Gozth2k

Gozth2k Hello, I am gozth2k. let me serve you everything

"ရေသန့်သောက်လို့လူသန့် ဖြစ်မလာနိုင်ပါဘူး၊အလွန်နက်သော ရေသည်တိတ်တိတ်ဆိတ်ဆိတ်နေ၏ပညာရှိသည် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည်ဟု ဆိုရို...
03/08/2025

"ရေသန့်သောက်လို့
လူသန့် ဖြစ်မလာနိုင်ပါဘူး၊

အလွန်နက်သော ရေသည်
တိတ်တိတ်ဆိတ်ဆိတ်နေ၏
ပညာရှိသည် တိတ်တိတ်ဆိတ်ဆိတ်
နေတတ်သည်ဟု ဆိုရိုးရှိ၏၊

ကုန်ဆုံးသွားသော အချိန်သည်
ဘယ်တော့မှ ပြန်မရပါ၊

သာမန်ဘဝမျိုးထက် သာချင်ရင်တော့
မာန်တင်းပြီး ကြိုးစားရမှာပဲ၊

ပဲပုတ်လိုနံသော အရသာကို လူကြိုက်များ၏
သကာလို ချိုသောတရားသည် လူကြိုက်နည်း၏၊

ကိုယ်လုပ်တဲ့ အလုပ်သည်
ကိုယ့်ဘဝရဲ့ တန်ဖိုးပါပဲ၊

ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့အတွက်
နှလုံးသားကို ပိတ်ပြီး/ ဦးနှောက်ကို ဖွင့်ထားပါ၊

လက်မြှောက်အရှုံးမပေးတဲ့သူတိုင်း
အောင်မြင်နိုင်မဲ့သူပါ၊

လက်မြှောက်အရှုံးမပေးတဲ့သူတိုင်း
champion တစ်ယောက်ပါ

မူရင်းရေးသားသူအား လေးစားစွာဖြင့်

Crd #
Shine Htet

တန်ဖိုး တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေး )ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပါ။အမှန်တရ...
03/08/2025

တန်ဖိုး တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေး )

ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပါ။

အမှန်တရားနဲ့ နေမယ်ဆို ...အမှန်တရားနဲ့ အနီးဆုံးမှာနေပါ။ ရှာမယ်ဆို...နှလုံးသားထဲက အလှတရားကိုရှာပါ။

ချည်မယ်ဆို...သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင် ပါ။

သိမ်းမယ်ဆို …ကျေးဇူးတရားကို သိမ်းထားပါ။

စွန့်မယ်ဆို...မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ။ ပေးမယ်ဆို...တန်ဖိုးဖြတ်မထားတဲ့ မေတ္တာကို ပေး ပါ။

ပျော်မယ်ဆို...ဘောင်မကျော်ခင်အထိပဲ ပျော်ပါ။ တွေးမယ်ဆို...စိတ်ညစ်စရာ မရောက်ချိန်အထိပဲ တွေးပါ။

မှားမယ်ဆို... နောက်လှည့် ပြန်ခွင့်ရှိတဲ့အထိပဲ မှား ပါ။

ပါ။ နောင်တရမယ်ဆို...ဘာမှမလုပ်ခင် အရင်စဉ်းစားပါ။

မင်းအတွက် ဒုတိယ လူ

ဝါးတစ်လုံးကို ဒီအတိုင်းရောင်းလို့ငွေတစ်ထောင် ရတယ် ဆိုပါစို့။အဲဒီ ဝါးလုံးကို ခွဲခြမ်းစိတ်ဖြာမယ် ၊ပြီးတဲ့အခါ ​​ထရံယက်​ ရော...
03/08/2025

ဝါးတစ်လုံးကို ဒီအတိုင်းရောင်းလို့
ငွေတစ်ထောင် ရတယ် ဆိုပါစို့။

အဲဒီ ဝါးလုံးကို ခွဲခြမ်းစိတ်ဖြာမယ် ၊
ပြီးတဲ့အခါ ​​ထရံယက်​ ရောင်းလိုက်ရင်
ငွေတစ်သောင်းလောက် ရနိုင်ပါလိမ့်မယ်။

