MSSK 👉 သုတ၊ ရသ၊ စာပေများ၊ နည်းပညာ သတင်းစုံနဲ့ ဗဟုသုတများကို ဖတ်ချင်ရင် Follow လုပ်ထားပါ။ ✅
(2626)

16/11/2025

ပလပ်စတစ်ဆန် ဆိုတာမရှိပါဘူး။ သူစိမ်းဆန်တာပဲရှိတာ။ 😁

စပါးဈေးနဲ့ ကော်ဈေး ယှဉ်ကြည့်။ ခေါင်းသုံးပါဆို ဂျွမ်းပဲ လိမ့်ထိုးနေကြတယ်။
ပလတ်စတစ်ကို ဆန်နဲ့တူအောင် ပုံဖော်အရောင်ချွတ်အပူပေး လွယ်သလား

❗ အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်တွင် "ပလပ်စတစ်ဆန်အတုများ ရောင်းချနေသည်" ဟူသော သတင်းနှင့်အတူ အိမ်တွင် စစ်ဆေးနိုင်သော နည်းလ...
16/11/2025

❗ အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်တွင် "ပလပ်စတစ်ဆန်အတုများ ရောင်းချနေသည်" ဟူသော သတင်းနှင့်အတူ အိမ်တွင် စစ်ဆေးနိုင်သော နည်းလမ်း (၄) မျိုးဆိုတဲ့စာတွေ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါတယ်။ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု အတွက် စိုးရိမ်ပူပန်ခြင်းမဖြစ်ရအောင် ဒီစာကို ရေးပါတယ်။

💠 ပလပ်စတစ်ဆန် ထုတ်ဖို့က စီးပွားရေးအရ (The Economic Myth) ဖြစ်နိုင်ခြေနည်းပါးသော အယူအဆပါ။ ပလပ်စတစ်ကုန်ကြမ်း(Polymers)က စပါးထက် စျေးအဆများစွာ ပိုကြီးတယ်။ ပလတ်စတစ်ကို ဆန်စေ့နှင့် နီးပါးတူအောင် ပုံဖော်ရန်၊ အရောင်ချွတ်ရန်နှင့် အပူပေးထုတ်လုပ်ရန် လိုအပ်သော စက်ပစ္စည်းနှင့် စွမ်းအင်ကုန်ကျစရိတ်တွေက စီးပွားရေးအရ လုံးဝ တွက်ခြေမကိုက်ပါဘူး။

📛 ဆန်အစစ်ကို မီးရှို့ပါက မီးလောင်ပြီး ပေါက်ပေါက်နံ့ (သို့) ကစီဓာတ်လောင်သည့်အနံ့ ထွက်ပါတယ်။ ထောင်းကြည့်ရင်လည်း အစိုဓာတ်ပေါ်မူတည်ပြီး ဆန်အစစ်ပင်လျှင် အမှုန့်ဖြစ်အောင် ထောင်းရခက်ပါတယ်။ သူပြောသလို လိုက်လုပ်ရင် ဆန်အစစ်ကို ပလပ်စတစ်ဆန်လို့ ထင်သွားနိုင်တယ်။

📢 မသေချာ၊ မခိုင်မာသော ကောလာဟလများကို ဆက်လက်ဖြန့်ဝေခြင်းမပြုပါနဲ။ ဒီလိုအချက်အလက်ခိုင်မာသော သတင်းများကို အများပြည်သူသိစေရန် ဝိုင်းဝန်း Share ခြင်းဖြင့် လူ့အဖွဲ့အစည်းကို ကာကွယ်ရာ ရောက်ပါတယ်။

#ပလပ်စတစ်ဆန် #ကောလာဟလ #ဆန်အတု #မောင်စွယ်စုံကျမ်း #ဗဟုသုတ

16/11/2025

ဘဝတစ်ရာချမ်းသာချင်သလား ?
=====================
ဒီနေ့အိမ်တော်ရာဘုရားထဲကိုစင်္ကြန်လျှောက်အသွား ဘုရားရင်ပြင်ပေါ်မှာရပ်ကွက်ထဲကလာပြီးလွှတ်ထားတဲ့ ကြောင်မိသားစအုပ်စုကို သွားတွေ့တော့ကြောင်တွေက ဦးဇင်းဆီပြေးလာကြတယ်။ ဦးဇင်းအထင်တော့ ဗိုက်ဆာလို့ထင်တာပေါ့။

