What I Know with Kelvin

What I Know with Kelvin This page is all about Kelvin—his experiences, what he’s learned, the work he does, his travels, and even some fun along the way.

If you find something interesting or useful here, don’t forget to follow!

အကယ်၍ သင်က မလေးရှား နိုင်ငံ ကွာလမ်လာပူ ကို ရောက်ခဲ့တယ်ဆိုလျှင် tourists attraction တစ်ခုဖြစ်တဲ့ BaTu Caves ကို သွားရောက်...
06/08/2025

အကယ်၍ သင်က မလေးရှား နိုင်ငံ ကွာလမ်လာပူ ကို ရောက်ခဲ့တယ်ဆိုလျှင် tourists attraction တစ်ခုဖြစ်တဲ့ BaTu Caves ကို သွားရောက်လေ့လာသင့်ပါတယ်။ လှိုင်ဂူရဲ့ အရှေ့မှာ တည်ရှိတဲ့ ဟိန္ဒူရိုးရာ နတ်ဘုရား Murugan Statue ဟာ အမြင့်ပေ ၁၄၀ (42.7 m) ရှိပြီး မလေးရှားနိုင်မှာ အမြင့်ဆုံး ရုပ်ထု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ နံပါတ်နှစ် အမြင့်ဆုံး Murugan Statue ပါတဲ့။ တောင်ပေါ်မှာ ရှိတဲ့ လှိုင်ဂူထဲကိုရောက်ဖို့ရာ လှေကား 272 ထစ်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး တောင်ထိပ်မှာတော့ ဟိန္ဒူရိုးရာ နတ်ဘုရား၊ မယ်တော် ရုပ်ထုတွေ ရှိပါတယ်။ ယုံကြည် ကိုးကွယ်မှု ဆိုင်ရာ ပူဇော်ပွဲတွေ လုပ်နေတာကိုလည်း ဗဟုသုတ အဖြစ် မြင်တွ့ ခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စင်္ကာပူနိုင်ငံမှာ အလုပ်သစ်ပြောင်းဖို့ နှင့် အလုပ်အကိုင်အဆင် ပြေစေဖို့ ဆုတောင်းခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မလေးရှားခရီးစဉ်မှ ပြန်လာပြီး ရုတ်တရက် မထင်မှတ်ပဲ ကိုယ်လိုချင်တဲ့ အလုပ်ကို ရရှိခဲ့သလို အလုပ်အကိုင်လည်းအဆင်ပြေပါတယ်။ ဆုတောင်းပြည့်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။

Singapore မှာ အလုပ်ရပြီး အလုပ်အကိုင် ပိုမို အဆင်ပြေစေရန်၊ အလုပ်လာရှာသည့် သူများ အလုပ်အကိုင် အမြန်ဆုံးရရှိစေရန် ဆုတောင်းက...
28/07/2025

Singapore မှာ အလုပ်ရပြီး အလုပ်အကိုင် ပိုမို အဆင်ပြေစေရန်၊ အလုပ်လာရှာသည့် သူများ အလုပ်အကိုင် အမြန်ဆုံးရရှိစေရန် ဆုတောင်းကြသည့် Bugis မှာ ရှိတဲ့ ကွမ်ရင်မယ်တော် ကျောင်းပါ။ စင်္ကာပူကျွန်းသည် ကွမ်ရင်မယ်တော်၏ အစောင့်အရှောက်အောက်တွင် ရှိသည်ဟု အများက ယုံကြည်ထားကြပါတယ်။ တကယ်လည်း ဆုတောင်းပြည့်တယ် လို့ ခံစားရတဲ့အတွက် ကျွန်တော်ကတော့ တစ်လတစ်ခေါက်လောက်တော့ မယ်တော်ကျောင်းကို သွားရောက်ဂါရဝ ပြုတက်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ စင်္ကာပူ လာမည့်သူများက မြေနီကုန်း ရှမ်းလမ်းနားမှာ ရှိတဲ့ ကွမ်ရင်မယ်တော်ကျောင်းရယ် လသာမှာ ရှိတဲ့ တရုတ်ဘုံ ကျောင်းတို့မှာ ဆုတောင်းမှု ပြုတက်ကြပါတယ်။

26/07/2025

ရွေ့လျားမှု နှင့် ငြိမ်သက်မှု ထပ်တူကျနေသော အခိုက်အတန့်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when What I Know with Kelvin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share