အဲဒီဝါးလုံးကိုပဲ သွားကြားထိုးတံ အဆင့်ထိ
အနုစိတ် ခွဲခြမ်းစိတ်ဖြာပြီး ရောင်းနိုင်ရင်
ငွေ နှစ်သောင်း သုံးသောင်းလောက်အထိ
ရလာနိုင်ပါလိမ့်မယ်။

ဒါက ပညာနဲ့ သယံဇာတ ပေါင်းစပ်မှုကနေ
ဖြစ်ပေါ်လာတဲ့ ငွေရှာနည်း ဖြစ်ပါတယ်။

နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် လူတစ်ယောက်
ဆင်းရဲရတယ်ဆိုတာ ကိုယ့်မှာ ရှိနေတဲ့
အရင်းအမြစ်တွေမှာ ပညာ ပေါင်းထည့်နိုင်ခြင်း
မရှိတာကြောင့် ဆင်းရဲရခြင်း ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ သယံဇာတ ဖြစ်တဲ့
သစ်တောကြီးတွေ ရှိနေတယ်။

ဒါပေမဲ့ သစ်ကို အချောထည် ပြုလုပ်နိုင်တဲ့
အတတ်ပညာ မရှိတော့ အလုံးလိုက်
ခုတ်ပြီး ရောင်းကြတယ်။
ဒီတော့ သစ်လုံးစျေးပဲ ရလိုက်တယ်။

တခြား ပညာတတ်တဲ့နိုင်ငံက သစ်လုံးတွေ ဝယ်
အချောထည် ပြန်လုပ်ပြီးရောင်းတော့ အဆ
ပေါင်းများစွာ အမြတ်အစွန်းရသွားတယ် ဆိုတာ
ပညာ အရင်းခံ ကွာသွားတာကြောင့်ပါ။

ဒိီလိုပဲ လူတွေမှာလည်း မွေးကတည်းက
အရင်းအမြစ်တွေ ဖြစ်တဲ့ ခြေကောင်းလက်ကောင်း
သန်သန်မာမာနဲ့ မွေးဖွားလာကြတာချင်း တူတယ်။

ဒါပေမဲ့ လူတစ်ချို့က သူတို့ရဲ့ မွေးရာပါ
အရင်းအမြစ်ဖြစ်တဲ့ သန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုပဲ
အားပြုပြီး ငွေရှာကြတယ် ၊
အတတ်ပညာတွေ ၊ အသိပညာတွေ
ပေါင်း မထည့်ကြဘူး။

ဒီတော့ တစ်ဘဝလုံး ပန်ပန်း ဆင်းရဲစွာ နဲ့
ငွေရှာကြရပါတယ်။

တစ်ချို့လူတွေကတော့ ကျန်းမာ သန်စွမ်းတဲ့
ခန္ဓာကိုယ်မှာ အသိပညာ အတတ်ပညာတွေ
ပေါင်းထည့်ကြတယ် ၊ ကိုယ်စွမ်း ဥာဏ်စွမ်းကို
အစွမ်းကုန် အသုံးချပြီး ငွေရှာတဲ့အခါ
တခြားသူတွေထက် ပိုမိုမြန်ဆန်စွာ
ကြီးပွား တိုးတက်သွားကြပါတယ်။

ဒီနေ့ ကမ္ဘာကြီးဟာ နည်းပညာ ခေတ် ၊
တနည်းအားဖြင့် ပညာ ခေတ်ကြီးပါ။

ဒီခေတ်ကြီးထဲမှာ လေ့လာသင့်တဲ့ ပညာရပ်တွေကို
လေ့လာသင်ယူထားမှ ဘဝဟာ ပိုပြီး အဆင်ပြေ
ချောမွေ့ပါလိမ့်မယ်။

ဒီလို မဟုတ်ပဲ ဝါးကို ခုတ် ၊ ဝါးလုံးအဖြစ်ပဲ
ရောင်းနေတဲ့ အသိပညာလောက်ပဲ ရှိနေသေးရင်တော့
ဘဝဟာ အမြဲတမ်း ခက်ခဲပင်ပန်းနေရမှာပါပဲ။

