Lora7

Lora7 One day, I wanna live at countryside

06/03/2024

ယာတောထဲက ကောင်းမလေး😍😍😍
#ကျေးလက်ဘဝ

မင်္ဂလာပါနံနက်ခင်းပါ
03/03/2024

မင်္ဂလာပါနံနက်ခင်းပါ

03/03/2024

Countryside Life-EP-7
#ကျေးလက်ဘဝ 😍😍😍

မင်္ဂလာ နံနက်ခင်းပါ😍😍😍
02/03/2024

မင်္ဂလာ နံနက်ခင်းပါ😍😍😍

ဗုံလုံသီး စိုက်ပျိုးနည်း==================မျိုးဒေသမျိုးကိုသာ စိုက်ကြ သည်။ အသီးရောင် အစိမ်းရင့်ရောင်မျိုးနှင့် အစိမ်းနုရေ...
01/03/2024

ဗုံလုံသီး စိုက်ပျိုးနည်း
==================
မျိုး
ဒေသမျိုးကိုသာ စိုက်ကြ သည်။ အသီးရောင် အစိမ်းရင့်ရောင်မျိုးနှင့် အစိမ်းနုရောင်မျိုး ဟူ၍ရှိပြီး (၄-၅) ပေခန့်ထိရှည်သော ပဲလင်းမြွေအရှည်မျိုးနှင့် (၁-၂)ပေခန့်ရှည်သော ဗုံလုံအတိုမျိုးဟူ၍ ခွဲနိုင်သည်။ မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်းပြီး နွေရာသီတွင် အပူဒဏ်ခံနိုင်သည်။ စင်တင်စနစ် အဖြစ်သာအစိုက်များပြီး သက်တမ်းအားဖြင့် စိုက်ပြီးရက် (၅၀-၆၀) တွင် စတင်ခူးဆွတ်နိုင်ပါသည်။ ဆောင်းရာသီတွင် ဆီးနှင်းကင်းသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးခြင်း
နှစ်ပေ အကျယ်၊ တစ်ပေခန့် အမြင့် စိုက်ဘောင်ကို တစ်ဘောင်နှင့်တစ်ဘောင် ငါးပေခြားဖော်၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ရပါမည်။ တစ်ဧကအပင် ၈,၀၀၀ ခန့် ထည့်စိုက်ရပါမည်။ စင်တင်စနစ်ဖြင့်သာ စိုက်သင့်ပြီး အစေ့ကိုအညှောက်ဖောက်ပြီး တိုက်ရိုက်အစေ့ချစိုက်ကြသည်။ အစေ့ကို လက်မဝက်ခန့် မြှုပ်၍ ရေကိုဝအောင် လောင်းပေးမည်။

မြေသြဇာထည့်သွင်းခြင်း
စိုက်ဘောင်အတွင်းသို့ မြေဆွေး၊ နွားချေး၊ တီစူပါ မြေသြဇာရော၍ ပေါက်ပြားဖြင့်ဆွပြီး ရောမွှေထည့်ပေးရမည်။ အပင်ပေါက်ပြီး ၁၀ ရက်ခန့်တွင် ယူရီးယားပိုတက်ရှ်အရောကို နွားချေးဆွေးဖြင့် ရော၍ အပင်ခြေမှ ခြောက်လက်မခွာ၍ ကျွေးပေးရမည်။ အသီးစတင်သီးချိန်တွင် အစာကျွေးဘောင်ထပ်ခြင်း ပြုလုပ်ပေးရပါမည်။ ပဲလင်းမြွေတစ်ဧကလျှင် နွားချေးဆွေးလှည်း ၁၀ စီးမှ၂၀ စီး၊ ပုလဲ(၁-၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ်(၁-၂)အိတ် ထည့်ပေးပါ။

အပင်ပြုစုခြင်း
အပင်ငယ်စဉ်တွင် အပင်ပတ်ဝန်းကျင်ကို လက်ပေါင်းသာ လိုက်သင့်ပါသည်။ အသီးစတင် သီးချိန်တွင် ပေါင်းမြက်များကိုနှိမ်နင်း၍ ဘောင်ထပ်ခြင်းကို နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါမည်။ အမြစ်ပြေးလမ်းကို ပေါင်းမြက်များကင်းစင်အောင် ပေါက်ပြားဖြင့်ဆွ၍ မြေသြဇာထည့်သွင်းပေးရမည်။ အစေ့ချပြီးအပင်မပေါက်ခင် ရေကိုဂရုတစိုက်လောင်းပေးရမည်။အပင်ငယ်စဉ်တွင် ရေလိုအပ်ပါက နေ့စဉ်လောင်းပေးပြီး အစာကျွေးပြီးတိုင်း ရေလောင်းရမည်။ အသီးဖြိုင်ဖြိုင်သီးချိန်တွင်ရေအစိုဓာတ်ပြတ်ပါက ဝအောင်သွင်းပေးရမည်။ အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းကို ဂရုစိုက်ကာကွယ်နှိမ်နင်း၍ အသီးနုစဉ်သီးထိုးယင်များ ကျရောက်ဖျက်ဆီးတတ်သည်။ ရွက်ခြောက်၊ ရွက်ပုပ်၊ ခါးရိ၊ အရိုးကွဲ၊ မှိုရောဂါများ ကျရောက်တတ်၍ မှိုသတ်ဆေးဖြင့် ကာကွယ်ပက်ဖျန်းထားသင့်သည်။

