Soft Letters From Ida

Soft Letters From Ida Love yourself

28/11/2025

📘 စာအုပ် – သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ
🕯️ အခန်း - (၁၁)
✍️ စာရေးသူ – မင်းခိုက်စိုးစန်
🎙️ ဖတ်ပြသူ – Ida

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ #မင်းခိုက်စိုးစန်

"အဲ့ဒီလို ရှိခိုးတတ်တဲ့လူမျိုးတွေပျောက်ကွယ်သွားပြီး အဆင့်အတန်းမြင့်တဲ့၊ အသိဉာဏ်ရှိတဲ့ လူမျိုးများမှာ သိပ်ကြောက်တယ်။ အောက...
27/11/2025

"အဲ့ဒီလို ရှိခိုးတတ်တဲ့လူမျိုးတွေပျောက်ကွယ်သွားပြီး အဆင့်အတန်းမြင့်တဲ့၊ အသိဉာဏ်ရှိတဲ့ လူမျိုးများမှာ သိပ်ကြောက်တယ်။ အောက်တန်းကျတဲ့အထဲက လူစားတွေ ယဥ်ကျေးလာမှာ တိုးတက်လာမှာကို သားကြီး ကြောက်ကြတယ်။
ရသမျှနဲ့ တင်းတိမ်ရောင့်ရဲပြီး ဘာမျှမပြောတတ်တဲ့ ဒီလို လူတစ်စုကို မြေကြီးပေါ်မှာထားပြီး သူတို့က အင်မတန် ကောင်းပေ့ဆိုတဲ့ တိုက်တာအိမ်ရာကြီးနဲ့ အင်မတန်ချမ်းသာကြွယ်ဝစေနိုင်တဲ့ ဆန်တွေ၊ သစ်တွေ၊ ရေနံတွေ၊ မြန်မာအသက်သွေးခဲတွေကို သူတို့လက်ထဲမှာဆုပ်ပြီး အေးအေးလူလူ အနှောင့်အယှက်မရှိဘဲ နေချင်ကြတယ်။
အုပ်ချုပ်တဲ့အစိုးရကရော လူကုံထံပိုင်းကရော ဒီနည်းနဲ့မြန်မာပြည်ငြိမ်းချမ်းရေးကို တည်တံ့စေချင်ကြတယ်။"
သူ့လိုမိန်းမ - ဂျာနယ်ကျော်မမလေး

မိန်းမမှု မိန်းမရေးရာကို အလျင်းဂရုမစိုက်သူ၊ မိန်းမများနှင့်ပတ်သက်ရန် အလိုမရှိရုံအပြင် မိန်းမများအား စိတ်နုကိုယ်နုသည့် ဖယောင်းထည်တွေပဲဟု ဘယ်သောအခါမျှ အထင်မကြီးခဲ့သူ လူပျိုကြီး နယ်ပိုင်ဝန်ထောက် ဦးချစ်ဆွေတစ်ယောက် ကောက်ရခဲ့တဲ့ သေတ္တာလေးမှ အစပြုပြီး က္ကန္ဒြေကြီးခြင်း၊ ရဲရင့်ခြင်း၊ ကိက္ခာရှိခြင်း၊ တည်ကြည်ခြင်း၊ ဖြောင့်မတ်သွက်လွက်လက်ဖျတ်လတ်ခြင်း၊ မဟုတ်မခံစိတ်ရှိခြင်းတို့နှင့် ပြည့်စုံနေသော အထက်တန်းစားမိန်းမ မမြတ်လေးနဲ့ တွေ့သောအခါမှ သူ့လို မိန်းမ မျိုးမှ မရရင် တသက်လုံး အိမ်ထောင်မပြုတော့ဘူးဟု ဆုံးဖြတ်ခဲ့တော့သည်။