ဒီလိုနဲ့ပါလာတဲ့ဝတ္ထုငွေ ၁ထောင်နဲ့ ကြောင်စာသွားဝယ်လိုက်ပါတယ်။ ကြောင်တွေကလဲဗိုက်စာလိုထင်ပါတယ်။ စားကြလိုက်ကြတာလုယက်လို့ပါပဲ။
ကြောင်တွေကျွေးရင်စဉ်းစားမိတာတစ်ခုက
"တိရိစ္ဆာန်တွေကျွေးရင်ဘဝ(၁)ရာချမ်းသာတယ်ဆိုတဲ့ဗုဒ္ဓရဲ့
ဟောကြားဖူးတဲ့စာတစ်ကြောင်းကိုပေါ့ "
ဘယ်ပုဂ္ဂိုလ်ကြီးကိုလှူမှ
ပြီးတော့ အလှူ ကြီးကိုဗြောစည်ကြီးတီးပြီးလှူမှ
အကျိုးရတာမဟုက်ပါဘူး။

စိတ်စေတနာမွန်မွန်မြတ်မြတ်လှူတတ်ဖို့ပဲအရေးကြီးတာပါ
စိတ်ရင်းမွန်မွန်မြတ်မြတ်နဲ့ပေးလှူတတ်ရင် သီလမရှိတဲ့သူဆိုတာအပထား
အသိဉာဏ်မရှိတဲ့တိရိစ္ဆာန်တွေကို
လှူရင်တာင်အကျိုးကြီးမားပါတယ်။
ဘဝတစ်ရာချမ်းသာပါတယ်။

ဒီလိုတွေးရင်းနဲ့
ကျွေးလိုက်တာကြောင်စာကုန်လို့ကုန်တာတောင်မသိလိုက်ဘူး ဒီကြားထဲဒကာမကြီးတစ်ယောက်က
ပြောဖူးတာကြားမိလိုက်သေးတယ်။
"တပည်တော်ကလှူပြီးရင်ဆုပေးမှကြိုက်တာဘုရား"
ဦးဇင်းလဲကြောင်တွေကျွေးတာဆုတစ်ခုလိုချင်မိတယ်။

ဒါပေမယ့်ဆုပေးမယ့်သူက
လူစကားမပြောတတ်တဲ့ကြောင်ဖြစ်နေတယ်။ ကျွေးလို့လဲပြီးရောကြောင်တွေကကိုယ်ပေါ်တတ်ပြီး တညောင်ညောင် နဲ့ ဦးဇင်းကိုဆုပေးနေတာလား ဒါမှမဟုက်နောက်ထပ်ပြီး
အစားတောင်းနေတာလားဆိုတာမသိဘူး။

ဦးဇင်းအထင်တော့ ဆုပေးတယ်လိုပဲ သဘောထားလိုက်တယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်ဝယ်ကျွေးစရာဝတ္ထုငွေအပိုမပါတာကြောင့်ပါ....။

ကြောင်လေးတွေကတော့ "တညောင်ညောင်"နဲ့ဆုတောင်းပေးနေပေမယ့် ဦးဇင်းကတော့ခပ်ပြုံးပြံးလေးနဲ့ပြန်လာခဲ့ရတယ်...။
ကြောင်လေးတွေပေးသောဆုတွေပြည့်ရပါလို့၏....။

ဘဝတစ်ရာချမ်းသာချင်သူများ ခွေး၊ကြောင်စတဲ့တိရိစ္ဆာန်လေးတွေကိုကျွေးပါလို့ဆန္ဒပြုရင်း ကျန်းမာချမ်းသာစွာ နေထိုင်သွားနိုင်ကြပါစေ...။

