မြန်မာသံတော်ဆင့် Myanmar Herald News

မြန်မာသံတော်ဆင့် Myanmar Herald News Update Latest News in Myanmar

24/12/2022

PDF ပြည်သူ့တပ်မတော်ထိန်းချုပ်နယ်မြေ
အတွင်းရှိNUG အစိုးရ ပညာရေးဝန်ကြီးဌာန ပညာရေးစုံညီပွဲတော်

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာ့အရေး ဆုံးဖြတ်ချက်ကို NLD ပါတီ ကြိုဆိုတည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး အတင်းအဓမ္မ အာဏာသိမ...
24/12/2022

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာ့အရေး ဆုံးဖြတ်ချက်ကို NLD ပါတီ ကြိုဆို

တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး အတင်းအဓမ္မ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို မြန်မာပြည်သူတွေကိုယ်စား ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကတဆင့် အရေးယူနိုင်မှာဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြိုဆိုတဲ့အကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

24/12/2022

ပြည်သူကိုနှိပ်စက်နေတဲ့ မအလစစ်တပ်

တော်လှန်ရေးအရှိန်မြှင့်တင်ခြင်းကာလသို့ ရောက်ရှိပြီဟုဆို24 Dec 2022 By MPAမြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအရှိန်မြှင့်တင်...
24/12/2022

တော်လှန်ရေးအရှိန်မြှင့်တင်ခြင်းကာလသို့ ရောက်ရှိပြီဟုဆို

24 Dec 2022 By MPA

မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအရှိန်မြှင့်တင်ခြင်းကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး သတိပြု ဆင်ခြင်နိုင်စေရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ရာ၌ ယင်းသို့ဖော်ပြထားသည်။

ယင်းကြောင့် မထင်မှတ်ထားသည့် အချိန် ၊ မထင်မှတ်ထားသည့် နေရာများ၌ မထင်မှတ်ဘဲ တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သောကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် အခြားဒေသများရှိ ပြည်သူများနည်းတူ အထူးသတိပြု သွားလာ၊နေထိုင်ကြရန်ကြာအင်း ဆိပ်ကြီး မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးလိုက်သည်။

“ကြာအင်းဆိပ်ကြီးက ထုတ်ပြန်သလိုပါပဲ။ဒီကာလဟာ တိုက်ပွဲတွေအရှိန်မြှင့်နေတယ်”ဟု လွတ်မြောက်နယ်မြေရောက်သထုံမြို့ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

အထူးသဖြင့်စစ်ကောင်စီတပ်များ ဝင်ရောက်နေထိုင်သောနေရာများ၊ ၎င်းတို့ သွားလာလှုပ်ရှားသော နေရာများ နှင့် ထိုနေရာအနီးတဝိုက်တွင် သွားလာ နေထိုင်ခြင်း မပြုကြရန် ကြာအင်းဆိပ်ကြီးမြို့နယ်ပအဖ က သတိပေးထားသည်။

လတ်တလောကာလတွင် ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်သလို ကရင်နီဒေသနှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ မကြာသေးမီက ရှမ်းပြည်နယ်မြောက် ပိုင်း၊နမ့်ဆန်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင် စီတပ်တို့တိုက်ပွဲပြင်းထန်ခဲ့သည်။

“လာမယ့်နှစ်မှာ အာဆီယံဖိအားတွေ၊အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေအပြင် စစ်ရေးမှာလည်း NUG အစိုးရက စစ်တိုင်းတွေဖွဲ့စည်းပြီးပြီဆိုတော့ ပိုအားကောင်းလာနိုင်မယ်”ဟု ရန်ကုန်အခြေ စိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။

NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်၏ ဒီဇင်ဘာ၇ရက်နေ့ မိန့်ခွန်းထဲတွင် NUG ကာကွယ်ရေး ဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းကာမြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်းဟူ၍စစ်တိုင်း၃တိုင်းဖွဲ့စည်း ပြီး ဖြစ်သလို အဆိုပါ စစ်တိုင်းများ၏စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs တို့၏ စစ်ဖက်ထိပ်တန်းခေါင်းဆောင်များက တာဝန်ယူထားကြောင်းပြောကြားခဲ့သည်။

“စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဥ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီး ထိရောက်အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်”ဟု ဦးရည်မွန်ကဆိုသည်။

တစ်ဖက်တွင် လည်း ဌာနကြီး၅ခုပါဝင်သည့် PDFစစ်ရုံးချုပ်ကို ထူထောင်ခဲ့ပြီးဖြစ်ကြောင်းလည်းဦးရည်မွန်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bit.ly/3jwQ6sk
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - kalay PDF

#စစ်ရေး #အရှိန်မြှင့် #တောင်ပိုင်း

NUG အစိုးရ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့မည့်အချက်များပါဝင်သည့် NDAA ဥပဒေကို ကန်သမ္မတဂျိုးဘ...
24/12/2022

NUG အစိုးရ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကူညီထောက်ပံ့မည့်အချက်များပါဝင်သည့် NDAA ဥပဒေကို ကန်သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး

ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ - NUCC၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ - EAOs တွေကို ကူညီထောက်ပံ့ပေးမယ့်အချက်များ ထည့်သွင်းရေးဆွဲထားသည့် အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ - NDAA ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ၂ ရပ်စလုံးက ယခုလအစောပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ လက်မှတ်ရေးထိုးခဲ့မှုကြောင့် အသက်ဝင်ခဲ့ပြီဖြစ်သည့် NDAA ဥပဒေတွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှုအတွက် တိုက်ပွဲဝင် နေမှုကို ဆက်လက် ထောက်ခံ အားပေးရန်၊ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့ အစည်း များ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးရန်၊ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် အချက်များ ပါဝင်သည်။

