Gu’s True Vlog

Gu’s True Vlog Hello 🤍 Welcome to my true vlogs 🫶🏻 I’ll be sharing everything about the true events 💕💕

03/07/2025

When someone asks do you miss them?

ဆယ်စုနှစ်တစ်ခု a go က င်္သကြန်ဆို တူတူဖြတ်သန်းခဲ့ကြတာ..ပီးတော့ Singapore မှာကျောင်းသွားတက်တော့ သင်္ကြန်ဆိုတာမဖြတ်သန်းခဲ့...
14/04/2025

ဆယ်စုနှစ်တစ်ခု a go က င်္သကြန်ဆို တူတူဖြတ်သန်းခဲ့ကြတာ..
ပီးတော့ Singapore မှာကျောင်းသွားတက်တော့ သင်္ကြန်ဆိုတာမဖြတ်သန်းခဲ့ရ
ပြီးတော့Long Distance , နောက်တော့ covidရယ်Coupရယ်…

သင်္ကြန်ဆိုတာမရှိခဲ့တာကြာခဲ့ပြီ….🥺😭

13/04/2025

Unboxing Coca Cola Labubu withe me ❤️🤍

23/01/2025

ဒီနေ့ကတော့ Guရယ်Guအမျိုးသားရယ် Rossမှာစျေးဝယ်ထွက်တဲ့Vlogလေးဖြစ်ပါတယ်….

ကိုယ်ချစ်တဲ့Celebrity Paris Hilton Kitchen Waresလေးတွေ လိုချင်တာနဲ့ပဲ ယောကျာ်းချက်ဖို့ တစ်Setဝယ်ပေးလိုက်တယ်😛😛

မိသားစုထဲ သူစိမ်းဝင်လာတဲ့အခါ….ဒီနေ့တော့Guကအိမ်မှာအမေတို့နဲ့ဖုန်းပြောကြရင်း ခေါင်းထဲဝင်လာတဲ့အကြောင်းအရာလေးကို ရေးချင်လာလိ...
20/01/2025

မိသားစုထဲ သူစိမ်းဝင်လာတဲ့အခါ….

ဒီနေ့တော့Guကအိမ်မှာအမေတို့နဲ့ဖုန်းပြောကြရင်း ခေါင်းထဲဝင်လာတဲ့အကြောင်းအရာလေးကို ရေးချင်လာလို့ Vlogလေးကနေ shareလိုက်တာပါ…

GuအမေကStrict ဖြစ်တဲ့အမေထဲမှာပါတယ်
Guအမျိုးသားနဲ့အမေနဲ့က ငယ်ငယ်ထဲကသိနေခဲ့ကြပေမဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်တာသိလိုက်ချိန်မှာ အမေက strictဖြစ်ခဲ့တယ်
အိမ်အဝင်အထွက်ရှိကြပေမဲ့ အိမ်ကိုညနေ၆နာရီအရောက်ပြန်ရတယ်။အပြင်သွားလ်ို့ဖုန်းဆက်ရင်လဲကိုင်ရတယ်။အဲ့ချိန်က(မတော်ရသေးတဲ့သမက်ပေါ့)သူကိုလဲအပြတ်မှာထားတယ်…

အမေကstrictဖြစ်ခဲ့တယ်ဆိုပေမဲ့ သူ့သမက်ဖြစ်လာတဲ့အခါမှာ ဆက်ဆံတာက သူ့သားအရင်းလိုပဲ…

ပါးစပ်ကနေ “သားသမီးတယောက်လိုပဲသဘောထားတယ်”ဆိုတာပဲပြောနေတာမျိုးမဟုတ်ပဲactionsလုပ်ရပ်တွေကပြောနေတာ…

အမေက မိသားစုကို သိပ်ချစ်တတ်တာ…
Guတို့မိသားစုကအရမ်းcloseဖြစ်ကြတဲ့မိသားစုထဲမှာပါတယ်…

အခုအခြေအနေတွေကြောင့်တယောက်တနေရာစီခွဲနေရပေမဲ့ နေ့တိုင်းစကားပြောဖြစ်ကြတယ်

Guတို့မှာဟိုးကတည်းက Family Group chat messenger ရှိတယ်…

Family 4ယောက် Group chatကနေ ဂူးအိမ်ထောင်ကျပြီးတဲ့အခါ အမေက Happy Family 5ဆိုပြီး Guအမျိူးသားပါ ပါတဲ့ မိသားစု 5ယောက်Group chat နဲ့ပဲ စကားပြောကြတယ်။

မိသားစုအကုန်ပွင့်ပွင့်လင်းလင်းရှိတယ်..နေ့တိုင်းလဲ၅ယောက်ကday to day routine တွေသိရတယ်။