ခူးယူခြင်း
အသီရှည်မျိုးကို အသီးဖြောင့်တန်းစေရန် ခဲဆွဲပေးရသည်။ စိုက်ပျိုးပြီး (၅၀-၆၀)ရက်တွင် စတင်ခူးနိုင်သည်။ အသီးသည်နုသဖြင့် သယ်ဆောင်စဉ် ကျိုးပဲ့တတ်သည်။ အသီးခူးစဉ် အညှာမထိခိုက်စေရန် သတိထား၍ ခူးရမည်။ တစ်ဧကလျှင် ပဲလင်းမြွေ ၅၀,၀၀၀ မှ ၇၀,၀၀၀ ထိ အသီးထွက်နိုင်ပါသည်။

မျိုးစေ့ထုတ်ယူခြင်း
အပင်ပေါ်တွင် အသီးရင့်မှည့်သည်အထိ ထားရမည်။ မှည့်လွန်းပါက အသီးပြတ်ကျတတ်၍ အနေတော်ခူးရမည်။ အသီးများကို တစ်ပတ်ခန့်အရိပ်ထဲတွင်ထား၍ အစေ့ထုတ်ယူရမည်။ ရေဖြင့် ၁၅ မိနစ်အတွင်း ပြောင်အောင်ဆေး၍ နေရောင်အောက်တွင်နာရီ ဝက်အခြောက်လှမ်းပြီး အရိပ်ထဲတွင်နှစ်ရက်လေသလပ်ခံရမည်။ ထို့နောက် လေလုံသောဗူးတွင်ထည့်ပြီး သိုလှောင်ထားရမည်။
အရေသွေးကောင်းပဲလင်းမြွေသီးမျိညးစေ့များကိုဝယ်ယူစိုက်ပျိုးချင်သော မိဘပြည်သူများအနေဖြင့်တစ်ထုပ်လျင်၁၅၀၀ကျပ်ထဲဖြင့်မှာယူစိုက်ပျိုးနိင်ပါပြီနော် ဖုန်း09423744490/ 09798839514ကိုဆက်သွယ်၍သော်လည်ကောင်းCbကသော်လည်ကောင်းဆက်သွယ်မှာယူနိင်ပါပြီနော်

ယူရုတ်- ဆလိုဗီနီယား နိူင်ငံက တောရွာလေးတစ်ခု😍😍😍
01/03/2024

ယူရုတ်- ဆလိုဗီနီယား နိူင်ငံက တောရွာလေးတစ်ခု😍😍😍

အသက်ရွယ်ရလာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ မက်မက်မောမော လိုချင်တာဆိုလို့   နှစ်ခုဘဲ ရှိတော့တယ် ။ ပိုက်ဆံ နှင့် စကားပြောဖော် လူ...
01/03/2024

အသက်ရွယ်ရလာတာနဲ့အမျှ
တစ်နေ့ထက်တစ်နေ့
မက်မက်မောမော လိုချင်တာဆိုလို့ နှစ်ခုဘဲ ရှိတော့တယ် ။

ပိုက်ဆံ နှင့် စကားပြောဖော် လူတစ်ယောက်

ကိုယ်လုပ်ချင်ရာ ၊ စားချင်ရာ ၊
လှူချင်ရာ အကုန်ဖြစ်ဖို့
လူတန်းစေ့ နေနိုင်ဖို့
ပိုက်ဆံ လိုပါတယ် ။

ပိုက်ဆံဟာ power ပါပဲ ။
လက်ထဲ ပိုက်ဆံရှိနေတဲ့ နေ့တွေဟာ စိတ်လုံခြုံမှုရှိတယ် ။
ရဲရံတင်းတင်း လုပ်ကိုင်ရဲတယ် ။ ဘာပဲလုပ် လုပ် သတ္တိရှိနေဖို့ ၊
ပိုက်ဆံက သိပ်အရေးကြီးပါတယ် ။

ကိုယ့်မှာသာ လုံလုံလောက်လောက် ငွေကြေးကြွယ်ဝနေတဲ့အခါ
ဆွေမျိုး အသိုင်းအဝိုင်း ၊ သူငယ်ချင်းအပေါင်း အသင်း ၊ ဘယ်နေရာမှာ မဆို ဘောင်ဝင် တယ်
နေရာတိုင်းကို ဝင်ဆံ့ရဲပါတယ် ။

နောက်တစ်ခုက စကားပြောဖော်
လူတစ်ယောက်

လူဆိုတာ
တစ်ယောက်တည်းနေလို့ရတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး ။ အပေါင်းအသင်းကို ခုံမင်တယ် ။ အသင်းအဖွဲ့ကို
သိပ်မက်မောကြပါတယ် ။

စိတ်ညစ်တိုင်း ရင်ဖွင့်ဖို့ ၊
ကောင်းခြင်း ဆိုးခြင်းမျှဝေဖို့
ရင်ဘတ်နဲ့ နားထောင်ပေးတတ်တဲ့ စကားပြောဖော်
လူတစ်ယောက်ဟာ
တကယ် လိုပါတယ် ။

အဲ့ဒီအတွက် ပိုက်ဆံ
ကြိုးစားရှာမယ် ။
စိတ်လုံခြုံမှု အပြည့်ပေးတဲ့
လူတစ်ယောက်ကို
စကားတွေ အများကြီး ပြောမယ် ။

ဒီနှစ်ခု အပေါ်မှာဘဲ ဘဝကို ရင်းနှီးမြုပ်နှံထားပါတယ် ။

#ကျေနပ်စွာနေထိုင်ခြင်း #သားထွေး
ကူးယူဖော်ပြသည်

Iron men
01/03/2024

Iron men

မြင်ကွင်းက ရူးလောက်တယ်ဗျာ... အရမ်းလှလို့❤️❤️❤️
29/02/2024

မြင်ကွင်းက ရူးလောက်တယ်ဗျာ... အရမ်းလှလို့❤️❤️❤️

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Lora7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share