The Morning Star - မိုးသောက်ကြယ်တော်

The Morning Star -  မိုးသောက်ကြယ်တော် Come, Holy Spirit, fill the hearts of your faithful and enkindle in them the fire of your love.

23/06/2025

Holy Hour

12 Famous people who’ve relied on the Virgin Mary အမိမယ်တော်အားသဒ္ဓါကြည်ညိုခြင်းနှင့်ကဣာအသီးသီးမှအကျော်အမှော် (၁၂) ဦး၏ခံ...
19/09/2024

12 Famous people who’ve relied on the Virgin Mary
အမိမယ်တော်အားသဒ္ဓါကြည်ညိုခြင်းနှင့်ကဣာအသီးသီးမှအကျော်အမှော် (၁၂) ဦး၏ခံယူချက်
ယခုတင်ပြမည့်ပုဂ္ဂိုလ်ကျော် (၁၂) ဦးတို့သည် သရုပ်ဆောင်လောက၊ အားကစားလောကနှင့်ကဣာအသီးသီးမှကျော်ကြားသောသူများဖြစ်ကြသည်။ ၄င်းတို့သည် ကက်သလစ်ဘာသာ၀င်များဖြစ်ကြပြီး မယ် တော်မာရိယာအားသဒ္ဓါကြည်ညိုခြင်းနှင့်စပ်လျင်း၍ ၄င်းတို့၏ယုံကြည်ခြင်းကိုပွင့်လင်းမြင်သာစွာထုတ်ဖော် ထားကြသူများဖြစ်ကြသည်။
(၁) Jim Caviezel
သူသည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူသည်အမိမယ်တော်အား သဒ္ဓါကြည်ညိုသူလည်းဖြစ်သည်။ အမိမယ်တော်အား သဒ္ဓါကြည်ညိုခြင်းနှင့်စပ်လျင်း၍သူ၏ခံယူချက်မှာ ‘This is the essence of my faith. My relationship with Jesus is thanks to her. She brought Jesus to us.’ (ဤသဒ္ဓါကြည်ညိုခြင်းသည် ကျွန်ုပ်ယုံကြည်ခြင်း၏အနှစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်နှင့်ပတ် သက်သော ကျွန်ုပ်၏ဆက်ဆံရေးသည်သူ့ကြောင့်ဖြစ်လာရသည်။ ထိုကြောင့် မယ်တော်ကိုကျေးဇူးတင်ရပါ သည်။ မယ်တော်သည်ယေဇူသခင်ကိုလောကအတွက်မွေးဖွားသန့်စင်ပေးခဲ့သည်’ ဟုခံယူထားသူဖြစ်သည်။
(၂) Willa Cather
သူသည် အမေရိကန်နိုင်ငံမှချီးမြှင့်လေ့ရှိသော ‘ပူလီဇာ’ ဆုကိုဆွတ်ရရှိထားသူဖြစ်သည်။ ဤဆုသည် ထူးချွန်သောသတင်းသမားကောင်းတို့ကိုချီးမြှင့်ပေးလေ့ရှိသည်။ ဤသို့ ကမ္ဘာ့ကအဆင့်ရှိဆုကိုဆွတ် ခူးရရှိထားသူ၏ မယ်တော်နှင့်ပတ်သက်သောဘာသာရေးခံယူချက်ကား ‘Only a woman, divine, could know all that a woman can suffer’ (ဒုက္ခအခက်အခဲအမျိုးမျိုးကို လွန်စွာခံထမ်းနိုင်သောတစ်ဦးတည်းသောအမျိုးသမီးဖြစ်သည်ကို ဘုရားသခင်သိသည်။) ဟုဖြစ်ပါသည်။
(၃) Eduardo Verasregui
