Yooniverse

Yooniverse Interior Design နဲ့ SG အလုပ်အကိုင်အခွင့်လမ်းတွေကို ယွန်းသိသလောက်မျှဝေပေးနေတဲ့Pageလေးပါရှင့်

Air New zealand နဲ့ SG to NZ အမှတ်တရ ပုံလေးတွေအတူတူမျှဝေပါရစေနော်🇳🇿✈️🌼🌼Window seat ကိုရအောင်ဝယ်ပါနော်Sunrise ရော Sunsetရ...
01/12/2025

Air New zealand နဲ့
SG to NZ အမှတ်တရ ပုံလေးတွေအတူတူမျှဝေပါရစေနော်🇳🇿✈️
🌼🌼Window seat ကိုရအောင်ဝယ်ပါနော်
Sunrise ရော Sunsetရော ပါကြည့်လို့ရတော့အရမ်းတန်🤩
Night flight ရွေးမိတာလဲမှန်သွားတယ် လူကိုပိုသက်သာစေတယ်

28/11/2025

ဒီ background music နဲ့တင်ချင်တာ တအားလက်ယားနေရော🤣
ခုတော့ Finally တင်နိုင်ပြီ🤣

Kia Ora☘️☘️☘️☘️ကျွန်းသေးသေးလေးကနေ ကျွန်းကြီးကြီးဆီသို့✈️✈️အပူပိုင်းဒေသကSafeအဖြစ်ဆုံးကျွန်းလေးကိုတော့လွမ်းနေရတော့မှာပဲ💝ယွ...
27/11/2025

Kia Ora☘️☘️☘️☘️
ကျွန်းသေးသေးလေးကနေ ကျွန်းကြီးကြီးဆီသို့✈️✈️

အပူပိုင်းဒေသကSafeအဖြစ်ဆုံးကျွန်းလေးကိုတော့လွမ်းနေရတော့မှာပဲ💝

ယွန်းရဲ့ New chapter ကdaily life လေးတွေလဲကြိုးစားပြီးပုံမှန်တင်ပေးပါမယ်နော်
Love you all💝💝💝

တချို့သူတွေကလေ သူများကို ထိုးထိုးနှက်နှက်လေးပြောလိုက်ရမှ နေသာထိုင်သာရှိတာမျိုး....တခြားဘာမှလုပ်ခွင့်မရှိတာတောင်သူတစ်ဖက်သ...
05/11/2025

တချို့သူတွေကလေ သူများကို
ထိုးထိုးနှက်နှက်လေးပြောလိုက်ရမှ
နေသာထိုင်သာရှိတာမျိုး....

တခြားဘာမှလုပ်ခွင့်မရှိတာတောင်
သူတစ်ဖက်သားထိခိုက်အောင်
အနဲဆုံးသူ့အပြော သူ့စကားတစ်ခုကြောင့်
နစ်နာစေဟဲ့..
စိတ်အနှောင့်အယှက်ဖြစ်စေဟဲ့...ဆိုပြီး
စိတ်စေတနာနဲ့ကိုပြောကြတာနော်
တကယ်အံ့သြဖို့ကောင်းတယ်
ဘယ်လိုလူတွေလဲကိုမသိဖူး

အဲ့လိုလူတွေကြည့်လိုက်
သူတို့ဘဝလဲဘယ်တုန်းကမှ မသာယာခဲ့သလို
ဘယ်တော့မှလဲပြောင်ပြောင်ယောင်ယောင်မရှိကြဖူး

သူတို့နေရတဲ့ဘဝကြီးကိုလဲ
သူတို့ကိုယ်တိုင်စိတ်ပျက်နေသလို
သူများမိသားစု သာယာပျော်ရွှင်နေရင်လဲ
တစ်စက်ကလေးမှမနာလိုကြဖူး
မရှုစိမ့်ကြဖူး..

အဲ့လိုစိတ်ကြောင့်ပဲ သူတို့က
သူတို့နဲ့တန်တဲ့ဘဝမှာ နေနေကြရတာ.
အမြဲတမ်း မကောင်းတဲ့ဖက်က စ, မြင်တယ်
မကောင်းတဲ့ဖက်က စ,တွေးတယ်
သူများတွေရဲ့ ကြိုးစားမှုတွေကိုလှောင်တယ်

အသီးပွင့်ဝေလာတာတွေ့ရင်.. ခဲ လေးနဲ့လှမ်းပေါက်လိုက်ရမှ..

