Easy English for Lazy Learner

Easy English for Lazy Learner Dive into Learning English to Fluency

  a nice view
31/08/2025

a nice view

31/07/2025
“Accent”လား၊ “Pronunciation”လား??အားလုံးပဲ မင်္ဂလာပါရှင်။ Welcome back to Easy English Corner page ကနေပြန်လည်ကြိုဆိုလိုက...
28/07/2024

“Accent”လား၊ “Pronunciation”လား??

အားလုံးပဲ မင်္ဂလာပါရှင်။ Welcome back to Easy English Corner page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။🤭🤭

ကဲအားလုံးပဲအခုအင်္ဂလိပ်စာမှာ speakingလေ့ကျင့်တဲ့အခါ “မင်းစကားပြောတာ British accent နဲ့ပါလား၊ American accent နဲ့ပါလား”ဆိုပြီး ချီးကျူးပြီး ပြောကြတာကို မကြာခဏကြားဖူးကြမယ်ထင်ပါတယ်။ မင်မင်လည်း ကြားဖူးပါတယ်။ အဲ့ဒါမျိုးတွေ မကြာခဏဆိုသလို ကြားနေရတော့ လူအများစုက “ငါကော အဲ့ဒီ accentရအောင် ဘယ်လိုလေ့ကျင့်ရမလဲ၊ ဘယ်လိုလုပ်မှ အဲ့လို accentနဲ့ စကားပြောနိုင်မှာလဲ။” စသဖြင့် specific accentရအောင် ကြိုးစားကြပါတယ်။ အဲ့မှာ စမှားမိလိုက်တာပါပဲ ဘယ်လိုမှားလဲဆိုတာကို တစ်ချက်ကြည့်လိုက်ရအောင်။

📌Accent is not the core of the language.

ပထမဆုံးအနေနဲ့ Accentဆိုတာက ကိုယ်နေထိုင်နေတဲ့ ရေ၊ မြေ၊ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်မှုရှိနေလို့ပါ။ ဥပမာ-မင်မင်တို့ရဲ့ မြန်မာစကားကိုမြိတ်၊ ထားဝယ်ဒေသဘက်ကလူတွေပြောရင် လွယ်လွယ်ကူကူနားမလည်နိုင်ပါဘူး။ အင်္ဂလိပ်လို global language ဆိုတော့ ပိုဆိုးပေါ့နော်။ မင်မင်ဆို အိန္ဒိယကလူတွေနဲ့ speaking practice လုပ်ရင် သူတို့ရဲ့ Indian-English accentကြီးကို နားမလည်ပါဘူး။ ဒါ့ကြောင့် accent ကောင်းကောင်းရှိဖို့ဆိုတာ ဘာသာစကားတစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် အဓိကသော့ချက်ဟုတ်မနေပါဘူး။🤭

📌Having a good accent can’t define you as a “fluent speaker”.

နောက်တစ်ချက်ကတော့ တချို့လူတွေက accentကောင်းတဲ့သူဆိုတိုင်း fluent speakerလို့ သတ်မှတ်ကြပါတယ်။ ဒါကတော့ “illusion”တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် မင်မင်သိတဲ့ “fluent speakers”တွေဆိုရင် သူတို့ဆီမှာ ပုံသေဖြစ်နေတဲ့ accentဆိုတာ ရှိမနေပါဘူး။ beginners နဲ့ပြောမလား၊ intermediate speakers နဲ့ပဲ ပြောမလား၊ ဘယ်လိုလူနဲ့ပဲ ပြောပြော သူတို့ရဲ့ speaking skillက flexible ဖြစ်နေလို့ပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို fluent speakerလို့ သတ်မှတ်ချင်တယ်ဆိုရင် accent တစ်ခုတည်းကိုပဲ အာရုံစိုက်မထားဖို့ အကြံပေးချင်ပါတယ်။😇

📌Pronunciation outweighs “Accent”.