ဒီဝတ္ထုလေးက ဖတ်ရသူအဖို့ ပေါ့ပေါ့ပါးပါးနှင့် ရင်တလှပ်လှပ် သိလိုစိတ် ဖြစ်စေရတယ်။ စာရေးသူက ဇာတ်သိမ်းမှာ ပေါင်းပေးမလား ကွဲပေးမလား သိချင်စိတ်ကတမျိုး၊ အထက်တန်းစားမိန်းမ မမြတ်လေးရဲ့ ပညာသားပါပါငြင်းဆိုမှု၊ လူပျိုကြီး ဦးချစ်ဆွေရဲ့ တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်သွားမှုတွေနဲ့ ချစ်တယ်မပြောကြဘဲ စာဖတ်သူနားလည်အောင် ဇာတ်သိမ်းမျိုးလေးမို့ စာအုပ်ဆုံးမှပဲ ဟင်းချနိုင်ရပါတော့တယ်။

Ida



#သူ့လိုမိန်းမ
#ဂျာနယ်ကျော်မမလေး

"လောကမှာ တစ်ယောက်ကို တစ်ယောက် အမှန်တကယ် မြင်နိုင်တယ်ဆိုတာ သိပ်ကို ရှားပါတယ်။ "( "စာအုပ်မိတ်ဆက်ပွဲ" ဝတ္ထုတိုမှ)"ကိုယ်တော့...
24/11/2025

"လောကမှာ တစ်ယောက်ကို တစ်ယောက် အမှန်တကယ် မြင်နိုင်တယ်ဆိုတာ သိပ်ကို ရှားပါတယ်။ "
( "စာအုပ်မိတ်ဆက်ပွဲ" ဝတ္ထုတိုမှ)

"ကိုယ်တော့ မဖြစ်လိုက်သေးဘူး။ ဘုရား ကယ်လို့"
ဖြစ်လိုက်ရ၊ ခံစားလိုက်ရတဲ့သူတွေရဲ့အိမ်မှာ ဘုရားက မနေထိုင်ဘူးလား။ ဘုရားသခင်များက ခွဲခြားဆက်ဆံတတ်ပါသလား။
( "အဖြူရောင်ဘေးထွက်ဆိုးကျိုးများ" ဝတ္ထုတိုမှ)

"လူတွေဟာ ကိုယ်မပိုင်တဲ့နယ်မြေကို လုယူရတာ နှစ်သက်ကြသူများဖြစ်ပါသလား။ အဲဒီနေ့ကပဲ သူ တိတ်ဆိတ်သွားပါတယ်။ အလုပ်ထွက်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ တခြားသူတွေအတွက်တော့ ဒါလေးများ လို့ပဲ ဖြစ်ပါလိမ့်မယ်။ သူ့အတွက်တော့ ဒီထက်မက ပိုပါတယ်။"
( "အလုပ်ထွက်ပါတယ်" ဝတ္ထုတိုမှ)

" ငွေကြေး။ ချစ်ခြင်းမေတ္တာ။ ယုံကြည်မှု နဲ့ သံယောဇဉ်။
လူတို့ရဲ့ အရောင်ပြောင်းလဲမှုများ။
ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေဟာ တန်ဖိုးထားတတ်တဲ့သူဆီမှာမှ တန်ဖိုးရှိတဲ့ အရာတွေလေ။ လူ့အဖွဲ့အစည်းမှာ လူတွေက သူတို့ကိုယ်တိုင် တန်ဖိုးမထားဘဲ လွှတ်ချလိုက်ကြတဲ့ အရာတွေ အများကြီးပဲ မဟုတ်လား။ "
( "သူငယ်ချင်း" ဝတ္ထုတိုမှ)

"လောကမှာမျှော်လင့်ချက်ပေးသူတွေသာ
မျှော်လင့်ချက်ကိုရိုက်ချိုးတတ်ကြောင်း
ကျွန်တော်နားလည်ခဲ့ရသည်ပဲလေ။"
("နေ့အလင်းတို့အတွက် မှောင်မိုက်စိမ့်သောငှာ" ဝတ္ထုတိုမှ)