မျိုးဆက်သစ်အရှင်{ဖိုလေးလုံး}

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

16/11/2025

မိဘကျေးဇူး သိတတ်ရင် မဆင်းရဲဘူး

#မောင်စွယ်စုံကျမ်း

16/11/2025

ဝဋ်ဆိုတာ ဘဝမကူးဘူး

#မောင်စွယ်စုံကျမ်း

🎉 သတင်းထူး- မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် သမိုင်းဝင် Hall of Fame ဆုရယနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင် ကျင်းပခဲ့သော အ...
16/11/2025

🎉 သတင်းထူး- မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် သမိုင်းဝင် Hall of Fame ဆုရ

ယနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင် ကျင်းပခဲ့သော အခမ်းအနား၌ အောင်လအန်ဆန် သည် အားကစားသမားဘဝ၏ အမြင့်ဆုံး ONE Championship Hall of Fame ဆုရရှိခဲ့ပါတယ်။ နိုင်ငံတကာ MMA လောကမှာတော့ သူရဲ့ ချုပ်ကွက်ကြောင့် မြန်မာ့စပါးအုံးမြွေ (The Burmese Python) လို့ ထူးထူးခြားခြား တင်စားခေါ်ဝေါ်ခြင်း ခံရသူ ဖြစ်ပါတယ်။

အားကစားသမားတစ်ဦးရဲ့ ဘဝတစ်လျှောက်လုံး ကြိုးပမ်းအားထုတ်မှုအတွက် အမြင့်ဆုံးသော အသိအမှတ်ပြုခြင်းဟာ Hall of Fame ပဲ ဖြစ်ပါတယ်။ Hall of Fame ဆုရသူတွေထဲမှာ အမေရိကန် MMA ဖိုက်တာ Demetrious Johnson၊ ဘရာဇီး MMA ဖိုက်တာ Bibiano Fernandes တို့သာရှိခဲ့ပြီး အောင်လအန်ဆန်ဟာ ONE Hall of Fame ရဲ့ တတိယမြောက် ဂုဏ်ပြုခံရသူလည်းဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကြာ ကိုယ်ပိုင်ဘဝနှင့် မြန်မာ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ခဲ့သော ကျွန်တော်တို့၏ မြန်မာ့စပါးအုံးမြွေ အား ဤ သမိုင်းဝင် ဂုဏ်ပြုဆုကြီး ရရှိသည့်အတွက် မြန်မာနိုင်ငံသားတိုင်း အနေဖြင့် အလွန် ဂုဏ်ယူဝမ်းမြောက်ကြရပါတယ်။

တိုင်းပြည်၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့သူအဖြစ် အောင်လအန်ဆန်ကို ဂုဏ်ပြုကြောင်း၊ လေးစားကြောင်း အားပေးစကားများ ပြောကြားသွားကြပါဦးလို့ တိုက်တွန်းပါတယ်။

Photo- Wikipedia၊ ONE Championship


#မောင်စွယ်စုံကျမ်း #ဗဟုသုတ

16/11/2025

နယ်မြို့လေးမှာ မိသားစုသုံးဉီးရဲ့ အခြေခံစားဝတ်နေရေးစရိတ်ဟာ တစ်လကို (၃) သိန်းလောက် ရှိပါတယ်တဲ့။ မြို့ကြီးမှာရော မိသားစုတစ်စုရဲ့ တစ်လကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာ ဗဟုသုရအောင် ပြောပြပေးသွားပါဦးနော်။

#မနက်ဈေး #ကုန်ဈေးနှုန်း #ဗဟုသုတ #မောင်စွယ်စုံကျမ်း

♦ လူ့ဘဝက ခဏတာ ဖြတ်သန်းရသော ခရီးတစ်ခုဖြစ်ပါတယ်။ ဤခရီးတွင် ပိုင်ဆိုင်မှုများ ကြွယ်ဝ နေစေကာမူ အသက်နှစ်ရာနေရန် မလွယ်ကူပါ။ ရု...
16/11/2025