အမေနဲ့အဖေက.မိုးလင်းတာနဲ့Good morning my son and my daughters ဆိုပီး နှုတ်ဆက်တယ်

သားနဲ့သမီးတို့ရေ အမေတို့ဒီနေ့ဘာလုပ်ဖြစ်တယ်နော်ကနေ နောက်ဆုံး မိသားစု စီးပွါးရေး အတွင်းရေးတွေက အစ သူ့သမက်ကို သားကြီးတစ်ယောက်လို သဘောထားပြီး တိုင်ပင်တယ် ဆွေးနွေးတယ်

အိမ်က မိသားစု တနေ့နေ့ဘာလုပ်ဖြစ်တယ်ဆိုတာ မေးစရာမလိုအောင် ကို အမေကအကုန်ပြောပြတယ်…

သူ့သမက်ဘာကြိုက်လဲအကုန်သိ။
အလိုဘယ်လောက်လိုက်လဲဆို သူ့သမက်ကငါးကြော်နှပ် အရမ်းကြိုက်တော့ Family Tripသွားတဲ့တပတ်လုံး သူ့သမက်ကြိုက်တဲ့ ငါးကြော်နှပ် ကို lunchရောdinnerရော လိုက်ကျွေးတာ အဲလို…

ရန်ကုန်အိမ်မှာတောင် သူ့သမက်ပြန်လာရင်Gameဆော့လို့ရအောင်ဆိုပီး တခန်းလုံးကို သူ့သမက်အကြိုက်Gaming Roomလုပ်ပေးတာ…

Guနဲ့စကားများရင်တောင် သူ့သမက်ဘက်ပဲနေပီးGuကိုဆူတာ..

သူသမက်ကိုအနိုင်မကျင့်ဖို့လဲအမြဲဆုံးမတယ်

သူ့သမက်ကိုလဲ အရမ်းဂုဏ်ယူတာ..
လူတွေကိုလည်းငါ့သမက်လေးကဘယ်လိုဆိုပြီးအမြဲပြော။

သူ့သမက်ကသူ့စဉ်းစားထားတဲ့ideasတွေကိုဆိုလည်းrespect ပေးပီးနားထောင်ပေးတယ်…

Guအမျိုးသားဆို သူ့ယောက္ခမ တွေနဲ့ဆိုအေးဆေးအရှိကိုအရှိတိုင်းပဲသူလွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနေလို့ရတယ်…
သူပြောချင်တာရှိပြော လုပ်ချင်တာရှိလုပ်လိုက်တာပဲ…

အမေကိုလည်းတကယ်ကျေးဇူးတင်တယ်။

ငါ့သမီးငါမွေးထားတာပဲချစ်မယ်၊တန်ဖိုးထားမယ် ဆိုတာမျိုးမဟုတ်ပဲ လှိူက်လှိုက်လှဲလှဲ နွေးထွေးဆက်ဆံပေးလို့….

ပြောချင်တာက သူစိမ်း မိသားစုထဲဝင်လာတဲ့ အခါသားသမီး/သမက်ချွေးမ ယောက္ခမ ဆက်ဆံရေး က လည်းအရေးကြီးတယ်။

လူတိုင်းက တယောက်နဲ့တယောက် ရှူထောင့်အမြင်အကျင့်စရိုက်တွေကတူမှာမဟုတ်ဘူး။ တစ်မိဘထဲကမွေးတဲ့သူတွေတောင်အကျင့်တွေမတူကြတဲ့အခါ..ငါနဲ့အလိုမတူ ရန်သူလိုမမြင်ဖို့ပဲ…

အိမ်ထောင်ပြုလိုက်တဲ့အခါ ငါ့သားငါ့သမီးဆိုတဲ့ကိုယ်ဖြစ်ချင်တဲ့ အတ္တတွေထက် နှစ်ယောက်ဖြစ်သွားပြီဆိုတာလက်ခံပေးနိုင်ရတယ်…

ကိုယ်ကိုသူစိမ်းလိုသဘောမထားပဲ နွေးထွေးတဲ့အခါ ကိုယ်လဲလွတ်လွတ်လပ်လပ်မိသားစုလို ခံစားရစေတယ်

ကိုယ်ကတော့ သားသမီးယူဖို့အစီစဉ်မရှိသေးတော့ ကိုယ့်တူ၊တူမတွေရလာလဲ မိသားစုလို စိတ်ထားနိုင်အောင်ပဲနေဖို့ပြောမှာ
ဒါမှ မိသားစုက စည်းလုံးပီးအေးချမ်းမှာလေ…ဟုတ်တယ်ဟုတ် 🤍

