Pika Gaming

Pika Gaming Where Passion Meets Pixels

MLBB Super League မှာနိုင်ပွဲရဖို့ အသည်းအသန် ကြိုးစားနေကြတဲ့ ညီအစ်ကိုသုံးယောက်🥰
25/04/2025

MLBB Super League မှာနိုင်ပွဲရဖို့ အသည်းအသန် ကြိုးစားနေကြတဲ့ ညီအစ်ကိုသုံးယောက်🥰


လိုအပ်နေခဲ့သော Puzzle ချပ်လေးတစ်ခုCompetitive Team Game တွေဖြစ်ကြတဲ့ Dota2, Cs2, LOL, MLBB အစရှိတဲ့ game တွေမှာ အသင်းတစ်...
23/04/2025

လိုအပ်နေခဲ့သော Puzzle ချပ်လေးတစ်ခု

Competitive Team Game တွေဖြစ်ကြတဲ့ Dota2, Cs2, LOL, MLBB အစရှိတဲ့ game တွေမှာ အသင်းတစ်သင်းဖွဲ့ရတာဟာ potential ရှိတဲ့ talent player ၅ယောက်စုလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးဗျ၊ Player တစ်ယောက်ကို recruit လုပ်တော့မယ်ဆိုလျှင် chemistry, timing နဲ့ language variations စတဲ့အရာတွေကိုပါ ထည့်ပြီးစဉ်းစားကြရပါတယ်။ တစ်ခါတစ်လေမှာ အသင်းအစုအဖွဲ့က ကောင်းနေခဲ့သည့်တိုင် missing piece လို့ခေါ်တဲ့ အသင်းရဲ့အအောင်မြင်ဆုံး အခိုက်အတန့်တွေစီ ခေါ်ဆောင်သွားပေးမယ့် puzzle ချပ်လေးတစ်ခု လိုအပ်နေတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။

မြန်မာ Esports ပရိတ်သတ်တွေအတွက် အမြင်သာဆုံး ဥပမာပြရမည်ဆိုလျှင် Kairi မရောက်ခင်က Onic ID နဲ့ Kairi ရောက်ပြီး Onic ID ကိုလက်ညှိုးထိုးပြီး ယှဉ်ပြရမယ် ထင်ပါတယ်၊ ဟိုအရင်ကတည်းက Onic ID ဆိုတာ အနေအထား တစ်ခုရှိပြီးသား အသင်းတစ်သင်း ဖြစ်ပေမယ့် အသင်းကြီးဆိုတဲ့ အင်္ဂါရပ်တွေနဲ့တော့ ပြည့်စုံမနေခဲ့ဘူးဗျ။ ဒါပေမယ့် MPL ID S10(2022) မှာတော့ Kairi ရောက်ရှိလာမှုနဲ့အတူ Onic ID ဟာ MPL နှစ်ကြိမ်ဆက်အပြင် MSC 2023 ကိုပါ အနိုင်ရယူနိုင်ခဲ့ပါတယ်။

နောက်ပြီး V33Wise တို့ Duo ရောက်ရှိလာပြီးနောက် BLCK အနေနဲ့ M3 World Championship ကိုပါ ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုလျှင် အသင်းတစ်သင်း အောင်မြင်ဖို့အတွက် အကြမ်းဆုံး player 5 ယောက်မလိုပါဘူး၊ အသင်းအတွက် မှန်ကန်တဲ့ player 5 ယောက်ပဲ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့လေး တစ်ခုကနေ အသင်းရဲ့အအောင်မြင်ဆုံး နေ့ရက်တွေစီကို ရောက်ရှိလာနိုင်ပါတယ်၊ အသင်းတိုင်း အသင်းတိုင်း ကိုယ့်ရဲ့ missing piece လေးတွေကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေဗျာ။



Astralis ကနေလက်ပြ နှုတ်ဆက်ရတော့မယ့် cadiaNTeam B8 ကိုရှုံးနိမ့်ကာ Major ဝင်ခွင့်နဲ့ ၅ကြိမ်ဆက်တိုက် လွဲချော်ခဲ့ရတဲ့ Astra...
22/04/2025