ဝတ္ထုဆို ၁၂ ပုဒ်နဲ့ဖန်တီးထားတဲ့ ဆရာခွန်းညိုသွေးရဲ့ The Mask လေးက လူ့သဘာဝရဲ့ ဖုံးကွယ်ထားတဲ့ ဇာတ်ကြောင်းမျိုးစုံ၊ သူများအကျိုးကိုချနင်းပီး ကိုယ်ကျိုးအတွက်သုံးသွားပုံ၊ လူကောင်းဟန်ဆောင်ပီး တဖက်မှာ လူသိမခံနိုင်တဲ့အမှန်တရား တွေကို ဝတ္ထုတို တပုဒ်ပြီးတိုင်း အတွေးတစိမ့်စိမ့်နဲ့ ကျန်ခဲ့စေတာပါပဲ။


#ခွန်းညိုသွေး

23/11/2025

📘 စာအုပ် – သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ
🕯️ အခန်း - (၁၀)
✍️ စာရေးသူ – မင်းခိုက်စိုးစန်
🎙️ ဖတ်ပြသူ – Ida

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ #မင်းခိုက်စိုးစန်

"အံ့မခန်း ကြီးကျယ်၍အလျှံပယ် ကြွယ်ဝသောအိန္ဒိယပြည်ကာလကတ္တားမြို့ရှိသုခမြို့တော်ဟု ခေါ်သောလူဆင်းရဲ ရပ်ကွက် တစ်ခုမှအမွဲတကာ့ထ...
21/11/2025

"အံ့မခန်း ကြီးကျယ်၍
အလျှံပယ် ကြွယ်ဝသော
အိန္ဒိယပြည်
ကာလကတ္တားမြို့ရှိ
သုခမြို့တော်ဟု ခေါ်သော
လူဆင်းရဲ ရပ်ကွက် တစ်ခုမှ
အမွဲတကာ့ထွတ်ခေါင်
ဖွတ်မင်းနောင်တို့၏
မယုံနိုင်စရာ
မယုံရက်စရာ.အဖြစ်သနစ်များ"

