All In One

All In One All in one videos for you

ဒီပိုစ့်က ပုံမှန် Status တစ်ခု မဟုတ်ပါဘူး။ ကျွန်မရဲ့ ကြေငြာချက်ပါ။ အချိန်အကြာကြီးယူပြီး ခက်ခက်ခဲခဲနဲ့ ခိုင်ခိုင်မာမာ ချခ...
02/10/2025

ဒီပိုစ့်က ပုံမှန် Status တစ်ခု မဟုတ်ပါဘူး။ ကျွန်မရဲ့ ကြေငြာချက်ပါ။ အချိန်အကြာကြီးယူပြီး ခက်ခက်ခဲခဲနဲ့ ခိုင်ခိုင်မာမာ ချခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်တာမို့ ချစ်ခြင်းနဲ့ တားဆီးခြင်းကြောင့်သော်လည်းကောင်း၊ မုန်းခြင်းနဲ့ ပုတ်ခတ်ခြင်းကြောင့်သော်လည်းကောင်း ပြင်ဆင်တော့မှာ မဟုတ်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

ကျွန်မဟာ စစ်အာဏာသိမ်းမှု မဖြစ်ပွါးခင် ဆယ်စုနှစ်ဝန်းကျင်လောက်ကတည်း စစ်အာဏာရူးတွေကို ဒီကနေ့ထိ တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ပါတယ်။ ဒါ့ကြောင့် ချစ်ကြသူတွေရဲ့ မေတ္တာကို လုံလုံလောက်လောက် ရရှိခဲ့သလို မုန်းကြသူတွေရဲ့ တိုက်ခိုက်မှုပေါင်းစုံကိုလည်း လိုအပ်တာထက် ပိုရရှိခဲ့ပါတယ်။ ချစ်ကြသူတွေပေးတဲ့ ကောင်းချီးတွေကိုလည်း ပီတိဖြစ်စွာ လက်ခံခဲ့သလို မုန်းကြသူတွေပေးတဲ့ ယုတ်ကန်းမှုတွေလည်း ရင်စီးခံယူခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုယ်ပိုင်ဘဝပျက်စီးသွားကြသူတွေထဲ ကျွန်မလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့သလို ဒီငါးနှစ်နီးပါး ခရီးကြမ်းမှာလည်း လူထုနဲ့အတူ တသားတည်းရပ်တည်ပြီး ကိုယ်နိုင်တဲ့ဝန်၊ ကိုယ်နိုင်တဲ့ဝန်ထက် ပိုတဲ့ဝန်တွေကိုလည်း အစွမ်းကုန် ထမ်းဆောင်ခဲ့ပါတယ်။

ကျွန်မဟာ သာမန်ပြည်သူတစ်ဦး ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ သားသမီးဖြစ်သလို တစ်စုံတစ်ယောက်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဇနီးမယားဖြစ်သလို တစ်စုံတစ်ယောက်ရဲ့ မွေးချင်းမောင်နှမ ဖြစ်ပါတယ်။ Super Power မရှိတဲ့ သာမန်မိန်းမတစ်ယောက်ရဲ့ ခွန်အားနဲ့ ဒီအရွေ့မှာ ကျရာတာဝန် နိုင်သမျှပုခုံးနဲ့ အထမ်းနိုင်ဆုံးဝန်ကို ထမ်းခဲ့ကြောင်း ကျွန်မ သစ္စာဆိုနိုင်ပါတယ်။

ဟုတ်ကဲ့…. ကျွန်မဟာ သာမန်လူသားတစ်ဦး ဖြစ်ပါတယ်။ ထိရင်နာတတ်ပြီး နာကျင်ရင် ငိုတတ်တဲ့ သာမန်မိန်းမသားတစ်ယောက် ဖြစ်ပါတယ်။

လူသန်းပေါင်းများစွာ အင်နဲ့အားနဲ့ ပါဝင်နေကြချိန်မှာ ကျွန်မ ရှိနေခဲ့သလို စစ်အာဏာရူးတွေရဲ့ ဖိနှိပ်မှုကြောင့် အချို့တွေ ပြန်ထိုင်ကျသွားရလို့ အင်အားလျော့ပါးသွားတဲ့ အချိန်မှာလည်း ကျွန်မ မတ်မတ်ရပ် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက ထီးထီးကြီး မြင်မြင်သာသာကြီး ရှိနေခဲ့တာ။

