Ming On Mic

Ming On Mic MingOnMic.Podcast

Real stories. Real life. Abroad. Sharing life abroad, one story at a time. ✌🏼

27/08/2026

နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတိုင်းအတွက် — ကိုယ်ပိုင်ကျန်းမာရေးကို မမေ့ကြပါနဲ့ 🏃‍♂️❤️

နိုင်ငံခြားရောက်ပြီး အလုပ်လုပ်နေရတဲ့ဘဝဆိုတာ တစ်ခါတလေ ကိုယ့်ကျန်းမာရေးထက် အလုပ်ကို ဦးစားပေးမိတတ်ပါတယ်။
မနက်အလုပ်သွား၊ တစ်နေ့လုံးအလုပ်လုပ်၊ ညအိမ်ပြန်… နားရက်ရောက်ရင်လည်း အိပ်ချင်တာနဲ့ပဲ အချိန်ကုန်သွားတတ်ပါတယ်။

ဒါပေမယ့် ကိုယ်တိုင်သိလာတာတစ်ခုက ပိုက်ဆံရှာဖို့အတွက် ကျန်းမာရေးကို မစွန့်လွှတ်သင့်ဘူး ဆိုတာပါ။

ကျွန်တော်အနေနဲ့ Running ကို စလုပ်ဖြစ်တဲ့အချိန်မှာ အစပိုင်းက မလွယ်ပါဘူး။ နည်းနည်းပြေးရုံနဲ့ မောတယ်၊ ခြေထောက်နာတယ်၊ ဆက်လုပ်ချင်စိတ်မရှိတဲ့နေ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်လာတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးလာသလို စိတ်လည်း ပိုကြည်လင်လာတာကို ခံစားရပါတယ်။

Running ဖြစ်ဖြစ်၊ Walking ဖြစ်ဖြစ်၊ Gym သွားတာဖြစ်ဖြစ်၊ Cycling လုပ်တာဖြစ်ဖြစ် — အရေးကြီးတာက ကိုယ့်ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ပါ။

တစ်နေ့ကို အချိန်အများကြီးမလိုပါဘူး။
ကိုယ့်အခြေအနေနဲ့ကိုက်ညီအောင် 20–30 မိနစ်လောက်ပဲဖြစ်ဖြစ် စလုပ်လို့ရပါတယ်။

နိုင်ငံခြားမှာ တစ်ယောက်တည်း အလုပ်လုပ်ရင်း ပင်ပန်းနေကြသူတွေအတွက် ပြောချင်တာက—

အလုပ်က ကိုယ့်ဘဝကို ထောက်ပံ့ပေးဖို့ပါ။
ကိုယ့်ဘဝတစ်ခုလုံးကို အလုပ်အတွက်ပဲ မပေးလိုက်ပါနဲ့။

ပိုက်ဆံရှာပါ။ အနာဂတ်အတွက် Saving လုပ်ပါ။ အိပ်မက်တွေအတွက် ကြိုးစားပါ။
ဒါပေမယ့် ကိုယ့်ကျန်းမာရေးအတွက်လည်း အချိန်နည်းနည်းချန်ထားပါ။

ဒီနေ့ 30 မိနစ် လမ်းလျှောက်တာ၊ နည်းနည်းပြေးတာက မနက်ဖြန်မှာ ကိုယ့်အတွက် ပြန်ရလာမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတိုင်း — ပိုက်ဆံရှာရင်း ကိုယ့်ကိုယ်ကိုလည်း ပြန်ရှာဖွေကြပါ။ 🏃‍♂️🌏

ကျန်းမာရေးက ပျက်သွားမှ တန်ဖိုးကို သိရတာမျိုး မဖြစ်စေချင်လို့ပါ ခင်ဗျာ။






゚

Singapore ကနေ KL အထိ ✈️🇲🇾ခရီးတစ်ခေါက်မှာ အမှတ်တရကောင်းတွေရော၊ သင်ခန်းစာတွေရော ရခဲ့တဲ့ ခရီးစဉ်လေးဒီတစ်ခေါက်တော့ Singapore...
16/08/2026

