MSSK 👉 သုတ၊ ရသ၊ စာပေများ၊ နည်းပညာ သတင်းစုံနဲ့ ဗဟုသုတများကို ဖတ်ဖို့ Follow လုပ်ထားပါ
(2628)

● ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့... ရန်ကုန်မြို့ရဲ့ ကောင်းကင်ယံမှာ သေနတ်သံတွေ ပဲ့တင်ထပ်သွားပြီးနောက် တစ်နိုင်ငံလုံး မှ...
04/01/2026

● ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့... ရန်ကုန်မြို့ရဲ့ ကောင်းကင်ယံမှာ သေနတ်သံတွေ ပဲ့တင်ထပ်သွားပြီးနောက် တစ်နိုင်ငံလုံး မှောင်အတိ ကျသွားသလို ခံစားခဲ့ကြရပါတယ်။ တိုင်းပြည်ရဲ့ ဦးနှောက်နဲ့ နှလုံးသားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ မရှိတော့တဲ့နောက်မှာ "ငါတို့ လွတ်လပ်ရေး ဆက်ရပါဦးမလား" ဆိုတဲ့ စိုးရိမ်စိတ်တွေဟာ နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပါတယ်။

● ဗိုလ်ချုပ် ချန်ထားရစ်ခဲ့တဲ့ လွတ်လပ်ရေးပန်းတိုင်ကို ဦးနုနဲ့ ကျန်ရှိနေတဲ့ ခေါင်းဆောင်တွေက လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြပါတယ် ။ အခက်အခဲပေါင်းစုံ၊ အတိုက်အခံပေါင်းစုံကြားကနေ နောက်ဆုံးမှာတော့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ မနက် (၄) နာရီ (၂၀) မိနစ်မှာ ဗြိတိသျှတို့ရဲ့ ပြည်ထောင်စုအလံကို အောက်ချပြီး ကျွန်တော်တို့ရဲ့ ကြယ်ငါးပွင့်ပါ အလံတော်ကို ဂုဏ်ယူစွာ လွှင့်ထူနိုင်ခဲ့ပါတယ်။

● မြန်မာ့လွတ်လပ်ရေးသမိုင်းဆိုတာ တိုင်းရင်းသားညီအစ်ကိုများအားလုံး အသက်၊ သွေး၊ ချွေးတွေနဲ့ စုပေါင်းရင်းနှီးခဲ့ကြတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒီလွတ်လပ်ရေးဗိမာန်ကို ထုဆစ်ခဲ့ကြသည့် တိုင်းရင်းသားသူရဲကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒီထဲကနေ အကျဉ်းချုပ် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

၁။ ကချင်တိုင်းရင်းသားများ၏ ရဲစွမ်းသတ္တိ ✅

ကချင်ပြည်နယ်မှ ဆမားဒူဝါဆင်ဝါနောင် သည် ပင်လုံစာချုပ်တွင် ကချင်ကိုယ်စားလှယ်အဖြစ် ဦးဆောင်လက်မှတ်ရေးထိုးခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ကချင်ပြည်နယ်၏ ပထမဆုံး အဖွဲ့ကြီးမှူး (ဝန်ကြီး) အဖြစ် တာဝန်ယူကာ ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဂျပန်တို့ကို ပြောက်ကျားစစ်ဖြင့် အထိနာအောင် တိုက်ခိုက်ခဲ့သည့် Kachin Rangers များ၏ စွမ်းဆောင်မှုမှာ ကမ္ဘာ့စစ်သမိုင်းတွင်ပင် ယနေ့တိုင် မှတ်တမ်းတင်ခံထားရပါတယ်။

၂။ ကယားပြည်နယ်၏ ပြတ်သားသော ရပ်တည်ချက် ✅
ကယားပြည်နယ် (ထိုစဉ်က ကရင်နီပြည်နယ်) ကိုယ်စားပြုအဖြစ် ကန္တာရဝတီစော်ဘွားကြီး စောလဖေ သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက် မိမိတို့ဒေသ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှုကို အလေးထားကာ အင်တိုက်အားတိုက် ပါဝင်ခဲ့ပါတယ်။ သူသည် တောင်တန်းဒေသနှင့် ပြည်မ ပူးပေါင်းရေး ဆွေးနွေးမှုများတွင် ကယားပြည်နယ်၏ အသံကို နိုင်ငံတကာသိအောင် ဖော်ထုတ်နိုင်ခဲ့သည့် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပါ။

၃။ ကရင်အမျိုးသားတို့၏ အနစ်နာခံမှု ✅
ကရင်အမျိုးသားများကို ကိုယ်စားပြုသည့် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင် သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဖဆပလ အဖွဲ့ကြီးတွင် ပါဝင်ကာ လွတ်လပ်ရေးအတွက် အပင်ပန်းခံ ဆောင်ရွက်ခဲ့ပါတယ် ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အတူ ကျဆုံးသွားခဲ့ရသော်လည်း သူချန်ထားရစ်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်မှာ လွတ်လပ်ရေးမှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

၄။ ချင်းတောင်တန်းမှ သူရဲကောင်းများနှင့် ခေါင်းဆောင်များ ✅
ပင်လုံစာချုပ်တွင် ချင်းတောင်တန်းကိုယ်စားလှယ်အဖြစ် ရဲဝံ့စွာ လက်မှတ်ရေးထိုးခဲ့သည့် ဦးဝမ္မသုမောင် နှင့် ၎င်း၏ ညီဖြစ်သူ ဗိုလ်တိုက်ချွန်း တို့သည် ချင်းတိုင်းရင်းသားတို့၏ ဂုဏ်ဆောင်များ ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုလ်တိုက်ချွန်းသည် ဂျပန်တော်လှန်ရေးတွင် ပြောက်ကျားစနစ်ဖြင့် ပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သောကြောင့် ဗြိတိသျှတို့ပေးအပ်သည့် Military Cross (MC) ဘွဲ့ကို ရရှိခဲ့ပြီး၊ လွတ်လပ်ရေးအကြိုနှင့် အလွန်ကာလများတွင် တိုင်းပြည်ကာကွယ်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းပါတယ်။