တကယ့် အမှိုက်တွေ..
Sry အမှိုက်ကမှ Recycle ပြန်သုံးလို့ရသေးတယ်
သူတို့က ဘယ်နားမှသုံးမရ ..ထားမရတဲ့
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ အကောင်ကြီးတွေ
🌚🌚🌚

゚viralシfypシ゚viralシalシ

တစ်ခါက boss ရောက်လာပြီးယွန်းရေ ..ငါ့ကိုဒါလေးကူညီပေးပါအုန်းဆိုပြီးစာရွက်လေးတစ်ရွက်လာချပေးတယ်Schedule list လေး.." ငါ့အမေကမ...
27/10/2025

တစ်ခါက boss ရောက်လာပြီး
ယွန်းရေ ..ငါ့ကိုဒါလေးကူညီပေးပါအုန်းဆိုပြီး
စာရွက်လေးတစ်ရွက်လာချပေးတယ်

Schedule list လေး..

" ငါ့အမေကမြန်မာအကူလေးတစ်ယောက်ငှားထားတာ..အဲ့ဒါသူကရောက်စဆိုတော့
ငါတို့ပြောတာသိပ်နားမလည်ဖူး
သူ့အတွက်ဒီ Schedule လေးမြန်မာလိုပြန်ရိုက်ပေးပါနော်" တဲ့

ကိုယ်လဲ Okပါပေါ့
Excel ထဲဝင်ပြီးရိုက်မယ်အလုပ်..မျက်လုံးတောင်ပြူးသွားတယ်

မနက် 5နာရီကစတဲ့အလုပ် ည 11ခွဲမှ schedule ပိတ်တယ်..
မနက်နိုးလို့ ရေနွေးအိုးတည်ဖို့ကအစ
ညဖက်မီးပိတ်တဲ့အထိ
ကြားထဲ 15မိနစ်ကို နားချိန်မပေးတာ🥲

တနေ့စာမဟုတ်ဖူးနော်
တစ်ပတ်စာ..Schedule..
တစ်နေ့ 2ခါ တံမြက်စည်းလှဲတာကစလို့
တစ်ပတ် 2ခါ Deep cleaning..အလယ်
နေ့တိုင်းည2ချက်တီးတစ်ခါ အဖိုးကြီးဆေးထတိုက်ရတာအဆုံး...

ကြားထဲလဲသူ့ချွေးမအိမ်ကိုတစ်ပတ်3ခါသွားပေးရသေးတယ်🥴

Sunday ပိတ်ပေမဲ့
မနက်အစောကြီးတစ်ပိုင်းအရင်လုပ်သွားရသေးတာ
ညပြန်လာရင်လဲသူတို့မအိပ်ခင်ထိ လုပ်စရာရှိတာတွေဆက်လုပ်ပေးရသေး..

Monday to Saturday ကို
ကြားထဲ 15မိနစ်တောင်အနားမပေးထားတာနော် Schedule က
ထမင်းစားချိန်လဲ မိနစ်20ပဲ🥲

ဒါတောင်ကျွန်မBoss တို့ Family က
သဘောတအားကောင်းကြတာ
စလုံးတွေထဲသဘောကောင်းတဲ့လူတွေထဲပါတယ်..
အစားအစာတန်းတူကျွေးတယ်
အဝတ်အစားPad ကအစဝယ်ပေးတယ်
ကိုယ်ပိုင်အခန်းပေးတယ်..

Work load တွေကတကယ်မလွယ်ဖူး
တချို့အိမ်ရှင်တွေတို အစားအသောက်သေချာမကျွေးဖူး..အခန်းမပေးဖူး..ပိတ်ရက်သေချာမပေးဖူး

အဲ့ထက်ဆိုးကြတာ က
အနိုင်ကျင့်တာ..ကိုယ်ထိလက်ရောက်ပါတာမျိုးတွေအထိဖြစ်လာရော
အဲ့တော့ သူတို့လေးတွခမျာ
Agent ကလဲမျက်နှာလဲခဲပစ်..
MOM ကလဲထိထိရောက်ရောက်မကူညီနဲ့
မလုပ်သင့်တာတွေလုပ်မိကြရော..