ရန်သူက မြင်သာတဲ့သူမို့ ရသမျှလက်နက်နဲ့ စုပြုံတိုက်ခိုက်ကြတဲ့ဒဏ်ကိုလည်း ကျွန်မတောင့်ခံခဲ့ပါတယ်။ ကျွန်မနိုင်တဲ့ နာကျင်မှုထက် ပိုတဲ့အထိ။ ဒါပေမယ့် ကျွန်မခံနိုင်တဲ့ နာကျင်မှုထက် ပိုစေတာကတော့ ငါတို့ရပ်တည်ချက်တူသူတွေဆိုတဲ့ ယုံကြည်ထားတဲ့ ဘက်ခြမ်းက လှောင်ရယ်သံတွေ၊ ဆွဲချတိုက်ခိုက်မှုတွေ၊ ပျက်စီးစေချင်တဲ့ စေတနာတွေ၊ သစ္စာဖောက်မှုတွေ။

ရန်သူရဲ့ အစွယ်အပွါးတွေ၊ အစီအစဉ်တကျ ယုတ်မာမှုတွေ၊ Online ပေါ်မှာ ကုန်းကောက်စရာ ဂုဏ်သိက္ခာ မရှိတော့အောင် ဖျက်ဆီးမှုတွေ၊ ပြင်ပဘဝတွေ လုံခြုံစွာ အသက်ရှင်ရပ်တည်နိုင်ရေးတွေအထိပါ ထိပါးလာတွေအထိ ကျွန်မ တတ်နိုင်သမျှ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ အကူအညီမတောင်း၊ ဘယ်သူ့ကိုမှ မပင်ပန်းစေဘဲ ကျွန်မတစ်ကိုယ်တည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့တာ ဒီနေ့အထိပါပဲ။

ဒီတော်လှန်ရေးမှာ ကျွန်မရဲ့ Influence နဲ့ ကျွန်မတည်ဆောက်ခဲ့တဲ့ လူထုယုံကြည်မှု၊ ကျွန်မရဲ့ လုပ်အား၊ ကျွန်မရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုအင်အားကြောင့် တော်လှန်ရေးထံ ရံပုံငွေရှာဖွေထောက်ပို့နိုင်ခဲ့တာ အမေရိကန်ဒေါ်လာ ဆယ့်ငါးသန်းဝန်းကျင် ရှိပါတယ်။

ကျွန်မရဲ့ လူထုယုံကြည်မှုကို စုစည်းနိုင်စွမ်းဟာ ပြည်သူတစ်ယောက်အနေနဲ့ တော်လှန်ရေးအပေါ် အကျိုးပြုနိုင်စွမ်း ဖြစ်ခဲ့ပေမယ့် ကျွန်မအတွက်ကတော့ အဆိပ်ပြန်ဖြစ်ခဲ့ပါတယ်။ ကျွန်မတစ်ယောက်တည်းကို ဦးတည်သော ဂုဏ်သိက္ခာဖျက်ဆီးခြင်းတွေ၊ မိသားစုနဲ့ ပတ်သက်သူအားလုံးဆီ ရောက်ရှိလာတဲ့ နာကျင်မှုတွေ၊ မလုံခြုံမှုတွေ။ သစ္စာဆိုပါတယ်။ ဒီဒဏ်တွေကို ကျွန်မ အစွမ်းကုန် (အစွမ်းအားလုံးကုန်သည်အထိ) တောင့်ခံခဲ့ပါတယ်။

ငွေကြေးပတ်သက်မှုကြောင့် တိုက်ခိုက်မှုတွေကို လျော့ပါးအောင် ငွေ/စာရင်းအားလုံး အဖွဲ့အစည်းအသင်းအဖွဲ့ပုံစံမို့ ယုံကြည်စွာ ပုံအပ်ခဲ့တဲ့ကိစ္စတွေကနေ ရှေ့တလောက ဖြစ်ပေါ်လာတဲ့ပြသနာတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ့် ယုံကြည်မှု ပျက်စီးရပါတယ်။ ကျွန်မကိုယ်ကျွန်မ အာမခံနိုင်ရင်တောင် ကျွန်မအာမမခံနိုင်သော အရာတွေအတွက် ကျွန်မမျက်နှာက ထိုးချခံဖြစ်နေခဲ့တယ်ဆိုတာကိုလည်း အတော်အရှက်ရပါတယ်။

“မပန်… တာဝန်ကျေတာထက် ပိုပါတယ်” လို့ မေတ္တာထားပေးနိုင်သူတိုင်းက ပြောကြပေမယ့် ဒီအာဏာရှင်တော်လှန်ရေး မပြီးဆုံးသေးသရွေ့ ကျွန်မ တာဝန်ကျေတယ်လို့ ဘယ်တော့မှ မခံယူပါဘူး။ ဒါ့ကြောင့် ဒီတော်လှန်ရေးကို စွန့်ခွါသွားမှာလည်း မဟုတ်ပါဘူး။

