02/07/2026
#အိမ်ရှင်ကနေဧည့်သည်ဖြစ်သွားတဲ့နိုင်ငံ
ခရီးသွားဖို့ လမ်းမပေါ်တက်လိုက်တာနဲ့ ကျွန်တော်တို့က ဧည့်သည်ထက် ပိုဧည့်သည်ဆန်သွားပါတယ်။
ဂိတ်တစ်ခုရောက်တိုင်း "ဘယ်ကလာလဲ ဘယ်သွားမလဲ မှတ်ပုံတင်ထုတ်ပါ" ဆိုတဲ့ မေးခွန်းတွေက ရွတ်ဖတ်သံတွေလို ဆက်တိုက်ပဲ။
ဒါပေမဲ့ ဘေးကနေ ဖြတ်သွားတဲ့ မြန်မာ စကားတောင် မပြောတတ်တဲ့ ကျားဖြန့် လိုလို လူ တွေ ကိုကျတော့ "Welcome" ဆိုတဲ့ အပြုံးနဲ့ လက်ပြနှုတ်ဆက်လိုက်တာ မြင်ရင် ကိုယ့်မှတ်ပုံတင်ကို ကိုယ်ပြန်ကြည့်ပြီး "ငါကရော ဘယ်နိုင်ငံသားပါလိမ့်" လို့ တွေးမိစေပါတယ်။
အိမ်ခြံမြေကွက်စျေးနဲ့ "အပျင်းပြေ" ဝယ်သူများ
မြေကွက်စျေးနှုန်းတွေကို ကြည့်လိုက်ရင်တော့ ပိုတောင် ရင်နာဖို့ကောင်းပါသေးတယ်။
မြေစျေး တတ်တာ အကြောင်းမဲ့ မဟုတ် သရေစာ လို ပက်ခနဲ ဝယ်နိုင်တဲ့သူ တွေ ရှိလို့ပါ။
ကျွန်တော်တို့ နိုင်ငံသားတွေအတွက်ကတော့ တစ်သက်လုံး ရှာသမျှ စုဆောင်းပြီး "တစ်ကွက်" ရဖို့ နတ်ပြည်တက်ရသလို ခက်ခဲနေချိန်မှာ၊ ထိုသူ တွေအတွက်ကတော့ အဲဒီစျေးနှုန်းက "ညစာစားတဲ့ ဘေလ်" လောက်ပဲ ရှိတာပါ။
မိမိ နိုင်ငံသားအတွက်: "ဒီမြေကွက်လေးရဖို့ ဆယ်သက်လောက် စုရမလားမသိဘူး။"
ထိုသူတို့ အတွက်: "အိုး... ဒီနေရာလေးက ရှုခင်းလှသားပဲ။ စျေးကလည်း အပျင်းပြေ ဝယ်ထားလို့ရတဲ့ စျေးလေးပဲ။ တစ်မြို့လုံး သိမ်းလိုက်ရင် ကောင်းမလား။"
စစ်တိုက်စရာ မလိုပါဘူး။ ငွေစက္ကူလေးတွေနဲ့တင် အဓိက နေရာတွေကို ဝယ်သိမ်းပြီး "ဧည့်သည်က အိမ်ရှင် အိမ်ရှင်က အိမ်ငှါး ပြန် ဖြစ်နေကြတာပါ။”
Brand New ကားနဲ့ "ပြတိုက်"
Brand New ကားတစ်စီးဆိုတာ မြန်မာနိုင်ငံသားတွေအတွက်တော့ Showroom မှန်လုံအိမ်ထဲမှာပဲ ထားကြည့်ရတဲ့ "ပြတိုက်ထဲက ပစ္စည်း" လိုဖြစ်နေပါပြီ။
စျေးနှုန်းက ဂဏန်းတွေအများကြီးနဲ့ အလှမ်းဝေးလွန်းလို့ အိမ်မက်တောင် သေချာမမက်ရဲဘူး။ နှစ်ဆွေးကားတွေ ကို တသသ စီးနေရ။
ဒါပေမဲ့ ထိုသူတို့ အမြင်မှာတော့ အဲဒီကားစျေးက "စက်ဘီးတစ်စီး ဝယ်ရသလောက်" ပဲ စျေးပေါနေသလိုမျိုး။
နိဂုံး
ကိုယ့်တိုင်းပြည်မှာ ကိုယ်နေရတာက တခါတလေကျတော့ ဟိုတယ်တစ်ခုမှာ ခဏလာတည်းတဲ့ ဧည့်သည်လိုပါပဲ။
စစ်ဆေးမေးမြန်းမှုတွေကြားမှာ ခေါင်းငုံ့နေရပြီး စျေးနှုန်းတွေကြားမှာ အသက်ရှူကျပ်နေရတယ်။
ဧည့်သည်တွေကတော့ အိမ်ရှင်ထက် ပိုပြီး လွတ်လပ် ပိုပြီး ချမ်းသာ ပိုပြီး ပိုင်စိုးပိုင်နင်းနဲ့။
တကယ်တော့ ကျွန်တော်တို့က အိမ်ရှင်တွေ မဟုတ်တော့ပါဘူး။ "အိမ်လခ မပေးနိုင်လို့ နှင်ထုတ်ခံရတော့မယ့် အိမ်ငှားတွေ" များ ဖြစ်နေပြီလားလို့တောင် သံသယဝင်မိပါတော့တယ်။
အချင်းချင်း ငါကဘယ်မြို့နယ်မှာ နေတာကွ ငါက ev ငါက ဆီကား တွေ့လား ငါ ဝယ် တာ မှန်တယ် မင်းတို့ ဒုက္ခ ရောက်ပြီ မလား ဆိုပြီး ဘဝ တူ အချင်းချင်း ကြွားစရာ မဟုတ် ပြိုင်ဆိုင် ကြွား ဝါ နေချိန် ထိုသူ တို့က မိမိ ဆို့ အခွင့် အရေး အနာဂါတ် တွေ ကို တဖြည်းဖြည်း ဝါးမျို နေပြီ ဖြစ်နေပြီ ဆိုတာ သတိချပ်ကြ ဖို့ ...
အမေ့အုပ်ချုပ်ခဲ့တဲ့ခနလေးမှာ ကျနော်တို့တွေ အေးချမ်းခဲ့ပါတယ်....
#အိမ်ရှင်ကနေဧည့်သည်ဖြစ်သွားတဲ့နိုင်ငံ