စလုံးမှာအိမ်အကူလုပ်မယ်ဆို
အဓိက ကိုယ့်စိတ်ကိုယ်ခိုင်အောင် အရင်ပြင်ဆင်ထားသင့်ပါတယ်
မဟုတ်ရင် အိမ်ရှင်ဆိုးနဲ့တွေ့ရင်
နေ့တိုင်းကငရဲကျနေသလိုပါပဲ...
ပြေးဖို့လမ်းမရှိ..အသက်ရှူဖို့မရှိ....😞

#စလုံး ゚viralシfypシ゚

ရုံးရောက်ရင်အရင်ဆုံးအလုပ်က👉ကွန်ပြူတာဖွင့်တယ်👉ကော်ဖီဖျော်တယ်👉မနေ့ကလုပ်လက်စDwg file ဖွင့်တုန်း👉Market ကောက်ကြည့်🤭👉ပြီးရင် ...
23/10/2025

ရုံးရောက်ရင်အရင်ဆုံးအလုပ်က
👉ကွန်ပြူတာဖွင့်တယ်
👉ကော်ဖီဖျော်တယ်

👉မနေ့ကလုပ်လက်စDwg file ဖွင့်တုန်း
👉Market ကောက်ကြည့်🤭

👉ပြီးရင် Emailတွေ Reply ပြန်
👉Malaysia ဖက်က Designer တွေကို ဒီနေ့လုပ်ရမဲ့Progress မေး
👉Dwgတေတွေစစ်ပေး

မနက်ခင်းလေးက ကော်ဖီရှိရင်ရပါပြီဆို🥰🥰

မိဘတိုင်းသားသမီးကို အမွေပေးကြတယ်ပိုင်ဆိုင်မှုငွေကြေး မှအမွေမဟုတ်ဖဲကောင်းမွေ ဆိုးမွေ ဗီဇ တွေလဲပေးကြတယ်👨‍🦳👵ဘယ်မိတ်ဆွေ ...ဘ...
20/10/2025

မိဘတိုင်းသားသမီးကို အမွေပေးကြတယ်
ပိုင်ဆိုင်မှုငွေကြေး မှအမွေမဟုတ်ဖဲ
ကောင်းမွေ ဆိုးမွေ ဗီဇ တွေလဲပေးကြတယ်👨‍🦳👵

ဘယ်မိတ်ဆွေ ...ဘယ်မိဘ ...ဘယ်သူတစ်ဦးတယောက်မှ စင်းလုံးချောမရှိကြပါဖူး

ဒါကိုသားသမီးဖက်က
ဆင်ခြင်တုံတရားနဲ့ကြည့်ပြီး
ကောင်းတာကိုယူ မကောင်းတာကိုပယ်
"မွေခံထိုက်စေ "ကြရတာချည်းပဲ

Daddy ဆီက
ယွန်းကိုယ်တိုင်လိုလို လားလား လက်ဆင့်ကမ်းယူတဲ့ အမွေကတော့
"ကပ်စေးနဲခြင်း" ပဲ😅
အများစုကတော့ပြောကြတယ်
ကျွန်မက တအားကပ်စေးနဲတယ်တဲ့...
ဟုတ်ရင်လဲဟုတ်မှာပေါ့😅

ဥပမာ ..
Outfit တစ်ထည် $30/40 လောက်ဆိုရင်
ကျွန်မ မဝယ်ဖူး
Iph နောက်ဆုံးပေါ်ခုထိမကိုင်ဖူးဖူး
Apple watch လဲကျွန်မမှာမရှိဖူး
စသဖြင့် ကျွန်မအတွက် "မလိုအပ်သေးဖူး"
ထင်တာတွေမဝယ်ဖူး

