MSSK 👉 သုတ၊ ရသ၊ စာပေများ၊ နည်းပညာ သတင်းစုံနဲ့ ဗဟုသုတများကို ဖတ်ချင်ရင် Follow လုပ်ထားပါ။ ✅
(2627)

စိတ်ငြိမ်ပြီး ကောင်းစွာ အိပ်ပျော်စေမည့်နည်းလမ်း (၃) မျိုးတစ်နေ့တာလုံး စိတ်ဖိစီးမှုတွေ၊ အလုပ်ကိစ္စတွေနဲ့ ရုန်းကန်ခဲ့ပြီးန...
13/12/2025

စိတ်ငြိမ်ပြီး ကောင်းစွာ အိပ်ပျော်စေမည့်နည်းလမ်း (၃) မျိုး

တစ်နေ့တာလုံး စိတ်ဖိစီးမှုတွေ၊ အလုပ်ကိစ္စတွေနဲ့ ရုန်းကန်ခဲ့ပြီးနောက်၊ ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်ခြင်း ဟာ မနက်ဖြန်အတွက် အားပြန်ဖြည့်ခြင်းဖြစ်ပါတယ်။ ခေတ်ကာလ အခြေအနေအရလူအတော်များများဟာ အိပ်မပျော်ခြင်းဒဏ်ကို ခံစားနေကြရတာကြောင့် စိတ်ကို ငြိမ်သက်စေပြီး ကောင်းစွာ အိပ်ပျော်စေမယ့် နည်းလမ်း (၃) မျိုး ကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

၁။ 🧘 အသက်ရှူခြင်း ၄-၇-၈ နည်းစနစ်

လေးစက္ကန့်ကြာအောင် နှာခေါင်းဖြင့် ဖြည်းညင်းစွာ လေရှူသွင်းပါ။ ထို့နောက် ခုနစ်စက္ကန့်ကြာအောင် အသက်ကို အောင့်ထားပါ။ နောက်ဆုံး ရှစ်စက္ကန့်ကြာအောင် ပါးစပ်မှတစ်ဆင့် ဖြည်းညှင်းစွာ လေမှုတ်ထုတ်ပါ။ ဤနည်းလမ်းသည် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အာရုံကြောစနစ်ကို ဖြေလျှော့ပေးကာ မိနစ်အနည်းငယ်အတွင်း အိပ်ပျော်စေနိုင်ပါတယ်။

၂။ 💡 အပြာရောင်အလင်းကို တားဆီးခြင်း (Blue Light Block)

အိပ်ရာမဝင်မီ တစ်နာရီအလို တွင် ဖုန်း၊ တက်ဘလက် သို့မဟုတ် ရုပ်မြင်သံကြား ကြည့်ခြင်းကို ရှောင်ကြဉ်ပါ။ ထိုပစ္စည်းများမှ ထွက်ရှိသော အပြာရောင် အလင်း သည် လူ့ခန္ဓာကိုယ်၏ အိပ်စက်ခြင်း ဟော်မုန်း (Melatonin) ထုတ်လုပ်မှုကို တားဆီးပါတယ်။ ထို့ကြောင့် ဦးနှောက်က အနားယူရန် အချိန်ရောက်ပြီ ဟု မမှတ်ယူနိုင်ဘဲ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။

၃။ ✍️ ဦးနှောက်ကို ရှင်းလင်းခြင်း (Brain Dump)
အိပ်ရာမဝင်မီ ၁၀ မိနစ်ခန့် အချိန်ယူပြီး ယနေ့ စိုးရိမ်ပူပန်မှုများ၊ မနက်ဖြန် လုပ်ရမည့် အလုပ်စာရင်းများ နှင့် အတွေးများ အားလုံးကို စာရွက်ပေါ်တွင် ချရေးပါ။ ဒီလိုချရေးလိုက်ခြင်းအားဖြင့် ဦးနှောက်ထဲက စိတ်ရှုပ်ထွေးစေမည့် အချက်အလက်များကို အပြင်သို့ ထုတ်ပစ်လိုက်သလို ဖြစ်ပြီး၊ အေးချမ်းစွာ အနားယူရန်အတွက် အခန်းလွတ်တစ်ခု ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။

