ရင်ထည့်ချက်ပါနော်။ (ဒီဗီဒီယိုထဲမှာတော့ မုန့်ဟင်းခါး အင်္ဂါရပ်တွေအားလုံးတော့ မပြည့်စုံနိုင်လို့ အပြစ်တင်ဝေဖန်ချင်သူတွေကို ကြိုပြောထားရတာပါ။)😬
ပြည်ပရောက်မောင်နှမတွေအတွက် အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။English subtitles ရော Burmese subtitles ရောပါတဲ့ video ကိုတော့ YouTube မှာတင်ထားပါမယ်။
#မုန့်ဟင်းခါး