စိုင်းကို တောင်ကြီး

စိုင်းကို တောင်ကြီး လောင်းတိုင်းပေါင်း

01/10/2025

ဗုဒ္ဓဟူးည
ချန်ပီယံလိဂ်လက်ဆောင်

28/09/2025

စူပါဆန်းဒေးည မေတ္တာလက်ဆောင်

27/09/2025

စိုင်းကိုတောင်ကြီးရဲ့
စနေည မေတ္တာလက်ဆောင်

25/09/2025

စိုင်းကိုရဲ့
ကြာသပတေးည မေတ္တာလက်ဆောင်

ဒိုကြီးအတွက် ဒိုလေး ဆုတောင်းစက်တင်ဘာ ၁၈ဒီနေ့က R9 လို့သိကြတဲ့ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒိုရဲ့မွေးနေ့ဒိုကြီးရဲ့မွေးနေ့ပို့စ်...
18/09/2025

ဒိုကြီးအတွက် ဒိုလေး ဆုတောင်း

စက်တင်ဘာ ၁၈
ဒီနေ့က R9 လို့
သိကြတဲ့ ဘရာဇီးလ်
ဂန္ထဝင် ရော်နယ်ဒိုရဲ့
မွေးနေ့

ဒိုကြီးရဲ့မွေးနေ့ပို့စ်ကို
အင်စတာဂရမ်မှာ
ဒိုလေးက
Birthday Wish
လုပ်ပေးခဲ့ပါတယ်

ဒိုနှစ်ဒိုဟာ
ကမ္ဘာ့ဘောလုံးလောကကို
အများကြီး
ပြောင်းလဲပေးခဲ့သူတွေပေါ့

🇧🇷🇵🇹

ပခုံးဒဏ်ရာကြောင့် ယခုရာသီအစပွဲတွေကို လွဲချော်ခဲ့တဲ့ရီးရဲလ်ကွင်းလယ်လူဘယ်လင်ဂမ်ဟာမာဆေးလ်နဲ့ကစားမယ့်ချန်ပီယံလိဂ် လူစာရင်းထဲ...
16/09/2025

ပခုံးဒဏ်ရာကြောင့်
ယခုရာသီအစ
ပွဲတွေကို လွဲချော်ခဲ့တဲ့
ရီးရဲလ်ကွင်းလယ်လူ
ဘယ်လင်ဂမ်ဟာ
မာဆေးလ်နဲ့ကစားမယ့်
ချန်ပီယံလိဂ် လူစာရင်းထဲ
ပါဝင်လာပါတယ်

၂၂ နှစ်အရွယ်
အင်္ဂလန်ကြယ်ပွင့်ဟာ
ဒဏ်ရာရှိလျက်နဲ့
ဖီဖာကလပ်ကမ္ဘာ့ဖလားကို
ဝင်ကစားခဲ့ပြီး နောက်မှသာ
ခွဲစိတ်ကုသမှု ခံယူခဲ့တာပါ

ဘယ်လင်ဂမ်ဟာ
ပြီးခဲ့တဲ့ တပတ်က
လေ့ကျင့်မှုတွေ ပြန်လည်
ပြုလုပ်နိုင်ခဲ့ပြီး မာဆေးလ်ကို
ဧည့်ခံမယ့် ၂၃ ဦးလူစာရင်းထဲ
ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်

အလွန်ဆိုဟာ ပုံမှန်
ပွဲထွက်ခွင့်ရဖို့
ရုန်းကန်နေရတဲ့ အာနိုးကိုလည်း
လူစာရင်းထဲ
ထည့်သွင်းခဲ့ပါတယ်

💪

ကံကောင်းကြပါစေ🥰
31/08/2025

ကံကောင်းကြပါစေ🥰

ရာသီအစမှာစိတ်ရှုပ်စရာရလဒ်နဲ့ကြုံတွေ့နေရပေမယ့်သူယုံကြည်တဲ့ ကစားပုံကိုပြောင်းလဲမှာမဟုတ်ဘူးလို့မန်စီးတီးနည်းပြဂွါဒီယိုလာက ပ...
31/08/2025

ရာသီအစမှာ
စိတ်ရှုပ်စရာရလဒ်နဲ့
ကြုံတွေ့နေရပေမယ့်
သူယုံကြည်တဲ့ ကစားပုံကို
ပြောင်းလဲမှာမဟုတ်ဘူးလို့
မန်စီးတီးနည်းပြ
ဂွါဒီယိုလာက
ပြောပါတယ်