ဒီနည်းလမ်းကောင်းလေးတွေကို လက်တွေ့ကျင့်သုံးပြီး ကောင်းမွန်တဲ့ ညအိပ်ချိန် ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးပါတယ်။

#အိပ်စက်ခြင်း #မောင်စွယ်စုံကျမ်း #ဗဟုသုတ

13/12/2025

တစ်ချို့လူတွေကို သိစေချင်တယ်။

#မောင်စွယ်စုံကျမ်း

13/12/2025

ဒီအကျင့်က လူတိုင်းနီးပါးမှာ ရှိတတ်တယ်။ အချိန်မီ ပြင်ကြပါ။ "ဒီနေ့" ဟာ ကျွန်တော်တို့ ရရှိထားတဲ့ အသေချာဆုံးလက်ဆောင် ဖြစ်ပါတယ်။

#ပါချုပ်ဆရာတော် #တရား #ဗဟုသုတ #မောင်စွယ်စုံကျမ်း

🔥 မက်ဆီ ကို ၅ မိနစ်သာ မြင်ရ၍ ဒေါသထွက်ခဲ့ကြသော သူ့ပရိသတ်များ- ကိုလ်ကတ္တားကွင်းတွင် ထိုင်ခုံများ ချိုးဖျက်● ကမ္ဘာကျော် ဘော...
13/12/2025

🔥 မက်ဆီ ကို ၅ မိနစ်သာ မြင်ရ၍ ဒေါသထွက်ခဲ့ကြသော သူ့ပရိသတ်များ- ကိုလ်ကတ္တားကွင်းတွင် ထိုင်ခုံများ ချိုးဖျက်

● ကမ္ဘာကျော် ဘောလုံးဘုရင် မက်ဆီရဲ့ "GOAT India Tour 2025" ခရီးစဉ်ရဲ့ ပထမဆုံး မြို့ဖြစ်တဲ့ ကိုလ်ကတ္တားမြို့ ရဲ့ ဘောလုံး ကွင်းထဲမှာ မျှော်မှန်းထားသည့်အတိုင်း တစ်ပတ်အပြည့် လှည့်လည်နှုတ်ဆက်ခြင်းကို မပြုလုပ်နိုင်ဘဲ ၅ မိနစ်မှ ၂၂ မိနစ်ခန့် (သတင်းရင်းမြစ်များ မတူညီပါ) သာ နေထိုင်ခဲ့ပြီး စောစီးစွာ ထွက်ခွာသွားခဲ့တာကြောင့် ပရိသတ်တွေက ဆူပူမှုနဲ့ အကြမ်းဖက်မှု တွေ ပြုလုပ်ခဲ့ကြပါတယ်။

● မက်ဆီ ကွင်းထဲမှာ ရှိနေစဉ် နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာရှင်များနှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ကသာ နီးကပ်စွာ ဝန်းရံထားပြီး ရိုးရိုးပရိသတ်များ မှာ မက်ဆီကို ကောင်းစွာ မမြင်တွေ့လိုက်ရရတာကြောင့် ပရိသတ်တွေ အလွန် ဒေါသထွက်စေခဲ့ပါတယ်။ ရူပီး ၅,၀၀၀ မှ ရူပီး ၁၈,၀၀၀ ပေးပြီး လက်မှတ် ဝယ်ယူခဲ့ရသော်လည်း ကောင်းမွန်စွာ မမြင်တွေ့လိုက်ရခြင်း ကြောင့် "လိမ်လည်မှု (Scam)" ဟု အော်ဟစ်ကာ ဒေါသ ထွက်ခဲ့ကြပါတယ်။