ဒါပေမဲ့ကျွန်မလိုချင်တာရှိရင်တော့
ဘယ်လောက်ဖြစ်ဖြစ်မနှမြောဖူးရယ်😅

Laptopတို့ PC တို့ $4/5/6000 တန်တွေ
ဆိုရင် ဝယ်ဖို့မနှမြောဖူး...
သင်တန်းတွေလှူရမယ်ဆို.. မှားလို့🤭
သင်တန်းတွေတက်ရမယ်ဆိုလဲ သိန်း 30/40
မနှမြောဖူး
ပန်းချီဆွဲတဲ့စုတ်တံတစ်ချောင်း $20ဆိုလဲဝယ်တယ်
ငွေပြန်ရှာပေးတဲ့ပိုင်ဆိုင်မှုတွေကိုး😁

Daddy က ကျွန်မငယ်ငယ်ထဲ မသိမသာရော
သိသိသာသာပါ
Asset နဲ့ Liability ကိုခွဲခြားတတ်အောင်သင်ပေးတယ်
"Who moved my cheese" တို့
"Rich dad and poor dad" တို့လိုစာအုပ်မျိုးတွေကို
ကျွန်မအသက်
10နှစ်ကျော်ထဲကဖတ်ခိုင်းခဲ့တာ

အဲ့တုန်းကတော့သေချာနားမလည်ပေမဲ့ ကြီးတဲ့အခါ
ကျွန်မအတွက်အတော်အသုံးဝင်ခဲ့တယ်...
Needs and wants တွေကိုလဲ
ငယ်ငယ်ထဲကသင်ပေးခဲ့လို့
ကျောင်းမှာ ခေတ်စားတဲ့
ဦးထုတ်တို့ ဖိနပ်တို့ကျောပိုးအိတ်တို့ကအစ
သူများတန်းတူမသုံးခဲ့ဖူးဖူး
ကျွန်မကိုယ်တိုင်လဲမပူဆာခဲ့ဖူး
ကိုယ့်အဖေရဲ့ဝင်ငွေနဲ့ အိမ်ထောင်စုအသုံးစရိတ်နဲ့
ကိုသေချာနားလည်ခဲ့တယ်

ခုခေတ် ကလေးတွေအတွက်ကတော့
မိဘအမွေကိုဆက်ခံရုံတင်မဟုတ်ဖဲ
ကိုယ်တိုင်လဲအများကြီးလမ်းဖောက်နိုင်မှတော်ကာကျတော့မယ်ထင်တယ်
ကျွန်မခေတ်နဲ့ ကျွန်မမောင်လေးတို့ခေတ်တောင်မတူတော့ဖူးရယ်☺️

Photo by

ယူတို့ဘဝမှာ Idol ဆိုတာမျိုးရှိကြဖူးလား❗️❗️သူ့လုပ်ရပ် ..သူ့အောင်မြင်မှု.. သူ့အတွေးအခေါ်တွေ..အကုန်လုံးကိုယ် ကသဘောကျပြီးအား...
17/10/2025

ယူတို့ဘဝမှာ Idol ဆိုတာမျိုးရှိကြဖူးလား❗️❗️
သူ့လုပ်ရပ် ..သူ့အောင်မြင်မှု.. သူ့အတွေးအခေါ်တွေ..
အကုန်လုံးကိုယ် ကသဘောကျပြီးအားကျနေရတာမျိုး..

လူတစ်ယောက်ဘဝမှာ အသက်ရွယ်လိုက်ပြီး
Idol တွေလဲပြောင်းမယ်လို့ထင်ပါတယ်..

☘️ယွန်းဆယ်ကျော်သက်တုန်းက
ဘေးအိမ်က ဘဘက ကိုယ့်ရဲ့ Idol ပါ
သူကစီးပွါးရေးလဲအရမ်းတော်တယ်..
ဘာသာရေးလဲDeeply နားလည်တယ်..
လူမှုဆက်ဆံရေးဆိုလဲ ကလေးကနေ အဖိုးအဖွားကြီးတွေအထိအကုန် လုံးနဲ့ဆက်ဆံပြောဆိုနိုင်သလို..
ဗဟုသုတတွေလဲအများကြီးသိတယ်..

နိုင်ငံရေး ..စီးပွါးရေး..ကစလို့
ဘာသာရေး.. လူမှုရေး .. လူငယ်တွေကြားခေတ်စားတဲ့အကြောင်းအရာတွေကအစ
သူသိတယ်
အကုန်လုံးနဲ့ဆွေးနွေးပြောဆိုနိုင်တယ်..