သူသည်လည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူ့အား မက်ဆီကိုနိုင်ငံ၏ ‘ဘရက်ပစ်’ ဟုတင် စားသည်ကိုခံရသူလည်းဖြစ်သည်။ အမိမယ်တော်အားသဒ္ဓါကြည်ညိုခြင်းနှင့်စပ်လျင်း၍ ‘would never shoot a scene where the Blessed Virgin Mary or my mother would have cover their eyes’ (အမိမယ်တော်မာရိယာသည်လည်းကောင်း၊ သူ၏မွေးမိခင်သည်လည်းကောင်း မျက်နှာလွှဲ၊ မျက်စိမှိတ် (မဖွယ်မရာ) ထားရမည့်ရိုက်ကွင်းရိုက်ကွက်မျိုးကိုမည်သည့်အခါမျှရိုက်မည်မဟုတ်’ ဟုခံယူထားသူဖြစ် သည်။
(၄) Tim Watkins
သူသည် ဘာသာရေးရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသားသူ၊ ထုတ်လုပ်သူ၊ ညွှန်ကြားသူ၊ ကြီးကြပ်သူဖြစ်သည်။ မယ်တော်အားသဒ္ဓါကြည်ညိုခြင်းနှင့်စပ်လျင်း၍ ‘I’m not worth to touch the tassels of Mary’s gown’ (အမိမယ်တော်၏၀တ်ရုံတော်ကိုမျှ တို့ထိရန်အထိုက်တန်ပါ) ဟုဖြစ်သည်။
(၅) Katie Ledecky
ဘုရားတရားကြည်ညိုလှသော ရေကူးချန်ပီယံဖြစ်သည်။ မယ်တော်နှင့်စပ်လျင်း၍ ‘I think our devotion to Mary is very beautiful. She has a sacred role in Catholicism, and her strong faith and humility are things we can learn from’ (မယ်တော်အားသဒ္ဓါကြည်ညိုခြင်းသည် လွန်စွာလှ ပပါသည်။ မယ်တော်သည် ကက်သလစ်သာသနာတော်၏သွန်သင်ချက်တရားတော်၌ မြင့်မြတ်သောအပိုင်း ၌ရှိနေသည်။ မယ်တော်၏ အားကြီးသောယုံကြည်ခြင်း၊ နှိမ့်ချခြင်းတို့သည် သူ့ထံမှကျွန်ုပ်တို့သင်ယူရမည့်ပါရမီများဖြစ်သည်) ဟုခံယူရှင်သန်နေသူဖြစ်သည်။
(၆) J.R.R. Tolkien
သူသည်၀တ္ထုစရေးဆရာဖြစ်သည်။ ဘာသာတရားလည်းလွန်စွာကိုင်းရှိုင်းသောကက်သလစ်ဖြစ် သည်။ သူက ‘All my own perception of beauty both in majesty and simplicity is founded upon Our Lady’ (အလွန်ထူးခြားအလှအပဖြစ်စေ၊ လွန်စွာရိုးရှင်းသောအလှအပနှစ်ခုလုံးနှင့်စပ်လျင်း၍ဖြစ် ကျွန်ုပ်လက္ခံသည်မှာ မယ်တော်သခင်မ၌သာမြင်တွေ့နိုင်သည်) ဟုဖြစ်သည်။
(၇) Gerry Faust
ပြင်သစ်နိုင်ငံ၏ဘောလုံးအသင်းတစ်သင်းဖြစ်သော Notre Dame အသင်း၏နည်းပြဖြစ်သည်။ မယ် တော်နှင့်စပ်လျင်း၍သူ၏ယုံကြည်ချက်ကား ‘our imperfections are overlooked when our intentions are presented to Christ by His Immaculate Mother’ (ကျွန်ုပ်တို့၏မပြည့်စုံမှုကြောင့် ကျွန်ုပ်တို့၏ဆုတောင်းများမပြည့်တတ်သော်လည်း ခရစ္စတူးသခင်ထံအလွန်စင်ကြယ်သောမယ်တော်အား ဖြင့်လျှောက်တောင်းသောအခါပြည့်၀လာသည်။) ဟုဖြစ်ပါသည်။