● ပွဲစီစဉ်မှု ညံ့ဖျင်းခြင်းနှင့် မက်ဆီ စောစီးစွာ ထွက်ခွာသွားခြင်းတို့ကြောင့် ဒေါသထွက်သော ပရိသတ်များက ပလတ်စတစ် ထိုင်ခုံများကို ချိုးဖျက်ပြီး ကွင်းထဲသို့ ပစ်ပေါက်ခဲ့ခြင်း၊ဆိုင်းဘုတ်များကို ဆွဲဖြဲဖျက်ဆီးခြင်း၊ ရေသန့်ဘူးခွံများ၊ ပုလင်းများ ကို ပစ်ပေါက်ခဲ့ခြင်း၊ လုံခြုံရေးစည်းများကို ကျော်ဖြတ်ကာ ကွင်းအတွင်းသို့ အတင်းအကြပ် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းများ ဖြစ်ပွားခဲ့ပါတယ်။
ပြည်နယ် ဝန်ကြီးချုပ် က ပွဲစီစဉ်မှု ညံ့ဖျင်းခြင်းအတွက် မက်ဆီနှင့် ပရိသတ်များထံ လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #မက်ဆီ

● ပန်တိုဂျာ နောက်ဆုံး ခါးပတ်ကာကွယ်ပွဲအပြီး ရရှိခဲ့သော ဒဏ်ရာအား လျစ်လျူရှုကာ လေ့ကျင့်ရေးပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ ဒဏ်ရ...
13/12/2025

● ပန်တိုဂျာ နောက်ဆုံး ခါးပတ်ကာကွယ်ပွဲအပြီး ရရှိခဲ့သော ဒဏ်ရာအား လျစ်လျူရှုကာ လေ့ကျင့်ရေးပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် လအနည်းငယ်ကြာ အနားယူရန် လိုအပ်နေသော်လည်း အလေးများကို အသုံးပြုကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ အတွက် ကြိုးစား လေ့ကျင့်နေတာကို တွေ့ရပါတယ်။ ဒဏ်ရာ အတားအဆီးများကို ကျော်လွှားကာ အမြန်ဆုံး မကြေပွဲနွှဲရန် စိတ်အားထက်သန်နေပါတယ်။

● ချန်ပီယံခါးပတ် ရရှိပြီးနောက် သူပြောခဲ့သည့်အတိုင်း Van ဟာ ဒီဇင်ဘာလကို မိသားစု၊ မောင်နှမများ နှင့် ပျော်ရွှင်စွာ အနားယူနေတာကို တွေ့ရှိရပါတယ်။ Joshua Van ရဲ့ နောက်ထပ် ပြိုင်ဘက်ကို UFC က တရားဝင် မဆုံးဖြတ်ရသေးပါဘူး။ သို့သော်လည်း UFC ဥက္ကဋ္ဌက ဂျပန်နိုင်ငံ မှာ လာမယ့်ပွဲကို ကျင်းပဖို့ စိတ်ကူးရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးတာကြောင့် တာဆူရိုတိုင်ရာနဲ့ ခါးပတ်ကာကွယ်ပွဲ ထိုးရနိုင်ပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

● အိမ်နီးနားချင်းတွေက တဖက်အိမ် ခြံစည်းရိုးမခတ်ထားရင် သူများမြေကြီးဘက် မသိမသာ တိုးပြီးကာသလို၊ လမ်းတွေကို တိုးတဲ့သူတွေရှိလ...
13/12/2025

● အိမ်နီးနားချင်းတွေက တဖက်အိမ် ခြံစည်းရိုးမခတ်ထားရင် သူများမြေကြီးဘက် မသိမသာ တိုးပြီးကာသလို၊ လမ်းတွေကို တိုးတဲ့သူတွေရှိလို့ လှည်းသွားရ၊ ကားသွားရခက်တာတွေ မြင်နေရတယ်။ လယ်ထဲယာခင်းအစပ်တွေမှာ လယ်ကန်သင်းတိုး မြေခိုးတာ နယ်ဘက်ရွာဘက်တွေမှာ ကြုံဖူးကြတယ်မလား။ မြို့ကြီးတွေကတော့ ပေအတိအကျနဲ့ ဂရမ်ကွက်မြေမို့ တိုးမရပေမယ့် ရေကျတာ၊ အမှိုက်ကျတာတွေ ရှိကြသေးတယ်။