♦ လူ့ဘဝက ခဏတာ ဖြတ်သန်းရသော ခရီးတစ်ခုဖြစ်ပါတယ်။ ဤခရီးတွင် ပိုင်ဆိုင်မှုများ ကြွယ်ဝ နေစေကာမူ အသက်နှစ်ရာနေရန် မလွယ်ကူပါ။ ရုပ်ဆင်းအလှအပများ သည်လည်း အိုမင်းခြင်း နှင့် မကင်းပါ။ အရာရာသည် ဖြစ်ပေါ်ပြီး ပျက်စီးသွားသော အနိစ္စသဘော သာလျှင် ဖြစ်တယ်။ ထို့ကြောင့် မရေရာသော ဘဝ၏ အနာဂတ် အတွက် အလွန်အကျွံ စိုးရိမ်ပူပန်ခြင်း သည် ပစ္စုပ္ပန်၏ ငြိမ်းချမ်းမှုကို ပျက်စီးစေပါတယ်။

♦ လူ့ဘဝသည် ခဏတာ ယာယီနားခိုရာဖြစ်သည့် အတွက်ကြောင့် အတိတ်ကိုတွေး မပူဆွေးနဲ့ ။အနာဂတ်ကိုလည်း အလွန်အမင်း မမျှော်လင့်နဲ့ ။ လက်ရှိပစ္စုပ္ပန်တည့်တည့်တွင် သတိဖြင့် နေထိုင်ပါ။ ချစ်သောသူအားလုံး၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းဟူသော မင်္ဂလာတရားများဖြင့် ပြည့်စုံကြပါစေ။🙏🙏🙏

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

15/11/2025

ဆောင်းဝင်ပြီဆိုပြီး မိုးပဲပြန်ဝင်လာတယ်။ အခုရွာနေတယ်။ တောင်သူတွေအတွက်တော့ ဖျက်မိုးပါပဲ။ တောင်သူလုပ်ရတာလည်း ရာသီဉတုကဖျက်လိုက် ကုန်သည်ပွဲစားက ဈေးကစားလိုက်နဲ့ ဆေးရည်မြေဆီဈေးကြီး အလုပ်သမားရှားပါး မလွယ်ပါလား။

