10/08/2024
လက်ရှိတလရအခြေအနေဟာ အတော့်ကိုအရွေ့ကောင်းနေပြီး စကစဘက်ကမျက်ဖြူစိုက်အမောဖောက်နေတဲ့အနေအထားပါ။ ဒါကို အရှိန်အဟုန်မပျက်နဲ့ ဘက်စုံထောင့်စုံကနေ အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နိုင်ဖို့လိုအပ်ပါတယ်။
တလရသမားတွေဘက်ကနေစိုးရိမ်မိတာ တစ်ခုရှိနေပါတယ်၊ အဲ့ဒါကတော့ လနခရ ရိက္ခာနဲ့ ငွေကြေးအထောက်အပံ့ပါ၊ မနန္ဒာတို့ ရမခတစ်နေရာထဲကိုဖြိုဖို့ တရက်ကို $3 သန်းကျော်လောက်သုံးခဲ့ရပြီး တစ်လလောက်အတွင်းမှာ $100 သန်းလောက်သုံးခဲ့ရပုံပါပါတယ်။ ဒီကနေအရှိအဟုန်မပျက် လပခ နမခ ရတခ မှသည် နေပူတော်အထိ ဆက်လက်ပြီးပွဲတွေဖြစ်ဖို့ဆိုတာ $500 သန်းအထက်ကိုသုံးရပါမယ်။ ဒါတွေဘယ်လိုရမလဲ၊ ဘယ်လိုရအောင်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။
အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့စီက လူမှုကယ်ဆယ်ရေးခေါင်းစဥ်အောက်မှာတောင် သူတို့စေတနာရှိသလောက်ပဲရမှာပါ။ အခုဘယ်လိုတွေရနေလဲ နောက်ကွယ်ကပေးနေသူကရော စကစ အလုံးစုံပြိုလဲတာကိုမလိုလားလို့ တော်တိတ်ဆိုရင် ရပ်တန့်သွားမှာက စဥ်းစားစရာပါ။ Total Reform မဖြစ်နိုင်ဘဲ 2010 လိုခရီးဆက်မှာကိုခရီးဆက်မယ်ဆိုရင်တော့ ရင်းနှီးခဲ့ရတဲ့အသက်သွေးချွေး စည်းစိမ်ဥစ္စာတွေ အဟောသိကံ သဲထဲရေသွန်ဖြစ်ကုန်တယ်လို့ဆိုရမလား ပူပန်နေမိပါတယ်။