၅။ ဗမာတိုင်းရင်းသားတို့၏ ဦးဆောင်မှု ✅
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာတိုင်းရင်းသားများသည် BIA တပ်မတော်မှတစ်ဆင့် စစ်ရေးအရလည်းကောင်း၊ ဖဆပလ အဖွဲ့ကြီးမှတစ်ဆင့် နိုင်ငံရေးအရလည်းကောင်း လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့ပါတယ်။ တိုင်းရင်းသားညီအစ်ကိုများအားလုံးကို "ပင်လုံစိတ်ဓာတ်" ဖြင့် တစ်သွေးတစ်သားတည်းဖြစ်အောင် စည်းရုံးနိုင်ခဲ့ခြင်းမှာ တောင်တန်းပြည်မ အတူတကွလွတ်လပ်ရေးရရှိရန် အဓိကသော့ချက် ဖြစ်ခဲ့ခြပါတယ်။

၆။ မွန်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ် ✅
မွန်အမျိုးသားစာပေနှင့် မျိုးချစ်စိတ်ဓာတ် နိုးကြားရေးအတွက် တစ်သက်လုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည့် မွန်ဖိုးချို (ခေါ်) ဦးဖိုးချိုသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် မွန်တိုင်းရင်းသားတို့၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခဲ့ပါတယ်။ သူသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် မွန်လူငယ်များကို စနစ်တကျ စည်းရုံးလှုံ့ဆော်ခဲ့သည့် ထင်ရှားသော နိုင်ငံရေးဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။

၇။ ရခိုင်ပြည်နယ်မှ လွတ်လပ်ရေးမျိုးစေ့များ ✅
မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ဆရာတော် ဦးဥတ္တမ သည် ကျွန်စိတ်ပေါက်နေသော မြန်မာပြည်သူများကို မျိုးချစ်စိတ်ဓာတ် မျိုးစေ့ကို အစောဆုံး ချပေးခဲ့သူ ဖြစ်ပါတယ်။ ထို့ပြင် လွတ်လပ်ရေးအကြိုကာလ နိုင်ငံရေးနယ်ပယ်တွင် ရခိုင်လူမျိုးစုကို ကိုယ်စားပြုကာ ဗြိတိသျှအစိုးရနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့သည့် ဂုဏ်ထူးဆောင် ဦးကျော်မင်း တို့၏ ကြိုးပမ်းမှုများမှာလည်း မမေ့အပ်သော သမိုင်းမှတ်တမ်းများ ဖြစ်ပါတယ်။

၈။ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ✅
ပင်လုံညီလာခံကို မိမိတို့ဒေသတွင် အောင်မြင်စွာ ကျင်းပနိုင်ရန် အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပေးခဲ့သည့် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း သည် ပြည်ထောင်စုစိတ်ဓာတ်၏ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည် (၉) ဦးတွင် ပါဝင်ခဲ့သည့် သူသည် တောင်တန်းနှင့် ပြည်မ တစ်ပေါင်းတည်း လွတ်လပ်ရေးရရှိရန်အတွက် မိမိ၏ အသက်ကိုပါ ပေးဆပ်သွားခဲ့သည့် စစ်မှန်သော တိုင်းရင်းသားခေါင်းဆောင်ကြီး ဖြစ်ပါတယ် ။

● ဒီနေ့ အပိုင်း (၉) မှာ သမိုင်းက ကျွန်တော်တို့ကို ပေးခဲ့တဲ့ အကြီးမားဆုံး သင်ခန်းစာကတော့ "လူပုဂ္ဂိုလ်ထက် မူဝါဒက ပိုအရေးကြီးတယ်" ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေ ကျဆုံးသွားပေမဲ့ နိုင်ငံတော်ကတော့ ဆက်လက်ရှင်သန်နေရပါမယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံရပါစေ၊ ရည်မှန်းချက် ပန်းတိုင်ကို မပျောက်ပျက်စေဘဲ ဆက်လက် ချီတက်ရမယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ဆိုတာ ပိတ်ရက်တစ်ရက်သက်သက် မဟုတ်ဘဲ၊ ကျွန်တော်တို့ ဘိုးဘွားတွေ အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ခဲ့ရတဲ့ 'လွတ်လပ်မှု' ရဲ့ တန်ဖိုးကို ပြန်လည် ဆင်ခြင်ရမယ့် နေ့တစ်နေ့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

အပိုင်း(၁၀) ဆက်ရန်..

Reference: World War I Historical Archives

Disclaimer: ဤတင်ဆက်မှုသည် သမိုင်းဗဟုသုတ ဝေမျှရန်နှင့် အတိတ်က သင်ခန်းစာများကို သိရှိနားလည်စေရန်သာ ရည်ရွယ်ပြီး၊ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဝါဒကိုမျှ ထောက်ခံအားပေးခြင်း မရှိပါ။
This content is for educational and historical purposes only. It is intended to provide historical awareness and does not promote or support any dangerous organizations, individuals, or ideologies.

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #သမိုင်းသင်ခန်းစာ #အပိုင်း၉

● ဗင်နီဇွဲလားနိုင်ငံကို ဆယ်စုနှစ်တစ်ခုကျော် အုပ်ချုပ်ခဲ့တဲ့ Nicolas Maduro ရဲ့ နိဂုံးဟာ အဝေးကလာတဲ့ ရန်သူကြောင့် မဟုတ်ဘဲ ...
04/01/2026

● ဗင်နီဇွဲလားနိုင်ငံကို ဆယ်စုနှစ်တစ်ခုကျော် အုပ်ချုပ်ခဲ့တဲ့ Nicolas Maduro ရဲ့ နိဂုံးဟာ အဝေးကလာတဲ့ ရန်သူကြောင့် မဟုတ်ဘဲ သူ့ဘေးနားက "အတွင်းလူ" တစ်ယောက်ကြောင့် အစပြုခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော် (White House) ရဲ့ ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံတကာ သတင်းမှတ်တမ်းတွေအရ အမေရိကန် ထောက်လှမ်းရေး (CIA) ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ လျှို့ဝှက်စခန်းတစ်ခုကို အခြေစိုက်ပြီး Maduro ကို အနီးကပ် စောင့်ကြည့်ခဲ့တာပါ။

