Winnie

Winnie Oversea အလုပ်ကိုင်အခွင့်လမ်းများ စုံစမ်းနိုင်ပါပြီ

Kitchen Helper အတွေ့ကြုံရှိပြီး တရုတ်စကားပြောနိုင်သူ အမျိုးသားများ လျှောက်ထားနိုင်ပါပြီ Contact me +6585460757 ( whattap...
02/03/2025

Kitchen Helper အတွေ့ကြုံရှိပြီး
တရုတ်စကားပြောနိုင်သူ အမျိုးသားများ လျှောက်ထားနိုင်ပါပြီ

Contact me +6585460757 ( whattapp )

အနောက်နိုင်ငံတွေမှာတော့ Stainless Steel နဲ့ Cast Iron ကိုတွင်တွင်တွင်ကျယ်ကျယ်သုံးကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Non-Stick အို...
13/12/2024

အနောက်နိုင်ငံတွေမှာတော့ Stainless Steel နဲ့ Cast Iron ကိုတွင်တွင်တွင်ကျယ်ကျယ်သုံးကြပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ Non-Stick အိုးတွေကိုသုံးဆွဲသူတော်တော်များများလဲရှိနေပြီး ဒီအိုးတွေက toxic chemicals ပါဝင်တယ်ဆိုပြီး အစဉ်အမြဲအငြင်းပွားနေကြတဲ့ ကိစ္စလဲဖြစ်ပါတယ်။ Non-Stick အိုးတွေက လူကိုဆိုးကျိုးဖြစ်စေရင် ဘာကြောင့် ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်ရနေတာလဲဆိုတဲ့မေးခွန်းတွေကလဲ ယနေ့တိုင်မေးနေကြဆဲပါ။

မင်မင်တို့ ဆီမှာတော့ 21 ရာစုမှာနောက်ပိုင်း Non-Stick အိုးတွေက ဈေးနှုန်းအားဖြင့်ရော ဆန်းပြားတဲ့ဒီဇိုင်းများစွာနဲ့ ရွေးချယ်ဝယ်ယူစရာပေါ်များတာ‌ေကြာင့် ပြူလာဖြစ်လာဖြစ်လာတယ်လို့ ယူစမိပါတယ်။

မင်မင်လေ့လာမိသလောက် Non-Stick တိုင်းက toxic chemicals ပါဝင်တာမျိုးတော့မဟုတ်ပါဘူး။ Non-Stick အမျိုးစားပေါင်းများစွာလဲရှိနေပါသေးတယ်။ ဥပမာ - Telfon coating, Nylon coating, Ceramic coating, marble coating အစရှိသဖြင့် (မသိသေးတာတွေလဲရှိပါ‌တယ်) အများကြီးပါ။

အဓိကအရေးအကြီးတဲ့အချက်ကတော့ ကိုယ်ဝယ်မဲ့ non-stick အိုးက toxic chemicals တွေဖြစ်တဲ့ PFOA, PFTE နဲ့ PFOS တွေမပါဝင်တဲ့အိုး ဖြစ်ကြောင်းသေချာစေဖို့ပါပဲ။

စတီးစစ်စစ် အိုးရဲ့အားသာချက်က မီးပူပူမှာtoxic မထွက်ဘူး၊ lifetime အသုံးခံတယ်။ ဒါပေမဲ့ steel အိုးနဲ့ ဟင်းမကပ်အောင်ချက်ဖို့ဆိုရင် အဓိကကျတာက မီးအရှိန်ပါ။ ဒါက အကျွမ်းကျင်ရင်ထိန်းရခက်ပါတယ်။

Cast Iron အိုးဆိုရင်လဲ သူ့အားသာချက်က အပူခံနိုင်ရည်က အခြားအိုးထက်ပိုတယ်။ ဒီအိုးနဲ့ချက်ပြုတ်မယ်ဆိုသံဓာတ် အစားထဲကိုသံဓာတ်ရစေတယ်လို့ဆိုတယ်။