ထို့ပြင် လူထုရွေးကောက်ထားသည့် အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ အရပ်သားအစိုးရ လက်အောက် စစ်တပ်ပြန်ရောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်နှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ရန်၊ စစ်ကောင်စီထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရေသော စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာမှုအကူအညီဆက်လက်ပေးအပ်ရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများနှင့် မြန်မာပြည် တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်း ခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် စသည့်အချက်များ ပါဝင်သည်။

ယင်းအချက်များအပြင် အာဏာသိမ်းစစ်တပ်မှ စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီ၏စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူရန်၊ PDF နှင့် EAOများကို နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီများ ပေးအပ်သွားရန်စသော မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အရေးကြီးသောအချက်များ ပါဝင်သည်။

ယခုကဲ့သို့ အမေရိကန်နိုင်ငံ၏ NDAA ဥပဒေအတွင်းသို့ မြန်မာ့ဒီမိုကရေစီရေးအတွက် အချက် ၈ ချက် တရားဝင်ထည့်သွင်း ရေးဆွဲကာ အတည်ပြုပြဌာန်းခြင်းမှာ စစ်အာဏာရှင်စနစ် ဖြုတ်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးအတွက် မြန်မာပြည်သူလူထု ဆင်နွှဲနေသော “မြန်မာ့နွေဦး တော်လှန်ရေး”အောင်မြင်ဖို့အတွက် အင်အားကောင်းစေသောတွန်းအားတရပ်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ကာကွယ်ရေးအသုံးစရိတ် ဉပဒေတစ်ခုဖြစ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေဟာ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေအတွက် အရေးပါတဲ့ အကျိုးကျေးဇူးနဲ့ တရားမျှတမှု ရရှိစေ ကာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ အမိမြေလုံခြုံရေးကို ထောက်ကူဖို့ အရေးပါတဲ့ လုပ်ပိုင်ခွင့် တွေ ပါဝင်တယ်လို့ ဂျိုးဘိုင်ဒင်က ပြောသည်။

NDAA အရ ကာကွယ်ရေးဝန်ကြီးဌာနသို့ ဒေါ်လာ ၈၁၇ ဘီလီယံ ပေးအပ်မှာဖြစ်လို့ ဒီနှစ်အစောပိုင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဘတ်ဂျက်အဆိုပြုချက်ထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုထောက်ပံ့မှာဖြစ်ကြောင်း သိရသည်။


NDAA မှာ အမေရိကန်စစ်တပ်ရဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်စွမ်းပကားအပြင် ဆိုက်ဘာလုံခြုံရေးကို အ ဆင့်မြှင့်တင်မယ့် ပြဌာန်းချက်တွေ ပါဝင်ပြီး မြန်မာ့အမေရးအပြင် ရုရှားကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်သို့လည်း ငွေကြေး ပံ့ပိုးကူညီမှာဖြစ်ကြောင်း သိရသည်။

ကိုးကား - CNN
Ref; Biden signs vital $858 billion defense bill into law, nixing military’s Covid-19 vaccine mandate

Speech
18/10/2022

Speech

'အုပ်/ကြီး'တော်လှန်ရေးကာလမှာ ထောက်ပို့ ထောက်ပို့ နဲ့ အလှူတွေခံကြ၊ ပီဒီအက်တွေကို ထောက်ပံ့ကြတာတွေ ရှိတယ်။ ဒါက တော်လှန်ရေးရ...
14/10/2022

'အုပ်/ကြီး'

တော်လှန်ရေးကာလမှာ ထောက်ပို့ ထောက်ပို့ နဲ့ အလှူတွေခံကြ၊ ပီဒီအက်တွေကို ထောက်ပံ့ကြတာတွေ ရှိတယ်။ ဒါက တော်လှန်ရေးရဲ့ အသက်သွေးကြောလို့ ပြောလို့ရမလား။ ထောက်ပံ့သူတွေမရှိတော့ရင် ကျနော်တို့ ရှုံးပြီလား။ ဒီထက်အရေးကြီးတာကော ဘာရှိသေးသလဲ။

စစ်နည်းဗျူဟာတွေ အကုန်လုံးမှာ မပါမဖြစ် ပါတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ကျနော်တို့ သင်တန်းသားဘဝက အတိုကောက်မှတ်ရင် 'အုပ်/ဆက်' ဒါမဟုတ် 'အုပ်/ကြီး' ဆိုပြီး မှတ်ခဲ့ကြဖူးတယ်။ 'အုပ်ချုပ်ထောက်ပံ့မှုနဲ့ သယ်ယူပို့ဆောင်ရေး' နှင့် ဆက်သွယ်ရေးနဲ့ ကွပ်ကဲကြီးကြပ်မှု' တို့ ဖြစ်ကြပါတယ်။ ဒီအုပ်နဲ့ကြီးဟာ စစ်ရေးစစ်ရာတိုင်းမှာ အရေးပါအပါဆုံး နှစ်ချက်ဖြစ်ပါတယ်။ ဥပမာ ချီစစ်ရဲ့သဘောတရားမှာဆိုရင် ကျယ်၊ ချီ၊ လေ၊ လက်၊ မှန်၊ ချီ၊ စိတ်၊ အုပ်၊ ကြီး/ကြပ်။ စီမံချက် သို့မဟုတ် နှုတ်မိန့်မှာဆိုရင် တင်း၊ ရည်၊ လုပ်၊ အုပ်၊ ဆက် စသဖြင့် ပါလေရာ ငပိချက်ပါပဲ။