Astralis ကနေလက်ပြ နှုတ်ဆက်ရတော့မယ့် cadiaN

Team B8 ကိုရှုံးနိမ့်ကာ Major ဝင်ခွင့်နဲ့ ၅ကြိမ်ဆက်တိုက် လွဲချော်ခဲ့ရတဲ့ Astralis ကတော့ အသင်းကို အပြောင်းအလဲတွေ စတင်ပြုလုပ်လာပါပြီ၊ လက်ရှိ IGL cadiaN နေရာကို HooXi နဲ့အစားထိုး ပြောင်းလဲသွားမှာပါ။ May 10 မှာစတင်ဆော့ကစားမယ့် PGL Astana မှာ HooXi ကို Astralis jersey နဲ့စတင်မြင်တွေ့ရပါမယ်။


ကျွန်တော်တို့ရဲ့ GOAT (သို့) “Ruby DD”Ruby DD ကို GOAT ဆိုပြီး ပြီးစလွယ် သတ်မှတ်ထားကြတာတော့ မဟုတ်ဘူးဗျ၊ Burmese Ghoul, A...
21/04/2025

ကျွန်တော်တို့ရဲ့ GOAT (သို့) “Ruby DD”

Ruby DD ကို GOAT ဆိုပြီး ပြီးစလွယ် သတ်မှတ်ထားကြတာတော့ မဟုတ်ဘူးဗျ၊ Burmese Ghoul, AI Esports, Falcon Esports နဲ့ Myth Seal လေးသင်းတိတိကို ပြောင်းရွှေ့ ဆော့ကစားခဲ့ဖူးသလို ၄သင်းလုံးမှာလည်း Trophy တွေရယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး လက်စွမ်းကောင်းတစ်ခုကို နှစ်ပေါင်းများစွာ သေသေချာချာ ထိန်းသိမ်းထားနိုင်တာက Ruby DD ကိုအကောင်းဆုံး player တစ်ယောက်ဖြစ်လာစေတာပါပဲ။

Burmese Ghouls နဲ့အတူ MPL Trophy ကိုသုံးကြိမ်ဆက်တိုက် ကိုင်မြှောက်ခဲ့ဖူးတယ်။

M2 World Championship မှာ Bren Esports လိုအသင်းကို ဘယ်သူမှမမြင်ဘူးသေးတဲ့ Lunox Spell Combo အသစ်တစ်ခုနဲ့ lower bracket ကိုပို့ခဲ့ပြီး Lunox Ruby DD Combo ဆိုတဲ့အသစ်အဆန်းတွေ တီထွင်ပြခဲ့ဖူးတယ်။

2021 မှာအကြောင်းအမျိုးမျိုးကြောင့် Game နားခဲ့ရပေမယ့် ပြန်ဆော့တဲ့အခါမှာ လပိုင်းလောက်ပဲ training time ရခဲ့တာတောင် လက်ရှိပြည်တွင်း Champion Falcon Esports ကို 4-2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ပိုင်းပြီး Light Of Dawn Trophy ကိုထပ်မံကိုင်မြှောက်နိုင်ခဲ့တယ်။

နောက်ပိုင်းနှစ်တွေမှာလည်း ပြည်တွင်းပြိုင်ပွဲတွေမှာ Champion ဆက်တိုက်ရယူနိုင်ခဲ့တယ်။

ကံမကောင်း အကြောင်းမလှလို့သာ SEA Games Gold Medal နဲ့ကပ်သီလေး လွဲခဲ့ရပေမယ့် Bronze Medal ကိုတော့ မြန်မာနိုင်ငံကို သယ်ဆောင်လာပေးခဲ့ဖူးတယ်။

ထို achievement တွေဟာ Ruby DD တစ်ယောက်တည်းကြောင့် ရခဲ့တဲ့ achievement တွေမဟုတ်သည့်တိုင် ထို achievement တွေရအောင် ကြိုးစားနေချိန်မှာ Ruby DD ဟာအဓိက ပဲ့ကိုင်ရှင်တစ်ယောက်အဖြစ် ရှိနေခဲ့မှာတော့ သေချာပါတယ်။