Accent ကို အာရုံမစိုက်ပါနဲ့လို့ပြောရင် ဘာကို အာရုံစိုက်ရမှာလဲလို့ မေးမယ့်သူတွေအတွက်လည်း မင်မင်အဖြေက အဆင်သင့်ရှိနေပါပြီ။ ကဲအဖြေလေးကတော့ “Pronunciation”ပါ။ အင်္ဂလိပ်စာမှာဆိုရင်တော့ pronunciationကောင်းဖို့အတွက် “IPA-International Phonetic Alphabets”ကို သေချာထဲထဲဝင်ဝင် လေ့လာဖို့လိုပါတယ်။ ကိုယ့်ရဲ့ pronunciationသာကောင်းတယ်ဆိုရင် ဘယ်နိုင်ငံကလူနဲ့ပဲဖြစ်ဖြစ် ယုံကြည်မှုရှိရှိ ပြောနိုင်မှာပဲ ဖြစ်တဲ့အတွက်ကြောင့် accent ထက် pronunciationကောင်းကောင်းရှိဖို့ကို အလေးပေးလေ့ကျင့်ပေးပါလို့တိုက်တွန်းလိုက်ပါတယ်နော်။🤷

ကဲဒီလိုဆိုရင် ဘာသာစကားတစ်ခုမှာ ကျွမ်းကျင်ဖို့အတွက် ဘာက အရေးကြီးဆုံးလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။ နောက်လည်း ဒီလိုမျိုး knowledge sharingတွေကို "Learners” လေးတို့အတွက် လုပ်ပေးသွားမှာဖြစ်လို့ မင်မင်တို့ရဲ့ page နဲ့ လေးကို like and followလုပ်ဖို့ မမေ့နဲ့နော်။🤭

Content writer: Laura



Hello everyone 👋 Welcome back to Easy English!အားလုံးပဲWeekend ကိုရောက်လာပြန်ပါပြီ။ ဒီ weekend မှာဆိုလည်း learners တွေအတ...
16/06/2024

Hello everyone 👋
Welcome back to Easy English!

အားလုံးပဲWeekend ကိုရောက်လာပြန်ပါပြီ။ ဒီ weekend မှာဆိုလည်း learners တွေအတွက်အကျိုးရှိစေမဲ့ Knowledge တွေကို Sharing လုပ်ပေးသွားဦးမှာ ဖြစ်ပါတယ်။ 🫶

ဒီတစ်ပတ်Sharing လုပ်ပေးချင်တာကတော့ noun အနေနဲ့ရော verb အနေနဲ့ရော အသုံးပြုလို့ရတဲ့ English words လေးတွေပဲ ဖြစ်ပါတယ်။ ဒီစကားလုံးလေးတွေက Learnersတို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 🤗
အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့Knowledge Sharing တွေအတွက် Easy English page ကို like and follow လုပ်ထားပေးပါဦးနော်။




https://www.facebook.com/profile.php?id=61560653527295&mibextid=LQQJ4d

https://www.youtube.com/channel/UCLgwuOAT_tvHEcBWTxzVRSg

အားလုံးပဲ မင်္ဂလာပါ။🫶ကျွန်မတို့ရဲ့Easy English for Lazy Learner Page မှကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ပထမဦးဆုံးအနေနဲ့လွ...
10/06/2024

အားလုံးပဲ မင်္ဂလာပါ။🫶ကျွန်မတို့ရဲ့Easy English for Lazy Learner Page မှကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ပထမဦးဆုံးအနေနဲ့လွယ်လွယ်ကူကူ English speakingကို ဘယ်လိုပြောတတ်အောင်လုပ်ရမလဲ ဆိုတာကို tips (5)ခုနဲ့ ပြောပြပေးမှာပဲ ဖြစ်ပါတယ်။🎉🥰

မိမိကိုယ်တိုင်ကလည်း language learnerတစ်‌ယောက်ဖြစ်တယ်၊ Englishစကားကိုလည်း လွယ်လွယ်ကူကူနဲ့ ပြောတတ်ချင်တယ်ဆိုရင်တော့ ဒီစာကို အဆုံးထိဖတ်ကြည့်လိုက်ပါဖို့ ပြောပါရစေ။