ဒီနှစ်ချက်ထဲမှာ ဘယ်ဟာက ပိုပြီး အရေးပါသလဲ မေးရင်တော့ ခလေးတစ်ယောက်ကို ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်သလဲ မေးသလို ဖြစ်နေပါမယ်။ ရန်သူ့စစ်ကြောင်းကို ချုံခိုတိုက်ခိုက်ကြမယ် ဆိုပါစို့။ 'အုပ်' အနေနဲ့ လက်နက်ခဲယမ်း၊ ပစ္စည်း၊ ရိက္ခာတွေ အလုံအလောက်ပါရသလို 'ကြီး' အနေနဲ့ ဘယ်သူခေါင်းဆောင်လဲ၊ အဖွဲ့တွေကို ဘယ်လို ဆက်သွယ်ကွပ်ကဲမလဲ ဆိုတဲ့စနစ် ရှိဖို့လည်း လိုတယ်။ ကွပ်ကဲမှုအားနည်ချက်ကြောင့် ရန်သူစစ်ကြောင်း ဖြတ်လာတဲ့အချိန် ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း မဖြစ်တာ ပိုဆိုးမလား၊ လူ လက်နက် ခဲယမ်း ရိက္ခာ အားနည်းလို့ ထိထိရောက်ရောက် မတိုက်ခိုက်နိုင်တာ ပိုဆိုးမလား။

အန်ယူဂျီအစိုးရအနေနဲ့ တော်လှန်ရေးအစပိုင်းက ပီဒီအက်တွေကို လက်နက်မထောက်ပံ့ဖြစ်တာ မေးခွန်ထုန်ခံရတော့ ကွပ်ကဲမှုစနစ်ကို အကြောင်းပြခဲ့ပါတယ်။ သူက အုပ်နဲ့ကြီးမှာ ကြီးကို ပိုအရေးကြီးတယ်လို့ မြင်ခဲ့ပုံရပါတယ်။

ကျနော်တို့ချင်းပြည်မှာဆို မျိုးနွယ်စုကိုအခြေခံပြီး ဒါမှမဟုတ် နယ်မြေဒေသကို အခြေခံပြီး သီးခြားစီ ထောက်ပံ့နေကြတာ ရှိပါတယ်။ တကယ်ဖြစ်သင့်တာကတော့ (ဘယ်နေရာပဲဖြစ်ဖြစ်) ထောက်ပံ့မှုတွေ အားလုံးသည် ခေါင်ချုပ်ကိုပဲ သွားပြီး အဲဒီကနေမှ အောက်လက်တွေကို ပြန်ဖြန့်ဝေရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီအဖွဲ့အစည်း တသွေး၊ တသံ၊ တမိန့် နဲ့ ကွပ်ကဲအုပ်ချုပ်လို့ ရမှာ ဖြစ်ပါတယ်။ မျိုးနွယ်စွဲတွေ နယ်မြေစွဲတွေနဲ့သာဆို ပေါင်းရင်ပေါင်း၊ မပေါင်းရင် အရှင်းကွဲပြီး တသီးခြားစီ ကိုယ်တပ်ဖွဲ့ကိုယ် တည်ဆောက်တာ အကောင်းဆုံးပါပဲ။ မတည့်အတူနေလို့ကတော့ ဌာနချုပ်တခုတည်းကနေလာတဲ့ အုပ်ချုပ်ထောက်ပံ့မှုကိုလည်း ခံယူဖို့ ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။

တနိုင်ငံလုံးအနေနဲ့ ဆိုရင်လည်း ဒေသကာကွယ်ရေးတွေကို သီခြားစီမလှူဘဲ အန်ယူဂျီကို လှူဖို့ တိုက်တွန်းချက်တွေရှိတာ မြင်ရပါတယ်။ ဖြစ်သင့်ပါတယ်။ နွေဦးတော်လှန်ရေးတပ်ဖွဲ့အကုန်လုံး အန်ယူဂျီရဲ့ကာကွယ်ဌာနအောက် အကုန်ရှိကိုရှိသင့်ပါတယ်။ ပြည်နယ်တွေမှာလည်း ပြည်နယ်တပ်တစ်ခုပဲ ရှိသင့်ပါတယ်။ ယုတ်စွအဆုံး ၂၀၀၈ စာအုပ်စိမ်းထဲကလို တနိုင်ငံလုံးမှာ ရှိသမျှလက်နက်ကိုင်တွေဟာ အုပ်ချုပ်မှုတခုတည်းအောက် ရှိရင် အကောင်းဆုံး‌ပေါ့။ ပြည်တွင်းစစ် ဆိုတာ ချိုနဲ့လား မေးရမယ်။

ဖြစ်တာက ဖြစ်သင့်တယ်။ မဖြစ်ချင်ကြတာက ခက်နေတာပါ။

တိုက်နယ်အလိုက် ထောက်ပို့မလုပ်ကြပါနဲ့ ဆိုတဲ့ မြို့နယ်တပ်ဖွဲ့က သူကိုယ်တိုင်သည်လည်း သူ့ပြည်နယ်အီးအေအိုရဲ့ ကွပ်ကဲမှုအောက်ဝင်ဖို့ ငြင်းဆန်ထားတယ်။ ပြည်နယ်တွေက အီးအေ(အာရ်)အိုတွေကလည်း အစိုးရတစ်ခုတည်းအောက်မှာ ရှိမနေကြပြန်ပါဘူး။ အစိုးရကိုယ်တိုင်ကလည်း အကုန်လုံးကို စည်းရုံးဖွဲ့စည်းပြီး ဦးစီးဦးဆောင်လုပ်မယ့် ဆန္ဒရှိတယ်လို့ သံသံသယဝင်စရာပါပဲ။ ဦးတည်ချက်ရည်ရွယ်ချက် တူနေတဲ့ တပ်ဖွဲ့တွေကိုတောင် အကုန်လုံး သူ့အောက်ထည့်မထားနိုင်သေးဘူးမလား။