● ဒီစစ်ဆင်ရေးအတွက် အထူးတပ်ဖွဲ့ဖြစ်တဲ့ Delta Force ဟာ Maduro နေထိုင်ရာ နန်းတော်နဲ့ ပုံစံတူ အဆောက်အအုံကို တည်ဆောက်ပြီး အကြိမ်ကြိမ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တကယ်တမ်း စစ်ဆင်ရေး အောင်မြင်ရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ Maduro အစိုးရအဖွဲ့အတွင်းက အဆင့်မြင့်အရာရှိတစ်ဦးဟာ CIA နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး သတင်းပေးပို့ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ စစ်ဆင်ရေး စတင်မယ့်အချိန်မှာ ဒီအတွင်းလူကပဲ Maduro ရဲ့ တိကျတဲ့ တည်နေရာကို အတည်ပြုပေးခဲ့တာကြောင့် အမေရိကန်တပ်ဖွဲ့တွေဟာ ပစ်မှတ်ကို လွဲချော်မှုမရှိဘဲ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

● လက်ရှိတွင် Nicolas Maduro နှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို အမေရိကန် အထူးတပ်ဖွဲ့များက နယူးယောက်မြို့သို့ ခေါ်ဆောင်သွားပြီးဖြစ်ကာ မူးယစ်ဆေးဝါး အကြမ်းဖက်မှု အပါအဝင် ပြစ်မှုပေါင်းများစွာဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်က ဗင်နီဇွဲလားနိုင်ငံကို ယာယီအားဖြင့် အမေရိကန်က ထိန်းချုပ်စီမံသွားမည်ဟု ကြေညာထားသော်လည်း၊ တစ်ဖက်တွင်မူ ရုရှား၊ တရုတ်နှင့် အီရန်တို့က ဤလုပ်ရပ်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို အခြားနိုင်ငံက ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်၍ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြင်းထန်စွာ ကန့်ကွက်နေကြပါတယ်။

● ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဥပဒေပညာရှင်အချို့ကလည်း စစ်ဆင်ရေး၏ တရားဝင်မှုကို မေးခွန်းထုတ်နေကြပြီး၊ အမေရိကန် အစိုးရကမူ Maduro သည် တရားမဝင်သော ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏ မူးယစ်ဆေးဝါး ဂိုဏ်းဖွဲ့မှုများသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသဖြင့် ဖမ်းဝရမ်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ဤဖြစ်ရပ်သည် နိုင်ငံတကာ ဆက်ဆံရေးတွင် အင်အားကြီးနိုင်ငံတစ်ခုက အခြားနိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို တိုက်ရိုက်ဖမ်းဆီးသည့် 'အန္တရာယ်ရှိသော စံနမူနာ' တစ်ခု ဖြစ်လာနိုင်ကြောင်း ဝေဖန်မှုများလည်း မြင့်တက်နေပါတယ်။

● ဒါဟာ အာဏာရှင်တွေအတွက် အကြီးမားဆုံး သမိုင်းသင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လုံခြုံရေးတွေ တင်းကျပ်ထားပါစေ၊ ကိုယ့်ဘေးနားက အယုံကြည်ရဆုံးသူတွေထဲမှာပဲ ဆုကြေးငွေကြောင့်ဖြစ်စေ၊ ခံယူချက်ကြောင့်ဖြစ်စေ ဘက်ပြောင်းသွားနိုင်သူတွေ ရှိနေတတ်တာ သေချာပါတယ်။ "လူရင်းထိုးတဲ့ဓား" ဟာ အမြဲတမ်း အနက်ရှိုင်းဆုံး ဒဏ်ရာကို ပေးတတ်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။

● မိတ်ဆွေတို့ကော ဘယ်လိုထင်ကြလဲခင်ဗျာ... အာဏာရှင်တွေရဲ့ ဘေးနားက လူယုံတွေဟာ ဘာကြောင့် နောက်ဆုံးမှာ သစ္စာဖောက်သွားတတ်ကြတာလဲ? ဆုကြေးငွေကြောင့်လား၊ ဒါမှမဟုတ် တရားမျှတမှုကို လိုလားလို့လား? မိမိတို့ရဲ့ ထင်မြင်ချက်တွေကို မှတ်ချက်မှာ မျှဝေပေးခဲ့ကြပါဦး။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

04/01/2026

လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတာ ကောင်းပေမဲ့ လမ်းတွေအကုန်ပိတ်ပြီး အများသူငါ သွားလာရခက်အောင် လုပ်နေတာကတော့ အဆင်မပြေပါဘူး။ တစ်လမ်းပိတ် တစ်လမ်းဖွင့်ဆို တော်သေးတယ်၊ အခုတော့ အိမ်ပြန်လမ်း ၂ လမ်းလုံး ပိတ်ထားတာဆိုတော့ အပျော်ကနေ အပျက်ဖြစ်ကုန်ပြီ။ စည်းကမ်းရှိရှိနဲ့ တခြားသူတွေကို မထိခိုက်အောင် လုပ်သင့်ပါတယ်

● မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာ Joshua Van ရဲ့ ခါးပတ်ကာကွယ်ပွဲအတွက် ပြိုင်ဘက်ရွေးချယ်မှုဟာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ခ...
04/01/2026

● မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာ Joshua Van ရဲ့ ခါးပတ်ကာကွယ်ပွဲအတွက် ပြိုင်ဘက်ရွေးချယ်မှုဟာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ ချန်ပီယံဟောင်း ပန်တိုဂျာဟာ ၎င်းရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း လူမှုကွန်ရက် (IG) ဗီဒီယိုကတစ်ဆင့် ပြသခဲ့ပါတယ်။