● လောက၌ ခိုးမှုအမျိုးမျိုးရှိတဲ့အနက် မြေကြီးခိုးယူခြင်းသည် အပြစ်အကြီးဆုံး အကုသိုလ်ကံ လို့ ဓမ္မစာပေများက ညွှန်ပြထားပါတယ်။ အပေါ်ယံအားဖြင့် ကြည့်လျှင် နှစ်ပေ၊ သုံးပေခန့်မျှသာ ဖြစ်၍ များပြားခြင်းမရှိဟု ထင်ရသော်လည်း၊ အောက်အဝီစိ မဟာပထဝီမြေထု သို့ ရောက်အောင် တိုင်းတာကြည့်လိုက်လျှင် ၎င်း၏ ပမာဏသည် အလွန်မတန် ကြီးမားပါတယ်။

● ဓမ္မစာပေများ၏ ဖော်ပြချက်အရ မြေခိုးယူခဲ့သူများသည် သေလွန်သောအခါ ပြိတ္တာဘဝ သို့ ရောက်ရှိကြရပါတယ်။ လူ့ဘဝတုန်းက ခိုးယူခဲ့သော မြေကြီးအား အမြဲတစေ ထမ်းပိုးနေရခြင်း နှင့် စားစရာမရှိ၍ မြေကြီးကိုသာ စားသုံးနေရခြင်း စသည့် ဆိုးရွားသော ဝဋ်ကြွေးများကို ခံစားကြရပါတယ်။ ကိုယ်တိုင်က မြေခိုးမှု အကုသိုလ်ကံဖြင့် သံသရာတွင် ဒုက္ခခံရသော်လည်း၊ ကျန်ခဲ့သော သားစဉ်မြေးဆက်များမှာ ခိုးယူထားသော မြေပေါ်တွင် ကောင်းစားနေခြင်းက အလွန်မတန် တန်ဖိုးမရှိသော အလဲအလှယ် ဖြစ်ပါတယ်။

● ထို့ကြောင့် အများ ကောင်းစားစေရန် ရည်ရွယ်၍ပင် ဖြစ်စေ၊ အကုသိုလ်ကံ ပါသော နည်းလမ်းများဖြင့် မြေယာတိုးခြင်း ခိုးခြင်းများ မပြုလုပ်သင့်ပါဘူး။ သံသရာ၏ ဝဋ်ကြွေးကို တွေးပြီး မိမိကိုယ်ကို သတိတရားဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ကိုယ့်အိမ်နီးနား၊ လယ်နားနီးချင်းတွေ ရှိရင်လည်း ဒီစာလေးကို ပြလိုက်ပါ။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #တရားဓမ္မ #မြေခိုးခြင်း #ဝဋ်ကြွေး

မင်္ဂလာရှိသောနေ့မှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းဖြင့်ပြည့်စုံပြီး၊ ရတနာသုံးပါး၏ မေတ္တာရိပ်အောက် တွင် ဘေးရန်အပေါင်...
12/12/2025

မင်္ဂလာရှိသောနေ့မှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းဖြင့်ပြည့်စုံပြီး၊ ရတနာသုံးပါး၏ မေတ္တာရိပ်အောက် တွင် ဘေးရန်အပေါင်းမှ ကင်းဝေးကာ အေးချမ်းစွာ နေထိုင်နိုင်ကြပါစေ🙏🙏🙏

#မောင်စွယ်စုံကျမ်း #ဗဟုသုတ

● မေထက်လူက မြန်မာအသင်း အုပ်စုက ထွက်ပြီးပြီးချင် ဒီစာလေးကို တင်လာခဲ့တယ်။ " ရိုးရိုး ရှုံးနိမ့်တာနဲ့၊ အစွမ်းကုန် ကြိုးစားပ...
12/12/2025