လက်နက်ကိုင်ရတဲ့ ရည်ရွယ်ချက်တစ်ခုတည်း ရှိပြီး ကွပ်ကဲမှုတခုတည်းအောက်မှာ အတူတူလုပ်ကိုင်ဆောင်ရွက်မှပဲ စစ်သည်တွေက ရဲဘော်ရဲဘက်စိတ် ရှိလာကြမှာပါ။ ရဲဘော်ရဲဘက်စိတ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အသက်ပေး ကာကွယ်လိုစိတ်ကို ခေါ်တာပါ။ စစ်သားတွေမှာပဲရှိပါတယ်။ တသွေး တသံ တမိန့်နဲ့ မဖွဲ့စည်းမတည်ဆောက်သရွေ့တော့ လူတွေစုနေတဲ့လူစုကြီးပဲ ဖြစ်နေမှာပါ။ စစ်တပ်ဖြစ်မလာပါဘူး။ စစ်တပ်မဖြစ်တော့ စစ်သားတွေလည်း ဖြစ်မလာကြပါဘူး။ အသက်ပေးကာကွယ်ဖို့မပြောနဲ့ ချော်လဲနေရင်တောင် အချင်းချင်း ပြေးမထူပါဘူး။ ဘယ်လိုစစ်တိုက်ကြမလဲ။

စစ်တိုက်ကြမယ် ဆိုရင်တော့ အုပ်/ကြီး ကောင်းမှ ရပါမယ်။ အုပ်ချုပ်ထောက်ပံ့မှုအတွက် သယ်ပို့ဆောင်ရေး လိုအပ်သလို ကွပ်ကဲကြီးကြပ်ရေးအတွက် ဆက်သွယ်ရေးလိုအပ်တယ်။ ဒီအုပ်/ကြီးကို ပိရမစ်ပုံစံ ဟိုင်ယာရခီစနစ်နဲ့ အဆင့်ဆင့်သွားရပါတယ်။ ခပ်ရှင်းရှင်းပြောရရင် စစ်တပ်ဆိုတာ အာဏာရှင်စနစ်နဲ့ပဲ အုပ်ချုပ်ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ လုံးဝသွားလို့မရပါဘူး။ အုပ်ချုပ်ထောက်ပံ့မှုကော ကြီးကြပ်ကွပ်ကဲမှုပါ ထိပ်ဖျားတနေရာတည်းကပဲ စီးဆင်းရပါတယ်။ ဒီသဘောတရားကို တော်လှန်ရေးသမားတွေရော ပြည်သူ‌တွေပါ နားလည်သင့်ပါတယ်။

ဒီလိုမလုပ်တော့ ဘာဖြစ်မလဲ ဆိုရင် ဘာမှမဖြစ်ပါဘူး။ အခုထိ ဘာမှကိုမဖြစ်သေးပါဘူး။

Moon Cho

02/10/2022

မလေးရှားရောက်မြန်မာပြည်သူများ

02/10/2022

အင်ဒိုနီးရှားနိုင်ငံတွင် ဘောလုံးပွဲခိုက်ရန်ဖြစ်ပွားမှုနှင့်အဓိကရုဏ်းကြောင့် လက်ရှိအချိန်ထိလူပေါင်း ၁၂၇ဦး သေဆုံးကာ ၁၈၀ ဦးထိခိုက်ဒဏ်ရာရ

ရဲတပ်ဖွဲ့က Tear Gas မျက်ရည်ယိုဗုံးအလွန်အကျွံသုံးစွဲခဲ့တာကြောင့် လူအုပ်ကြားထဲကျရောက်ကာ
ပြေးပေါက်မရှိပဲပိတ်မိကာ ပိုမိုသေဆုံးမှုများဖြစ်ပွါးခဲ့ပါတယ်။

21/09/2022

🚨 မြန်မာနယ်စပ်က ကြောက်စရာ တရုတ်လူလိမ်ဒုစရိုက်ဂိုဏ်းများအကြောင်း (အပိုင်း ၃)

21/09/2022

🚨 မြန်မာနယ်စပ်က ကြောက်စရာ တရုတ်လူလိမ်ဒုစရိုက်ဂိုဏ်းများအကြောင်း (အပိုင်း ၂)

21/09/2022

🚨 မြန်မာနယ်စပ်က ကြောက်စရာ တရုတ်လူလိမ်ဒုစရိုက်ဂိုဏ်းများအကြောင်း (အပိုင်း ၁)

အွန်လိုင်းပေါ်ကနေ တရုတ်နယ်စပ်မြို့တွေမှာ လစာ
ကောင်းကောင်းရပြီး ခရီးစရိတ်ပါစီစဉ်ပေးမယ်ဆိုပြီး လူခေါ်နေတာတွေက လူလိမ်ဂိုဏ်းတွေပါ။

မြန်မာအမျိုးသမီးငယ်များအစစအရာရာသတိထားစေလိုပါတယ်။

ခရီးထွက်ရင်လိုရမယ်ရ သိမ်းထားပါ.....မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် မိုင်အကွာအဝေးများ.....လိုအပ်သည်များ ထပ်ဖြည့်ပေး...
18/09/2022

ခရီးထွက်ရင်လိုရမယ်ရ သိမ်းထားပါ.....

မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် မိုင်အကွာအဝေးများ.....