● ပန်တိုဂျာဟာ ဒဏ်ရာသက်သာလာပြီဖြစ်လို့ ဂျိုရှုအာဗန်ရဲ့ ခါးပတ်ကို ပြန်လည်စိန်ခေါ်မယ့်သူ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Promotion တွေဟာ ချန်ပီယံဟောင်းတွေကို အခွင့်အရေး ပြန်ပေးလေ့ရှိတာက ထုံးစံတစ်ခုပါ။ တစ်ဖက်မှာလည်း မာနယ်ကတ်နဲ့ ဂျိုရှုအာဗန်တို့အကြား အပြန်အလှန် စိန်ခေါ်မှုတွေ ရှိနေတာကြောင့် ပရိသတ်တွေကြားမှာ ခန့်မှန်းရ ခက်ခဲနေပါတယ်။

● UFC ရဲ့ Promotion တွေဟာ အာရှဈေးကွက်ကို ချဲ့ထွင်ဖို့အတွက် အာရှရဲ့ ထိပ်သီးဖိုက်တာ နှစ်ဦးဖြစ်တဲ့ ဗန်နဲ့ တာဆူရို တိုင်ရာကို ပွဲတည်ပေးဖို့ အခွင့်အလမ်း အင်မတန် များပါတယ်။ ပရိသတ်တွေအနေနဲ့ကော ဘယ်သူနဲ့ ပွဲဖြစ်စေချင်ကြသလဲ?

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၆) ရက်အလိုမှာ ပြောကြားခဲ့တဲ့ "နောက်ဆုံး လူထုမိန့်ခွန်း"    #မောင်စွယ်စုံကျမ်း  #ဗဟုသုတ
04/01/2026

ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၆) ရက်အလိုမှာ ပြောကြားခဲ့တဲ့ "နောက်ဆုံး လူထုမိန့်ခွန်း"

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

မင်္ဂလာရှိသော လွန်လပ်ရေးနေ့ နံနက်ခင်းမှာ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရတဲ့ ကုသိုလ်ကြောင့် မ...
03/01/2026

မင်္ဂလာရှိသော လွန်လပ်ရေးနေ့ နံနက်ခင်းမှာ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရတဲ့ ကုသိုလ်ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ဘေးအန္တရာယ်ခပ်သိမ်းမှ ကင်းဝေးကြပါစေ။ အချုပ်အနှောင် ခံထားရသူအပေါင်းလည်း အမြန်ဆုံး လွတ်မြောက်ပြီး မိသားစုနဲ့ ပြန်လည် ဆုံစည်းနိုင်ကြပါစေ🙏

#မောင်စွယ်စုံကျမ်း

အမေရိကန်စစ်တပ်၏ အကြီးစား စစ်ဆင်ရေးဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သမ္မတ ထရမ့် အတည်ပြုအမေရိကန်...
03/01/2026

အမေရိကန်စစ်တပ်၏ အကြီးစား စစ်ဆင်ရေးဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သမ္မတ ထရမ့် အတည်ပြု

အမေရိကန်စစ်တပ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ Delta Force က ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အကြီးစား ထိုးစစ်ဆင်မှု တစ်ရပ် ပြုလုပ်ခဲ့ပြီး မာဒူရိုတို့ ဇနီးမောင်နှံကို ၎င်းတို့၏ နေအိမ်ဖြစ်သော Fort Tiuna စစ်အခြေစိုက်စခန်းအတွင်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူများကို အမေရိကန် စစ်သင်္ဘော USS Iwo Jima ပေါ်သို့ လေယာဉ်ဖြင့် တိုက်ရိုက် ခေါ်ဆောင်လာခဲ့ပြီး နယူးယောက်မြို့သို့ ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

သမ္မတ ထရမ့်သည် မာဒူရိုကို မျက်စိပိတ်၊ နားကြပ်တပ်လျက် USS Iwo Jima သင်္ဘောပေါ်တွင် ဖမ်းဆီးထားသည့် ဓာတ်ပုံကိုလည်း လူမှုကွန်ရက်တွင် တရားဝင် မျှဝေခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုအား ဖမ်းဆီးနိုင်ခဲ့ပြီဟူသော သတင်းထွက်ပေါ်လာပြီးနောက်၊ ကမ္ဘာ့အနှံ့အပြားရှိ ဗင်နီဇွဲလားအသိုင်းအဝိုင်းတွင် ဝမ်းသာအားရ အောင်ပွဲခံသည့် မြင်ကွင်းများဖြင့် ပြည့်နှက်သွားခဲ့ပါတယ်။

MSSK #မောင်စွယ်စုံကျမ်း #ဗဟုသုတ

● လွန်ခဲ့တဲ့ ၇၈ နှစ်၊ ၁၉၄၈ ခုနှစ်ရဲ့ ဒီကနေ့ည (ဇန်နဝါရီ ၃ ရက်) ဟာ မြန်မာတစ်မျိုးသားလုံးအတွက်တော့ ရင်ခုန်သံတွေ အကျယ်လောင်ဆ...
03/01/2026

● လွန်ခဲ့တဲ့ ၇၈ နှစ်၊ ၁၉၄၈ ခုနှစ်ရဲ့ ဒီကနေ့ည (ဇန်နဝါရီ ၃ ရက်) ဟာ မြန်မာတစ်မျိုးသားလုံးအတွက်တော့ ရင်ခုန်သံတွေ အကျယ်လောင်ဆုံးဖြစ်ခဲ့ရတဲ့ "မျှော်လင့်ချက်ည" တစ်ည ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ နီးပါး သူတစ်ပါးလက်အောက်မှာ နေခဲ့ရပြီးနောက်၊ နောက်ထပ် နာရီအနည်းငယ်အကြာမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာကို ပြန်လည်ရရှိတော့မယ်ဆိုတဲ့ အသိက လူတိုင်းကို အိပ်မပျော်နိုင်အောင် ဆွဲဆောင်ထားခဲ့ပါတယ်။