(၈) L**h Walesa
သူသည်ပိုလန်နိုင်ငံ၏ဒုသမ္မတဖြစ်သည်။ မယ်တော်နှင့်စပ်လျင်း၍သူ၏ဘာသာရေးခံယူချက်ကား ‘In myself I am nothing. It all comes from God and the Virgin Mary’ (ကျွန်ုပ်သည်ဘာမျှမဟုတ်ပါ။ ကျွန်ုပ်၌ရှိသောအရာများအားလုံးဘုရားသခင်နှင့်မယ်တော့်ထံမှသာလာခြင်းဖြစ်သည်။) ဟုဖြစ်ပါသည်။ (၉) Simone Biles
အိုလံပစ်ရေကူးအလှပြိုင်ပွဲ၌ချန်ပီယံဆုဆွတ်ခူးထားသူဖြစ်သည်။ အမိမယ်တော်နှင့်စပ်လျင်း၍ ‘The Haily Mary is a beautiful prayer and I find that it calms me’ (ဂုဏ်ကျေးဇူးတော်ဆုတောင်းမေတ္တာသည် အလွန်အနစ်သာရပြည့်၀ပြီး ရွတ်ဆိုလေတိုင်းကျွန်မအားတည်ငြိမ်အေးချမ်းခြင်းကိုပေးပါ သည်’ ဟုဖြစ်ပါသည်။
(၁၀) G.K Chesterton
သူသည်စကားအလွန်ကြွယ်ပြီးစကားအသစ်ထွင်သူ၊ အတွေးအခေါ်ပညာရှင်ဖြစ်သည်။ သူက ‘serve a Mother who seems to grow more beautiful as new generations rise up and call her blessed’ (မျိုးဆက်သစ်များသူ့အား မဂ်လာရှိသောသူဟုချီးမွမ်းခံရပြီး ဂုဏ်သတင်းကျော်ကြားလာသောအမိခင်အားအစေခံပါ) ဟုဖြစ်ပါသည်။
(၁၁) Johnny Sauter
သူသည် NASCAR ပြိုင်ပွဲ၀င်တစ်ဦးဖြစ်ပြီး ချန်ပီယံဆုကိုဆွတ်ခူးထားသူဖြစ်သည်။ သူသည်သူ၏ ပြိုင်ပွဲအဆုံးသတ်၌ ‘I thank the Blessed Mother and the Sacred Heart of Jesus’ (ကျွန်ုပ်သည် အမိ မယ်တော်အားလည်းကောင်း၊ ယေဇူးရွှေနှလုံးတော်အားလည်းကောင်း ကျေးဇူးတင်ပါသည်) ဖြေကြားခဲ့သည်။
(၁၂) Mark Van Guilder
သူသည် ဟောကီအားကစားသမားအကျော်အမော်တစ်ဦးဖြစ်သည်။ သူက ‘I’m a big fan of the Virgin Mary – her incredible humility …. Mary’s a great example of letting go and letting God’s will take over’ (ကျွန်ုပ်သည်အမိမယ်တော်ကိုလွန်စွာနှစ်ခြိုက်ကြည်ညိုသူဖြစ်သည်။ အမိမယ် တော်၏နှိမ့်ချခြင်သည် မယုံကြည်နိုင်လောက်အောင်ဖြစ်သည်။ အမိမယ်တော်၏အလွန်ကြီးမားသောစံနမူနာကောင်းကား ဘုရားသခင်၏အလိုတော်အတိုင်းလုပ်ခွင့်ပြု၍ ဘုရားအလိုတော်အတိုင်းလုပ်ပိုင်ခွင့်ပြုသည်။) ဟုပြောကြားခဲ့သည်။