With Love,
Gu

(ပုံက ဂူးတို့ရဲ့USမသွားခင်အမေတို့အဖေတို့SGကိုလာတုန်းက သူတို့ရန်ကုန်မပြန်ခင်airport မှာရိုက်ထားတဲ့ပုံလေး)

𝑰 𝒂𝒎 𝒇𝒐𝒓𝒆𝒗𝒆𝒓 𝑫𝒊𝒔𝒏𝒆𝒚 𝑳𝒐𝒗𝒆𝒓 💖✨🫶🏻Guရဲ့collectionလေးတွေအဆုံးထိကြည့်ပေးနော်Gu တသက်လုံးစုလာတဲ့ Disney လေးတွေ☺️☺️လူတိုင်းမှာ Ho...
12/01/2025

𝑰 𝒂𝒎 𝒇𝒐𝒓𝒆𝒗𝒆𝒓 𝑫𝒊𝒔𝒏𝒆𝒚 𝑳𝒐𝒗𝒆𝒓 💖✨🫶🏻
Guရဲ့collectionလေးတွေအဆုံးထိကြည့်ပေးနော်
Gu တသက်လုံးစုလာတဲ့ Disney လေးတွေ☺️☺️

လူတိုင်းမှာ Hobbies Interest တခုခုတော့ရှိကြတယ်
Gu ကတော့ Disneyလေးတွေcollectလုပ်ရတာ ဝါသနာပါတယ်✨

Disney လေးတွေတွေ့ရင်မနေနိုင်ဘူး မြင်လိုက်တာနဲ့ဝယ်လိုက်ရမှ🥹
ငယ်ငယ်ကလေးဘဝထဲက မေမေကDisney cartoons လေးတွေပြတယ် I grew up with Disney cartoons🫶🏻

Disney cartoonsတိုင်းရဲ့soundtrack လေးတွေခုထိ အလွတ်ရနေတုန်းပဲ🫶🏻

အိမ်ကိုလာတဲ့သူတိုင်းကပြောတယ် “ဆိုင်တောင်ဖွင့်လို့ရနေပီ”တဲ့
ဒါပေမဲ့ခုထိ တွေ့တိုင်းမနေနိုင်လိုချင်နေတုန်း🥲

အိမ်ကို ကလေးတွေလာလည်တိုင်း ကျန်တာမုန့်ကျွေးရင်ကျွေးမယ် အိမ်ကအရုပ်တွေတောင်းရင်ပေးဘူးတရုပ်တောင်အဲလို😅😅

ဘယ်လောက်Disneyလေးတွေကြိုက်လဲဆို အသက်၂၉ပြည့်တော့မယ် အိပ်ယာခင်း Pajamas Slipper အကုန်အစုံ Disneyတွေချည်းပဲ…

Guရဲ့ အကြိုက်ဆုံးDisney Characters လေးတွေက
Dumbo, Bambi , Lady & the trump, Lion King Timon,Pumbaa & Stitch ခုနောက်ပိုင်းmodern disneyထက် classicတွေကိုပိုကြိုက်တယ်💖

ဒါကတော့Guရဲ့Disney Collection လေးတွေပဲဖြစ်ပါတယ်
အဆုံးထိကြည့်သွားပေးဦးနော်🫶🏻🫶🏻🫶🏻

With Love,
Gu

30/12/2024

Going 2025 with the same person I met since 2000❤️👫

I manifest this too 🤍✨

ဒီနေ့မှာတော့Guရဲ့11 years relationship 25 years of our friendshipအကြောင်းလေးပြောမယ်

Guနဲ့Gu အမျိုးသားက အသက်၄နှစ်ဒေါ်ရင်ဝိုင်း မူကြိုမှာထဲက သိခဲ့ကြတာ

ငယ်ငယ်က Guကသူ့က်ိုမသ်ိခဲ့ဘူး သူကအရင်Guကိုကျောင်းကားပေါ်မှာစသတိထားမိတာ။ Guအိမ်ရှေ့ရောက်တိုင်းအကြာကြီးစောင့်ရလို့တဲ့ (အမေကသေချာလိုက်ပို့ကားပေါ်ကလူတွေလဲသေချာအပ်တာကိုး)နောက်ပီးGuကဆံပင်အရှည်ကြီး ကျစ်ဆံမြီးနှစ်ဖက်နဲ့ဆိုတော့ သူအဲ့ထဲကcrushနေတယ်ထင်ပါရဲ့😂