● အဲဒီနေ့က ရန်ကုန်မြို့အပါအဝင် တစ်ပြည်လုံးမှာရှိတဲ့ လမ်းမတွေပေါ်မှာ လူတွေဟာ ဝတ်ကောင်းစားလှတွေနဲ့ စည်ကားနေခဲ့ပါတယ်။ အတွင်းဝန်များရုံး (ယခု ဝန်ကြီးများရုံး) ရှေ့မှာ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက်အလံကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့နဲ့ မြန်မာ့အလံတော်ကို ပထမဆုံးအကြိမ် လွှင့်ထူဖို့အတွက် ပြင်ဆင်မှုတွေကို အားတက်သရော လုပ်ဆောင်နေကြပါတယ်။

● ဗေဒင်အခါတော်အရ လွတ်လပ်ရေးကြေညာမယ့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်၊ မနက် ၄ နာရီ ၂၀ မိနစ်မှာ ထွက်ပေါ်လာမယ့် အမြောက်သံကို နားစွင့်ဖို့ ပြည်သူတွေဟာ အချင်းချင်း နှုတ်ဆက်ရင်း ဒီကနေ့ညကို ဖြတ်သန်းခဲ့ကြတာပါ။ ဒါဟာ သမိုင်းတစ်ကွေ့မှာ မြန်မာတွေရဲ့ စည်းလုံးမှုနဲ့ ဇွဲသတ္တိကြောင့် ရရှိလာတဲ့ အောင်ပွဲအကြိုညပဲ ဖြစ်ပါတယ်။

● လွတ်လပ်ရေးယူမယ့် အခမ်းအနားအချိန်က မနက် ၄ နာရီ ၂၀ မိနစ်ဆိုတဲ့ အချိန်ဟာ တော်တော်လေး ဆန်းပြားပါတယ်။ ဗြိတိသျှတွေကတော့ အချိန်ကို သိပ်ဂရုမစိုက်ပေမဲ့ မြန်မာခေါင်းဆောင်တွေကတော့ ဗေဒင်အခါတော်ကို အင်မတန် ယုံကြည်တာကြောင့် ဒီအချိန်ကို ရွေးခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ ကောင်းကင်မှာ ကြယ်တွေ ထူးထူးခြားခြား လင်းထိန်နေခဲ့တယ်လို့ မှတ်တမ်းတချို့က ဆိုပါတယ်။

● ၁၉၄၈ ဇန်နဝါရီ ၄ ရက်၊ မနက် ၄ နာရီ ၂၀ မိနစ်မှာ ယူနီယံဂျက်အလံကို ဖြည်းဖြည်းချင်း အောက်ချတဲ့အခါ အင်္ဂလိပ်အရာရှိအချို့ဟာ ယူကျုံးမရဖြစ်ပြီး မျက်ရည်ကျခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းအချို့မှာ ဖော်ပြထားပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ အင်ပါယာကြီးရဲ့ နိဂုံးည ဖြစ်တယ်။

● လွတ်လပ်ရေးရမယ့် မနက်ဖြန်အတွက် ဒီနေ့လိုအကြိုညမှာ နိုင်ငံတော်အတွက် ဘေးအန္တရာယ် ကင်းစေဖို့ တစ်ပြည်လုံးက ဘုရားကျောင်းကန်တွေမှာ ဘုရားစာတွေ၊ ပရိတ်တော်တွေကို တစ်ညလုံး ရွတ်ဖတ်ပြီး လွတ်လပ်ရေးကို စောင့်ကြိုခဲ့ကြတာဟာ အင်မတန် ဆန်းပြားတဲ့ မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု ဖြစ်ပါတယ်။

● တကယ်တော့ လွတ်လပ်ရေးဆိုတာ ဘယ်လောက်အရေးကြီးကြောင်း ဖိနှိပ်အုပ်ချုပ်ခံရပြီး မလွတ်မလပ် နေရတဲ့အခါမျိုးမှာ လွတ်လပ်ခြင်းရဲ့ အရသာကို ကောင်းပိုသိကြမယ်ထင်ပါတယ်။ ဒီကနေ့ညမှာ လွန်ခဲ့တဲ့ ၇၈ နှစ်က ဘိုးဘွားတွေရဲ့ စိတ်လှုပ်ရှားမှုကို ပြန်လည်ခံစားရင်း၊ မနက်ဖြန်မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့ကို တန်ဖိုးရှိရှိ ဂုဏ်ပြုနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #လွတ်လပ်ရေးအကြိုည #မြန်မာ့သမိုင်း #လွတ်လပ်ရေးနေ့ #၁၉၄၈ #သမိုင်းသင်ခန်းစာ

ဘောလုံးလောကမှာ ချဲလ်ဆီးအသင်းဟာ "နည်းပြအပြောင်းအလဲ" လုပ်ပြီးတိုင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရလေ့ရှိတဲ့ ထူးခြားတဲ့ ရာဇဝင...
03/01/2026

ဘောလုံးလောကမှာ ချဲလ်ဆီးအသင်းဟာ "နည်းပြအပြောင်းအလဲ" လုပ်ပြီးတိုင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရလေ့ရှိတဲ့ ထူးခြားတဲ့ ရာဇဝင်တစ်ခု ရှိပါတယ်။

✅ ၂၀၁၂ ခုနှစ်: နည်းပြ ဘိုအာ့ချ် (Villas-Boas) ကို ရာသီဝက်မှာ ထုတ်ပယ်ခဲ့ပြီးနောက် ချဲလ်ဆီးတို့ဟာ သူတို့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

✅ ၂၀၂၁ ခုနှစ်: အသင်းရဲ့ ဂန္ထဝင် လမ်းပတ် (Frank Lampard) ကို ထုတ်ပယ်ပြီး နည်းပြသစ် တူချယ် (Thomas Tuchel) ကို ခန့်အပ်ခဲ့ရာမှာလည်း ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ထပ်မံရယူပြခဲ့ပြန်ပါတယ်။

