LuAh အပျော်တမ်းရေးတဲ့စာစုတွေဖြစ်ပါတယ်
(1)

29/08/2026

💔

29/08/2026

🌈

28/08/2026

🤍

27/08/2026

🌺
27/08/2026

🌺

"ပြိုလဲဖူးတာပေါ့ "

စကားလုံးလေးလှအောင်
ပြောပြတာပါ …
တကယ်တမ်း အားမနာကြေးဆိုရင်
အပေါ်ယံ ဟန်ဆောင်ပြီး
ကိုယ့်နောက်ကွယ်မှာ
ကိုယ့် အက်ကြောင်း လေးတွေကို
ဖြေးဖြေးခြင်း ဆားဖြူးပေးနေတဲ့
လူတွေကအများကြီး ………

ပြုံးနေတာလေးကို ကြည့်ပြီး
" အပြုံးလေးက လှ တယ်နော် " လို့
ပြောနေတဲ့လူတွေရဲ့ စကားလုံးတွေကလည်း
ကိုယ်မသိတဲ့ ထောင့်ချိုးကနေ
ကြားဖြစ်အောင် ပြန်ပြောတတ်ကြပါတယ်

" ကလေး ကလား ရုပ်နဲ့
စပ်ဖြဲဖြဲ လုပ်တတ်တဲ့ကောင်
မရင့်ကျက်တဲ့ ကောင် " လို့ သတ်မှတ်ပေးကြတယ် …

ကိုယ် စကားတွေပြန်ပြောဖြစ်တယ်
ဒါနဲ့ "ကိုယ် က မာန မရှိတဲ့ကောင် " ဖြစ်လာတယ်။

ကိုယ် နှုတ်ဆိတ်နေဖြစ်ပါတယ်
ဒါနဲ့ " မာန ကြီးတယ်" လို့
သတ်မှတ်ကြတယ်။

ကိုယ့် အဝတ်အစားတွေ
တောက်ပြောင်တဲ့နေ့မှာ "ငကြွားကောင်" ကြီးဖြစ်တယ်…

ကိုယ် မတောက်မပြောင်တဲ့နေ့မှာတော့
"ချို့ယွင်းချက်မျက်လုံးတွေ" နဲ့ကြည့်ကြတယ် …

တစ်ခါတစ်လေ ကိုယ့် ကိုကြည့်မယ်
"အရမ်းပိန်သွားတယ် နော် " လို့ပြောပြီး ဆေးစစ်ကြည့်
ဖို့ တိုက်တွန်းတဲ့ လူတွေရှိတယ် …

တချို့ရက်တွေကြတော့ "ဗိုက်ခေါက်လေးထွက်လာပြီဟေ့"
ဆိုပြီး လှောင်တဲ့လူတွေလည်းရှိကြတယ် …

ကိုယ် မကြိုက်လို့ လက်မခံတာတွေကိုတွေ့လို့
ဖွင့်ပြောမိတဲ့ အခါ "လူမှုရေးနားမလည်တဲ့ ကောင်"
အရိုင်းကောင်လို့ သတ်မှတ်ကြတယ် …

တခါတခါကြပြန်တော့ ချိုချိုသာသာလေးပြောဆို
ဆက်ဆံ တဲ့အခါ " ဆေးမှားသောက်လာတာလား" လို့
ပြောကြပြန်ရော …

အကူအညီတောင်းဖို့ ကြိုးစားတဲ့အခါ
တချို့လူတွေ ကညည်းထွားပြတယ်
သူတို့ အကူအညီလိုတဲ့အခါ
ကိုယ့်ကို "ကယ်တင်ရှင် " လိုလို ဘာလိုလို
အတောင်ပံတပ်ပေး ကြပြန်တယ် …

ကိုယ့်အကြောင်းနဲ့ကိုယ်မို့ သူတို့ကို
မကူညီနိုင်တဲ့အခါ
ကိုယ်က "ကိုယ်ချင်းစာစိတ်မရှိဘူး" လို့
နာမည်တပ် လိုက်ကြပြန်ကော …

ကြာတော့ လည်း
အများနဲ့ ကိုယ် ဟာ
သဟဇာတ မဖြစ်နေတော့
အမှန်တရားဟာ လူများစုရဲ့
နှုတ်ဖျား မှာ နေရာရလာတယ် …

အဲ့ဒီ မှာ ကိုယ်ဟာ နေရင်းထိုင်ရင်း
"ဗီလိန်" ဇာတ်ကောင် နေရာကနေ
အကယ်ဒမီ ရလာတာပဲ …

"ဖြောင်း… ဖြောင်း … ဖြောင်း …"

ကိုယ့် လက်ခုပ် နဲ့ကိုယ်ပြန်တီးပြီး
အားပေးဖြစ်လိုက်တယ်…

" ပြို လဲ တယ် ဆို တဲ့ စကားလုံးက
သိပ်လှ တာပဲ ဒါနဲ့ လူးလိမ့်ပြီး
ငိုရတာတွေ ဝမ်းနည်းရတာတွေကိုကြတော့
ဘယ်သူမ မသိခဲ့ကြဘူး
ဒါနဲ့ ……
မသိ ခဲ့ကြတာလည်းကောင်းပါတယ်

တော်ကြာ … စိတ်ဓာတ်ပျော့ညံ့ တယ်လို့
သတ်မှတ်ကြအုံးမှာပဲ " မဟုတ်လား …

Thedream

26/08/2026

🫶

🍀🤍
25/08/2026

🍀🤍

တနင်္လာ ။
--------------

စိတ်ချမ်းသာကြပါစေ
ကိုယ်ကျန်းမာကြပါစေ
အတားအဆီး မဲ့သော မေတ္တာများ
ချစ်သောသူတွေဆီ သတိရကြိမ်နှုန်းနဲ့
ထုတ်လွှင့်ပါတယ် ။

ဒီကမ္ဘာမြေပေါ်မှာ
မြူမှုန်ကစလို့
သမုဒ္ဒရာ အဆုံး
သဲမှုန်ကစလို့
ကမ္ဘာမြေအဆုံး
သူ့လောကနဲ့သူ
အဖန်ဆင်းခံ ဖြစ်သမျှ
အေးအေးချမ်းချမ်း တည်ရှိကြပါစေ။

ပန်းတွေလည်းမွှေးပါစေ
ရေတွေလည်းအေးပါစေ
မေတ္တာတရားတွေလည်းနွေးထွေးပါစေပေါ့။

Thedream

ဆုတောင်း

25/08/2026

🥺

😢
23/08/2026

😢

အဖွဲ့တွေထဲမှာ တစ်ယောက်ယောက်ကတော့ပါစမြဲပဲ...
စာသားကသောက်တလွဲပါဆို ကီးကလည်းကြောင်နေတယ် ... 😢

Thedream

Address

Singapore

Telephone

+6581050773

Website

Alerts

Be the first to know and let us send you an email when LuAh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LuAh:

Shortcuts

Share