15/11/2025

အနေတတ်ဖို့
~~~~~~

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့ (စုစုပေါင်း ၃၉ ရက်) အထိ ကျင်းပမှာဖြစ်ပါတယ်။ ပူးတွဲအိမ်ရှ...
15/11/2025

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့ (စုစုပေါင်း ၃၉ ရက်) အထိ ကျင်းပမှာဖြစ်ပါတယ်။ ပူးတွဲအိမ်ရှင် ၃ နိုင်ငံ (အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ) က လက်ခံကျင်းပမှာပါ။ ဘယ်အသင်းကို အားပေးကြမှာလဲ ရွေးလို့ရအောင် ယခုအချိန်အထိ ခြေစစ်ပွဲအောင်မြင်ပြီးသော အသင်းစာရင်းကို ဖော်ပြလိုက်ပါတယ် ။ (Updated 15 Nov 2025)

✅ ၁။ အိမ်ရှင်နိုင်ငံများ
♦ ကနေဒါ
♦ မက္ကဆီကို
♦ အမေရိကန်ပြည်ထောင်စု

✅ ၂။ အာဖရိကဇုန်

♦ အယ်လ်ဂျီးရီးယား
♦ ကိပ်ဗာဒီ (Cape Verde)
♦ အီဂျစ်
♦ ဂါနာ
♦ အိုင်ဗရီကို့စ် (Ivory Coast)
♦ မော်ရိုကို
♦ ဆီနီဂေါ
♦ တောင်အာဖရိက
♦ တူနီးရှား

✅ ၃။ အာရှဇုန် (AFC)

♦ ဩစတြေးလျ
♦ အီရန်
♦ ဂျပန်
♦ ဂျော်ဒန်
♦ ကာတာ
♦ ဆော်ဒီအာရေဗျ
♦ တောင်ကိုရီးယား
♦ ဥဇဘက်ကစ္စတန်

✅ ၄။ တောင်အမေရိကဇုန်

♦ အာဂျင်တီးနား
♦ ဘရာဇီးလ်
♦ ကိုလံဘီယာ
♦ အီကွေဒေါ
♦ ပါရာဂွေး
♦ ဥရုဂွေး

✅ ၅။ ဥရောပဇုန် (UEFA)

♦ အင်္ဂလန်
♦ ပြင်သစ်
♦ ခရိုအေးရှား

✅ ၆။ အိုရှန်းနီးယားဇုန် (OFC)

♦ နယူးဇီလန်

📌 နောက်ထပ် ကျန်ရှိနေသေးသော နေရာများ

ယခုစာရင်းတွင် ဖော်ပြထားသော အသင်းများ အပြင် ကျန်ရှိနေသေးသော နေရာများသည် ၂၀၂၆ ခုနှစ်၊ မတ်လ တွင် ကျင်းပမည့် ဥရောပဇုန် Playoff များ နှင့် တိုက်ကြီးများကြား Playoff များ မှတစ်ဆင့် ဆုံးဖြတ်သွားမှာပဲ ဖြစ်ပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

DKBA/KNA ခေါင်းဆောင်တွေ ဘိန်းဘုရင် ခွန်ဆာ လို အကာအကွယ်ရနိုင်လားလက်ရှိ အမေရိကန် အထူးတပ်ဖွဲ့တွေ ထိုင်းမှာရောက်နေတဲ့ သတင်းန...
15/11/2025

DKBA/KNA ခေါင်းဆောင်တွေ ဘိန်းဘုရင် ခွန်ဆာ လို အကာအကွယ်ရနိုင်လား

လက်ရှိ အမေရိကန် အထူးတပ်ဖွဲ့တွေ ထိုင်းမှာရောက်နေတဲ့ သတင်းနဲ့ပတ်သက်ပြီး လူအများစုက ဘိန်းဘုရင် ခွန်ဆာတုံးကလိုပဲ ပြီးသွားမှာပါလို့ မှတ်ချက်တွေ ပေးနေကြပါတယ်။ အရင်က နာမည်ကြီးခဲ့တဲ့ ခွန်ဆာဆိုတာ ဘယ်လိုလူလဲ၊ အမေရိကန်က ဘာကြောင့် ဖမ်းဝရမ်း ထုတ်ပြီး ဖမ်းပေးနိုင်ရင် ဆုကြေးဒေါ်လာ ၂ သန်း ပေးမယ်လို့ပြောခဲ့တာလည်း လေ့လာကြည့်ရအောင်။

ဘိန်းဘုရင် ခွန်ဆာဟာ ရှမ်း-တရုတ် ကပြားတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် တွင် တန့်ယန်းမြို့နယ်၊ ဖာဖိန့်ရွာ၌ မွေးဖွားခဲ့ပြီး ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်တွင် အမှုထမ်းခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွင် မြန်မာအစိုးရဩဇာခံ လွယ်မော်ကာကွယ်ရေးတပ်အဖြစ် ခံယူခဲ့ပါတယ် ။

၁၉၈၅ ခုနှစ် မှစတင်၍ လက်နက်မချမီအထိ အင်အား ၃၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင်စစ်တပ်ဖြင့် မြန်မာ၊ ထိုင်း၊ လာအို နယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် တွင် Mong Tai Army (MTA) ကို ဖွဲ့စည်းပြီးနောက် ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ခဲ့သဖြင့် ဘိန်းဘုရင် ဘွဲ့ဖြင့် ထင်ရှားလာခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ တွင် မြန်မာအစိုးရက ဖမ်းဆီးပြီး မန္တလေးထောင်တွင် ထိန်းသိမ်းခဲ့သော်လည်း ၎င်း၏ လက်အောက်ခံတပ်များက ၁၉၇၃ ခုနှစ် တွင် တောင်ကြီး စစ်ဆံထွန်းဆေးရုံက ရုရှားဆရာဝန် ၂ ဦး ကိုဖမ်းပြီးအကြပ်ကျုင်ကာ ခွန်ဆာနှင့် လူလဲလှယ်ခဲ့သဖြင့် ၁၉၇၄ ခုနှစ် တွင် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်တရားရုံးက ဘိန်းတင်ပို့ရန် ကြံစည်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ဒေါ်လာ ၂ သန်း ဆုကြေးငွေ ထုတ်ပြန်ခဲ့ပါတယ်။

၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ တွင် ခွန်ဆာသည် အမေရိကန်လက်သို့ မအပ်နှံရန် အာမခံချက်ဖြင့် မြန်မာအစိုးရထံ လက်နက်ချခဲ့ပါတယ်။ အမေရိကန်အစိုးရက တရားခံလွှဲပြောင်းရေး တောင်းဆိုပေမယ့် မြန်မာအစိုးရက ငြင်းဆိုခဲ့ပြီး ခွန်ဆာဟာ ရန်ကုန်မြို့တွင် အေးချမ်းစွာ အခြေချနေထိုင်ခွင့် ရခဲ့ပါတယ်။

ခွန်ဆာသည် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပြီး၊ ၎င်း၏ သားသမီးများမှာ မြန်မာနိုင်ငံတွင် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ရပ်တည်နေပါတယ်။ ခွန်ဆာ လက်နက်ချစဉ်က ရရှိခဲ့သော သဘောတူညီချက်အရ၊ ၎င်း၏ သားသမီးများသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့် ရရှိခဲ့ပါတယ်။

သို့သော် လက်ရှိ အခြေအနေသည် ယခင်ကလို မတူတာကိုတွေ့ရမှာပါ။ ခွန်ဆာက မူးယစ်ဆေးဝါး နှင့်သာ သက်ဆိုင်ခဲ့ပါတယ်။ အခုရက်ပိုင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန (OFAC) ၏ DKBA ခေါင်းဆောင်များအပေါ် ပိတ်ဆို့အရေးယူမှု သည် မြေငှားရမ်းခြင်းကိစ္စ သက်သက်သာ မဟုတ်ဘဲ၊ ကျားဖြန့်လုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်သော ရာဇဝတ်မှုအပေါ် အခြေခံပါတယ်။

ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် ဆိုက်ဘာရာဇဝတ်မှု တို့ ပါဝင်သည့်အပြင် ကွင်းဆင်းဆောင်ရွက်မည့် အထူးတပ်ဖွဲ့ကို သီးခြားဖွဲ့စည်းထားခြင်း ကလည်း ခွန်ဆာ ကိစ္စတုံးကလို မဟုတ်ဘဲ ပိုမိုအလေးအနက်ထားကြောင်း ရှင်းရှင်းလင်းလင်း သိသာပါတယ်။

ထို့အပြင် KNA/BGF ခေါင်းဆောင် စောချစ်သူ မှာလည်း ရွှေကုက္ကို စီမံကိန်း၌ မကြာသေးခင်ရက်ပိုင်းကပဲ ထိုင်းနိုင်ငံကနေ တရုတ်ကို လွှဲပြောင်းပေးလိုက်တဲ့ ကျားဖြန့်ခေါင်းဆောင် ရှဲကျီကျန်း (She Zhijiang) နှင့်အတူ ပူးတွဲတည်ထောင်သူ အဖြစ် သတ်မှတ်ထားပြီး လုံခြုံရေး ပေးခြင်း၊ မြေငှားရမ်းခြင်း မှတစ်ဆင့် အမြတ်အစွန်းများစွာ ရယူခဲ့ပါတယ်။

KNA/BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အား ၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့ တွင် ဒဏ်ခတ်ခဲ့သော ထုတ်ပြန်ချက်များက ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး၊ OFAC သည် KNA ကို နယ်စည်းမခြား ရာဇဝတ်ဂိုဏ်း အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့ကြောင့် လက်ရှိအခြေအနေမှာ DKBA/KNA ခေါင်းဆောင်များကို ငွေကြေးပိတ်ဆို့ရုံသက်သက် မဟုတ်ဘဲ Department of Justice (DOJ) မှတစ်ဆင့် ဖမ်းဆီးပြီး တရားစွဲအရေးယူအပြစ်ပေးခြင်း အထိ ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာရော ခွန်ဆာတုံးကလိုပဲ မြန်မာအစိုးရက ကာကွယ်ပေးထားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

Photo- Wikipedia

#စောချစ်သူ #မောင်စွယ်စုံကျမ်း #ဗဟုသုတ

Address

Phahon Yothin Road
Singapore
13170

Website

Alerts

Be the first to know and let us send you an email when MSSK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MSSK:

Share