✅ ၂၀၂၆ ခုနှစ်: ယခုလည်း နည်းပြ မာရက်စကာ (Enzo Maresca) ကို ရလဒ်ဆိုးများကြောင့် ထုတ်ပယ်လိုက်ပြီ ဖြစ်တာကြောင့် "ရာသီဝက်မှာ နည်းပြထုတ်ရင် UCL ဖလားရတယ်" ဆိုတဲ့ ချဲလ်ဆီးရဲ့ နတ်ကြီးတဲ့ နိမိတ်က ပြန်လည်အသက်ဝင်လာမလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့အတွက် ချဲလ်ဆီးအသင်း ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #အားကစား #ချဲလ်ဆီး #ချန်ပီယံလိဂ်

● ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှအင်ပါယာဟာ စီးပွားရေးအရ ချည့်နဲ့သွားသလို၊ မြန်မာပြည်တွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆေ...
03/01/2026

● ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှအင်ပါယာဟာ စီးပွားရေးအရ ချည့်နဲ့သွားသလို၊ မြန်မာပြည်တွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးရဲ့ လူထုအင်အားက အင်မတန် အားကောင်းနေပါတယ်။ အင်္ဂလိပ်တို့အနေနဲ့ မြန်မာပြည်ကို ဆက်လက်ထိန်းချုပ်ဖို့ စရိတ်စက အင်မတန် ကြီးမားလာတာကြောင့်နဲ့ "အောင်ဆန်း-အက်တလီ" စာချုပ်အရ မြန်မာ့လွတ်လပ်ရေးကို မလွဲမသွေ ပေးအပ်ခဲ့ပါတယ်။

● ဗိုလ်ချုပ်က "တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန်" နဲ့ မပေးရင် လက်နက်ကိုင်တော်လှန်ရေး ပြန်စမယ်လို့ ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ပါတယ်။ အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရင် "တောင်တန်းဒေသတွေကို ချန်ထားခဲ့ချင်" ပေမဲ့ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက လက်မခံဘဲ "တောင်တန်းပြည်မ တစ်ပြိုင်တည်း လွတ်လပ်ရေးရရမယ်" လို့ အခိုင်အမာ ပြောခဲ့ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ် ပင်လုံမြို့မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပင်လုံစာချုပ် ကို ချုပ်ဆိုနိုင်ခဲ့တာကြောင့်သာ ယနေ့မြင်တွေ့ရတဲ့ "ပြည်ထောင်စု" အဖြစ်နဲ့ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။

● ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့ကြပါတယ်။ ထိုအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဦးဘဖေ၊ သခင်မြ၊ ဦးတင်ထွတ်၊ ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ အဖွဲ့ဝင် (၆) ဦးအဖြစ် ပါဝင်ခဲ့ပြီး ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့က အကြံပေးများအဖြစ် လိုက်ပါခဲ့ကြပါတယ်။

● ဆွေးနွေးပွဲအပြီး "အောင်ဆန်း-အက်တလီစာချုပ်" ကို လက်မှတ်ရေးထိုးသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အဖွဲ့ဝင် (၄) ဦးက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ကတော့ လက်မှတ်မထိုးဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ သို့သော်လည်း ကိုယ်စားလှယ်အဖွဲ့၏ အများစုက သဘောတူညီခဲ့ခြင်းနှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူတစ်ရပ်လုံး၏ တစ်ခဲနက်ထောက်ခံမှုကို ရရှိထားသည့် စစ်မှန်သောခေါင်းဆောင်ဖြစ်ကြောင်း အသိအမှတ်ပြုထားခြင်းတို့ကြောင့် စာချုပ်အောင်မြင်ခဲ့ပါတယ်။

● ဂဠုန်ဦးစောတို့၏ ဤကန့်ကွက်မှုသည် နောက်ပိုင်းတွင် ခေါင်းဆောင်ကြီးများအပေါ် ရန်ငြိုးဖွဲ့၍ ဖြစ်ပေါ်လာမည့် ဖြစ်ရပ်ဆိုးများအတွက် အစပျိုးခြင်း မီးပွားတစ်စ ဖြစ်ခဲ့ပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုပြီး (၆) လနီးပါးအကြာ မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ၅ လကျော်အလိုတွင် အာဇာနည်ခေါင်းဆောင်ကြီးများ ဆုံးရှုံးခဲ့ရပါတယ်။ ဤဖြစ်ရပ်၏ နောက်ကွယ်တွင် ပြင်းထန်သော အာဏာမက်မောမှု၊ ပုဂ္ဂိုလ်ရေး အာဃာတများနှင့် အချို့သော သွေးထိုးလှုံ့ဆော်မှုများ ရှိနေခဲ့ပါတယ်။

● လွတ်လပ်ရေးဆိုသည့် ပန်းတိုင်ကို လက်တစ်ကမ်းအလို မြင်နေရပြီဖြစ်သည့် အချိန်မှာတင် အာဏာမက်မောမှုနှင့် မနာလိုစိတ်များကြောင့် နိုင်ငံ၏ တန်ဖိုးရှိလှသော ခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရခြင်းသည် ကျွန်တော်တို့ သမိုင်း၏ အမှောင်ဆုံးနေ့ရက်များ ဖြစ်ပါတယ်။ မိမိနိုင်ငံသားအချင်းချင်း သွေးကွဲခြင်းနှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ဆိုးများသည် ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆိုသည်ကို ယနေ့ထက်တိုင် သင်ခန်းစာပေးနေပါတယ်။

● ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မရှိတော့သော်လည်း မြန်မာ့လွတ်လပ်ရေးခရီးလမ်းသည် ရပ်တန့်မသွားခဲ့ပါဘူး။ ၁၉၄၇ ခုနှစ်မှာ ဦးနု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်သို့ ထပ်မံသွားရောက်ခဲ့ပြီး "နု-အက်တလီစာချုပ်" ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ထိုစဉ်က ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ဓနသဟာယအဖွဲ့ထဲဝင်မှသာ စစ်ရေးနှင့် စီးပွားရေး အကူအညီများ အပြည့်အဝပေးမည်ဟု အကျပ်ကိုင် ဆွေးနွေးခဲ့ကြပါတယ်။ သို့သော်လည်း မြန်မာ့ခေါင်းဆောင်များသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်ရန် ပြတ်သားစွာ ရွေးချယ်ခဲ့ကြပြီး လွတ်လပ်ရေးကို အရယူခဲ့ကြပါတယ်။