လေ့လာကြည့်ရင်တော့ အိုးအမျိုးစား‌ေတွအများကြီးထပ်ရှိနေသေးတယ်။ လူတိုင်းက လက်လှမ်းမှီရာ ကိုယ်နဲ့အဆင်ပြေမယ်ထင်တာလေးတွေ ရွေးဝယ်ကြတာပါပဲ။ အငြင်းအခုံတွေကလဲ ဆက်ရှိနေအုံးမှာပါပဲ။

ကိုယ့်အမတွေရော.....ဘယ်လိုမှတ်ချက်တွေရှိကြလဲ သိချင်မိ🙂

Photo credit

Air Fryer ဝယ်ယူအသုံးပြုနေသူများ  သတိပြုရန် နဲ့ ထိန်းသိမ်းနည်းများကို အသုံးဝင်မယ်ထင်လို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။၁/ အသုံ...
01/12/2024

Air Fryer ဝယ်ယူအသုံးပြုနေသူများ
သတိပြုရန် နဲ့ ထိန်းသိမ်းနည်းများကို အသုံးဝင်မယ်ထင်လို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။

၁/ အသုံးပြုနေချိန် အိုးအတွင်းနဲ့အပြင်ဘက်မှာ အပူကူးစက်မှုနှုန်း မြင့်တဲ့ အတွက် အပူခံလက်အိတ် / Silicon လက်ကိုင် စတာတွေနဲ့ ကိုင်တွယ်ပါ
(ခန္ဓာကိုယ်သို့ လျှပ်စစ်စီးကူးမှုမရှိစေရန်ပါကာကွယ်ပါသည်)
ရေစိုဝတ်တွေ အဝတ်ပါးတွေနဲ့ ရုတ်တရက်မကိုင်မိပါစေနဲ့

၂/ Air Fryer ကို ထားတဲ့နေရာကလည်း လေဝင်လေထွက် ကောင်းမွန်ဖို့ လိုအပ်ပါတယ် ... နံရံနှင့်နီးနီးကပ်ကပ်ထားတာ, လေပေါက်ပိတ်တဲ့ နေရာတွေမှာ ထားပြီး အသုံးပြုတာမျိုး မလုပ်သင့်ပါဘူး

၃/ Air Fryer ကိုအသုံးပြုချက်ပြုတ်တဲ့အခါ အနီးနားက ပြတင်းပေါက် တံခါးတွေဖွင့်ထားတာ, လေဝင်လေထွက်ကောင်းစေဖို့ နံဘေးက ပစ္စည်းတွေ ကို ဖယ်ထားတာမျိုးတွေ လုပ်သင့်ပါတယ်

၄/ Air Fryer အတွင်း ထည့်ပြီးအသုံးပြုရတဲ့ ဆီစိမ်စက္ကူ/ဆီလီကွန်ခွက်များ/ Aluminum Foil များ/ Air Fryer သုံးခွက်များတွေကလွဲရင် အခြားစက္ကူတွေ / မီးလောင်လွယ်တဲ့အခင်းတွေ / ကွဲရှလွယ်တဲ့ကြွေပန်းကန်တွေကို ထည့်သွင်း အသုံးမပြုရပါဘူး

၅/ Oil Spray နှင့် ဆီသုတ်အသုံးပြုတာမျိုးကလွဲလို့ chemical base အရည်တွေ ဖျန်းတာမျိုး မလုပ်သင့်ပါဘူး

၆/ Air Fryer Basket အတွင်း ချက်ပြုတ်မည့်အစားအစာတွေကို ပြည့်လျှံအောင် ထည့်တာ အထပ်ထပ်ထည့်တာတွေလည်း မလုပ်ရပါဘူး

၇/ Air Fryer အမျိုးအစားအလိုက်မတူညီတဲ့ အပူချိန်သက်ရောက်မှုတွေနဲ့ ချက်ပြုတ်ချိန်ကြာမြင့်မှုကွာခြားတတ်တာကြောင့် အများရဲ့ အကြံပေးချက် တိုင်းကို တထစ်ချ မမှတ်ယူသင့်ပါဘူး

၈/ မီးလောင်ကျွမ်းလွယ်တဲ့ Raw Materials မျိုး (သို့) မချက်ဖူးတဲ့ အစားအစာမျိုးကို ထည့်သွင်းချက်ပြုတ်မယ်ဆိုရင်လည်း ကိုယ်ချက်နေစဉ် အတွင်းမှာ တဘက်ကနေ တဘက်ကိုလှန်ဖို့ ခန့်မှန်းပြီးဖွင့်ကြည့်တာမျိုး မွှေပေးတာမျိုးတွေ ပြုလုပ်ရပါမယ်