အကြိုက်ဆုံးကတော့
ကျွန်မသိသလောက် သူက စကားကိုထိန်းနိုင်တယ်
စိတ်ကိုလွှတ်မထားတတ်သလို
ဘယ်သူတွေက ဘာကိစ လာတိုင်ပင်ပင်
ပြသနာတွေကိုသေချာ နားထောင်ပေးပြီး
အကောင်းဆုံးအဖြေကိုအကြံဥာဏ်ပေးလေ့ရှိတာပဲ...

ကျွန်မငယ်ဘဝတစ်လျောက်လုံး
အဲ့ဘဘလို အသိဥာဏ်ပညာကြွယ်ဝချင်ခဲ့တာ..
အမှားအမှန်တွေကောင်းကောင်းဆုံးဖြတ်နိုင်ချင်ခဲ့တာမို့..
အတတ်နိုင်ဆုံးလိုက်ကြိုးစားမိတယ်

☘️အသက်20ကျော်တဲ့အခါ ကျွန်မရဲ့ Idol က
ရန်ကုန်ကဆောက်လုပ်ရေးလောကထဲက
အကိုတွေအမတွေဖြစ်ခဲ့တယ်..
ကျိကျိတက်ချမ်းသာလိုက်ကြတာ..
ဒါပေမဲ့လေ..ပြည့်တဲ့အိုးက
ဘယ်တော့မှဘောင်မခတ်တတ်ဖူးဆိုတာ တကယ်..

သူတို့မှာအကုန်တူတဲ့အချက်တွေက
သူများကိုနစ်နာအောင်ဘယ်တော့မှ မလုပ်ဖူး..😇
ကိုယ်လျောက်တဲ့လမ်း ကိုယ်သိတယ်..👍
ဇွဲရှိတယ်..
ဆုံးဖြတ်ချက်ရဲရဲချဖို့သတ.ိ ရှိကြတယ်..💪

သူတို့ဆီကအများကြီး သင်ယူခဲ့ရတယ်
သင်မပေးပေမဲ့ ကိုယ်လေးစားရတဲ့ အရာတွေ
ဘဝရည်မှန်းချက် နေထိုင်ပုံတွေ..
အကုန်လုံး အတုယူမိခဲ့တယ်

အခု30ထဲရောက်လာတော့
တော်ရုံIdol မရှိတော့သလိုပဲ😣
အားကျရမဲ့သူလဲမတွေ့တော့သလို
ကိုယ်စံထားရမဲ့အမူအကျင့်တွေ
Life style တွေ.. အတွေးအေခါ်အယူအဆတွေလဲ
ကိုယ်အားကျရလောက်တဲ့အထိ
သိပ်မတွေ့ရတော့ဖူး...

ဒါပေမဲ့ဟိုးတလောလေးကတော့
အမတစ်ယောက်ကိုသိခဲ့ရတယ်
အသက် 40ကျော်အမျိုးသမီးတယောက်ရဲ့
Life style တွေ.. ကြိုးစားအားထုတ်မှုနဲ့..
အောင်မြင်မှုတွေ..

ကျွန်မအိမ်မက်ထဲက Life style လေးအတိုင်း😊
သူ့ဘဝလေးနဲ့ထပ်တူကျနေတာ..
America ရောက်စတုန်းက သုညဘဝက စခဲ့ရတဲ့သူမ...
အသက်ကြီးလာပေမဲ့
အခုချိန်ထိ ..မနက်တိုင်း သူမမှာ Energy အပြည့်..
America ကFinanace ကုမဏီတစ်ခုရဲ့ထိပ်သီးပိုင်းကလူတွေနဲ့အသိုင်းဝိုင်းအလွှာတစ်ခု..
သူမနဲ့အတူ Brain levelတူတဲ့တဲ့အမျိုးသားနဲ့..

အားကျရတဲ့ဘဝလေး..
အဲ့ဒါတွေအကုန်လုံးထက်
နေ့တိုင်းကို သူမက
☘️Positive အမြင်တွေနဲ့ပဲနိုးထာတာ
😊အလုပ်လုပ်တာ
😇ပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ပြစ်တာ..