" အောက်ကျ ၊ နောက်ကျ " ဆိုတဲ့
မြန်မာစကား ရှိပါတယ်။

သူများထက် အသိပညာတွေ အတတ်ပညာတွေ
အောက်ကျနေရင် သူများထက် အရာရာမှာ
နောက်ကျ ကျန်နေခဲ့ပါိလိမ့်မယ်။

ဒါကြောင့် အောက်ကျ လို့ နောက်ကျ မကျန်ခဲ့
စေဖို့ သိထားသင့်တဲ့ အတတ်ပညာတွေကို
လေ့လာပါ ၊ သင်ယူပါ။

ဒါမှ သူများတွေ ရှေ့ရောက်မနေသေးရင်တောင်
ရင်ဘောင်တန်းပြီး လိုက်နိုင်တဲ့သူ ဖြစ်လာပါလိမ့်မယ်။

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

#စာပေ
#လူငယ်
#စိတ်ခွန်အား

သံယောဇဉ် ဆိုတာနာမည် လှတဲ့ ဝဋ်ကြွေး တစ်မျိုးပါပဲ။
28/07/2025

သံယောဇဉ် ဆိုတာ
နာမည် လှတဲ့
ဝဋ်ကြွေး တစ်မျိုးပါပဲ။

19/07/2025

အချစ် ဆိုတဲ့ အရာ
၁။ ဆယ်ကျော်သက် အရွယ်မှာရင်ခုန်တာက "အချစ်" ဖြစ်ပြီး
၂။ အသက်၂၀အရွယ်မာ အရာအားလုံးကိုပေးဆပ်ချင်တာ "အချစ်" ဖြစ်တယ်
၃။ အသက် ၃၀ အရွယ်မှာ အနာဂတ်ကိုအတူပုံဖော်ချင်တာလည်း "အချစ်" ဖြစ်သလို
၄။ အသက် ၄၀ အရွယ်မာ ကာကွယ်ပေးချင်တာလည်း "အချစ်" ပါဘဲ့
၅။ အသက် ၅၀ အရွယ်မာ တိတ်တဆိတ် အနားမာရှိနေပေးချင်တာလည်း "အချစ်" ဖြစ်ပြီ
၆။ အသက် ၆၀ အရွယ်မာ တစ်ယောက်ရဲ့ကျန်းမာရေးကို တစ်ယောက်က စိတ်ပူပေးတာက "အချစ်" တဲ့
၇။ အသက် ၇၀ အရွယ်မာ အတူရှိခွင့်ရတဲ့အချိန်တွေက "အချစ်" တဲ့
၈။ အသက် ၈၀ အရွယ်မာ ကျန်ရစ်ပေးတာက "အချစ်" တဲ့

Respectful-original

19/07/2025

လုပ် - တစ်လ
ထုတ် - ခဏ
ကြွေးဆပ်. - တစ်ဝက်
သုံး - တစ်ပတ်
ကျန်တဲ့ရက် - ငတ် ...။

18/07/2025

မချစ်လို့ ပြောတာမဟုတ်ပါဘူး ဆုံးရှုံးရမာ ကြောက်လို့ ပြောတာပါ

အလုပ်များပြီး အချိန်မပေးနိုင်တဲ့အခါ တစ်ခြား တစ်ယောက်အပေါ် စိတ်မယိုင်လိုက်ပါနဲ့နောချစ်သူ
18/07/2025

အလုပ်များပြီး အချိန်မပေးနိုင်တဲ့အခါ
တစ်ခြား တစ်ယောက်အပေါ်
စိတ်မယိုင်လိုက်ပါနဲ့နော
ချစ်သူ

17/07/2025
03/07/2024

12/05/2024

အမေများနေ့မှာ ကျတော်အမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒ အမြဲပြည့်၀ပါစေ ချစ်သော အမေ

Address

Choa Chu Kang Cers
Singapore

Telephone

+6590524277

Website

Alerts

Be the first to know and let us send you an email when Gozth2k posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gozth2k:

Share