လိုအပ်သည်များ ထပ်ဖြည့်ပေးပါ

နေပြည်တော် _ ရန်ကုန် ၂၀၀ မိုင်
နေပြည်တော် _ မကွေး ၁၆၀ မိုင်
နေပြည်တော် _ မန္တလေး ၁၈၀ မိုင်
နေပြည်တော် _ ညောင်ဦး ၁၈၃ မိုင်
နေပြည်တော် _ တောင်ကြီး ၁၇၄ မိုင်
နေပြည်တော် _ မုံရွာ ၂၆၀ မိုင်
နေပြည်တော် _ တောင်ငူ ၇၅ မိုင်
နေပြည်တော် _ လွိုင်ကော် ၂၅၀ မိုင်
နေပြည်တော် _ ပြည် ၁၅၀ မိုင်
#ရန်ကုန် _ ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် _ ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် _ ဖဒို ၁၁၅ မိုင်
ရန်ကုန် _ မဒေါက် ၁၁၀ မိုင်
ရန်ကုန် _ ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် _ ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် _ ဖြူး ၁၄၂ မိုင်
ရန်ကုန် _ ဇေယျ၀တီ ၁၄၄ မိုင်
ရန်ကုန် _ တောင်ငူ ၁၇၅ မိုင်
ရန်ကုန် _ ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် _ ဆွာ ၂၀၁ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းသစ်) ၂၄၀ မိုင်
ရန်ကုန် _ နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် _ ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် _ မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် _ တောင်သာ ၃၈၁ မိုင်
ရန်ကုန် _ မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် _ စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် _ မန္တလေး ၄၃၀ မိုင်
ရန်ကုန် _ မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် _ ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် _ ရွှေဘို ၅၀၀ မိုင်
ရန်ကုန် _ တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် _ လားရှိုး ၆၀၅ မိုင်
ရန်ကုန် _ တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် _ လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် _ ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် _ တမူး ၇၂၅ မိုင်
ရန်ကုန် _ မြစ်ကြီးနား ၉၁၉ မိုင်
#ရန်ကုန် _ လက်ပံတန်း ၈၅ မိုင်
ရန်ကုန် _ ပြည် ၁၇၉ မိုင်
ရန်ကုန် _ ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် _ အောင်လံ ၂၂၃ မိုင်
ရန်ကုန် _ ကြံခင်း ၂၄၅ မိုင်
ရန်ကုန် _ မြန်အောင် ၂၅၀ မိုင်
ရန်ကုန် _တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် _ မကွေး ၃၃၁ မိုင်
ရန်ကုန် _ မင်းဘူး ၃၃၂ မိုင်
ရန်ကုန် _ အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် _ ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် _ ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် _ ချောက် ၄၀၈ မိုင်
ရန်ကုန် _ ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် _ ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် _ မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် _ နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် _ တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် _ သံတွဲ ၃၂၃ မိုင်
ရန်ကုန် _ ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် _ စစ်တွေ ၆၃၄ မိုင်
#ရန်ကုန် _ မအူပင် ၅၁ မိုင်
ရန်ကုန် _ အိမ်မဲ ၇၅ မိုင်
ရန်ကုန် _ မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် _ လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် _ ဂွ ၁၄၆ မိုင်
ရန်ကုန် _ ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် _ ရေကြည် ၉၀ မိုင်
ရန်ကုန် _ ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် _ ဟင်္သာတ ၉၆ မိုင်
ရန်ကုန် _ ထူးကြီး ၁၃၃ မိုင်
ရန်ကုန် _ ပုသိမ် ၁၁၅ မိုင်
ရန်ကုန် _ ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် _ ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် _ ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် _ ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် _ ညောင်တုန်း ၃၅ မိုင်
ရန်ကုန် _ ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် _ ဇလွန် ၈၇ မိုင်
ရန်ကုန် _ ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် _ ဝါးခယ်မ ၉၃ မိုင်