Positive energy ဆိုတာ
ကိုယ်တိုင်မွေးယူရသလို..
မငြိမ်းသွားအောင်လဲအမြဲမီးစာထိုးပေးနေရတယ်ဆိုတာသူမကိုကြည့်ပြီး Motiတွေယူရပါတယ်

ရှားရှားပါးပါး My 30s idol ကိုတွေ့လိုက်ရတော့
ယွန်းlifeလေးက ပိုအဓိပါယ်ရှိသွားသလိုပါပဲ..

ယူတို့လဲ ဘဝရဲ့ Idol တွေတွေ့လာပြီဆိုတာနဲ့
💎အားကျပါ..
💎အတုခိုးပါ..
💎ကြိုးစားပါ..
ဒါပေမဲ့ခြေရာတော့လိုက်မတိုင်းမိအောင်အမြဲသတိကပ်ထားပါနော်🙆‍♀️
အဲ့ဒါမှလဲ ကိုယ့်အောင်မြင်မှုက ရည်ရှည်တည်မြဲပြီး
ကိုယ်တိုင်ပြန်လေးစားရတဲ့ ကိုယ့် Mile stone တွေကိုချန်ရစ်ခဲ့နိုင်မှာပါ✌️

Covid ပြီးထဲက အကုန်တိုးနေတာနော်ဟိုတလောကမှ MRT ဖိုးတွေတက်ထားတာလေ🥲ခုထပ်တက်မယ်တဲ့လား🥲ဖြေးဖြေးလဲလုပ်ကြပါရှင် ..လူလဲ လဗြောင်က...
14/10/2025

Covid ပြီးထဲက အကုန်တိုးနေတာနော်
ဟိုတလောကမှ MRT ဖိုးတွေတက်ထားတာလေ🥲
ခုထပ်တက်မယ်တဲ့လား🥲

ဖြေးဖြေးလဲလုပ်ကြပါရှင် ..လူလဲ
လဗြောင်ကွတ်ဖြစ်တော့မယ်🥴

12/10/2025

အပတ်တိုင်းအဲ့ရောဂါ😩😩

စင်ကာပူ... ဂျပန် ...ထိုင်း ...မလေးရှား... ဒူဘိုင်းဘယ်မှာပဲဖြစ်ဖြစ်  အခုခေတ်မှာ အလုပ်တစ်နေရာ ရဖို့ခက်ခဲသလိုရလာပြန်ရင်လဲအရ...
11/10/2025

စင်ကာပူ... ဂျပန် ...ထိုင်း ...မလေးရှား... ဒူဘိုင်း
ဘယ်မှာပဲဖြစ်ဖြစ် အခုခေတ်မှာ အလုပ်တစ်နေရာ ရဖို့ခက်ခဲသလို
ရလာပြန်ရင်လဲအရမ်း Competitive ဖြစ်ပါတယ်..

နေ့တိုင်းကိုယ့်ကိုကိုယ် သွေးနိုင်မှရမဲ့အနေထားဖြစ်နေတာပါ
တခါတလေ Performance ကျသွားတာနဲ့
မျက်စိထောက်စရာတွေအစပျိုးလာနိုင်ပါတယ်..

အောက်ကဆက်ပြောမဲ့အခြေနေလေးတွေနဲ့
ကိုယ့်အခြေနေ နဲ့တခုခု / တချို့တလေ တိုက်ဆိုင်နေပြီဆိုရင်တော့
နဲနဲ Maintainenceလုပ်ဖို့လိုနေပါပြီ🥶

❗️Control Trapထဲရောက်နေခြင်း❗️
ကိုယ့်အထက် Senior သော်၎င်း သူဌေးကသော်၎င်း
ကိုယ့်အလုပ်တွေကို
Micromanage လုပ်လာပြီဆိုရင်...
Maintenance 👉👉👉 သူတို့နဲ့ Trustable ဖြစ်တဲ့ Relationship ရအောင်ပြန်ကြိုးစားပါ
----------------------

