Pleasure to Happiness by Eve

Pleasure to Happiness by Eve ကိုယ်သိသမျှ ကောင်းနိုးရာရာလေးတွေ ပြောပြပေးသွားမှာပါ။

08/09/2025

၅ မိနစ် အချီတွေနဲ့လေ့ကျင့်ခြင်း

07/09/2025

Healthy Happy & Lively Group Exercise


06/09/2025

မနေ့ကထက် ဒီနေ့တိုးတက်လာတာ တိုးတက်တာပဲပေါ့။ ကြိုးစားနေပါတယ်။

13/08/2025

ကြိုးစားနေရသောအချိန်များ

11/08/2025

တတ်ချင်ရင်လေ့လာသင်ယူလို့ရပါတယ်နော်

ကိုယ့်အ​တွေ့အကြုံအရ💢 အလုပ်မှာ သိပ်ကို active ဖြစ် productive ဖြစ်နေတဲ့သူတွေနဲ့ အများကြီး ကြုံဖူးတယ်။ ဒီလိုလူတွေနဲ့ အလုပ်...
11/08/2025

ကိုယ့်အ​တွေ့အကြုံအရ

💢 အလုပ်မှာ သိပ်ကို active ဖြစ် productive ဖြစ်နေတဲ့သူတွေနဲ့ အများကြီး ကြုံဖူးတယ်။ ဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်ရတာကလည်း သိပ်ကို သဘောကျစရာကောင်းတယ်။ ငြီးနေတာတွေ မရှိဘူး၊ ဆင်ခြေပေးနေတာတွေ မရှိဘူး၊ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်နိုင်ကြတယ်။

💢 ကိုယ်တိုင်ကလည်း ဒီလို type မျိုးမို့ ဒါမျိုးတွေနဲ့ပဲ ဆုံရလားတော့ မသိပေမယ့် ဒီလို အမြဲ Productive ဖြစ်နေတာကိုတော့ ကျွန်မကိုယ်တိုင် သိပ်သဘောကျတယ်။ ဘဝမှာ အရေးကြီးတာက အလုပ်ကို အလုပ်နဲ့တူအောင် လုပ်နေနိုင်ဖို့ပဲ။

💢 ဒီလို လုပ်နေနိုင်တဲ့လူ၊ အမြဲတက်တက်ကြွကြွနဲ့ productive ဖြစ်ဖြစ် လုပ်ဆောင်နေတဲ့သူတွေမှာ တူညီတဲ့အရာတွေ အများကြီးရှိတဲ့အထဲကမှ ကျွန်မသတိထားမိဆုံးက လေ့ကျင့်ခန်းလုပ်တာပဲ။

💢 လေ့ကျင့်ခန်းဆိုတာကလည်း အများစုပြောနေကြတဲ့ စာဖတ်တာလိုပဲ။ "စာဖတ်တဲ့သူတိုင်း မအောင်မြင်ကြပေမယ့် အောင်မြင်တဲ့သူတိုင်း စာဖတ်ကြတယ်" ဆိုသလိုပဲ " လေ့ကျင့်ခန်းလုပ်သူတိုင်းက အောင်မြင်တိုးတက်လာမှာ မဟုတ်ပေမယ့် အောင်မြင်တိုးတက်လာသူတွေ မဖြစ်မနေထည့်လာခဲ့တဲ့ သူတို့ရဲ့ဘဝ အစိတ်အပိုင်းက လေ့ကျင့်ခန်း လုပ်တာပဲ"။

💢 အလုပ်မှာ stress တွေ များလာရင်တောင် လေ့ကျင့်ခန်း လုပ်လိုက်တဲ့ အခါ ဒီ stress တွေက ပြေလျော့သွားတယ်။ တချို့ idea တွေဆို လေ့ကျင့်ခန်းလုပ်ရင်းကနေ ထွက်လာတာမျိုးတွေရှိတယ်။ အသင်းအဖွဲ့တွေနဲ့ လုပ်တဲ့သူတွေဆိုရင် ကိုယ့်ရဲ့ အခက်ခဲတွေကို ဖြေရှင်းနိုင်ဖို့ အကြံဉာဏ်တွေပါ ရနိုင်ပါတယ်။

💢 ဒါတွေက ပြင်ပက လာတဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေတင်ပါ။ ကျွန်မတို့ရဲ့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်းတွေ၊ ခက်ခက်ခဲခဲတွေကို ဇွဲရှိရှိကျော်ဖြတ်နိုင်စွမ်းတွေနဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာကြံ့ခိုင်မှု ကိုလည်း ဒီလို လေ့ကျင့်ခန်းလုပ်ခြင်းကနေ ရနိုင်ပါတယ်။

💢 ဒါ့ကြောင့် အလုပ်မှာ productive ဖြစ်တဲ့ သူတွေနဲ့ တန်းတူရည်တူ ယှဥ်လုပ်နိုင်ဖို့ဆိုရင်တော့ အားတဲ့အချိန်တွေမှာ ဘူ နေမယ့်အစား လေ့ကျင့်ခန်းလုပ်ဖို့လိုပါလိမ့်မယ်နော်။

ချစ်တဲ့
မမအိ






ချစ်တဲ့ မမအိ

11/08/2025

Indonesia အမှတ်တရ

10/08/2025

ကြက်သားချက်စားဖို့ နောက်ထပ်တနည်းပါ။

10/08/2025

အကျိုးရှိရှိ အသုံးပြုတတ်ပါစေ

09/08/2025

လေ့ကျင့်ဆဲကာလ

09/08/2025

Healthy meal

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Pleasure to Happiness by Eve posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share