တနေ့ကျတော့ တိုက်ဆိုင်စွာ Superoneမှာ သူကGuအမေ့ကိုမှတ်မိနေပီးအန်တီGuဘယ်မှာလဲသွားမေးတာ …အဲ့အသက်၄နှစ်ကလေးပေါက်စကသတ္တိတွေရှိတာ😆

အဲ့မှာအမေကGuကိုခေါ်ပေးပြီးသူနဲ့ကိုယ်က သူငယ်ချင်းဖြစ်သွားခဲ့တာ..
နောက်တော့TTCကျောင်းမှာ သူငယ်တန်းတက်..သွားအတူစားအတူနဲ့…

အမေကငယ်ငယ်ထဲက ပုံလေးတွေအမြဲရိုက်ပေးတော့ သူနဲ့ဂူးပုံလေးတွေကရှိနေတာ…

နောက်၂တန်းရောက်တော့သူကနယ်ပြောင်းသွားတော့ ၁၀နှစ်ကျော်ကွဲသွားကြတာ….

၁၀တန်းတွေပြီးလို့Facebook တွေစသုံးတော့ သူနာမည်နဲ့ကိုယ့်Facebook အကောင့်က်ို လာAddထားရော…

အဲ့ကနေစလိုက်တဲ့love story လေးက အခုထိပဲပေါ့…..

အမှန်တိုင်းပြောရရင်Guတို့relationshipက အရမ်းတော့မsmooth နေခဲ့ဘူး

Relationship ၁၁နှစ်အတွင်းမှာဖြစ်တဲ့ အဆင်မပြေမှူများစွာ၊အတိုက်အခံများစွာ၊အနိမ့်အမြင့်အတက်အကျများစွာ၊ဝေးကွာခြားနားမှူများစွာနဲ့…..

ဘာကြောင့်ဒီrelationshipကို give upမလုပ်ပဲသူကိုရွေးခဲ့လဲဆိုရင်

-သူလဲဘာကြီးမှဟုတ်နေလို့လဲမဟုတ်သလို ချမ်းသာနေလား ဥစ္စာပေါရုပ်ချောperfect manဟုတ်နေလို့လားဆိုတော့လဲမဟုတ်ဘူး

ဘာကြောင့်လဲဆိုရင်
သူ့စိတ်ထားကြောင့်ပဲ၊ သူရဲ့ကိုယ်အပေါ်မှာထားတဲ့စိတ်၊ကိုယ်ချင်းစာတရား၊လူတိုင်းပေါ်မှာထားတဲ့မေတ္တာတွေကြောင့်ပဲ….

သူဆိုတဲ့လူက သူကိုလူတယောက်က မကောင်းတာလုပ်ရင်တောင်ခွင့်လွှတ်နားလည်ပေးတဲ့သူမျိုး
ကိုယ်ကသာ စိတ်တိုရင်တိုနေမယ် သူက အကုန်လုံးအပေါ်မှာနားလည်ခွင့်လွှတ်ပေးတယ်

အားလုံးပေါ်မှာကြင်ကြင်နာနာဆက်ဆံတယ်။ကူညီတယ်။

လူတိုင်းမှာ က100% perfect ဆိုတာမရှိနေဘူး
Of course သူမှာလဲ သူ့flawsတွေတော့ရှိနေမှာပဲ

လူတယောက်မှာ ၁၀၀ပုံပုံလိုက်လို့ သူ့၂၀%သောflawsကိုလက်ခံမလား၊၈၀%ကောင်းတာကိုပစ်မလား it’s up to you

တကယ်ပါrelationship တိုင်း all perfect ဆိုတာမရှိဘူး..
Before we goဆိုတဲ့movies ထဲက စကားတခုကိုအခုထိအမြဲမှတ်မိနေတုန်းပဲ…

“There’s no perfect in life ,there will always be struggles, you just have to pick who you want to struggle with ”ပဲ

ကိုယ်တဘဝလုံးပေါင်းရမယ့်သူက ကိုယ့်အပေါ်စာနာပေးတဲ့စိတ်၊ကိုယ်မိသားစုလိုမျိုးမေတ္တာအပြည့်ပေးနိုင်တဲ့စိတ်၊ ကိုယ်ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးတဲ့စိတ်မျိုးရှိဖို့ကအရေးကြီးဆုံးပဲ…

ဒီနှစ်2024ထဲအများကြီးဖြစ်ပျက်ခဲ့တဲ့ ကောင်းခြင်း၊ဆိုးခြင်းတိုင်းမှာတူတူရှိပေးလို့ကျေးဇူးတင်ပါတယ်..

2025ကိုလဲအခုလိုတူတူကြိုးစားရင်းအကောင်းဆုံးဖြတ်သန်းသွားမယ်….🤍

With Love,
Gu

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Gu’s True Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share