Singapore ကနေ KL အထိ ✈️🇲🇾

ခရီးတစ်ခေါက်မှာ အမှတ်တရကောင်းတွေရော၊ သင်ခန်းစာတွေရော ရခဲ့တဲ့ ခရီးစဉ်လေး

ဒီတစ်ခေါက်တော့ Singapore ကနေ Malaysia, Kuala Lumpur (KL) ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အစကတည်းက KL ကို တန်းသွားဖို့ စီစဉ်ထားတာမဟုတ်ဘဲ ပထမဆုံး Johor Bahru (JB) ကို အရင်ဝင်ဖြစ်ခဲ့ပါတယ်။

JB မှာရှိတဲ့ အသိမိတ်ဆွေတစ်ယောက်ရဲ့ အလှူပွဲကို သွားရောက်ခဲ့ပြီး အလှူမှာပါဝင်ရင်း မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် အချိန်က သိပ်မရတာကြောင့် JB ကနေ KL ကို ကားနဲ့ဆက်သွားဖို့ အချိန်မလောက်တော့ဘဲ Singapore ကို ပြန်လာပြီး လေယာဉ်နဲ့ KL ကို ဆက်သွားဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

လေယာဉ်နဲ့ KL ကို ရောက်တဲ့အချိန်ကလည်း သန်းခေါင်ကျော်နေပြီဆိုတော့ ပထမဆုံးအနေနဲ့ အနီးအနားက budget hotel တစ်ခုကို Agoda ကနေ booking လုပ်ပြီး ဝင်တည်းလိုက်ပါတယ်။

ဒါပေမယ့်… 😅
အဲဒီမှာပဲ ဒီခရီးစဉ်ရဲ့ ပထမဆုံး သင်ခန်းစာကို ရခဲ့ပါတယ်။

Booking မလုပ်ခင် review တွေကို သေချာမဖတ်မိတာကြောင့် တကယ်ရောက်သွားတဲ့အချိန်မှာတော့ ကိုယ်မျှော်လင့်ထားသလို မဟုတ်ဘဲ ဟိုတယ်က အဆင်မပြေတဲ့နေရာဖြစ်နေခဲ့ပါတယ်။ အချိန်ကလည်း ညအရမ်းနောက်ကျနေတော့ နောက်ထပ်နေရာရှာဖို့ကလည်း အဆင်မပြေတော့ဘူး။

အဲဒီညပြီးတဲ့နောက်မှာတော့ “Agoda မှာ hotel booking လုပ်မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းမကြည့်ဘဲ review တွေ၊ rating တွေ၊ ဓာတ်ပုံတွေကို သေချာကြည့်ရမယ်” ဆိုတဲ့ အသိတစ်ခု ရသွားခဲ့ပါတယ်။ 😅

နောက်တစ်ခုကလည်း JB ကနေ KL အထိ သွားမယ်ဆိုရင် အချိန်အရမ်းမလောက်တဲ့အခြေအနေမျိုးမှာ JB ကိုသွားပြီး Singapore ပြန်လာ၊ နောက်တစ်ခါ KL ကို လေယာဉ်နဲ့သွားတာထက် အချိန်ရရင် တစ်ခါတည်း KL အထိ ဆက်သွားတာ ပိုအဆင်ပြေမယ် ဆိုတာကိုလည်း သိလာခဲ့ပါတယ်။

ဒါပေမယ့် KL ရောက်ပြီး နောက်ရက်တွေမှာတော့ ခရီးက တော်တော်လေး အဆင်ပြေသွားပါတယ်။ အထူးသဖြင့် KL မှာရှိတဲ့ မိတ်ဆွေသူငယ်ချင်း၊ နယ်ခံတစ်ယောက်က ကိုယ်တို့ မသိသေးတဲ့နေရာတွေကို လိုက်ပို့ပေးပြီး ဘယ်နေရာမှာ ဘာစားရမလဲ၊ ဘယ်နေရာတွေ သွားသင့်လဲဆိုတာကအစ လိုလေသေးမရှိ ကူညီပေးခဲ့တာကြောင့် ခရီးသွားရတာ ပိုပြီး လွယ်ကူသွားပါတယ်။

ကိုယ်တိုင်သွားရင် Google Map နဲ့ နေရာရှာ၊ လမ်းကြောင်းစဉ်းစား၊ ဘယ်အချိန်သွားရင်ကောင်းမလဲဆိုတာတွေ အချိန်ကုန်နိုင်ပေမယ့် နယ်ခံမိတ်ဆွေတစ်ယောက်ရှိနေတာက တကယ်ကို ခရီးသွားရတာ ပိုပြီး အဆင်ပြေစေပါတယ်။