မြသန်းတင့်-သုခမြို့တော်

လယ်သမားဟာရီစပါးတစ်ယောက် မိုးခေါင်လို့ ရာသီဥတုဒဏ်ကြောင့် လယ်စိုက်မရတော့ဘဲ ကာလကတ္တား မြို့သို့ ပြောင်းရွှေ့အလုပ်ရှာလေရာ ကာလကတ္တား မြို့တွင်လည်း နေစရာမရှိ၍ လမ်းဘေး ပလက်ဖောင်းပေါ်တွင် နေထိုင်နေကြသော အလုပ်လက်မဲ့ ဒုက္ခသည် အများအပြားနှင့် အလုပ်တစ်ခုရဖို့ပင် ခက်ခဲလှ၍ တောင်းရမ်း၊ အမှိုက်ကောက်စားနေကြရသော ဒုက္ခသည် ဆင်းရဲသားများ။
ဆင်းရဲသားချင်းအတူတူ မိတ်ဆွေကောင်းရ၍ လန်ချားဆွဲခွင့်ရသော ဟာရီစပါးနှင့် သူ၏ သမီးဖြစ်သူ ယောက်ျားကောင်းရအောင် အသွေး၊ အရိုးများရောင်းကာ သေတဲ့အထိ နေပူ မိုးရွာထဲ လှည်းသန်နှစ်ချောင်းကြား လန်ချားဆွဲရင်း ဖခင်တာဝန် ကျေပွန်ခဲ့သူ။
ခရစ်ယာန်သာသနာပြု ဗရင်ဂျီဘုန်းတော်ကြီး ကိုဗာစကီးတစ်ယောက် ကာလကတ္တားမြို့ရဲ့ ဆင်းရဲသားရပ်ကွက် ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်တွေကြားထဲ လာရောက် နေထိုင်ပြီး ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုအရင်းပြု၍ ထိုသူများကို ကူညီစောင့်ရှောက်ပြီး ထိုသူများနှင့်အတူ ဆင်းရဲဒုက္ခများ မျှဝေခံစားခြင်း၊ ကိုယ်ရေရောဂါသည်များကို ခွဲခြားမှုမရှိပဲ တန်းတူ နွေးနွေးထွေးထွေး နားလည်ဆက်ဆံပေးခြင်းဖြင့် ဆင်းရဲမွဲတွေမှုတွေ မျှဝေခံစားကာ ဆိုးရွားလှသော ရာသီဥတုဒဏ်၊ လေမုန်တိုင်းဒဏ် အပူဒဏ် တွေကြောင့် လူတွေ တရိစ္ဆာန်တွေ အသေအကျေ အပျက်အစီးများကြာတွင် ကိုဗာစကီးနှင့် သူ၏ ပရဟိတအဖွဲ့လေး လူတွေကို ကူညီ ကယ်ဆယ်ခဲ့ပုံ။
သီလရှင်ဆရာကြီး မာသာထရီဇာရဲ့ ပရဟိတအကြောင်း။
အမေရိကန်မှ ဆရာဝန် မက်စ်ကလည်း ဆင်းရဲဒဏ်၊ ရာသီဥတုဒဏ်၊ ဆေးဝါး အလုံအလောက်မရှိမှုတွေကြားက ကိုယ်စွမ်းသမျှ ကူညီဆေးဝါးကုသခဲ့ပုံ။
သုခမြို့တော်ဟုခေါ်သော ထိုဆင်းရဲသားရပ်ကွပ်လေးထဲရှိ လူမချမ်းသာသော်လည်း၊ ကိုးကွယ်တဲ့ဘာသာတွေမတူသော်လည်း အချင်းချင်း ရိုင်းပင်းကူညီတတ်ကြသော၊ လူသားဆန်သော၊ ကိုယ်ချင်းစာတရားရှိသောသူများ၊ ဆင်းရဲဒုက္ခတွေကြားထဲက ဘာသာရေးပွဲတော် နေ့တွေရောက်တိုင်း သူတို့၏ ထွက်ပေါက်အဖြစ် ပျော်ရွှင်နေကြသူများ။
ဆင်းရဲ ဒုက္ခ ထမင်းနပ်မမှန်တဲ့ကြားက မိုးသည်း ရေကြီးပြီး လူ ​ေ သ အလောင်းတွေ၊ အကောင် ​ေ သ အလောင်းတွေ ပေါလောမျောနေပုံ။ အပူပြင်းလွန်း၍ ငှက်တွေ လူတွေ အကောင်တွေ အပူဒဏ်မခံနိုင်ပဲ ​ေ သ ကြေကြပုံ ။
အစရှိတဲ့ အမွဲတကာ့ထွတ်ခေါင် ဖွတ်မင်းနောင်တို့၏ ဒုက္ခ များစွာကို မြင်တွေ့ရလို့ ဖတ်ရသူအဖို့ လက်ရှိကြုံတွေ့နေရတဲ့အဆင်မပြေ ခက်ခဲမှုတွေဟာ သူတို့နဲ့ ယှဥ်ရင် ဖွဲ ဆန်ကွဲ လောက်သာရှိပြီး စိတ်ညစ်စရာတွေ ဖတ်ရတယ်ဆိုပေမယ့် ပိုပြီး သတ္တိရှိ သန်မာလာစေပါတယ်။



#မြသန်းတင့်
#သုခမြို့တော်

20/11/2025

📘 စာအုပ် – သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ
🕯️ အခန်း - (၉)
✍️ စာရေးသူ – မင်းခိုက်စိုးစန်
🎙️ ဖတ်ပြသူ – Ida

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ #မင်းခိုက်စိုးစန်

"ဘဝမှာ ကိုယ်ကအမှားတွေလုပ်ခဲ့တယ်ဆိုရင် ၊ ကိုယ်တိုင်ကမှားမှန်းသိဖို့လိုတယ် ၊ အဲ့ဒီအမှားကိုလည်း လက်ခံတတ်ဖို့လိုသေးတယ်။ အမှာ...
17/11/2025