❗️Information Freeze❗️
တရုံးလုံးအကုန်သိ
ကိုယ်ပဲနောက်ဆုံးမှသိ 🙂 အဲ့လိုကိစတွေများလာပြီဆိုရင်...
👉👉👉Connection တွေမပျက်အောင် အရင်ထက်ပို လုပ်ဖော်ကိုင်ဖက်တွေနဲ့အချိန်ပိုပေးပေးပါ တယောက်ထဲ Lunchစားတာထက် သူတို့နဲ့အတူတူစားတာမျိုး
သူတို့စိတ်ဝင်စားမဲ့Title တွေနဲ့စကားအစပျိုးတာမျိုး
----------------------

❗️နှမ်းဖြူးခံရခြင်း❗️
ကိုယ့်အောင်မြင်မှုလေးမှာ ကိုယ့်နာမည်ပျောက်ပြီး Team effort ဆိုပြီးခေါင်းစဥ်တပ်ပလိုက်တာမျိုး🙃
👉👉👉ကိုယ့် Original idea ကို Document နဲ့ Dateလေးနဲ့ မှတ်ထား, Information အသစ်နဲနဲထပ်ထည့် Recap လုပ်ပြီး ပြန်တင်ပြပေးတာမျိုး လုပ်ပါ
----------------------

❗️ရုတ်တရက်ကြီး Team ရဲ့ Isolate လုပ်ခံရ ရင်❗️
အရေးကြီးတဲ့ Meetingတွေမှာယူ့ကိုထားခဲ့ပြီး သူတို့ပဲလုပ်သွားတာမျိုး
Meetingပြီးတာတောင် Briefing ပြန်မလုပ်ပေးတာမျိုး
👉👉👉ပိုရာထူးကြီးတဲ့သူတွေနဲ့ အဆက်သွယ်လုပ်နိုင်ဖို့ လမ်းကြောင်းတွေရှာပါ😎
----------------------

❗️Growth Block❗️
ဒါကတော့အတော့်ကိုဆိုးပါတယ်ပေါ့နော်
ကိုယ်လက်စွမ်းပြရမဲ့ Projectတွေ ကိုယ့်ဆီမရောက်တာ
အရေးမပါတဲ့ Minor works လေးတွေပဲတာဝန်ပေးခံနေရတာ
👉👉👉အဲ့လိုဆိုရင်တော့ Project ကိုတခြားနည်းလမ်းနဲ့ support လုပ်ပေးလို့ရနိုင်မဲ့ (ကိုယ်ပဲလုပ်ပေးနိုင်ပြီး Front of stage)အခွင့်လမ်းအခြေနေကိုရှာပြီး တင်ပြပါ

❗️အကုန်လိုက်Block❗️နေရင်တော့
ထွက်စာသာတင်လိုက်ပါ🌚🌚🌚
တန်ဖိုးအရှိဆုံးကအချိန်ပဲမို့ အဲ့လိုကုမဏီမှာလဲအချိန်ထပ်ဖြုန်းမနေပါနဲ့တော့🌚🌚🌚

Follower 33K ရှိတာတောင်ပုံမှန်မတင်ဖြစ်လို့ CM မပွင့်တဲ့ကိုယ့်Page လေးFinally CM ပွင့်သွားပါပြီနော်🤩🤩🤩Page လေးစဖွင့်ထဲက အ...
09/10/2025

Follower 33K ရှိတာတောင်
ပုံမှန်မတင်ဖြစ်လို့ CM မပွင့်တဲ့ကိုယ့်Page လေး
Finally CM ပွင့်သွားပါပြီနော်🤩🤩🤩

Page လေးစဖွင့်ထဲက အခုဒီနေ့ထိတခါမှ Boost မတင်ခဲ့ပဲ ရတဲ့ Like တွေ Follower တွေမို့

တယောက်ချင်းစီအားပေးခဲ့တဲ့ခွန်အားလေးတွေအတွက်
fans နဲ့ တွေကိုကျေးဇူးအများကြီးတင်ပါတယ်နော်

ပိုကောင်းတဲ့ Quality contentလေးတွေပုံမှန်ပြန်တင်နိုင်အောင်လဲကြိုးစားပါမယ်🥰🥰🥰

Address

560578
Singapore
560578

Telephone

+6585804261

Website

Alerts

Be the first to know and let us send you an email when Yooniverse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yooniverse:

Share