ဒီခရီးစဉ်မှာတော့ KL ရဲ့ နာမည်ကြီးနေရာတွေကို လည်ပတ်ရင်း အစားအသောက်တွေ စမ်းစား၊ မြို့ရဲ့အငွေ့အသက်ကို ခံစားပြီး မိတ်ဆွေတွေနဲ့အတူ အမှတ်တရကောင်းတွေ အများကြီးရခဲ့ပါတယ်။

ခရီးဆိုတာ အမြဲတမ်း အစီအစဉ်အတိုင်းပဲ ဖြစ်မနေပါဘူး။ တစ်ခါတလေ အဆင်မပြေတာတွေ ကြုံရတတ်သလို အဲဒီအတွေ့အကြုံတွေကပဲ နောက်ခရီးတွေအတွက် သင်ခန်းစာကောင်းတွေ ဖြစ်လာတတ်ပါတယ်။

ဒီတစ်ခေါက် KL ခရီးကတော့ “ခရီးသွားရင်း အမှတ်တရတွေရရုံမက၊ နောက်တစ်ခေါက် ပိုကောင်းကောင်းခရီးသွားတတ်အောင်ပါ သင်ယူခဲ့ရတဲ့ ခရီးတစ်ခေါက်” လို့ ပြောလို့ရပါတယ်။ ❤️✈️🇲🇾

နောက်တစ်ခေါက် Malaysia ခရီးမှာတော့ ဒီထက်ပိုပြီး နေရာစုံ၊ အစားအသောက်စုံနဲ့ အတွေ့အကြုံအသစ်တွေ ထပ်ပြီး Sharing လုပ်ပေးပါဦးမယ်။




ဒီနေ့တော့ အမဲသားဖက်ကဖောင်လေး ချက်စားဖြစ်တယ်ဗျာ 🇹🇭🌶️ပုံမှန်အားဖြင့် ကြက်သား ဖက်ကဖောင် ဆိုပြီး လုပ်စားကြတာမျိုးပါ။ ကျွန်တေ...
12/08/2026

ဒီနေ့တော့ အမဲသားဖက်ကဖောင်လေး ချက်စားဖြစ်တယ်ဗျာ 🇹🇭🌶️

ပုံမှန်အားဖြင့် ကြက်သား ဖက်ကဖောင် ဆိုပြီး လုပ်စားကြတာမျိုးပါ။ ကျွန်တော်ကတော့ အမဲသား နဲ့ လုပ်စားဖြစ်ပါတယ် လုပ်စားကြလို့လွယ်ကူမယ့် နည်းလမ်းလေးကိုပြန်လည်မျှဝေပေးပါမယ် ခင်ဗျာ။

အသားဖက်ကဖောင်ကို အိမ်မှာစားလို့လည်းကောင်း၊ ထမင်းနဲ့လိုက်ဖက်ပြီး အရသာကောင်းကောင်းရအောင် ချက်မယ်ဆိုရင် အသားကို မခြောက်အောင်ချက်တာ၊ ပင်စိမ်းအနံ့ကို နောက်ဆုံးမှထည့်တာ က အရေးကြီးပါတယ်။

အသားဖက်ကဖောင် — ၂ ယောက်စာ
ပါဝင်ပစ္စည်းများ

* အသား — 300 g (နုပ်နုပ်စဉ်းထားပါ)
ကြက်သား ဝက်သား အမဲသား ကြိုက်ရာသုံးနိုင်ပါတယ်
* ကြက်သွန်ဖြူ — 4–5 မွှာ

* ငရုတ်သီးစိမ်း/နီ — 5–10 တောင့် (အစပ်ကြိုက်သလောက်)
* ကြက်သွန်နီ — ½ လုံး
* Thai Holy Basil (ใบกะเพรา) — လက်တစ်ဆုပ်ခန့်
* ဆီ — 2 စားပွဲဇွန်း
* Oyster sauce — 1 စားပွဲဇွန်း
* Fish sauce — 1–1½ လက်ဖက်ရည်ဇွန်း
* Light soy sauce — 1 လက်ဖက်ရည်ဇွန်း
* သကြား — ½ လက်ဖက်ရည်ဇွန်း
* ရေ — 2–3 စားပွဲဇွန်း