Crd .Cle Pike

18/09/2024

ဘာသာရေးနဲ့ဆိုင်တဲ့ မိသားစုvideo ဖြစ်ပါတယ်

 #ခရူစူးကားတိုင်အောင်နိုင်ခြင်းပွဲနေ့ The Exaltation of the Holy Cross ✝️✖️✝️✖️✝️✖️✝️✖️✝️✖️✝️         ခရူစူးကားတိုင် အော...
14/09/2024

#ခရူစူးကားတိုင်အောင်နိုင်ခြင်းပွဲနေ့
The Exaltation of the Holy Cross
✝️✖️✝️✖️✝️✖️✝️✖️✝️✖️✝️
ခရူစူးကားတိုင် အောင်နိုင်ခြင်းပွဲ ဆိုတာဟာ သခင်ယေဇူးရဲ့ ချစ်ခြင်းနဲ့ အသက်ပေးဆပ် အသေခံခဲ့တဲ့ လက်ဝါးကပ်တိုင်ကို ဂုဏ်ပြု ကျင်းပခြင်းဖြစ်သလို သန့်ရှင်း စစ်မှန်တဲ့ ခရူစူးကားတိုင်ကို ရှာဖွေတွေ့ရှိပြီး ချီးမြှောက်ခြင်းပွဲနေ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ ဟိုအရင်တုန်းက ရာဇဝတ်သားတွေကို တင်သသတ်တဲ့ ကြောက်စရာ လက်ဝါးကပ်တိုင်ဟာ သခင်ယေဇူးရဲ့ ချစ်ခြင်းနဲ့ ကားတိုင် အတင်ခံရပြီး အသေခံခြင်းကြောင့် မြင့်မြတ်တဲ့ ခရူစူး ကားတိုင်၊ ချစ်ခြင်းရဲ့ အမှတ်လက္ခာဏာ ဖြစ်လာပါတယ်။ သခင်ယေဇူးရဲ့ လက်ဝါးကပ်တိုင် (သေခြင်းကို) အောင်မြင် တော်မူခြင်း ပွဲနေ့နဲ့ လူသားတွေကို ကယ်တင်ခြင်း ပွဲနေ့ကို ချီးမြှောက်ခြင်း Holy Cross Day သန့်ရှင်းသော ခရူစူး ကားတိုင် (လက်ဝါးကပ်တိုင်) ပွဲနေ့ ဖြစ်ပါတယ်။

#သမိုင်းကြောင်း

The Feast of the Exaltation of the Holy Cross သန့်ရှင်းသော ခရူစူးကားတိုင် အောင်နိုင်ခြင်း ပွဲနေ့ကို နှစ်စဥ် စက်တင်ဘာလ (၁၄) ရက်နေ့မှာ ကျင်းပခြင်းရဲ့ သမိုင်းကြောင်း (၃)ခု ရှိပါတယ်။ ပထမအနေနဲ့ The mother of the emperor Constantine ကွန်စတန့်တင် (ဧကရာဇ်) ရှင်ဘုရင်ရဲ့ မိခင်ဖြစ်တဲ့ စိန့်ဟယ်လင်နား Saint Helena ကနေ စစ်မှန်တဲ့ လက်ဝါးကပ်တိုင်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ပွဲနေ့ဖြစ်ပါတယ်။ ဒုတိယကတော့ ရှင်ဘုရင် ကွန်စတန့်တင် တည်ဆောက်ခဲ့တဲ့ Holy Sepulchre နဲ့ ကာဝါရီ တောင်ပေါ် Mount Calvary က ဘုရားကျောင်းတွေကို ပူဇော်အပ်နှံခြင်း ပွဲ‌နေ့ ဖြစ်ပါတယ်။ နောက်ဆုံး အနေနဲ့ ရှင်ဘုရင် (ဧကရာဇ် ဟဲရာဂလီအုစ် -၂) Heraclius II ကနေ စစ်မှန်တဲ့ ခရူစူးကားတိုင်ကို ဂျေရုဆလင်မြို့မှာ ပြန်လည် ထူထောင်ခြင်းပွဲ‌နေ့ ဖြစ်ပါတယ်။ အဲဒီအပြင် အထူးနက်ရှိုင်းတဲ့ သန့်ရှင်းသော ခရူစူးကားတိုင် ပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ခရူစူးကားတိုင်ဟာ ကျွန်ုပ်တို့ကို ကယ်တင်ခြင်းပေးတဲ့ ပွဲနေ့မြတ်ကို ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီပွဲနေ့ကို ရိုမန်ကက်သလစ်၊ အရှေ့သြသဒေါက်စ်နဲ့ အင်္ဂလီကန် ဘုရားကျောင်းတွေမှာ ကျင်းပကြပြီး တခြားနှစ်ခြင်း အသင်းဂိုဏ်းတွေမှာ မကျင်းပ ကြပါဘူး။