ပရီးမီးယားလိဂ်
အဖွင့်ပွဲမှာ ဝုဗ်ကို နိုင်၊
ဒုတိယပွဲမှာ စပါးကို
၂ ဂိုးပြတ်ရှုံးခဲ့တဲ့
မန်စီးတီးဟာ ‌ယနေ့ညမှာ
ဘရိုက်တန်နဲ့
အဝေးကွင်းပွဲစဉ်
ကစားရမှာပါ

စပိန်သားက
လေ့ကျင့်ထားတဲ့အတိုင်း
ကစားမှာဖြစ်ပြီး
သူ့ရဲ့ဒဿနကိုတော့
ပြောင်းလဲမှာမဟုတ်ဘူးလို့
ဆိုပါတယ်

"ကျွန်တော်ယုံကြည်ထားတဲ့
ကစားပုံကို ဘယ်တော့မှ
ပြောင်းလဲမှာမဟုတ်ဘူး

ဘောလုံးရတဲ့အခါ
တိုက်စစ်ကို အမြန်ဆုံး
စတင်မယ်

ပြိုင်ဘက်အသင်းက
ဘောလုံးကိုင်ပြီး
တဦးချင်း ဖိအားပေးတာကို
ရပ်တန့်နိုင်တဲ့အခါမှာလည်း
တိုက်စစ်ဖွင့်ပြီး အမြန်ဆုံး
စတင်မယ်

နောက်ပြီး ကျွန်‌တော်
နှစ်သက်တဲ့ passing ပေါင်း
ထောင်နဲ့ချီ၊ သန်းနဲ့ချီတဲ့
ငြီးငွေ့စရာ ပေးပို့မှုတွေနဲ့
ကစားသွားမယ်

ဘရိုက်တန်ကိုလည်း
အဲဒီအတိုင်းပဲ
ကစားသွားမယ်" လို့
ဂွါဒီယိုလာက ဆိုပါတယ်

👏

နယူးကာဆယ်ကို ခက်ခက်ခဲခဲကစားကာအနိုင်ယူပြီးနောက်အာဆင်နယ်ကိုလည်းထပ်မံအနိုင်ယူသွားမယ်လို့လီဗာပူးလ်ကပ္ပတိန်ဗန်ဒိုက်က ကြုံးဝါး...
31/08/2025

နယူးကာဆယ်ကို
ခက်ခက်ခဲခဲကစားကာ
အနိုင်ယူပြီးနောက်
အာဆင်နယ်ကိုလည်း
ထပ်မံအနိုင်ယူသွားမယ်လို့
လီဗာပူးလ်ကပ္ပတိန်
ဗန်ဒိုက်က
ကြုံးဝါးလိုက်ပါတယ်

စိန့်ဂျိမ်းပါ့ခ်မှာ
လူငယ်လေး
အန်ဂူမိုဟာရဲ့
နောက်ကျဂိုးနဲ့
အနိုင်ရခဲ့တဲ့
လီဗာပူးလ်ဟာ
ယနေ့ညမှာ
အာဆင်နယ်ကို
အိမ်ကွင်းလက်ခံ
ကစားရမှာပါ

"နယူးကာဆယ်ပွဲက
ကျွန်‌တော်တို့အတွက်
အရမ်းကြီးမားတဲ့
စမ်းသပ်မှုပဲ

ပွဲတိုင်းက
အရေးကြီးပေမယ့်
တောင့်တင်းပြီး
ရည်မှန်းချက်မြင့်မားတဲ့
နှစ်သင်း(လီဗာပူးလ်နှင့်
အာဆင်နယ်ကို ဆိုလို)ရဲ့ပွဲကို
လူတွေက ပိုစောင့်ကြည့်ကြမှာ
ကျွန်‌တော်တို့
မငြင်းနိုင်ပါဘူး

ယမန်နှစ်ကလည်း
ကျွန်တော်တို့ တော်‌တော်
ခက်ခက်ခဲခဲ
ယှဉ်ပြိုင်ခဲ့ကြရတယ်

ကျွန်‌တော်တို့ရဲ့
အလုပ်ကတော့
ရှင်းပါတယ်

အန်ဖီးလ်မှာကစားတဲ့အခါ
ကိုယ့်ရဲ့အကောင်းဆုံးကို
ထုတ်ပြပြီး
ပြိုင်ဘက်အတွက်
ကစားရခက်တဲ့
နေရာအဖြစ်
လုပ်ပြမယ်