● ယနေ့ ၂၀၂၆ ခုနှစ်အထိ ကမ္ဘာပေါ်တွင် ဓနသဟာယအဖွဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း (၅၆) နိုင်ငံ ရှိနေပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ထိုနိုင်ငံများတွင် နေထိုင်ကြပါတယ်။ အိမ်နီးချင်း အိန္ဒိယ၊ ပါကစ္စတန်၊ စင်ကာပူနိုင်ငံများအပြင် ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်ကဲ့သို့ နိုင်ငံကြီးများသည်လည်း ယနေ့ထက်တိုင် ဗြိတိသျှဘုရင်ကို အကြီးအကဲအဖြစ် အသိအမှတ်ပြုကာ အဖွဲ့ဝင်အဖြစ် တည်ရှိနေကြဆဲ ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကတည်းက ဗြိတိသျှအင်ပါယာအတွင်းမှ လွတ်မြောက်ပြီးနောက် ဓနသဟာယအဖွဲ့ထဲသို့ မဝင်ရန် ဆုံးဖြတ်ခဲ့သည့် ပထမဆုံးသော ကိုလိုနီဟောင်းနိုင်ငံအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

အပိုင်း- ၉ ကို ဆက်လက်ဖော်ပြပါမယ်။

Reference: World War I Historical Archives

❗ Disclaimer: ဤတင်ဆက်မှုသည် သမိုင်းဗဟုသုတ ဝေမျှရန်နှင့် အတိတ်က သင်ခန်းစာများကို သိရှိနားလည်စေရန်သာ ရည်ရွယ်ပြီး၊ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဝါဒကိုမျှ ထောက်ခံအားပေးခြင်း မရှိပါ။

This content is for educational and historical purposes only. It is intended to provide historical awareness and does not promote or support any dangerous organizations, individuals, or ideologies.

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #အပိုင်း၈ #လွတ်လပ်ရေးသမိုင်း #ဗိုလ်ချုပ်အောင်ဆန်း #အောင်ဆန်းအက်တလီစာချုပ် #ပင်လုံစာချုပ် #မြန်မာ့သမိုင်း #သမိုင်းသင်ခန်းစာ #လွတ်လပ်ရေးအကြိုည

● ကမ္ဘာတစ်ဝန်းမှာ လက်ဖက်ကို ဖျော်ရည်အဖြစ်သာ သောက်သုံးလေ့ရှိကြပေမဲ့ လက်ဖက်ရွက်ကို အချဉ်ဖောက်ပြီး အသုပ်အဖြစ် စားသုံးတဲ့ "လ...
03/01/2026

● ကမ္ဘာတစ်ဝန်းမှာ လက်ဖက်ကို ဖျော်ရည်အဖြစ်သာ သောက်သုံးလေ့ရှိကြပေမဲ့ လက်ဖက်ရွက်ကို အချဉ်ဖောက်ပြီး အသုပ်အဖြစ် စားသုံးတဲ့ "လက်ဖက်စိုယဉ်ကျေးမှု" ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော နိုင်ငံလို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ "Miang" လို့ခေါ်တဲ့ လက်ဖက်ရွက်စားတဲ့ဓလေ့ ရှိသလို၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က တိုင်းရင်းသားအချို့မှာလည်း လက်ဖက်ကို ဟင်းချက်စားလေ့ ရှိကြပါတယ်။

● သို့သော်လည်း မြန်မာပြည်မှာလို လူမျိုးပေါင်းစုံ၊ နေရာအနှံ့အပြားမှာ လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် "လက်ဖက်သုပ်" ကို စွဲစွဲမြဲမြဲ စားသုံးတဲ့ ယဉ်ကျေးမှုမျိုးကတော့ ကမ္ဘာမှာ မြန်မာပဲ ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း UNESCO ကို အဆိုပြုတင်သွင်းတဲ့အခါမှာ "Eating Tea Culture" (လက်ဖက်စားသုံးမှု ယဉ်ကျေးမှု) ဆိုတဲ့ အချက်ကို အဓိကထား တင်ပြရခြင်းဖြစ်ပြီး၊ ဒါဟာ တရုတ်နိုင်ငံရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုနဲ့ မတူကွဲပြားတဲ့ ကျွန်တော်တို့ မြန်မာ့ကိုယ်ပိုင် Identity စစ်စစ်ပဲ ဖြစ်ပါတယ်။

● အခုအခါမှာတော့ ကျွန်တော်တို့ရဲ့ ဒီထူးခြားလှတဲ့ "လက်ဖက်စိုယဉ်ကျေးမှု" (Pickled Tea Culture) ကို UNESCO ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (ICH) ထဲ ထည့်သွင်းနိုင်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလက်ဖက်အသင်းတို့၏ ကြိုးပမ်းမှုအရ အပြီးသတ် ဆောင်ရွက်နေပြီဆိုတဲ့ သတင်းကောင်း ထွက်ပေါ်လာပါတယ်။

● ရုက္ခဗေဒပညာရှင်တွေရဲ့ အဆိုအရ လက်ဖက်ပင်ရဲ့ မူလဇာစ်မြစ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ဖျားခံရာ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီလက်ဖက်ပင်တွေကို အချဉ်ဖောက်ပြီး "လက်ဖက်စို" အဖြစ် ဖန်တီးခဲ့သူတွေကတော့ ရှမ်းပြည်နယ်က ပလောင် (တအောင်း) တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ပုဂံခေတ် အလောင်းစည်သူမင်းကြီး လက်ထက်ကတည်းက လက်ဖက်ကို အထူးတန်ဖိုးထား စိုက်ပျိုးခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေ ရှိခဲ့ပါတယ်။