👉 ပရိုတက်စတင့် (နှစ်ခြင်းအသင်းတော်) တွေမှာ ဘာကြောင့် အဲဒီပွဲနေ့ကို မကျင်းပ ကြတာလဲ။

အဓိကအားဖြင့် လူတွေဟာ ဘုရားသခင် အစား ပုံရိပ်ကိုပဲ ရှိခိုးမိမှာကို ကြောက်လို့ ဖြစ်ပါတယ်။ တကယ်တော့ ကက်သလစ် အသင်းတော်မှာလည်း ပုံရိပ် ရှိခိုး ကိုးကွယ်သူ မရှိပါဘူး။ ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးတာကြောင့် သိကြားတမန်တွေနဲ့ ရဟန္တာတွေရဲ့ ပုံရိပ်တွေ အားဖြင့် ကောင်းကင်ဘုံ ဘုရားရှေ့မှာ ရောက်နေပြီးသား ရဟန္တာတွေကို ကိုးစားကာ သူတို့ဆီကနေ တဆင့် ဘုရားသခင်ဆီကို ဆုတောင်းတာ ဖြစ်ပါတယ်။ ပြီးတော့ ကက်သလစ် အသင်းတော်မှာ လက်ဝါးကပ်တိုင်ကို မသုံးဘဲ သခင်ယေဇူးရဲ့ ခန္ဓာကိုယ်ပါတဲ့ ခရူစူးကားတိုင်ကို အသုံးပြုတာ ဖြစ်တယ်။ ဘုရားစင်စစ်၊ လူစင်စစ်ဖြစ်တဲ့ သခင်ယေဇူးဟာ နှိမ့်ချစွာနဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ ကျွန်ုပ်တို့အတွက် အသေခံပြီး သေခြင်းကို အောင်နိုင် ခဲ့တာကြောင့် ကျွန်ုပ်တို့လည်း သခင်ယေဇူး ကိုယ်တိုင် လူတွေကို ကယ်တင်ဖို့ ရွေးချယ်ထားတဲ့ ခရူစူးကားတိုင်ရဲ့ အောင်နိုင်ခြင်း ပွဲနေ့ထူးကို ကျင်းပကြတာ ဖြစ်ပါတယ်။

#ခရူစူးကားတိုင်ဆိုတာ

ခရူစူး ကားတိုင်ရဲ့ အဓိပ္ပာယ်က လက်ဝါး ကပ်တိုင်ပေါ် (သခင်ယေဇူး)တွဲလျက် ရှိနေခြင်းဖြစ်ပြီး လက်ဝါးကပ်တိုင် အပေါ်မှာ သခင်ယေဇူး ခန္ဓာကိုယ်ပုံ တွဲပါတဲ့ ခရူစူးကားတိုင် ဖြစ်ပါတယ်။ ရိုးရိုး လက်ဝါးကပ်တိုင် Cross မဟုတ်ပါဘူး။
A crucifix (from Latin cruci fixus meaning "(one) fixed to a cross") is an image of Jesus on the cross, as distinct from a bare cross.