ရန်ကုန် _ ကျုံပျော် ၉၆ မိုင်
ရန်ကုန် _ ရွှေလောင်း ၇၈ မိုင်
ရန်ကုန် _ ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် _ ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် _ လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် _ သာပေါင်း ၁၄၂ မိုင်
#ရန်ကုန် _ ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် _ ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် _ တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် _ ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် _ သထုံ ၁၅၂ မိုင်
ရန်ကုန် _ မုတ္တမ ၁၉၀ မိုင်
ရန်ကုန် _ မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် _ မုဒုံ ၂၀၈ မိုင်
ရန်ကုန် _ သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် _ ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် _ ဘားအံ ၁၈၀ မိုင်
ရန်ကုန် _ သာမည ၂၀၀ မိုင်
ရန်ကုန် _ ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် _ မြ၀တီ ၂၇၉ မိုင်
ရန်ကုန် _ ရေး ၂၈၇ မိုင်
ရန်ကုန် _ ထား၀ယ် ၃၉၇ မိုင်
ရန်ကုန် _ မြိတ် ၅၅၀ မိုင်
ရန်ကုန် _ ကော့သောင်း ၇၄၅ မိုင်
#မန္တလေး _ တောင်ကြီး ၁၃၈/၂၀၄ မိုင်
မန္တလေး _ လားရှိုး ၁၇၅ မိုင်
မန္တလေး _ မူဆယ် ၂၈၈ မိုင်
မန္တလေး _ မိုးကုတ် ၁၁၅ မိုင်
မန္တလေး _ မင်းလှ ၂၅၀ မိုင်
မန္တလေး _ ပြည် ၃၇၃ မိုင်
မန္တလေး _ တောင်ငူ ၂၅၅ မိုင်
မန္တလေး _ ကျောက်ပန်းတောင်း ၁၅၅ မိုင်
မန္တလေး _ မိတ္ထီလာ ၉၆ မိုင်
မန္တလေး _ ပြင်ဦးလွင် ၄၂ မိုင်
မန္တလေး _ ရွှေဘို ၇၀ မိုင်
မန္တလေး _ ရေဦး ၉၅ မိုင်
မန္တလေး _ တန့်ဆည် ၁၁၀ မိုင်
မန္တလေး _ တမူး ၂၉၅ မိုင်
မန္တလေး _ ပုလဲ ၁၁၀ မိုင်
မန္တလေး _ စဉ်ကူး ၆၀ မိုင်
မန္တလေး _ မတ္တရာ ၂၀ မိုင်
မန္တလေး _ ရွေကူ ၂၄၅ မိုင်
မန္တလေး _ ဗန်းမော် ၂၇၀ မိုင်
မန္တလေး _ ထီးချိုင့် ၁၇၀ မိုင်
မန္တလေး _ မြစ်ကြီးနား ၄၈၇ မိုင်
မန္တလေး _ ကသာ ၂၃၀ မိုင်
မန္တလေး _ ကလေး ၂၁၀ မိုင်
မန္တလေး _ တကောင်း ၁၃၀ မိုင်
မန္တလေး _ သပိတ်ကျင်း ၉၀ မိုင်
မန္တလေး _ ငါးအိုး ၂၀၀ မိုင်
မန္တလေး _ ပခုက္ကူ ၁၂၅ မိုင်
မန္တလေး _ ကျောက်ဆည် ၃၀ မိုင်
မန္တလေး _ စစ်ကိုင်း ၁၂ မိုင်
မန္တလေး _ မုံရွာ ၈၀/၈၅ မိုင်
#ပဲခူး _ တောင်ငူ ၁၂၅ မိုင်
သာယာဝတီ _ ပေါင်းတည် ၆၅ မိုင်
ပေါင်းတည် _ ပြည် ၃၆ မိုင်
ပြည် _ အောင်လံ ၄၄ မိုင်
အောင်လံ _ တောင်တွင်းကြီး ၅၇ မိုင်
တောင်တွင်းကြီး _ မကွေး ၅၁ မိုင်
မကွေး _ ရေနံချောင်း ၃၂ မိုင်
ရေနံချောင်း _ ကျောက်ပန်းတောင်း ၃၄ မိုင်
ကျောက်ပန်းတောင်း _ ပုဂံ ၃၄ မိုင်
ပုဂံ _ မိတ္ထီလာ ၆၀ မိုင်
မိတ္ထီလာ _ မြင်းခြံ ၅၉ မိုင်
မြင်းခြံ _ နွားထိုးကြီး ၂၀ မိုင်
နွားထိုးကြီး _ မြစ်သား ၃၄ မိုင်
မြစ်သား _ ကျောက်ဆည် ၁၈ မိုင်
ကလော _ တောင်ကြီး ၄၂ မိုင်
တောင်ကြီး _ ကျိုင်းတုံ ၁၄၄ မိုင်
ပြင်ဦးလွင် _ သီပေါ ၃၇ မိုင်
သီပေါ _ လားရှိုး ၄၆ မိုင်
လားရှိုး _ သိန္နိ ၃၂ မိုင်
သိန္နိ _ ကွတ်ခိုင် ၁၆ မိုင်
ကွတ်ခိုင် _ မူဆယ် ၅၄ မိုင်
လားရှိုး _ ကွတ်ခိုင် ၅၄ မိုင်
မူဆယ် _ နမ့်ခမ်း ၁၉ မိုင်
သိန္နိ _ ကွမ်းလုံ ၅၃ မိုင်
မတ္တရာ _ စဉ်ကူး ၂၇ မိုင်
စဉ်ကူး _ သပိတ်ကျင်း ၃၀ မိုင်
ရွှေဘို _ မြစ်ကြီးနား ၄၁၆ မိုင်
မြစ်ကြီးနား _ မြစ်ဆုံ ၂၉မိုင် ၄ဖာလုံ
မြစ်ဆုံ _ ဆွမ်ပရာဘွမ် ၉၂ မိုင်
ဆွမ်ပရာဘွမ် _ မချမ်းဘော ၇၂ မိုင်
မချမ်းဘော _ ပူတာအို ၄၁ မိုင်
မချမ်းဘော _ နောင်မွန်း ၄၁ မိုင်
မြစ်ကြီးနား _ မိုးကောင်း ၃၂ မိုင်
ကာမိုင် _ လုံခင်း ၅၁ မိုင်
လုံခင်း _ ဖားကန့် ၇ မိုင်
မြစ်ကြီးနား _ တနိုင်း ၁၂၀ မိုင်
မြစ်ကြီးနား _ မိုးမောက် ၁၀၇ မိုင်
မိုးမောက် _ ဗန်းမော် ၉ မိုင်
စစ်ကိုင်း _ အုန်းတော ၁၅ မိုင်
အုန်းတော _ မြင်းမူ ၂၂ မိုင်
မုံရွာ _ ပခုက္ကူ ၇၂ မိုင်
မုံရွာ _ ကလေးဝ ၁၆၀ မိုင်
မုံရွာ _ ချောင်းဦး ၁၄ မိုင်
မုံရွာ _ ဘုတလင် ၂၁ မိုင်
ဘုတလင် _ စိုင်ပြင် ၁၄ မိုင်
စိုင်ပြင် _ ဒီပဲယင်း ၁၀ မိုင်
ဒီပဲယင်း _ ရေဦး ၉ မိုင်
ရေဦး _ တန့်ဆည် ၁၃ မိုင်
တန့်ဆည် _ ကံထူးမ ၁၁ မိုင်
ကံထူးမ _ ပျဉ်ကိုင်း ၃၈ မိုင်
ပျဉ်ကိုင်း _ ကလေးဝ ၄၅ မိုင်