အသားနှပ်ရန်

* Oyster sauce — ½ လက်ဖက်ရည်ဇွန်း
* Light soy sauce — ½ လက်ဖက်ရည်ဇွန်း
* ငရုတ်ကောင်းမှုန့် — အနည်းငယ်

ချက်နည်းကတော့

၁။ အသားပြင်ဆင်ပါ
အသားကို နုပ်နုပ်စဉ်းပြီး Oyster sauce ,Soy sauce နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ ရောထားပါ။ အချိန်အများကြီးနှပ်စရာမလိုဘဲ 10 မိနစ်လောက် ထားရင်ရပါပြီ။

၂။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးထောင်းပါ
ကြက်သွန်ဖြူနဲ့ ငရုတ်သီးကို အရမ်းညက်အောင်မထောင်းဘဲ အနည်းငယ်ကြမ်းကြမ်းလေး ထောင်းထားပါ။ ဒီလိုလုပ်ရင် ဆီပူထဲထည့်တဲ့အခါ အနံ့ပိုထွက်ပါတယ်။

၃။ ဒယ်အိုးကို အပူကောင်းကောင်းပေးပါ
ဒယ်အိုးကို အရင်ပူအောင်ထားပြီး ဆီထည့်ပါ။ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးထောင်းထားတာကို ထည့်ပြီး 10–20 စက္ကန့်လောက် မွှေပေးပါ။ ကြက်သွန်ဖြူမလောင်အောင် သတိထားပါ။

၄။ အသားထည့်ကြော်ပါ
အသားထည့်ပြီး မီးအလယ်အမြင့်နဲ့ မွှေကြော်ပါ။ အသားအတုံးတွေ ကပ်မနေအောင် ခွဲပေးပြီး အသားအရောင်ပြောင်းလာတဲ့အထိ ချက်ပါ။

၅။ Sauce ထည့်ပါ
Oyster sauce၊ Fish sauce၊ Light soy sauce နဲ့ သကြားထည့်ပါ။ ရေ 2–3 စားပွဲဇွန်းလောက်ထည့်ပြီး အားလုံးကို မြန်မြန်မွှေပါ။

ဒီအချိန်မှာ အရည်အများကြီးမကျန်သင့်ပါဘူး။ ဖက်ကဖောင်က ဟင်းရည်များတဲ့ဟင်းမျိုးမဟုတ်ဘဲ sauce က ကြက်သားနဲ့ကပ်ပြီး စိုစိုမွှေးမွှေးလေး ဖြစ်တာက ပိုကောင်းပါတယ်။

၆။ Holy Basil ထည့်ပါ
နောက်ဆုံးမှာ Thai Holy Basil ထည့်ပြီး မီးအနည်းငယ်မြှင့်ကာ 20–30 စက္ကန့်လောက်ပဲ မွှေပေးပါ။ ပင်စိမ်းရွက်တွေ နွမ်းလာတာနဲ့ မီးပိတ်လိုက်ပါ။

အချိန်ကြာကြာချက်ရင် ပင်စိမ်းရဲ့ လတ်ဆတ်တဲ့အနံ့ ပျောက်သွားနိုင်ပါတယ်။

ကြက်ဥကြော်နဲ့စားမယ်ဆိုရင်လည်း ပိုကောင်းပြီး လိုက်ဖက်ပါတယ် ကျွန်တော်ကတော့ ကြက်ဥသိပ်မကြိုက်လို့ မထည့်ထားပါဘူး🫣

ပြီးရင် ထမင်းပူပူ + အသားဖက်ကဖောင် + ကြက်ဥကြော် ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ တကယ်စားကောင်းတဲ့ Thai-style meal တစ်ပွဲရပါပြီ။

အားလုံး လိုက်ချက်စားကြည့်မို့ အဆင်ပြေကြပါစေဗျာ။





08/08/2026

Vegetarian နဲ့ vegan ဆိုတာ ကျွန်တော်တို့ F&B လောကသားတွေ အမြဲ ကြားဖူးကြုံဖူးနေကြ စကားလုံးတွေပါ ၊ အခြေခံအားဖြင့် vegetarian နဲ့ vegan ဘာတွေ ကွာခြားလဲ ဆိုတာ အခြေခံ နားလည်သလောက်ပြန် sharing လုပ်ပေးထားပါတယ် ။ 🍀🥗🥙