📌Listen first, and speak later

ဒီအချက်လေးကတော့ တော်တော်များများနဲ့လည်းရင်းနှီးပြီးသားလို့ထင်ပါတယ်။ ဒီတော့ တကယ်လို့ ကိုယ်က English စကားကို သွက်သွက်လက်လက် ပြောတတ်ချင်တယ်၊ သူများတွေနဲ့လည်း communicateလုပ်ချင်တယ်ဆိုရင်တော့ အပြောကြီးပဲလေ့ကျင့်နေလို့လည်း လုံး၀မရပါဘူး။ အခြားသူတွေ ဒါမှမဟုတ် Nativeတွေ ဘယ်လိုပြောလဲဆိုတာကို အရင်ဆုံးနားထောင်ပြီးလေ့လာကြည့်ဖို့ လိုပါတယ်။

ကဲ ဒါဆိုဘယ်နားကနေသွားပြီး လေ့လာကြမလဲ❓

ပြောရမယ်ဆိုရင်တော့ရှင်းရှင်းလေးပါပဲ။ တကယ်ဘဲ ကိုယ်ကEnglish listeningတွေကို နားရည်ဝအောင် နားထောင်ချင်တယ်၊ listeningပိုင်းမှာလည်း improve ဖြစ်ချင်တယ်ဆိုရင် Social media Audio booksကနေတစ်ဆင့် နားထောင်လို့ရသလို၊ You tube မှာ ted talks လိုမျိုး channel တွေကိုလည်း subscribe လုပ်ပြီး short videoတွေကိုလည်း နားထောင်ကြည့်လို့ ရပါတယ် ။ ဒါပေမယ့် မိမိကိုယ်တိုင်က အဲ့လိုမျိုး သက်သက်ကြီး channel တွေကို subscribeလုပ်ပြီး နားထောင်ရမှာ ပျင်းတယ်ဆိုတဲ့သူတွေလည်း movies တွေ series တွေကြည့်ပြီး လေ့လာလို့ရပါတယ်။

📌Learn to construct sentences

ဒါကတော့ sentences တွေကို grammar ruleတွေနဲ့ ကိုက်ညီအောင်တည်ဆောက်တာပဲ ဖြစ်ပါတယ်။ ကိုယ်က beginner levelပဲ ရှိသေးတယ်၊ sentenceတွေကိုလည်း သေချာ constructမလုပ်နိုင်သေးဘူး။ မိမိကိုယ်တိုင်ကိုက အဲ့လိုမျိုး အခက်အခဲမျိုးရှိနေရင်လည်း စိတ်မပူပါနဲ့။ Simple sentence structureတွေသာ တည်ဆောက်ပြီး grammar မှန်အောင်စတင်လေ့ကျင့်ကြည့်ပါ၊ ပြီးမှ ကိုယ်လိုချင်တဲ့ sentences တွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ step တွေပြီးရင်တော့ subordinate clauses လေးတွေ၊ transition words တွေ၊ idioms လေးတွေကို ကိုယ့်ရဲ့ speaking မှာထည့်ပြီးပြောမယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင်တိုးတက်လာမှာကိုတော့ ဧကန်အမှန်ပါပဲ။💯

📌Focus on chunks

ကဲ chunks ဆိုလို့ wood chunks လို့ မထင်သွားအုံးနဲ့နော်။ chunk ဆိုတာစာလုံး ၄ လုံးလောက်စုထားတဲ့အစုလေးတွေကိုဆိုလိုတာပါ။ "example - at the end of the day"စတဲ့ အဲ့လိုမျိုး"phrase"ပုံစုံ Chunks လေးတွေကိုသိထားရင် စာကြောင်းတစ်ကြောင်းကို construct လုပ်တဲ့အခါမှာ အများကြီးစဥ်းစားစရာမလိုတော့ပဲနဲ့ fluent ဖြစ်ဖြစ် ပြောလာနိုင်မှာပဲ ဖြစ်ပါတယ်။ Chunks လေးတွေက များများသိထားလေပိုကောင်းလေဖြစ်တာကြောင့် လေ့လာထားဖို့မပျင်းပါနဲ့။