အဲဒါကြောင့် ပရိုတက်စတင့်ကနေ ကက်သလစ်တွေကို ဘာကြောင့် ခရူစူးကားတိုင်ကိုပဲ အသုံးပြုတာလဲ မေးလာခဲ့ရင် အဖြေ (၂)ခုပဲ ပြောပြနိုင်ပါတယ်။ ကက်သလစ်တွေက လက်ဝါးကပ်တိုင်နဲ့ သခင်ယေဇူးရဲ့ ခန္ဓာကိုယ်ကို သီးသန့် မခွဲခြား ထားပါဘူး။ သခင်ယေဇူးရဲ့ ခန္ဓာကိုယ် တွဲပါနေတဲ့ ခရူစူးကားတိုင်ကိုပဲ အသုံးပြု ပါတယ်။ ကယ်တင်ခြင်းရဲ့ သင်ေ္ကတကို ခရူစူးကားတိုင်ဆီက ရတာပါ။

တမန်တော် ရှင်ပေါလ်လု မိန့်ထားတဲ့အတိုင်း "ငါတို့သည် သခင်ယေဇူး ခရစ်တော်၏ (ခရူစူးကားတိုင်) လက်ဝါး ကပ်တိုင် မှလွဲ၍ ငါ၌ အခြား ဝါကြွားစရာ အကြောင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင် တော်အားဖြင့် ကမ္ဘာလောကသည် ငါ၌ လက်ဝါး ကပ်တိုင်တင် ခံရသကဲ့သို့ ငါသည်လည်း ကမ္ဘာလောက၌ လက်ဝါးကပ်တိုင် တင်ခြင်းကို ခံရလေပြီး။” (ဂလာတိ ၆း ၁၄)။
May I never boast except in the cross of our Lord Jesus Christ, through which the world has been crucified to me, and I to the world. (Galatians 6:14).

ခရူစူးကားတိုင်က ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းကို အောက်မေ့ သတိရစေပြီး လောကမှာ ကြုံတွေ့ ရသမျှ ဆင်းရဲ ဒုက္ခတွေ အားလုံးကို သခင်ယေဇူးရဲ့ ဒုက္ခစရိယာနဲ့ ပေါင်းစပ်ကာ ဝိညာဥ်အာဟာရ ခွန်အားယူ အသက်ရှင်ခြင်းအားဖြင့် ခရူစူးကားတိုင် အောင်နိုင် တော်မူခြင်းကို ကျင်းပကြပါစို့။

✍ထန်းဟာ, SJ

13/09/2024
မကြာမီ အချိန်အတွင်းSingapore နိုင်ငံသို့ ‌ကြွရောက်လာမည့် Papa Francis အား Singapore Changi Airport မှ သွားရောက်စောင့်ကြိ...
11/09/2024

မကြာမီ အချိန်အတွင်း
Singapore နိုင်ငံသို့ ‌ကြွရောက်လာမည့်
Papa Francis အား
Singapore Changi Airport မှ သွားရောက်
စောင့်ကြိုနေတဲ့ MCCS မိသားစုထဲက ပုံရိပ်တစ်ချို့

📷 Dominic Wai Lynn Htun

We love him
10/09/2024

We love him

10/09/2024
12.9.2024 Papal Mass အတွက်ကြိုတင်ပြင်ဆင်မှု ပုံရိပ်တစ်ချို့  _ Roman Catholic Archdiocese of                   Singapore...
10/09/2024

12.9.2024 Papal Mass အတွက်
ကြိုတင်ပြင်ဆင်မှု ပုံရိပ်တစ်ချို့

_ Roman Catholic Archdiocese of
Singapore
Stadium, Singapore

Address

Tampines Estate
Singapore

Website

Alerts

Be the first to know and let us send you an email when The Morning Star - မိုးသောက်ကြယ်တော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Morning Star - မိုးသောက်ကြယ်တော်:

Share