"ဘဝမှာ ကိုယ်ကအမှားတွေလုပ်ခဲ့တယ်ဆိုရင် ၊ ကိုယ်တိုင်ကမှားမှန်းသိဖို့လိုတယ် ၊ အဲ့ဒီအမှားကိုလည်း လက်ခံတတ်ဖို့လိုသေးတယ်။ အမှားကို လက်ခံတတ်ပြီဆိုရင်လည်း မပြီးသေးဘူး၊ ဘယ်လိုပုံစံနဲ့ မှားခဲ့သလဲဆိုတာ ပြန်သုံးသပ်တတ်ဖို့လိုတယ်။ နောက်ဆုံးအဓိကအချက်က ကိုယ်သုံးသပ်ခဲ့ပြီးတဲ့ အမှားမျိုးကို ထပ်မကျူးလွန်အောင် ဆင်ခြင်ဉာဏ်ရှိဖို့ပဲလိုတယ်တဲ့။ ဒါဆိုရင် ကိုယ်က အတိတ်မှားခဲ့တယ်ဆိုရင်တောင် လူပီပီသသနဲ့ မှားခဲ့တဲ့လူဖြစ်ပြီ"

ဆရာမ မယ်စုရဲ့ ကျွန်မသိသော အိမ်ထောင့်ရှင်

တကယ်တော့ ဆရာမ မယ်စုရဲ့ အချစ်ဦးရဲ့ ဂျင်းဂျတ်ကတ်လေး ဖတ်ချင်လို့ မှာထားတာ အဲ့စာအုပ်လေးက ကုန်နေတော့ ဒါလေး လက်ဆောင်ပါလာရော။ စာအုပ်နာမည်ဖတ်ပြီး အိမ်ထောင်ရေးအကြောင်းတွေနေမယ်ဆိုပြီး တလ လောက် ပစ်ထားမိပြီးမှ စိတ်ကူးရလို့ ကောက်ကိုင်မိလိုက်တာ အထင်နဲ့လွဲပဲ။

ဆရာမ မယ်စုရဲ့ အဖေ ငယ်ဘဝကနေ ဖြတ်သန်းခဲ့ပုံ အကြောင်း ကောင်းကွက် ဆိုးကွက် မကျန် ကွင်းကွင်းကွက်ကွက်မြင်အောင် ဖော်ပြရေးသားထားတယ်။

ကိုယ့်ရဲ့စိတ်ဆန္ဒ မပါသော်လည်း မိခင်ရဲ့ဆန္ဒကို မငြင်းဆန်နိုင်ပဲ လိုက်လျောခဲ့ရတဲ့ ကိုရင်သောင်းရီ။ ကိုရင်ဘဝမှာ ဒုတိယမိသားစုလို သံယောဇဉ်တွယ် ချစ်ခင်ရတဲ့ ဒေါ်ယဉ်ငွေတို့ မိသားစု။ အချစ်ဦး မခင်ရုံနဲ့ လက်ထပ်ဖို့ထိ လုပ်ပြီးမှ ကိုသောင်းရီဇနီးဖြစ်လာတဲ့ မအေးမြင့်။ တောလက်ကျေးရွာရဲ့ သဘာဝ၊ လူနေမှုပုံစံ၊ အိမ်အပြင်အဆင်။ ဒေါ်လှခင်ရဲ့ သားဆိုးတွေကို မပစ်ပယ်ပဲ ချစ်ပေးတဲ့ မိခင်မေတ္တာ။ မအေးမြင့်နဲ့ ယောက္ခမဒေါ်လှခင်ရဲ့ သမီးယောက္ခမ အပြန်အလှန်မေတ္တာတရား။ ကိုသောင်းရီကုန်ကူးခဲ့တဲ့အတွေ့အကြုံ၊ မိဘတွေရဲ့ လက်လုပ်လက်ရင်းလုပ်ငန်းအကြောင်း။ ကိုသောင်းရီ ကုန်ကူးရှာသမျှ ကုန်ခဲ့ရတဲ့ ဂျင်ဝိုင်း၊ ဖဲဝိုင်းတွေနဲ့ လောင်းကစားအကြောင်း။ လောင်းကစားနဲ့အရက်တွေ လုပ်ပေမယ့် မိန်းမနဲ့ သားသမီးတွေအပေါ်ထားတဲ့ သစ္စာနဲ့ မေတ္တာတရား။ တနှစ်လောက် တခြားမိန်းမနဲ့ ပေါင်းသင်းနေခဲ့တဲ့ ယောက်ျားကို နားလည်ခွင့်လွှတ်ပေးတဲ့ မအေးမြင့်။ ကိုယ့်အမှားကိုသိ၊ ပြန်သုံးသပ်ပြီး မိသားစုကို ပြန်လည်တည့်မတ်လာနိုင်တဲ့ ကိုသောင်းရီ။