● မေထက်လူက မြန်မာအသင်း အုပ်စုက ထွက်ပြီးပြီးချင် ဒီစာလေးကို တင်လာခဲ့တယ်။ " ရိုးရိုး ရှုံးနိမ့်တာနဲ့၊ အစွမ်းကုန် ကြိုးစားပြီးမှ ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ရတာ က မတူဘူး။ မနေ့ကရှုံးခဲ့တဲ့ပွဲဟာ ရိုးရိုး ရှုံးပွဲမဟုတ်ဘူး" ရှုံးပွဲနောက်ကွယ်မှာ ပရိသတ် မသိနိုင်သေးသော ပြဿနာ သို့မဟုတ် မကျေနပ်ချက်များ ရှိနေကြောင်းကို ရည်ညွှန်းဖော်ပြထားပါတယ်။

● ကျောင်းပညာရေး တစ်ဖက်၊ နိုင်ငံ့လက်ရွေးစင်ဆိုတဲ့ ဝါသနာတစ်ဖက် နဲ့ အမေရိကန်ပြည်ထောင်စု လို အဝေးကြီးကနေ မြန်မာအသင်းအတွက် လိုအပ်တယ်လို့ ပြောလို့ ချက်ချင်း ပြန်လာပြီး အနစ်နာခံခဲ့တဲ့ ကစားသမား မေထက်လူ ရဲ့ အားကစားစိတ်ဓာတ် နဲ့ နိုင်ငံ့ချစ်စိတ်ကို လေးစားပါတယ်။

● ကံမကောင်းဘူးလို့ ယူဆတတ်ကြတဲ့ ကျောနံပါတ် ၁၃ ကိုမှ ရွေးချယ်ပြီး၊ ကိုယ့်ကို အချိန်ပြည့် သုံးသုံး၊ မသုံးသုံး ကန်ရတဲ့ မိနစ်ပိုင်းလေးမှာ အစွမ်းကုန် ကြိုးစား ကစားတတ်တဲ့ စိတ်ဓာတ်ဟာ အတုယူစရာ ဖြစ်ပါတယ်။ ယခု SEA Games မှာ ၂ ပွဲကန်၊ ၂ ဂိုးသွင်း နိုင်ခဲ့တဲ့အတွက် နိုင်ငံ့အတွက် အလွန်အရေးပါသော ကစားသမားတစ်ဦး ဖြစ်ပါတယ်။

● အနာဂတ်မှာ ပရိသတ်တွေအနေနဲ့ မေထက်လူရဲ့ ပညာရေးကိုလည်း အာရုံစိုက်စေချင်ပါတယ်။ သို့သော် မြန်မာ့ဘောလုံးလောကအတွက် အသင်းက လိုအပ်တဲ့အခါ စွမ်းဆောင်ရှင် တစ်ယောက်အနေနဲ့ ပြန်လာပေးဖို့ မျှော်လင့်နေမှာပါ။ အနာဂတ်မှာ ပိုမို အရေးပါတဲ့ ကစားသမားအဖြစ် ပြန်လည် မြင်တွေ့ချင်ပါတယ်။

Photo: May Het Lu Acc

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #မေထက်လူ #မြန်မာအမျိုးသမီးလက်ရွေးစင်

💥ဖင်လန်နိုင်ငံ ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ FC Haka အသင်း တန်းဆင်းသဖြင့် ဒေါသထွက်သော ပရိသတ်များ အိမ်ကွင်းကို  မီးရှို့ခံခဲ့ရတ...
12/12/2025

💥ဖင်လန်နိုင်ငံ ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ FC Haka အသင်း တန်းဆင်းသဖြင့် ဒေါသထွက်သော ပရိသတ်များ အိမ်ကွင်းကို မီးရှို့ခံခဲ့ရတယ်ဆိုတဲ့ သတင်းဟာ အားကစားလောကကို တုန်လှုပ်စေခဲ့ပါတယ်။