👉"Propaganda" 👈မအလဆိုက်ဝါးမှန်သမျှ ၉၀%အောင်မြင်တာကိုတွေ့ရတယ်။ဥပမာပူပူနွေးနွေးမနေ့က ကတုံးမမြွေငုံတဲ့ကိစ္စဒီပဲယင်းက လက်ယက်...
17/09/2022

👉"Propaganda" 👈

မအလဆိုက်ဝါးမှန်သမျှ ၉၀%အောင်မြင်တာကိုတွေ့ရတယ်။
ဥပမာပူပူနွေးနွေးမနေ့က ကတုံးမမြွေငုံတဲ့ကိစ္စ

ဒီပဲယင်းက လက်ယက်ကုန်း (NUG) စာသင်ကျောင်းကိုရဟတ်ယာဉ် ၄စီးနဲ့ပစ်ခတ်၊ လူချ၊ ဝင်စီးတာ၊ ပထမဦးဆုံးအကြိမ် ကလေးတွေရှိစဉ်စာသင်ကျောင်းကိုဝင်တိုက်ခိုက်တာဖြစ်ပါတယ်။
ကျောင်းသား၃ဦး အသက်ဆုံးရှုံးပြီး လူကြီး ၄ယောက် ပေါင်း ၇ယောကျသဆေုံးတယျလို့သိရ၊ ကျောင်းသားနဲ့ဆရာ၊ ဆရာမ ၂၀ကျော်ဖမ်းဆီးသွားတယ်
ဒီသတင်းကိုဖုံးစေချင်လို့မြွေအသေကောင်ငုံတဲ့ကိစ္စ new feed တခုလုံးတင်ကြတာ (မြွေအရှင်လို့သက်သေရှိလား) နောက်ညနေကျ ကတုံးမမြွေကိုက်သတဲ့၊ ဝမ်းသာအားရတင်ကြပြန်ရော

မှတ်မိသလောက်
နွေဦးအစက DASSK လွတ်ပြီဆိုတဲ့ဂျင်း၊ မကြာပါဘူး စနိုက်ပါတွေသုံးပြီး ခေါင်းတေ့ပစ်တော့တာပါဘဲ

မေမြို့မှာ လေယာဉ်ပျက်ကျတော့ စိုးဝင်းဂန့်ပြီဆိုတဲ့သတင်း (ပျဉ်းမနားက နာမည်ကြီးဆရာတော်ပျံလွန်တော်မူ) ဖုံးချင်လို့ထင်တာဘဲ။

September 3 ရက်စနေနေ့ မအလရုရှားအရှေ့ဖျားဖိုရမ်သွားတဲ့နေ့ မောင်တောကိုတနေကုန်ဗုံးကြဲ
(ဒါကကိုယ်သတိထားမိတာ)

အရင်ကအောင်မြင်ခဲ့သောဆိုက်ဝါးများ

၈၈ ကတောထဲပြေးတဲ့ ABSDF ကိုအင်အားမတိုးပွားအောင် ဝါဒဖြန့်ခဲ့တဲ့ ပါပီမ ဇာတ်လမ်း

၂၀၀၃ မေလကဒီပဲယင်းအရေးအခင်း (အတိုင်ပင်ခံကိုလုပ်ကြံတဲ့သတင်းကိုဖုံးအောင်) မျိုးကျော့မြိုင်နဲ့ထွန်းအိနြ္ဒာဗိုလ်အသံဖိုင် (၉၀%အောင်မြင်ခဲ့တယ်)

၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုတဲ့အပေါ် ၉၃%ထောက်ခံမဲရတယ်ဆိုပြီးကြေငြာတော့ Complain တွေမတက်အောင်လူထုကိုအာရုံလွှဲတာက လ္ဘက်စိုနဲ့အခြောက်မှာဆိုးဆေးတွေပါတယ်ဆို ပြီး FDI ကထုတ်ပြန်၊ (တော်တော်အောင်မြင်တယ်)

ဒီလိုဘဲစကစဟာသူကြီးကြီးမားမားယုတ်မာ တော့မယ်ဆိုရင် Public ကိုအာရုံလွှဲတဲ့ဆိုက်ဝါးတွေတင်တော့တာဘဲ၊ သူတို့မှာ ဒီလိုထူးဆန်းတာတွေဖန်တီးထားတာတွေအများ ကြီးရှိနေသေးတယ်ထင်တာဘဲ၊ အချိန်ကိုက်တင်ဘို့

ဒါကိုပါးနပ်စွာနဲ့ဂျင်းတွေမစားမိဘို့လိုပါတယ်၊ အဓိကကိုမျက်ခြေမပြတ်စေလိုပါ၊ မဖုံးလွှမ်းစေလိုပါ
အမှန်တော့ သူတို့ဆိုက်ဝါးတွေကိုပြည်သူတွေရှောင်နိုင်ခဲ့တာတွေလည်းအများကြီးရှိပါတယ်

ဥပမာ

နွေဦးအစက ဘာသာရေးဂျင်းတခု၊ တာမွေဗလီမှာ ဓမ္မဆရာကိုမိန်းမဂါဝန်ဝတ်ပြီးထုတ်တန်းမှာ tha-t ထားတာ၊ နွေဦး Strike ကိုဘာသာရေးအဓိကရုန်းဘက်လှည့်သွားအောင်လုပ်တာ
(ပြည်သူက တာ့တာ တဲ့)

ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ဘုန်းကြီးတွေလူစီးကားတွေကိုမှန်တွေရိုက်ခွဲပြီးအကြမ်းဖက်တာ၊ နွေဦး Strike ကို
ဘာသာရေးအဓိကရုန်းဖြစ်အောင်လုပ်တာ
( အနားကကန်တော်ကြီးထဲ ဂျင်းတုံးပစ်ချပေးလိုက်တယ်)

မြို့ထဲကမှတ်တိုင်တခု နဲ့ ဘားလမ်းမှတ်တိုင် ဗုံးခွဲမှု၊ လူ tha-y မှုတွေဟာ PDF တွေနဲ့ပြည်သူသွေးခွဲတာ
(တရက်မကြာဘူးသက်သေတွေနဲ့စခတွေလုပ်တာတင်တော့ စကစအရှက်ကွဲ)