Major Trophy 4လုံးပိုင်ရှင် Astralis ၏ Downfallတစ်ချိန်က CS:GO သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအသင်းအနေနဲ့ ချီးကျူးခံခဲ့ရ...
18/04/2025

Major Trophy 4လုံးပိုင်ရှင် Astralis ၏ Downfall

တစ်ချိန်က CS:GO သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအသင်းအနေနဲ့ ချီးကျူးခံခဲ့ရတဲ့ Astralis ဟာ ယခုနှစ်ပိုင်းမှာတော့ အရှုံးတွေနဲ့သာ ရင်ဆိုင်နေရပြီး Trophy မဟုတ်ပဲ Playoff နဲ့ပါအလှမ်းဝေးတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ပါးစပ်အဟောင်းသား ဖြစ်စေမယ့် tactics တွေနဲ့အတူ လူသိများခဲ့တဲ့ Astralis ဟာ အသင်းရဲ့အကောင်းဆုံး Lineup ဖြစ်တဲ့ Dev1ce, Gla1ve, Dupreeh, Magisk, Xyp9x တို့နဲ့အတူ CS:GO ရဲ့ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး 2018/19 ခုနှစ်အတွင်း Major 3ခုဆက်တိုက် အနိုင်ရရှိကာ CS:GO သမိုင်းတစ်လျှောက် Major Trophy 4ခုကိုင်မြှောက်နိုင်တဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်လာခဲ့ပါတယ်။

2021 ခုနှစ်မှာ Dev1ce လို AWPer ကောင်းတစ်ယောက် အသင်းမှ ထွက်ခွါသွားခဲ့ပြီးနောက် dupreeh နဲ့ Magisk တို့ပါ ထပ်မံထွက်ခွါသွားတာကြောင့် team chemistry ပျက်စီးခဲ့ကာ downfall era ကိုရောက်ရှိလာခဲ့ပါတယ်၊ ထို့နောက်ပိုင်း Astralis ဟာ roster များစွာ အကြိမ်ကြိမ် ပြောင်းလဲခဲ့သော်လည်း အရင်လိုပြီးပြည့်စုံတဲ့ lineup တစ်ခုကိုတော့ မတည်ဆောက်နိုင်ခဲ့ပါဘူး။

Astralis ရဲ့ရလဒ်ကျဆင်းမှုကို မြင်သာအောင် ပြရမယ်ဆိုရင် Major Tournament တွေ qualify မဖြစ်တာ ၅ကြိမ်ဆက်တိုက် ရှိနေပါပြီ၊ တစ်ချိန်က လူတိုင်းကြောက်ခဲ့ရတဲ့ Astralis ဟာ ယခုအချိန်မှာတော့ playoff တက်ဖို့ရုန်းကန်နေရတဲ့ အသင်းတစ်သင်း ဖြစ်လို့နေခဲ့ပါတယ်။



Burj Khalifa Tower ထက်ကုန်ကျစရိတ် $500 Million ပိုများတဲ့ GTA VIGrand Theft Auto ဆိုရင်ကျွန်တော်တို့နားထဲမှာ စိမ်းနေပေမယ...
26/03/2025

Burj Khalifa Tower ထက်ကုန်ကျစရိတ် $500 Million ပိုများတဲ့ GTA VI

Grand Theft Auto ဆိုရင်ကျွန်တော်တို့နားထဲမှာ စိမ်းနေပေမယ့် ကားသခိုးလို့ပြောလိုက်ရင်တော့ ငယ်ငယ်ကဂိမ်းဆိုင်မှာ cheat code ရေးထားတဲ့စာအုပ်တစ်အုပ်ကိုင်ပြီး သူငယ်ချင်းတွေပျော်ပျော်ပါးပါး ဆော့ခဲ့ကြတဲ့ အမှတ်တရတွေကို ပြေးမြင်ယောင်မိကြမယ်လို့ ထင်ပါတယ်၊ Rockstars ဆိုတာကျွန်တော်တို့အပေါ် အလွန်ကို influence ရှိတဲ့ video game publisher လို့ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ GTA San Andreas, GTA V, RDR ဆိုရင် မဆော့ဖူးတဲ့သူမရှိသလောက်ကို ရှားလွန်းပါတယ်။