ဒီဖြစ်စဉ်လိုပဲ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ ၂၇ ကြိမ်မြောက် Sea Games မှာ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့လို့ ထိုင်ခုံများ ဖျက်ဆီး၊ ဆိုင်းဘုတ်များ မီးရှို့ စသည့် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး၊ လူအချို့ကို ခေတ္တထိန်းသိမ်းခံရလို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဖမ်းဆီးခံရသူများကို ကူညီခဲ့ကြောင်း သတင်းများမှာ ဖတ်ရဖူးပါတယ်။

မြန်မာနှင့် အင်ဒိုနီးရှား နှစ်သင်းလုံး ရမှတ် တူညီခဲ့သော်လည်း မြန်မာသည် အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သောကြောင့် Head-to-Head စည်းမျဉ်းအရ အုပ်စုမှ ထွက်ခဲ့ရပါတယ်။ အဲ့အချိန်က ကိုရီးယားနိုင်ငံသား နည်းပြချုပ် ပက်ဆောင်ဟွာက အုပ်စုစည်းမျဉ်း (ဂိုးကွာခြားချက်ထက် အသင်းနှစ်သင်းကြား အနိုင်/ရှုံးရလဒ် Head-to-Head က ပိုအရေးကြီးကြောင်း ကို သေချာ နားမလည်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မြန်မာဘောလုံးအသင်းဟာ နည်းပြတွေသတ်လို အခါခါသေခဲ့ရပြီးပါပြီ။

Photo- FC Haka and Wikipedia> MFF

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #ဘောလုံးသတင်း

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ၌ ကျင်းပသော ၂၀၂၅ SEA Games အမျိုးသား U-22 ဘောလုံးပြိုင်ပွဲ၏ အုပ်စု (C) န...
12/12/2025

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ၌ ကျင်းပသော ၂၀၂၅ SEA Games အမျိုးသား U-22 ဘောလုံးပြိုင်ပွဲ၏ အုပ်စု (C) နောက်ဆုံးပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် U-22 အသင်းသည် ပြိုင်ဘက် အင်ဒိုနီးရှား U-22 အသင်းကို ၃-၁ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။

ပရိသတ်များ မျှော်မှန်းထားသည့် ရလဒ်နှင့် လုံးဝ ကွာခြားခဲ့ခြင်းကြောင့် ပြင်းထန်သော ဝေဖန်မှုများအား ရင်ဆိုင်ရလျက်ရှိပါတယ်။ မကြာသေးမီကမှ အမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ် သည်လည်း အလားတူ အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းကြောင့် တာဝန်ယူမှုဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ဖြစ်ပါတယ်။

ထို့ကြောင့် အမျိုးသား U-22 အသင်း၏ နည်းပြချုပ်အနေဖြင့်လည်း အသင်းအား မျှော်မှန်းချက်အတိုင်း ဦးဆောင်နိုင်ခြင်းမရှိသည့်အတွက် ရာထူးမှ နုတ်ထွက်သင့်ကြောင်း အားကစား ပရိသတ်များနှင့် ပြည်သူများအကြားတွင်ပြောဆို ဝေဖန်နေကြပါတယ်။ အောင်လရဲ့ ငါမှားတာရှိရင် တောင်းပန်ပါတယ် မပြောခင် မျိုးကြီးရဲ့ ဆက်ရန်မရှိ သီချင်းကို ကြိုဖွင့်ထားသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #နည်းပြချုပ်နုတ်ထွက်ရေး #ဖိအား

၂၀၂၅ SEA Games အမျိုးသား U-22 ဘောလုံးပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် U-22 အသင်းနှင့် အင်ဒိုနီးရှား U-2...
12/12/2025