နိုင်ငံခြားဘဝက…မနက်အလုပ်၊ ညအလုပ်ပြီး အိမ်ပြန်၊ နောက်နေ့လည်း အတူတူပဲ။တစ်နေ့လုံး မီးဖိုရှေ့မှာ ရပ်ရ၊ အော်ဒါတွေ လုပ်ရ၊ ပူတဲ...
25/07/2026

နိုင်ငံခြားဘဝက…
မနက်အလုပ်၊ ညအလုပ်ပြီး အိမ်ပြန်၊ နောက်နေ့လည်း အတူတူပဲ။

တစ်နေ့လုံး မီးဖိုရှေ့မှာ ရပ်ရ၊ အော်ဒါတွေ လုပ်ရ၊ ပူတဲ့အပူဒဏ်ကို ခံရတဲ့အလုပ်ဆိုတော့…
ဗိုက်ပြည့်မှ စိတ်လည်းတည်ငြိမ်တယ်၊ အလုပ်လည်း ပိုအဆင်ပြေတယ်။

တစ်ခါတလေတော့…
ကိုယ်က Chef ဖြစ်ပေမယ့် ကိုယ်ချက်တဲ့ဟင်းကိုတောင် အေးသွားမှ စားရတဲ့နေ့တွေ ရှိတယ်။ 🤣

ဒါပေမယ့်…
ဒီပင်ပန်းမှုတိုင်းက မိသားစုရဲ့ အပြုံးအတွက်၊ ကိုယ့်အနာဂတ်အတွက် ရင်းနှီးထားတဲ့ အချိန်တွေပဲ။

ဗိုက်ကိုလည်း ဖြည့်၊ အိပ်မက်ကိုလည်း ဖြည့်။
နေ့တိုင်း နည်းနည်းချင်း ရှေ့ဆက်နေရင် တစ်နေ့တော့ ရောက်မှာပါ။ 💪

မနက်စာက မစားလို့ရတယ်လို့ ထင်တဲ့သူတွေ…
တစ်ရက်လောက် မီးဖိုရှေ့ ၁၀ နာရီလောက် လာရပ်ကြည့်ပါဦး… အဲ့နေ့ကစပြီး မနက်စာ မပျက်တော့ဘူး။ 😂

Singapore MOM (Ministry of Manpower) က 2026 ခုနှစ် စက်တင်ဘာ ၁ ရက် (1 September 2026) မှ စတင်ပြီး Non-Traditional Sources...
22/07/2026

Singapore MOM (Ministry of Manpower) က 2026 ခုနှစ် စက်တင်ဘာ ၁ ရက် (1 September 2026) မှ စတင်ပြီး Non-Traditional Sources (NTS) Occupation List ကို တိုးချဲ့လိုက်ပါတယ်။ ဒီပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံသားများအပါအဝင် NTS နိုင်ငံများမှ အလုပ်သမားများ အတွက် စင်ကာပူမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာမှာ ဖြစ်ပါတယ်။

NTS ဆိုတာဘာလဲ?

NTS (Non-Traditional Sources) ဆိုတာ Singapore MOM က သတ်မှတ်ထားတဲ့ အလုပ်သမားပေးပို့ခွင့်ရှိတဲ့ နိုင်ငံအုပ်စု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ NTS နိုင်ငံစာရင်းထဲမှာ ပါဝင်ပြီး၊ အခြားနိုင်ငံများကတော့

* Myanmar
* Bangladesh
* India
* Philippines
* Sri Lanka
* Thailand
* Bhutan
* Cambodia
* Laos

တို့ ဖြစ်ပါတယ်။

September 2026 မှာ အသစ်ဖွင့်ပေးတဲ့ အလုပ်အကိုင်များ

1. Food Services (စားသောက်ဆိုင်လုပ်ငန်း)

ယခင်က Cook အလုပ်အတွက်သာ အဓိက ခန့်ထားနိုင်ခဲ့ပေမယ့် အခုဆိုရင်—

* Kitchen Assistant
* Food & Drink Stall Assistant
* Waiter / Waitress
* Butcher / Fish Preparation Worker