၉/ ချက်ပြုတ်နေစဉ် အချိန်မစေ့သေးဘဲ အိုးဖွင့်ကြည့်တဲ့အခါ မီးခလုတ်ကို မပိတ်ဘဲ အိုးကိုဆွဲထုတ်ကြည့်လို့ရပါတယ် (* အထူးသဖြင့် ဒစ်ဂျစ်တယ် အသုံးပြုသူတွေအနေနဲ့ ခလုတ်ပိတ်ပြီးမှ အိုးဆွဲထုတ်တာမျိုး မလုပ်ပါနဲ့ အသုံးပြုတာအားလုံးပြီးဆုံးသွားခဲ့ရင်တောင် အိုးမှာပါတဲ့ cooling system ကအသံရပ်သွားတဲ့အထိ မီးခလုတ်တွေကို ပိတ်မပစ်တာ ပလပ်ဆွဲဖြုတ်တာတို့မလုပ်ဘဲ ထားထားရမှာပါ) Manual သုံးသုံး Digital သုံးသုံး ကိုယ့် Air Fryer အသုံးပြုပြီး ပြန်မအေးခင် ကြိုးကို အိုးနဲ့ကပ်လျက် ဖြုတ်ချပြီးနီးနီးကပ်ကပ်ထားခဲ့တာမျိုးလည်း မလုပ်ရပါဘူး အပူကြောင့် လောင်ကျွမ်း ပေါက်ပြဲလွယ်စေပါတယ်

၁၀/ Manual အသုံးပြုသူတွေအနေနဲ့ကတော့ Timer ခလုတ်တွေကို သူသတ်မှတ်တဲ့အတိုင်းလှည့်တာမျိုးကလွဲပြီး ပြောင်းပြန်ပြန်လှည့်တာမျိုး လုံးဝမလုပ်ရပါဘူး ခနခနလှည့်မိရင် အချိန်မတိုင်ခင် ခလုတ်ပျက်တာတွေ လှည့်မရတာတွေ ကျိုးသွားတာတွေ ဖြစ်လာပါလိမ့်မယ်

၁၁/ Air Fryer ထဲမှာ ဆားမှုန် (Dry Salt - ဆားကြမ်း) လိုမျိုးကို လွန်ကဲ အောင်ထည့်ပြီး သုံးတာမျိုးတွေလည်း မလုပ်သင့်ပါဘူး ဆားငွေ့ရိုက်တာ ကြောင့် Non Stick Coating တွေရဲ့ သက်တမ်းကို ပိုတိုစေပြီး အလိတ်လိုက် ကွာထွက်တာ အပေါ်ဘက်ကအပူပေးကွိုင်တွေကို ဆားငွေ့ထိတာ တို့ဖြစ်နိုင်ပါတယ်

၁၂/ Air Fryer Basket ကိုအသုံးပြုပြီးလို့ ပြန်လည်ဆေးကြောမယ်ဆိုရင် ဆပ်ပြာရည်နဲ့ ၁၅ မိနစ်ခန့်စိမ်ထားပြီးမှ အဝတ်စ ဖော့စတို့နဲ့ပွတ်ပြီးပဲ ဆေးကြောသင့်ပါတယ် ကြမ်းတမ်းတဲ့ပိတ်စတွေ သတ္တုစတွေနဲ့ ပွတ်တိုက် မဆေးကြောမိပါစေနှင့်။

၁၃/ Air Fryer အတွင်းပိုင်း အပူပေးကရိယာများကို သန့်စင်ရာတွင်လဲ ဆပ်ပြာ/ရေ များနှင့် မဆေးကြောဘဲ နူးညံ့တဲ့ပိတ်စ နဲ့ သာ အခြောက်လျှော် သန့်စင်သင့်ပါသည်။

Credit to original creator

Address

Singapore

Telephone

+6585460757

Website

Alerts

Be the first to know and let us send you an email when Winnie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Winnie:

Share