အခုဆိုရင်လည်း ကျွန်တော်တို့နှစ်ရှည်လများ စောင့်စားခဲ့ရတဲ့ GTA VI က 2025 နှစ်ကုန်ပိုင်းမှာပဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ GTA VI ရဲ့ကုန်ကျစရိတ်က နည်းနည်းနောနောတော့ မဟုတ်ဘူးဗျ၊ Marketing budget တွေမပါပဲနဲ့တင် Dubai မှာရှိတဲ့ Burj Khalifa Tower ကြီးရဲ့ကုန်ကျစရိတ်ထက်ကို $500 Million ဝန်းကျင်ပိုများတယ်လို့ဆိုပါတယ်။ ၁၂နှစ်ကျော် စောင့်စားခဲ့ရတဲ့ GTA VI ကတော့ ဂိမ်းမထွက်သေးခင်မှာပဲ အထင်ကြီးလောက်စရာ stats တွေနဲ့ gaming လောကကို စတင်ရိုက်ခက်နေပါပြီ။ ညီကိုတွေရော GTA VI ထွက်လာတဲ့အချိန်ကြရင် သူတို့ရဲ့စံချိန်တင် development budget $2 Billion နဲ့တန်တဲ့ ခံစားမှုကိုပေးနိုင်လိမ့်မယ်လို့ ထင်ကြလားဆိုတာကို comment မှာဝင်ရောက် ဆွေးနွေးသွားလို့ ရပါတယ်ခင်ဗျာ။



ကျွန်တော်တို့အိမ်ကျယ်ကြီး Aurora Gaming ကတော့ ၆ပွဲဆော့ ၆ပွဲနိုင်နဲ့ MPL PH S15 မှာရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအ...
22/03/2025

ကျွန်တော်တို့အိမ်ကျယ်ကြီး Aurora Gaming ကတော့ ၆ပွဲဆော့ ၆ပွဲနိုင်နဲ့ MPL PH S15 မှာရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ဇယားအဆင့် ၂မှာရပ်တည်နေပါတယ်။



Road To WEC25 Playoff Day2 အခြေအနေဟာ ဆိုရင်တော့ဖြင့်
21/03/2025

Road To WEC25 Playoff Day2 အခြေအနေဟာ ဆိုရင်တော့ဖြင့်



Paladins ကတော့ရှင်းချက်ပဲ သွားကျတယ်ညီကိုတို့ရေ 2-0 ပါတဲ့   Photo credit: MESL
20/03/2025

Paladins ကတော့ရှင်းချက်ပဲ သွားကျတယ်ညီကိုတို့ရေ 2-0 ပါတဲ့





Photo credit: MESL

Ex Echo BennyQt X Yawi M4 World Champion နှစ်ယောက် TNC မှာမြင်တွေရတော့မယ်။
18/03/2025

Ex Echo BennyQt X Yawi M4 World Champion နှစ်ယောက် TNC မှာမြင်တွေရတော့မယ်။

Esports World Cup ကနေတရားဝင်ကြေငြာလာတဲ့ EWC 2025 အတွက် Club Partner Organization တွေပဲဖြစ်ပါတယ်ခင်ဗျာ၊ စုစုပေါင်း Organi...
17/03/2025

Esports World Cup ကနေတရားဝင်ကြေငြာလာတဲ့ EWC 2025 အတွက် Club Partner Organization တွေပဲဖြစ်ပါတယ်ခင်ဗျာ၊ စုစုပေါင်း Organization အခု40 ပါဝင်ပါတယ်။





Photo credit: Esports World Cup

Address

Toa Payoh

Telephone

+959759699213

Website

Alerts

Be the first to know and let us send you an email when Pika Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pika Gaming:

Share