ဘဏ်တွေကို PDF အယောင်ဆောင်ဓါးပြတိုက်တာ၊ ရီစရာအကောင်းဆုံးတခုကတော့ ဘဏ်ဓါးပြအဖွဲ့တဖွဲ့ဟာငွေထုပ်ကို မလွတ်နိုင်မှန်းသိတော့ မြို့အထွက်လမ်းတနေရာမှာပစ်ထားခဲ့ပြီးထွက်ပြေသွားလို့ငွေထုပ်ပြန်ကောက်ရခဲ့တယ်ဆိုတာဘဲ၊ ငွေထုပ်တွင်းတူးမြှုတ်ဘို့ ၅မိနစ်လောက်ဘဲလိုမယ်လို့ထင်တယ်
(ဟ ဟ တွေဘဲရခဲ့)

ခုဆိုစကစဟာ တပ်ပြိုကွဲနေတယ်လို့ဝန်ခံထားပါပြီ၊ ပြိုမကျအောင်ကျားကန်တဲ့အနေနဲ့ Propaganda တွေလှိုင်လှိုင်လာတော့မှာပါ၊

အားလုံးသတိထားကြဘို့ပါ။

မင်းညို

17/09/2022

ပလက်ဝမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ သဲမဝတပ်စခန်းနဲ့ ကလက်ချောင်းထဲက ပွိုင့်ကုန်းတစ်ခုကို ရက္ခိုင့်တပ် တော် (AA) သိမ်းပိုက်
◾️ယခုသိမ်းပိုက်ခဲ့တဲ့ စခန်းတွေထည့်တွက်ပါက ပလက်ဝမြို့နယ်အတွင်းမှာ AA က စခန်း ၈ ခုအထိ သိမ်းပိုက်ထားနိုင်
စက်တင်ဘာ ၁၇ ၊ ၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ သဲမဝစခန်းကုန်းနဲ့ ကလက်ချောင်းထဲက ပွိုင့်ကုန်းတစ်ခုကို စက်တင်ဘာ ၁၅ ရက်မှာ ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင်အခြေစိုက် သတင်းဌာနဖြစ်တဲ့ နိရဉ္စရာ ကဖော်ပြခဲ့ပါတယ်။

အခုသိမ်းပိုက်ရမိတဲ့ စခန်းနှစ်ခုကိုထည့်တွက်မယ်ဆိုရင် ရက္ခိုင့်တပ်တော်(AA) အနေနဲ့ ပလက်ဝမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းကုန်း ၈ ခုအထိ သိမ်းပိုက်ထားနိုင်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

အဆိုပါ သဲမဝစခန်းကုန်းနဲ့ ကလက်ချောင်းထဲက ပွိုင့်ကုန်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက် က ၃၀ ထက်မနည်းသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) က ပလက်ဝမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မြိတ်ဝကျေးရွာတပ်စခန်း၊ အဘောင်သား ကျေးရွာအနီးက တပ်ခစန်းကုန်း ၂ ခု၊ နှမဒေါချောင်းထဲက သူဌေးကုန်း၊ လယ်လှကျေးရွာအနီးက တပ်စခန်း ၃ ခုတို့အပြင် စက်တင်ဘာ ၁၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တဲ့ သဲမဝစခန်းကုန်းနဲ့ ကလက်ချောင်းထဲက ပွိုင့်ကုန်းတွေကို သိမ်းပိုက်ရရှိထား ပါတယ်။

"အရင်က သိမ်းထားတဲ့ စခန်း (၆) ခုရယ်။ ဒီနေ့ သိမ်းတဲ့ စခန်း နှစ်ခုရယ် ဆိုရင်တော့ စုစုပေါင်း စခန်း(၈)ခု ရှိပါပြီ။ တခြားတပ်စခန်းတွေတော့ ကျန်ရှိပါသေးတယ်။ သူတို့ဘက်ကလည်း ညဆိုရင် ဂျက်ဖိုက်တာတွေနဲ့ ကျချင်နေရာကျဆိုတာမျိုးလာပစ်တာတွေရှိတယ်။ သူတို့စခန်းတွေမှာ ပြန်ထိတာမျိုးလည်း ရှိပါတယ်" လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီးတော့ နိရဉ္စရာက ဖော်ပြခဲ့တာပါ။

ရက္ခိုင့်တပ်တော်(AA)က မောင်တောမြို့နယ်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို စက်တင်ဘာ ၁၀ ရက်မှာ သိမ်းပိုက်ထားနိုင်သလို ဩဂုတ် ၃၁ ရက်မှာလည်း မောင်တောမြို့နယ် မိုင်တိုင် ၄၀ နယ်ခြား စောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က အခုအခါမှာ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီးတော့ လေကြောင်း တိုက်ခိုက်မှုတွေကနေ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းကို ဗုံးတွေကျနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်စစ် ကောင်စီ သံအမတ်ကို ခေါ်ယူသတိပေးမှု ၃ ကြိမ်အထိ ပြုလုပ်ထားပါတယ်။

စက်တင်ဘာ ၁၆ ရက် (မနေ့)ကလည်း အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့ မော်တာကျည်က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက် ကိုကျရောက်ပြီးတော့ ရိုဟင်ဂျာတစ်ဦးသေပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေနဲ့ AFP သတင်းဌာန တွေက ဖော်ပြထားတာ တွေ့ရပါတယ်။

ဓာတ်ပုံ - ရက္ခိုင့်တပ်တော်(AA) က အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို သိမ်းပိုက်ပြီးနောက် သတင်းထုတ်ပြန်ခဲ့စဉ်။



Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

16/09/2022

စစ်ကောင်စီတပ်စခန်းများကို အေအေတပ်တော်မှတိုက်ခိုက်သိမ်းပိုက်

08/09/2022

PDF (Kachin Region) 💪

ကာတွန်း
08/09/2022

ကာတွန်း

Address

Singapore

Website

Alerts

Be the first to know and let us send you an email when မြန်မာသံတော်ဆင့် Myanmar Herald News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share