ပြီးရင် အနိုင်ယူမယ်" လို့
ဗန်ဒိုက်က ဆိုပါတယ်

🔥

ကာရင်ဘန်ဇီမာရဲ့ဆော်ဒီပရိုလိဂ်အဖွင့်စာမျက်နှာကလှပလွန်းပါတယ်အဝေးကွင်းမှာ အယ်အာဒွတ်ကို ၅-၂ နဲ့ အနိုင်ရတဲ့ပွဲမှာဘန်ဇီမာက ဟက်...
31/08/2025

ကာရင်ဘန်ဇီမာရဲ့
ဆော်ဒီပရိုလိဂ်
အဖွင့်စာမျက်နှာက
လှပလွန်းပါတယ်

အဝေးကွင်းမှာ
အယ်အာဒွတ်ကို
၅-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ
ဘန်ဇီမာက ဟက်ထရစ်
ရယူခဲ့တာပါ

4' ⚽

51' ⚽

60' ⚽

စီရော်နယ်‌ဒိုကလည်း
အဖွင့်ပွဲမှာ
ဈေးဦးပေါက်တယ်

ဘန်ဇီမာကလည်း
ဟက်ထရစ်နဲ့ ဖွင့်တယ်

ကြယ်စင်ဟောင်းတွေ
လင်းလက်တဲ့ ညပေါ့

ဘန်လေကိုအနိုင်ရခဲ့တဲ့မန်ယူဟာ ဘယ်သူမှလိုက်မမီနိုင်တဲ့စံချိန်သစ်ကြီးတခုတင်နိုင်ခဲ့ပါတယ်အဲဒါကတော့ ပရီးမီးယားလိဂ်ရာသီအစ ၂ ဂိ...
31/08/2025

ဘန်လေကိုအနိုင်ရခဲ့တဲ့
မန်ယူဟာ ဘယ်သူမှ
လိုက်မမီနိုင်တဲ့
စံချိန်သစ်ကြီးတခု
တင်နိုင်ခဲ့ပါတယ်

အဲဒါကတော့
ပရီးမီးယားလိဂ်
ရာသီအစ ၂ ဂိုးကို
OG ကနေ ရခဲ့တာပဲ
ဖြစ်ပါတယ်

ပရီးမီးယားလိဂ်သမိုင်းမှာ
ရာသီအစ ပထမဆုံး ၂ ဂိုးကို
အရင်းမစိုက် လှေထိုးလိုက်
ဆိုသလို ကိုယ့်ခွန်ကိုယ့်အားနဲ့
ကိုယ်တိုင်ဖန်တီးယူတာမဟုတ်ဘဲ
ပြိုင်ဘက်ရဲ့ပယောဂကြောင့်
ရယူနိုင်တဲ့ ပထမဆုံး
အသင်းက သရဲနီပါပဲ

ဘယ်အသင်းတွေ
မန်ယူလို လုပ်နိုင်သလဲ

ပြောကြည့်

😁

၂၀၂၅ အတွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားတဲ့ ပရီးမီးယားလိဂ်၁၂ ပွဲမှာ ချဲလ်ဆီးကရှူံးပွဲမရှိခဲ့ပါဘူး✅ နိုင် - ၉🟰 သရေ - ၃⚽ သွင်း...
31/08/2025

၂၀၂၅ အတွင်း
စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ
ကစားတဲ့ ပရီးမီးယားလိဂ်
၁၂ ပွဲမှာ ချဲလ်ဆီးက
ရှူံးပွဲမရှိခဲ့ပါဘူး

✅ နိုင် - ၉

🟰 သရေ - ၃

⚽ သွင်းဂိုး - ၂၂

⚽ ပေးဂိုး - ၇

🚫 clean sheets - ၇

မာရက်စကာရဲ့
ကမ္ဘာ့ချန်ပီယံအသင်း
ဒီရာသီမှာ တစုံတခု
လုပ်နိုင်မလား....

💪

Address

Lan Thar Yar Road
Singapore
100201

Telephone

095409832

Website

Alerts

Be the first to know and let us send you an email when စိုင်းကို တောင်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share