ကိုသောင်းရီ၏ ဘဝအတွေ့အကြုံကို အနိမ့်အမြင့် အတက်အကျတိုင်း ဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ မပြီးမချင်း ထိုင်ရာမထပဲ ဖတ်ရလောက်အောင် ဆွဲခေါ်‌ရေးသားထားပါတယ်။ အသေးစိတ်ထပ်ရေးရင် စာအုပ်တစ်အုပ်လုံး ကုန်တော့မှာမို့ ဒီတခေါက်စာညွှန်းကို တိုတိုတုတ်တုတ်ပဲ ညွှန်းပေးလိုက်ပါတယ်။


#မယ်စု
#ကျွန်မသိသောအိမ်ထောင့်ရှင်

15/11/2025

"ကမ္ဘာပေါ်မှာ လူငယ်တွေကြောင့်ဖြစ်ရတဲ့ စစ်ပွဲရယ်လို့
တစ်ခါမှ မရှိဖူးဘူး၊
ဒါပေမယ့် စစ်ပွဲတွေမှာ သေပေးရတဲ့ သူတွေကတော့
လူငယ်တွေချည်းပဲ။"

📘 စာအုပ် – သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ
🕯️ အခန်း - (၇+၈)
✍️ စာရေးသူ – မင်းခိုက်စိုးစန်
🎙️ ဖတ်ပြသူ – Ida

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ #မင်းခိုက်စိုးစန်

ကျွန်တော်တို့နိုင်ငံမှာ သန်းခေါင်စာရင်းထဲ နာမည်ပေါက်နေပေမယ့် အိမ်မှာမရှိတဲ့သူတွေများ အများကြီးပဲ။သူတို့ဟာ မလေးမှာ၊စလုံးမ...
13/11/2025

ကျွန်တော်တို့နိုင်ငံမှာ သန်းခေါင်စာရင်းထဲ နာမည်ပေါက်နေပေမယ့် အိမ်မှာမရှိတဲ့သူတွေများ အများကြီးပဲ။သူတို့ဟာ မလေးမှာ၊စလုံးမှာ၊ ယိုးဒယားမှာ၊ အမေရိကမှာ စသဖြင့် ကမ္ဘာအနှံ့မှာ ပြန့်ကျဲနေကြတယ်။အများစုက အလုပ်သွားလုပ်နေကြတာ။

တစ်ချိန်က ဂျူးလူမျိုးတွေ ကမ္ဘာအနှံ့ ပြန့်ကျဲသွာတာကို ဒိုင်ယာစပိုရာလို့ခေါ်ခဲ့ကြတယ်။လူတွေဟာ ဘာကို လိုချင်လို့ ရေခြားမြေခြားမှာ အလုပ်သွာလုပ်ကြတာလဲ။ဘာလို့ သူတို့ ဆင်းရဲကြီးစွာ ရုန်းကန်ကြတာလဲ။သူတို့လိုချင်တာက အများကြီး မဟုတ်ပါဘူး။အမြင့်ကြီးလည်း မဟုတ်ပါဘူး။သူတို့လိုချင်တာကို သူတို့နိုင်ငံက မပေးစွမ်းနိုင်ဘူး။သူတို့ရှာဖွေနေတာက တစ်ခုတည်း။

