Karenni Nationalities Defense Force -B-02

Karenni Nationalities Defense Force -B-02 -This is the page of Karenni Nationalities Defense Force-B-02,
in Karenni, Myanmar(Burma).

04/09/2025

ဖားဆောင်းမြို့အခြေစိုက် တရားမဝင် အာဏာသိမ်း စစ်တပ်၏ ခလရ (၁၃၄) အား ကရင်နီပြည်တပ်ပေါင်းစုံမှ တိုက်ခိုက်သိမ်းပိုက်ခြင်းမှတ်တမ်း ။

Battalion-02သတင်းနှင့်ပြန်ကြားရေး
◾️KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

03/09/2025

ဖားဆောင်းမြို့အခြေစိုက် တရားမဝင် အာဏာသိမ်း စစ်တပ်၏ ခလရ (၁၃၄) အား ကရင်နီပြည်တပ်ပေါင်းစုံမှ တိုက်ခိုက်သိမ်းပိုက်ခြင်းမှတ်တမ်း။

18/08/2025

ဒီးမောဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ အရပ်သားပြည်သူများအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချခြင်းနှင့် မတရားပစ်ခတ် သ-တ်ဖြတ်ခြင်း

၂၀၂၅ ခုနှစ် ၊ သြဂုတ်လ (၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း ၊ အကြောင်းရင်းမရှိ တမင် ပစ်ခတ်သ-တ်ဖြတ်ခြင်း နှင့် လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ကို ရက်စက်စွာ ကျူးလွန်‌နေသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သော စစ်ကောင်စီစစ်ကြောင်း အချို့တွင် အရပ်သားပြည်သူများအား ဒိုင်းကာသဖွယ် အသုံးပြု၍ စစ်ကြောင်း၏ အရှေ့ဆုံးမှ သွားလာစေခိုင်းခြင်း ၊ ၎င်းတို့၏ စစ်သုံးပစ္စည်းများအား သယ်ဆောင် စေခိုင်းခြင်းများကို လုပ်ဆောင်ခဲ့သည့် မှတ်တမ်းအချို့အား မိမိတို့ KNDF မှ ရိုက်ယူထားနိုင်ခဲ့ပါသည်။ ထို့အတူ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် ကျေးရွာတစ်ရွာ၏ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းဝင်ရောက်လာမိသည့် ပြည်သူများကိုလည်း အမေးအမြန်းမရှိ တမင်ပစ်ခတ်ခြင်း ၊ ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့သည့် မှတ်တမ်းအား ရယူနိုင်ခဲ့သည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအား ဥပဒေမဲ့ မဆင်မခြင် ဖမ်းဆီး၍ နှိ-ပ်စ-က်ညှ-င်းပ-န်းခြင်း ၊ သ-တ်ဖြတ်ခြင်း ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း စသည့်စစ်ရာဇဝတ်မှုများကို အရှက်တရားကင်းမဲ့စွာ ထပ်ခါတလဲလဲ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည်။

အထက်ပါအခြေအနေများကြောင့် အများပြည်သူများ၏ လုံခြုံရေးအတွက် အထူးတိုက်တွန်းလိုသည်မှာ မြေပြင်စစ်ရေး အခြေအနေများအရ စာအမှတ် - KNDF/၁/၂၀၂၅ (၀၀၄) ၊ ၂၀၂၅ ခုနှစ် ၊ သြဂုတ်လ (၁၀) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီး နှင့် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေးထုတ်ပြန်ချက်အား အလေးထား လိုက်နာပေးကြပါရန် အထူးတိုက်တွန်းအပ်ပါသည်။

ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

Arresting and Using Civilians as Human Shields by Military Junta Troops in Demoso Township

On August 8, 2025, the military junta troops that launched an offensive into Demawso Township brutally carried out unlawful arrests of civilians, deliberate shootings and killings without cause, and the use of civilians as human shields.

In some of the junta columns that advanced into Demoso Township, civilians were forced to walk at the very front as shields for the military column. They were also forced to carry their military equipment. The KNDF was able to capture some records of these incidents. Likewise, on the main road of a village where the junta troops advanced, civilians traveling by motorbike were deliberately shot and arrested without any questioning, and this was also recorded.

The junta soldiers, who are members of the military council, have shamelessly and repeatedly committed war crimes such as unlawfully arresting and torturing non-combatant civilians, executing them, and using them as human shields.