စတဲ့ အလုပ်တွေကိုလည်း NTS Work Permit နဲ့ ခန့်ထားနိုင်ပါပြီ။

2. Air Transportation

* Cabin Attendant (Cabin Crew)

အချို့သော လေကြောင်းလုပ်ငန်းတွေမှာ Work Permit အောက်ကနေ ခန့်ထားနိုင်တဲ့ လမ်းကြောင်း ပွင့်လာပါတယ်။

3. Social Services

* Babysitter / Infant Caregiver
* Educarer
* Teacher Aide

ကလေးထိန်း၊ မူကြိုနှင့် လူမှုဝန်ဆောင်မှုဆိုင်ရာ အလုပ်များကိုလည်း ဖွင့်ပေးထားပါတယ်။

မြန်မာနိုင်ငံသားများအတွက် ဘာအကျိုးရှိမလဲ?

အရင်တုန်းက မြန်မာအလုပ်သမားတွေဟာ

* Manufacturing
* Construction
* Marine
* Process Industry

လို အလုပ်တွေမှာပဲ အများဆုံး လုပ်ကိုင်နိုင်ခဲ့ပါတယ်။

အခုတော့

* Restaurant
* CafĂŠ
* Food Court
* Hawker Stall
* Childcare
* Social Care
* Aviation

စတဲ့ ကဏ္ဍတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်ပါတယ်။

NTS Work Permit ရဖို့ အဓိက စည်းကမ်းများ

NTS Work Permit နဲ့ ခန့်ထားမယ့် အလုပ်သမားများအတွက်—

* အခြေခံလစာ (Fixed Monthly Salary) အနည်းဆုံး S$2,000 ဖြစ်ရမယ်။
* အလုပ်ရှင်ဟာ MOM သတ်မှတ်ထားတဲ့ NTS Quota အတွင်းမှာ ရှိရမယ်။
* Work Permit မှာ ဖော်ပြထားတဲ့ အလုပ်အကိုင်ကိုသာ လုပ်ကိုင်ရမယ်။

အရေးကြီးတဲ့ အချက်

ဒီ NTS ပြောင်းလဲမှုက မြန်မာနိုင်ငံသားတိုင်းကို အလိုအလျောက် Singapore Work Permit ရမယ် လို့ မဆိုလိုပါဘူး။

အလုပ်ရှင်က

* MOM သတ်မှတ်ထားတဲ့ quota ရှိရမယ်။
* သက်ဆိုင်ရာအလုပ်အကိုင်အတွက် ခန့်ထားဖို့ လျှောက်ထားရမယ်။
* MOM ရဲ့ အတည်ပြုချက် ရရှိမှသာ Work Permit ထုတ်ပေးနိုင်ပါတယ်။

အကျဉ်းချုပ်

September 2026 မှာ စတင်အသက်ဝင်မယ့် NTS Occupation List တိုးချဲ့မှုဟာ မြန်မာနိုင်ငံသားများအတွက် အထူးသဖြင့် F&B (စားသောက်ဆိုင်)၊ Childcare/Social Services နဲ့ Air Transportation ကဏ္ဍတွေမှာ အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးတဲ့ MOM ရဲ့ အရေးကြီးတဲ့ မူဝါဒပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ ယခင်ထက် အလုပ်ရွေးချယ်ခွင့် ပိုကျယ်လာပေမယ့် အလုပ်ရှင်ရဲ့ quota၊ လစာသတ်မှတ်ချက်နဲ့ MOM ရဲ့ အတည်ပြုမှု စည်းကမ်းတွေကိုတော့ ဆက်လက်လိုက်နာရမှာ ဖြစ်ပါတယ်။

#စင်ကာပူ
#အလုပ်အကိုင်အခွင့်အလမ်း
#မြန်မာ


🚨 Singapore မှာ ဒီလမ်းဘေးက အစားအသောက်တွေကို တွေ့ရင်… မယူပါနဲ့။ ဘာကြောင့်လဲ သိကြလား 👀Singapore ကို အခုမှ ရောက်တဲ့သူတွေ၊ ဒ...
21/07/2026