"ပိုကောင်းတဲ့ဘဝ" (a better life)။

📖ဆရာပါပီယွန်ရဲ့ ဂွတ်ဘိုင်ဘလက်ဒီးမေရီ

ဒီစာအုပ်ထဲမှာ လူငယ်လေးတစ်ယောက် ပိုကောင်းတဲ့ဘဝရဖို့ သူများဆီက ပိုက်ဆံချေးငှားပြီး သူများနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ထွက်လာတယ်။ စလုံးရောက်တော့ အလုပ်ရှင်ရဲ့မတရားမှု၊ အချင်းချင်းခေါင်းပုံဖြတ်မှုတွေကနေ တရားမဝင်လုပ်သားဖြစ်လာတယ်။ လမ်းမတွေပေါ် လျှောက်သွားရင်းက အလုပ်ကိုင်ကောင်းလေးရပြီး အဆင်ပြေလာတော့ သူများတွေကို ပြန်ကူညီပေးရင်း စလုံး တရုတ်မလေးနဲ့ ချစ်ကြိုက်သွားတယ်။

ဒီနိုင်ငံမှာက စင်ကာပူနိုင်ငံသားတွေနဲ့ work permit ကိုင်ဆောင်သူတွေ အိမ်ထောင်ပြုခွင့်မရှိတဲ့ ဥပဒေ ရှိတယ်။ ချစ်ရသူနဲ့ နီးစပ်ဖို့ ကြိုးစားရင်း ထောင်ကျသွားရတဲ့ မြန်မာကောင်လေး။

ဒီစာအုပ်လေးကို audio book အဖြစ်နဲ့ပဲ နားထောင်ရသေးပေမယ့် ရင်ထဲစွဲကျန်နေတဲ့စာအုပ်လေး။ သူများနိုင်ငံမှာ တရားမဝင် နေထိုင်နေတဲ့ ကိုယ့်လူမျိုးတွေရဲ့အဖြစ်ကို မြင်ယောင်လာတယ်။ စာအုပ်ကိုင်ပြီးလည်း ပြန်ဖတ်အုံးမှာပါ။

ဆရာပါပီယွန်ရဲ့ ဂွတ်ဘိုင် ဘလက်ဒီးမေရီလေးပြန်ရပါပြီ။ Kyawkyawnini - Online Bookstore တွင်မှာယူနိုင်ပါပြီ။

#ဂွတ်ဘိုင်ဘလက်ဒီးမေရီ
#ပါပီယွန်

08/11/2025

📘 စာအုပ် – သေမင်းနိုင်ငံမှာ သုံးတဲ့ပိုက်ဆံ
🕯️ အခန်း - (၆)
✍️ စာရေးသူ – မင်းခိုက်စိုးစန်
🎙️ ဖတ်ပြသူ – Ida

#သေမင်းနိုင်ငံမှာသုံးတဲ့ပိုက်ဆံ #မင်းခိုက်စိုးစန်

Love is the willingness for the benefits of others."တစ်ယောက်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်ချင်သလို မချစ်ရဘူး၊ သူအခ...
06/11/2025

Love is the willingness for the benefits of others.
"တစ်ယောက်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ကိုယ်ချစ်ချင်သလို မချစ်ရဘူး၊ သူအချစ်ခံချင်သလို ချစ်ရတယ်" တဲ့။

က်ိုယ့်ကိုချစ်တဲ့လူက
ရိုးရိုးလေး တခွန်းပဲ ပြောတယ်
"ငါနင့်ကို ချစ်တယ်
ပြီးတော့ ငါနင့်အတွက် ရှိနေမယ်နော်"တဲ့ ။

