22/11/2025
ဦးနှောက်သွေးကြောပေါက်ပြီး ခန္ဓာကိုယ်ဘယ်ဖက်တခြမ်း လေဖြန်းသွားခဲ့တဲ့ ဂျေမောင်မောင်
နိုင်ငံကျော် အဆိုတော် ဦးဂျေကြီးဟာ ၆ ရက်နေ့က ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး ကိုယ်တခြမ်းလေဖြန်းသွားခဲ့တယ်လို့ သိရပါတယ်။
"ကျနော်တို့ရဲ့ အစ်ကိုကြီး ဂျေမောင်မောင်...၆.၁၁.၂၅ မနက်က ဦးဏှောက်သွေးကြောပေါက်ပြီးဘယ်ဘက်တခြမ်းလေထိသွားပါတယ်..လေ့ကျင့်ခန်းလုပ် အချိန်လေးတော့ယူရမှာပါ..ကျနော့်အစ်ကို အရင်ကလို ကျန်းမာရေးကောင်းကောင်းနဲ့ သီချင်းတွေပြန်ဆိုနိုင်အောင် ဆုတောင်းပေးကြပါနော်...🙏ဆုတောင်းမေတ္တာပို့သပေးကြတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်..🙏"လို့ နောက်ဆုံးပွဲအမည်ရတဲ့ Page က မျှဝေခဲ့တာဖြစ်ပါတယ်။
အားလုံးချစ်တဲ့ ဦးဂျေကြီး အမြန်ဆုံးနေကောင်းကျန်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။