၂၀၂၅ SEA Games အမျိုးသား U-22 ဘောလုံးပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် U-22 အသင်းနှင့် အင်ဒိုနီးရှား U-22 အသင်းတို့၏ ပွဲစဉ်သည် ပထမပိုင်း ပြီးဆုံးချိန်တွင် ၁-၁ ဂိုး ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် အကောင်းဆုံး ဒုတိယ (Best Runner-up) နေရာကို ရယူရန် ယခုပွဲစဉ်ကို အနိုင်ရရှိရန် မဖြစ်မနေ လိုအပ်နေပါတယ်။

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #မြန်မာ့အားကစား

Sea Games ၃ကြိမ်မှာ ရွှေတံဆိပ် ၅ခု ရယူပေးသူ- မျိုးဆက်သစ် ခြင်းလုံးမယ် စာဉ🇲🇲● မြန်မာ့ရိုးရာ ခြင်းလုံးအားကစားပြိုင်ပွဲမှာ ...
12/12/2025

Sea Games ၃ကြိမ်မှာ ရွှေတံဆိပ် ၅ခု ရယူပေးသူ- မျိုးဆက်သစ် ခြင်းလုံးမယ် စာဉ🇲🇲

● မြန်မာ့ရိုးရာ ခြင်းလုံးအားကစားပြိုင်ပွဲမှာ မျိုးဆက်သစ် စွမ်းဆောင်ရှင် အဖြစ် ထင်ရှားလာသူကတော့ ကစားသမား စာဉ ပဲ ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးကျင်းပခဲ့တဲ့ SEA Games သုံးကြိမ်ဆက်တိုက် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်များ ဆွတ်ခူးပေးခဲ့ပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၃ ၊ ၂၀၂၃၊ ၂၀၂၅ Sea Games တွေမှာ ရွှေတံဆိပ် စုစုပေါင်း ၅ ကြိမ်ရရှိထားတဲ့အတွက် မြန်မာ့အားကစားသမားများအတွက် စံနမူနာကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ခြင်းလုံးအားကစားနည်း ကိုလည်း နိုင်ငံတကာမှာ သိရှိစေဖို့ ပြသနိုင်ခဲ့သူပါ။

● ခြင်းလုံးကစားနည်းဟာ ရှေးခေတ်ကာလထဲ ရှိခဲ့တာဖြစ်ပြီး မြန်မာ့ရိုးရာ ကစားနည်းတစ်ခုအဖြစ် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း သို့ တင်သွင်းရန် ကြိုးစားနေကြပါတယ်။ Sea Games အိမ်ရှင်နိုင်ငံအနေနဲ့ ရိုးရာအားကစားနည်း တစ်ခုကို ထည့်သွင်းကျင်းပခွင့်ရတဲ့ စည်းမျဉ်းရှိတာကြောင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထည့်သွင်းကျင်းပခဲ့တာဖြစ်ပါတယ်။

● ခြင်းလုံးကစားနည်း၏ ထူးခြားချက်မှာ တယောက်နှင့်တယောက် ယှဉ်ပြိုင်ရခြင်းမဟုတ်ပဲ အသင်းလိုက်စိတ်ဓာတ်ဖြင့် အနုပညာနဲ့ပေါင်းစပ်ကာ ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဖဝါး၊ ဖနောင့်၊ ဖမျက် တို့ကိုသုံးပြီး ခြင်းလုံးကိုမြေသို့မကျအောင် ကစားဖော်များက စုပေါင်းအားထုတ်ရတဲ့ ကစားနည်းဖြစ်ပါတယ်။ သူများနိုင်ငံ ထော်ကိုင်းတွေ ကော်ပီမဦးခင် ယူနက်စကိုအမွေအနှစ်အဖြစ် အမြန်ဆုံးဝင်နိုင်အောင်လည်း အားလုံးဝိုင်းပြီ ဆုတောင်းအားပေးကြပါအုံးနော်။

Sources. Wikipedia> Photo> Sar Egg

#မောင်စွယ်စုံကျမ်း #ဗဟုသုတ #စာဉ #ခြင်းလုံးမယ်

Address

Phahon Yothin Road
Singapore
13170

Website

Alerts

Be the first to know and let us send you an email when MSSK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MSSK:

Share