အချစ်ကို တစ်ယောက်တစ်မျိုး သတ်မှတ်နေကြပေမယ့် အကုန်လုံးအတွက် တူညီတာက ကိုယ့်ကိုကိုယ် ချစ်ပေးဖို့ပါပဲ။ ပေးဆပ်ခြင်းနဲ့ချစ်ဖို့ပဲ ဖြစ်ဖြစ်၊ ပိုင်ဆိုင်ခြင်းနဲ့ ချစ်ဖို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အရင်ချစ်ဖို့၊ ကိုယ့်ကိုကိုယ် အရင်ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ Self-awareness, Self-care, Self-love ကို သေချာလေး အခြေခိုင်အောင် အရင်လုပ်ထားပါ။
Always remember to love yourself first. 🫶

အချစ်တွေထပ်တူကြပါစေ။
ချစ်တဲ့သူတိုင်းပေါင်းဖက်ရပါစေ။
မိမိကိုယ်ကို အရင်ချစ်တတ်ပါစေ။



"ပိုက်ဆံမရှိတဲ့အတွက်ကြောင့် ဘဝမှာ ဘာကိုမှပြောင်းလဲမှုမလုပ်နိုင်ဘူး။"ဒါကလည်း ငွေကြေးနဲ့ပတ်သက်တဲ့ ကန့်သတ်အတွေးတစ်ခုဖြစ်ပါတ...
05/11/2025

"ပိုက်ဆံမရှိတဲ့အတွက်ကြောင့် ဘဝမှာ ဘာကိုမှပြောင်းလဲမှုမလုပ်နိုင်ဘူး။"
ဒါကလည်း ငွေကြေးနဲ့ပတ်သက်တဲ့ ကန့်သတ်အတွေးတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံတွေအများကြီးမရှိတဲ့အတွက်ကြောင့် သူတို့ကိုယ်သူတို့ တိုးတက်အောင်မလုပ်နိုင်ဘူးလို့ထင်ကြတယ်။ တကယ်တမ်းမှာ ကိုယ့်ရဲ့ဘဝအခြေအနေကို တိုးတက်ပြောင်းလဲအောင်လုပ်ဖို့ဆိုတာ ပိုက်ဆံတစ်ခုတည်းပေါ်မှာ မူတည်နေတာမဟုတ်ဖူး။ စိတ်နေစိတ်ထား၊ သဘောထား၊ အတွေးအမြင်၊ ပတ်ဝန်းကျင်၊ မိတ်ကောင်းဆွေကောင်းတွေက ငွေကြေးနဲ့ဝယ်လို့မရတဲ့အရာတွေဖြစ်တယ်။ ဒီလိုအရာတွေနဲ့ ဘဝမှာ တိုးတက်ပြောင်းလဲမှုတွေဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်တယ်။

ဆရာမမွန်ဟော်စီရဲ့ Abundance စာအုပ်ထဲမှာ
-ငွေကြေးကိုနားလည်ခြင်း
-လိုတရစိတ်ထားထဲကဖြစ်နိုင်ချေနဲ့အခွင့်အလမ်းတွေရဲ့စွမ်းအားများ
-ကြွယ်ဝပြည့်စုံမှုနဲ့အတူစီးဆင်းနေထိုင်ခြင်း
ဆိုပြီး အပိုင်း၃ပိုင်း ပါဝင်တယ်။

လိုတရဆိုတာ ပြည့်စုံခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ငွေကြေးပေါ်မှာပဲ မူတည်နေတာမဟုတ်ကြောင်း၊ ငွေကြေးဆိုတာ သိမ်းထားရမှာမဟုတ်ပဲ အမြဲလည်ပတ်စီးဆင်းနေရမယ့်အကြောင်း၊ ငွေကြေးနဲ့ ပတ်သတ်တဲ့ relationship စိတ်နေစိတ်ထား၊ giving and receiving mindset တွေ အပြင် စစ်မှန်တဲ့ Abundance ဟာ ဘယ်လိုဆိုတာကို ဆရာမက သူ့အတွေအကြုံတွေနဲ့ ဥပမာပေးပြီး ရေးပြထားပါတယ် ။


#လိုတရ
#မွန်ဟော်စီ

Address

Singapore

Telephone

+959950400610

Website

Alerts

Be the first to know and let us send you an email when Soft Letters From Ida posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soft Letters From Ida:

Share