● ရှေးမြန်မာဘုရင်များလက်ထက်မှာ လက်ဖက်သုပ်ဟာ သာမန်အစားအစာထက် ပိုပါတယ်။ ရန်ဘက်တွေကြား ပဋိပက္ခပြေငြိမ်းသွားရင်ဖြစ်စေ၊ တရားရုံးမှာ အမှုအခင်းတစ်ခု စီရင်ချက်ချပြီးရင်ဖြစ်စေ နှစ်ဦးနှစ်ဖက် လက်ဖက်ကို အတူတူစားသုံးခြင်းဖြင့် "ငြိမ်းချမ်းရေး သဘောတူညီချက်" ကို တရားဝင် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ဟာ မြန်မာ့ယဉ်ကျေးမှုမှာ "အမှုပြေငြိမ်းခြင်း" ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။

● ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဆိမ့် ဆိုတဲ့ အရသာ ၅ မျိုး စုံလင်စွာပါဝင်တဲ့ လက်ဖက်သုပ်ဟာ မြန်မာတို့ရဲ့ ရက်ရောမှုကို ပြသတဲ့ "ဧည့်ဝတ်ကျေ" အစားအစာလည်း ဖြစ်ပါတယ်။ အလှူအတန်းတွေမှာ ယွန်းလင်ဗန်းနဲ့ တည်ခင်းတဲ့ "အလှူလက်ဖက်" ကနေ လမ်းဘေးဆိုင်တွေက ၅၀ တန်"ရှူးရှဲ" အထိ လက်ဖက်ဟာ မြန်မာ့လူနေမှုဘဝထဲမှာ ခွဲခြားလို့မရအောင် ရှိနေပါတယ်။ အိမ်တိုင်းမှာ လက်ဖက်ရှိပြီး လက်ဖက်မစားသူ မရှိလောက်အောင် ရှားပါတယ်။ အညာဒေသတွေမှာဆို လက်ဖက်၊ ထန်းညက်၊ ကွမ်း ဟာ အိမ်တိုင်းရဲ့ လက်စွဲတော် ဧည့်ခံရေးပစ္စည်းဖြစ်ပါတယ်။

● အခုလို နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးနဲ့ သမိုင်းအစဉ်အလာတွေ ပေါင်းစပ်ထားတဲ့ မြန်မာ့လက်ဖက်ကို ကမ္ဘာက အသိအမှတ်ပြုတော့မယ့်အရေးဟာ ကျွန်တော်တို့အားလုံးအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ မြန်မာ့လက်ဖက် ကမ္ဘာ့အဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်ပါစေလို့ MSSK မှ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးလည်း သူများတွေ မကူးခင် ယူနက်စကို ဝင်အောင် ဝိုင်းပြီး အားပေး ထောက်ခံကြပါအုံးခင်ဗျာ။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #မြန်မာ့လက်ဖက် #လက်ဖက်စိုယဉ်ကျေးမှု #ပုဂံသမိုင်း #ပလောင်ရိုးရာ #မြန်မာ့ယဉ်ကျေးမှု #သမိုင်းသင်ခန်းစာ #လက်ဖက်သုပ်အနုပညာ

● UFC ကနေ သူတို့ရဲ့ ထိပ်တန်းဖိုက်တာ ၁၆ ယောက်ကို "၂၀၂၆ ခုနှစ်အတွင်း ဘယ်ပွဲကို အကြည့်ချင်ဆုံးလဲ" လို့ DM ကနေတစ်ဆင့် လိုက်လ...
03/01/2026

● UFC ကနေ သူတို့ရဲ့ ထိပ်တန်းဖိုက်တာ ၁၆ ယောက်ကို "၂၀၂၆ ခုနှစ်အတွင်း ဘယ်ပွဲကို အကြည့်ချင်ဆုံးလဲ" လို့ DM ကနေတစ်ဆင့် လိုက်လံမေးမြန်းခဲ့ပါတယ်။ အဲဒီအထဲမှာ ကနေဒါနိုင်ငံသား ဖိုက်တာ Malcolm Gordon (The Machine) က ၂၀၂၆ မှာ သူအကြည့်ချင်ဆုံး ပွဲစဉ် (Absolute Banger) အဖြစ် ကျွန်တော်တို့ မြန်မာပြည်ဖွား Josh Van နဲ့ Manel Kape တို့ရဲ့ ပွဲကို ရွေးချယ်သွားခဲ့ပါတယ်။

● Malcolm Gordon ဟာ Flyweight တန်းမှာ အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး မျိုးဆက်သစ်တွေရဲ့ စွမ်းဆောင်ရည်ကို အမြဲစောင့်ကြည့်လေ့ရှိသူ ဖြစ်ပါတယ်။ သူကိုယ်တိုင်က Josh Van ရဲ့ ထိုးသတ်ပုံကို အသိအမှတ်ပြု ချီးကျူးလိုက်တာဟာ Josh Van ရဲ့ အဆင့်အတန်းက ကမ္ဘာ့ထိပ်တန်း ဖိုက်တာတွေကြားမှာ ဘယ်လောက်အထိ ရေပန်းစားနေသလဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

● ဒါဟာ Josh Van ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အရည်အချင်းကို ကမ္ဘာက အသိအမှတ်ပြုနေတာဖြစ်လို့ ကျွန်တော်တို့ မြန်မာပရိသတ်တွေအားလုံးကလည်း ၂၀၂၆ မှာ Josh Van ရဲ့ အောင်မြင်မှုတွေကို ဆက်လက် မြင်တွေ့ရဖို့ ဆုတောင်းပေးရင်းနဲ့ ဗန်ကို ကလေးပေါက်စလို့ လှောင်ထားတဲ့ အပြောကြီးတဲ့ ကျွဲကြီးကို တီးထုတ်နိုင်အောင် အားပေးကြရအောင်ဗျာ။ 💪🏆🇲🇲

#မောင်စွယ်စုံကျမ်း #ဗဟုသုတ ်း #မြန်မာ့ဂုဏ်ဆောင်

Address

Phahon Yothin Road
Singapore
13170

Alerts

Be the first to know and let us send you an email when MSSK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MSSK:

Share