🚨 Singapore မှာ ဒီလမ်းဘေးက အစားအသောက်တွေကို တွေ့ရင်… မယူပါနဲ့။ ဘာကြောင့်လဲ သိကြလား 👀

Singapore ကို အခုမှ ရောက်တဲ့သူတွေ၊ ဒါမှမဟုတ် ဒီကာလကို ပထမဆုံး ကြုံဖူးတဲ့သူတွေအတွက် အံ့ဩစရာတစ်ခု ရှိပါတယ်။

တချို့ညတွေဆို လမ်းဘေး၊ သစ်ပင်အောက်၊ HDB အောက်တွေမှာ အစားအသောက်၊ သစ်သီး၊ အမွှေးတိုင်တွေ ထားထားတာကို တွေ့ရနိုင်ပါတယ်။ တချို့နေရာတွေမှာ Joss Paper တွေ မီးရှို့နေတာ၊ Stage Show (Getai) တွေ ကျင်းပနေတာလည်း မြင်ရတတ်ပါတယ်။

ဒါတွေဟာ Hungry Ghost Month လို့ ခေါ်တဲ့ Chinese ရိုးရာယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။

ရိုးရာယုံကြည်ချက်အရ ဒီကာလမှာ ဘိုးဘွားတွေနဲ့ လှည့်လည်နေတဲ့ ဝိညာဉ်တွေကို အစားအသောက်၊ ပူဇော်ပစ္စည်းတွေနဲ့ ဂုဏ်ပြုကန်တော့ကြတာ ဖြစ်ပါတယ်။

📌 ဒါကြောင့် သိထားသင့်တဲ့ အချက်လေးတွေကတော့…
✅ လမ်းဘေးမှာ ပူဇော်ထားတဲ့ အစားအသောက်တွေကို မယူပါနဲ့။
✅ Joss Paper မီးရှို့နေတဲ့ နေရာတွေကို မနင်းမိအောင် သတိထားပါ။
✅ အခမ်းအနားတွေကို လေးစားပြီး မနှောင့်ယှက်ပါနဲ့။
✅ မတူညီတဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်တွေကို အပြန်အလှန် လေးစားပေးပါ။

ရှောင်ရန်များ (ရိုးရာယုံကြည်ချက်များ)

* ❌ ညနက်ပိုင်းမှာ မလိုအပ်ဘဲ တစ်ယောက်တည်း လျှောက်သွားတာကို ရှောင်ကြပါတယ်။
* ❌ ပူဇော်ထားတဲ့ အစားအသောက်၊ သစ်သီး၊ အချိုပွဲတွေကို မစားသင့်ဘူးလို့ ယုံကြည်ကြပါတယ်။
* ❌ အမွှေးတိုင်၊ စက္ကူမီးရှို့ရာနေရာတွေကို မလေးမစား မပြုမူသင့်ပါ။
* ❌ ညဘက် ရေကူးတာကို ရှောင်ကြပါတယ်။ (ရိုးရာယုံကြည်ချက်အရ ကံမကောင်းမှု ဖြစ်နိုင်တယ်လို့ ယုံကြည်ကြတယ်)

💡 ဒီအချက်တွေဟာ Chinese ရိုးရာယုံကြည်မှုနဲ့ ယဉ်ကျေးမှုအပေါ် အခြေခံထားတာဖြစ်ပြီး သိပ္ပံနည်းကျ အတည်ပြုထားတဲ့ အချက်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် Singapore လို လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံမှာ တခြားသူတွေရဲ့ ယဉ်ကျေးမှုကို နားလည်လေးစားပေးတာက အရေးကြီးပါတယ်။

Hungry Ghost Month က တစ်လခန့် (30 ရက်ဝန်းကျင်) ကြာမြင့်ပါတယ်။

2026 ခုနှစ်အတွက်

* 📅 စတင်ချိန် – 12 August 2026
* 📅 ပြီးဆုံးချိန် – 9 September 2026
* 🎎 Hungry Ghost Festival (အဓိကပွဲနေ့) – Lunar 7th Month ရဲ့ 15 ရက်မြောက်နေ့ ဖြစ်ပြီး 26 August 2026 ဖြစ်ပါတယ်။

Hungry Ghost Month အတွင်း Singapore မှာ ထူးခြားတာတစ်ခုခုကို သင် ကိုယ်တိုင် ကြုံဖူးလား? Comment မှာ မျှဝေပေးခဲ့ပါဦး။ 👇