📌Used to speak in English more

တကယ်လို့ ကိုယ်က English podcasts, Netflix series တွေလည်း ကြည့်တယ်၊ Audio voice clipကိုလည်း နားထောင်ရဲ့သားနဲ့ ဘာလို့ သူများပြောတာကိုကျတော့ နားလည်ပြီးတော့ ဘာလို့ကိုယ်က သူများတွေလို မပြောတတ်တာလဲ?? ဒါအတွက် solutionကတော့ ရှင်းရှင်းလင်းလင်းပါပဲ။ မိမိကိုယ်တိုင်က listeningကို နားရည်ဝအောင်နားထောင်ပြီးတော့ ကိုယ်တိုင်speak မလုပ်ရင်တော့ listening improved ဖြစ်နိုင်ပေမဲ့ သွက်သွက်လက်လက်English လို ပြောနိုင်ဖို့တော့ တော်တော်ခက်ခဲလိမ့်မယ်။ အဲ့တော့ ကိုယ်ကနားထောင်ပြီးရင် နားထောင်ပြီးတိုင်းမပြီးဘဲနဲ့ ပါးစပ်ကတစ်ဆင့်ပြန်ပြောဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ 💯

📌Get yourself a speaking partner/ mentor

ဒီနောက်ဆုံး "tip"ကတော့ ကိုယ်နဲ့ English level ချင်းတူတဲ့ partnerတစ်ယောက်ရှာဖို့ပါဘဲ။ ဘာလို့ အဲ့လိုပြောတာလဲ? level ချင်း မတူတဲ့ partner နဲ့ရော practice လုပ်လို့ မရဘူ'လား?? ဒါပေါ့ ။ ရတာပေါ့။ ဒါပေမယ့် conversationတစ်ခုမှာ response သွက်လက်ဖို့က အရမ်းအရေးကြီးပါတယ်။ တကယ်လို့ မသွက်လက်ဘူးဆိုရင်တော့ သေချာပါတယ် အဲ့ conversationက "feeling"ရှိမှာ မဟုတ်ပါဘူး။ 🙅

အဲ့ကြောင့် ကိုယ်မှာ levelချင်းကိုက်ညီတဲ့ English speaking partner ကောင်းတစ်ဦးရှိမယ်ဆိုရင် ကိုယ့်ရဲ့ "speaking fluency"ကို တိုးတက်ဖို့အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကိုယ်မှာ Partner/ Mentor ရှိခြင်းက မိမိကို ပို fluent ဖြစ်စေလာပြီး အချိန်မရွေး English လိုပြောဆိုနိုင်ဖို့ ယုံကြည်မှုလည်းရှိလာစေမှာဖြစ်ပါတယ်။

📌ဒီတော့ အခုပြောပြပေးတဲ့ tips (5)ခုနဲ့ ကိုယ့်ရဲ့ speaking percent ကို မြှင့်တင်ကြည့်လိုက််တော့နော်။ 🤗🤗

ကျွန်မတို့ Easy English ရဲ့ knowledge updates မျိုးစုံကို သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ page ကိုလည်း Like and share လုပ်ဖို့ မမေ့နဲ့နော်။ အားလုံးလည်း ပျော်ရွှင်စရာညချမ်းလေးဖြစ်ပါစေရှင်။❤️




https://www.facebook.com/profile.php?id=61560653527295&mibextid=LQQJ4d

https://www.youtube.com/channel/UCLgwuOAT_tvHEcBWTxzVRSg

10/06/2024

Hello!
Welcome to Easy English for Lazy Learner Page😉
I am Laura and I’m really excited to start for sharing about the learning of English Knowledge with my experiences . My goal is to make learning English fun, interactive, and accessible for people. I will provide a variety of resources to help you on your journey to fluency.
Thank you for getting with follow from your individual support for my page.
English Lessons
Knowledge
Exercises with Q&A
Knowledge

Address

Singapore

Alerts

Be the first to know and let us send you an email when Easy English for Lazy Learner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share