Due to the above situation, for the safety of the general public, it is strongly urged to strictly follow the official notice issued under Reference No. KNDF/1/2025 (004), dated August 10, 2025, which warned against traveling on the (Loikaw – Demawso – Hpruso) Highway Road and the connecting roads leading to it, due to the ground military conditions.

Central Information Department
Karenni Nationalities Defense Force - KNDF

KNDF's Telegram Channel
https://t.me/KNDF_Information_Channel/66

📍စစ်ရေးအရအဖက်ဖက်က ဖြည့်တင်းဖို့📍လကုန်တိုင်း သိန်းတစ်ထောင် ရင်ခုန်နိုင်ဖို့📍ထီဝယ်ရင်း KNDF တပ်ရင်း ၂ ကိုထောက်ပို့ပေးကြပါစ...
11/08/2025

📍စစ်ရေးအရအဖက်ဖက်က ဖြည့်တင်းဖို့
📍လကုန်တိုင်း သိန်းတစ်ထောင် ရင်ခုန်နိုင်ဖို့
📍ထီဝယ်ရင်း KNDF တပ်ရင်း ၂ ကိုထောက်ပို့ပေးကြပါစို့

ကျွန်တော်တို့ တပ်ရင်း-၂ အနေဖြင့် Nov 2024 မှ ထောက်ပို့ထီစတင် ရောင်းချခဲ့ရာ Jul 2025 အထိ KNDF B02 မှတစ်ဆင့်သိန်းတစ်ထောင်ထီဆုကြီးအပါအဝင် အောက်ပါဆုအမျိုးမျိုးကံထူးခဲ့ပါတယ်

💰၅သောင်းဆု-၁၃၇ ဆု

💰၁သိန်းဆု-၅ ဆု

💰၅သိန်းဆု-၄ ဆု

💰၁၀သိန်းဆု-၂ ဆု

💰ထီဆုကြီး သိန်း၁၀၀၀ဆု-၁ ဆု

(၂၀)ကြိမ်မြောက်ထောက်ပို့ထီလက်မှတ်များကိုလည်း
ဝယ်ယူထောက်ပို့နိူင်ပြီမို့ ကံစမ်းရင်းထောက်ပို့ပေးကြပါဦးနော်...

#ထောက်ပို့ထီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၂)မှ ကရင်နီဒေသအတွင်း နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံ...
02/08/2025

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၂)မှ ကရင်နီဒေသအတွင်း နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တချို့ ။

Battalion-02သတင်းနှင့်ပြန်ကြားရေး
KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ...
03/07/2025

ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ထုတ်ပြန်ချက် အမှတ် - ၂/၂၀၂၅

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်

၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ​၏ သဝဏ်လွှာ၂၀၂၅ ခုနှစ်...
21/06/2025

၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ​၏ သဝဏ်လွှာ
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်။

13/06/2025

"အသံ" လာပြီ...

ယခုတစ်ခေါက် အသံ Episode-6 မှာတော့ ကျွန်တော်တို့ တပ်ရင်းမှာရှိတဲ့ "မနီ" ရဲ့အကြောင်းကို တင်ဆက်ပေးဖို့ ရှိပါတယ် ။

မနီ လေးရယ် စိမ်းကား မသွားပါနဲ့...🎶
မင်းမရှိရင် မဖြစ်တော့လို့ပါ🎶

မနီ ဆိုတာကဘာလဲ ...
ဘယ်လိုအကြောင်းအရာကိုရိုက်ကူးထားလဲ ...
ဗွီဒီယိုကိုအဆုံးထိ ကြည့်ရှုခံစားဖို့
တိုက်တွန်းလိုက်ရပါတယ် ။

#အသံ

08/06/2025

ခေါင်းဆောင်း(ကျည်ကာဦးထုပ်)သည်အသက်ကယ်နိုင်သည် ။

မကြာသေးတဲ့ရက်ပိုင်း အတွင်းက တိုက်ပွဲမှာ တပ်ရင်းအမှတ်(၂)မှချေမှုန်းရေး ရဲဘော်တစ်ယောက် ကျည်ကာဦးထုပ် ဆောင်းထားတဲ့အတွက် ခေါင်းကျည်ထိတာကနေ အသက်ဘေးက လွတ်မြောက်ခဲ့ရတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ် ။ ဒါဟာ ကျည်ကာဦးထုပ်ရဲ့ အရေးပါပုံကို ပြသတာပဲဖြစ်ပါတယ် ။