#စလုံး


နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ရလာတဲ့ အဖိုးတန်သင်ခန်းစာနိုင်ငံခြားမှာ အလုပ်လုပ်ရတာက ပိုက်ဆံရှာရုံတင် မဟုတ်ပါဘူး။ မတူညီတဲ့ ...
21/07/2026

နိုင်ငံခြားမှာ အလုပ်လုပ်ရင်း ရလာတဲ့ အဖိုးတန်သင်ခန်းစာ

နိုင်ငံခြားမှာ အလုပ်လုပ်ရတာက ပိုက်ဆံရှာရုံတင် မဟုတ်ပါဘူး။ မတူညီတဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ အလုပ်လုပ်ရင်း ကိုယ့်ရဲ့ အမြင်တွေကိုပါ ကျယ်ပြန့်လာစေပါတယ်။

ကျွန်တော်ရဲ့ အလုပ်မှာ ဆို မြန်မာလူမျိုး ကျွန်တော် တစ်ယောက်ထဲ ရှိပြီး Indian/ Filipino/ Malaysian/ Sri Lanka က သူတွေက တစ်ယောက်ထပ်မက ပိုရှိနေကြတာပါ

နိုင်ငံခြားမှာ အလုပ်လုပ်တဲ့အခါ အခုလိုလူမျိုးစုံနဲ့ နေ့စဉ် အဓိကဆက်သွယ်ရတာက အင်္ဂလိပ်ဘာသာစကားပါ။ ဒါကြောင့် English Language ကို ကျွမ်းကျင်ထားခြင်းက အလုပ်အကိုင်အခွင့်အလမ်း၊ ဆက်သွယ်ရေးနဲ့ ကိုယ့်ရဲ့ယုံကြည်မှုကို တိုးတက်စေတဲ့ အရေးကြီးဆုံး အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ နေ့တိုင်း သုံးရင်း၊ လေ့လာရင်းနဲ့ တဖြည်းဖြည်း တိုးတက်လာမှာပါ။

အစပိုင်းမှာ ဘာသာစကားမတူလို့ ပြောဆိုဆက်ဆံရတာ အခက်အခဲတွေရှိနိုင်တယ်။ ကိုယ့်စကားကို သူတို့နားလည်အောင် ရှင်းပြရတာ၊ သူတို့ပြောတာကို သေချာနားလည်ဖို့ ကြိုးစားရတာတွေကြောင့် စိတ်ဖိစီးမှုလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် အဲဒီအခက်အခဲတွေကပဲ ကိုယ့်ကို ပြောင်းလဲပေးပါတယ်။

• နားထောင်တတ်လာတယ်။
• သည်းခံစိတ် ပိုရှိလာတယ်။
• မတူညီတဲ့ အတွေးအခေါ်တွေကို လက်ခံတတ်လာတယ်။
• အင်္ဂလိပ်စကား (သို့) အခြားဘာသာစကားကို နေ့စဉ်သုံးရင်း ယုံကြည်မှု ပိုရှိလာတယ်။

တကယ်တော့ ဘာသာစကားဆိုတာ စာအုပ်ထဲက သင်ရုံနဲ့ မလုံလောက်ပါဘူး။ နေ့တိုင်း ပြောဆိုဆက်ဆံရင်း၊ အမှားလုပ်ရင်း၊ ပြင်ဆင်ရင်းနဲ့ပဲ တိုးတက်လာတာပါ။

နိုင်ငံခြားမှာ ရတဲ့ အကြီးဆုံးအကျိုးကျေးဇူးက လစာတစ်ခုတည်း မဟုတ်ဘဲ လူတွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့ အရည်အချင်း၊ ကမ္ဘာကို ပိုကျယ်တဲ့အမြင်နဲ့ ကြည့်တတ်လာခြင်းနဲ့ ဘာသာစကားစွမ်းရည် တိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့်ကို တိုးတက်စေတဲ့ အတွေ့အကြုံတိုင်းက ဘဝအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ 🌍

18/07/2026

POV: My fiancé picked the perfect perfume 💛🤘🏼

Address

St Franciscourt
Singapore
318071

Alerts

Be the first to know and let us send you an email when Ming On Mic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category