ရဲဘော်တို့ ခင်ဗျာ ။
မိမိရဲ့ လုံခြုံရေးအတွက် ကျည်ကာဦးထုပ်ကို အမြဲဆောင်းပါ ။ ဒါဟာ မိမိအသက်ကို မိမိကိုယ်တိုင် ကာကွယ်တာဖြစ်သလို မိမိရဲ့ ရဲဘော်ရဲဘက်တွေနဲ့ မိသားစုအတွက်လည်း တာဝန်ယူရာရောက်ပါတယ် ။

ကျည်ကာဦးထုပ်ဟာ ရန်သူ့ကျည်ဆန်တွေ ဗုံးစတွေ အခြားသော အန္တရာယ်ရှိတဲ့ အရာတွေကနေ ဦးခေါင်းကို ကာကွယ်ပေးနိုင်ပါတယ် ။ ဦးခေါင်းဟာ လူ့ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြင်းထန်တဲ့ ထိခိုက်မှုတွေကနေ အသက်အန္တရာယ်ကို ချက်ချင်းခြိမ်းခြောက်နိုင်ပါတယ် ။ ဒါ့ကြောင့် တိုက်ပွဲဝင်တဲ့အခါ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ နယ်မြေတွေမှာ လှုပ်ရှားတဲ့အခါ ကျည်ကာဦးထုပ်ကို မဖြစ်မနေ ဆောင်းထားဖို့ အရေးကြီးပါတယ် ။

ကျွန်တော်တို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၂)အတွက် ပြုလုပ်ပေးခဲ့တဲ့ ကျည်ကာကမ်ပိန်း တွေမှာ ပါဝင်ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ပြည်သူလူထုအားလည်း အထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ ။

တိုက်ပွဲမှတ်တမ်းကြည့်ရန်လင့်👉
https://m.facebook.com/story.php?story_fbid=pfbid02SMm7vuv92uEEpnzkVnHBGVoyM5MViuZXn7otzSXrfUARqn8PaebrLMpoCVKdhxEwl&id=100069277473484&mibextid=RtaFA8

Battalion-02သတင်းနှင့်ပြန်ကြားရေး◾️KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02 #ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

08/06/2025

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-၂ အောက်ရှိ တပ်ရင်းများနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခဲ့ပါသည် ။

စစ်ကောင်စီတပ်စွဲထားသော စခန်းအားတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ MA-1 (၅) လက်၊ AK-47 (၁) လက်၊ MA-4 (၁) လက်၊ RPG (၁) လက်နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့ပါသည် ။

စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး
မိမိတို့ဘက်မှ ရဲဘော်၂ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည် ။


#ဗျူဟာအမှတ်၂
#တိုက်ပွဲ

"ရာသီဥတုဒဏ်ကို အန်တုရင်း ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော ရဲဘော်များ"KNDF ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-...
04/06/2025

"ရာသီဥတုဒဏ်ကို အန်တုရင်း ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော ရဲဘော်များ"
KNDF ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-၂ ရှိ တပ်ရင်းအမှတ်(၂)၊ တပ်ရင်းအမှတ်(၁၂)၊ တပ်ရင်းအမှတ်(၁၄)၊ တပ်ရင်းအမှတ်(၁၇)၊ တပ်ရင်းအမှတ်(၃၄)တို့အပြင် မဟာမိတ် တပ်ပေါင်းစု များတို့သည် မိုးဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်ကို အန်တုရင်း ရှေ့တန်းစစ်မျက်နှာပြင်တွင် အသက်ကို ပဓာန မထားဘဲ တိုက်ပွဲဝင်နေကြပါသည်။
ရှေ့တန်းစစ်မျက်နှာပြင်တွင် ရှိနေကြသော တော်လှန်ရေးရဲဘော်များသည် သတ္တိနှင့် သတိကို စွဲကိုင်လျက် စွမ်းအားနှင့် သန်မာမှုတို့ ပေါင်းစပ်ကာ
ရန်သူကို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်နေကြပါသည်။
တော်လှန်ပြည်သူလူထုမှ ပေးသော အားအင်ဖြင့် ရန်သူကို ချေမှုန်း၊ အောင်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။

#ဗျူဟာအမှတ်၂
#တိုက်ပွဲ

03/06/2025

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၂)မှ ကရင်နီဒေသအတွင်း နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်း ။

Battalion-02သတင်းနှင့်ပြန်ကြားရေး
◾️KNDF/B-02 (Telegram Channel)https://t.me/Kndf_b_02
#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်

Address

Blk 754 Woodlands Circle, Woodlands
Singapore
731754

Website

Alerts

Be the first to know and let us send you an email when Karenni Nationalities Defense Force -B-02 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Karenni Nationalities Defense Force -B-02:

Share