ဒါပေမယ့် ဒီနေ့ကစပြီး ကျွန်မကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးတဲ့ တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေးခြင်း ကိစ္စရပ်များကို အပြီးတိုင်ရပ်နားကြောင်း ကြေညာပါတယ်။

ကျွန်မဆောင်ရွက်ခဲ့သော ရန်ပုံငွေ ပရော့ဂျက်များ၊ ဆောင်ရွက်ဆဲ လက်စ ပရော့ဂျက်များရဲ့ ငွေနဲ့ စာရင်းရှင်းတမ်းများ၊ ကျွန်မလက်ထဲမှာ လက်စကျန်ရှိနေသော ပြည်သူ၏ ပေးပို့မှု တော်လှန်ရတနာများပါမကျန် ကျွန်မတို့ရဲ့ တော်လှန်ရေးအစိုးရ NUG အစိုးရ တာဝန်ရှိသူများထံ တရားဝင်အပ်နှံခဲ့ပါမယ်။

ကျွန်မနဲ့ ပတ်သက်ပြီး ဗရမ်းဗတာ စွပ်စွဲချက်မဟုတ်တဲ့ သက်သေသာဓကနဲ့ စွပ်စွဲနိုင်သူ ရှိမယ်ဆိုရင် NUG အစိုးရထံ အမှုဖွင့်တိုင်ကြားနိုင်ပါတယ်။ အချိန်မရွေး NUG အစိုးရမှ ကျွန်မထံ ဆင့်ခေါ်စစ်ဆေးနိုင်ကြောင်း၊ အရေးယူဆောင်ရွက်နိုင်ကြောင်း လက်မှတ်ထိုး ကတိပြုဆောင်ရွက်ခဲ့ပါ့မယ်။

ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များကလွဲရင် တော်လှန်ရေးအတွက် ကျွန်မ ထမ်းဆောင်နိုင်ရာတာဝန်များကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထပ်ဆင့် ကတိပြုပါတယ်။

အခက်အခဲတစ်ခု တွေ့လိုက်၊ မျိုးစုံ ကျော်ဖြတ်လိုက်။ အတိုက်အခိုက်တစ်ခုတွေ့လိုက် ဖြေရှင်းရင်ဆိုင်လိုက်။ နောက်ထပ် အခက်အခဲတစ်ခုတွေ့လိုက်၊ နောက်ထပ် ကျော်ဖြတ်လိုက်။ နောက်ထပ်အတိုက်အခိုက်တစ်ခု တွေ့လိုက်၊ နောက်ထပ် ဖြေရှင်းရင်ဆိုင်လိုက်။ ဝင်္ကပါထဲမှာ ကစားရတဲ့ အသတ်အဖြတ်ဂိမ်းတစ်ခုလို ကျွန်မဘဝက ဒဏ်ရာတွေရလိုက်၊ ဒီနေရာကိုပဲ အထပ်ထပ်ပြန်ရောက်လိုက်နဲ့။ ကျွန်မ တကယ်ကို ပင်ပန်းခဲ့ပြီမို့ ဒီတာဝန်ကနေ ကျွန်မကို အနားယူခွင့်ပေးဖို့ နားလည်ပေးကြဖို့ ထောက်ပို့ပြည်သူများထံ အနူးအညွတ် တောင်းဆိုပါတယ်။

ကျွန်မရဲ့ Fundraising Project များ အောင်မြင်အောင် ယုံကြည်စွာ အားဖြည့်ခဲ့ကြတဲ့ တော်လှန်ပြည်သူများ၊ ပါဝင်ငွေကောက်ခံပေးကြတဲ့ Fundraiser အဖွဲ့အစည်းများ၊ နောက်ကွယ်ကနေ Risk အများကြီးယူပြီး ကူညီခဲ့ကြတဲ့ နိုင်ငံတကာမှ လူမသိလူမသိ သူရဲကောင်းများကိုလည်း အမြဲလေးစားကျေးဇူးတင်လျက်ပါ။

လစဉ်ထောက်ပို့နေကျ တပ်ဖွဲ့များ၊ တော်လှန်ရေး ညီအစ်ကို မောင်နှမများကိုလည်း အထူးအားနာရပါတယ်။ ကျွန်မခွန် ကျွန်မအားနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ တတ်နိုင်သမျှ အထောက်အကူပြုသွားမှာ ဖြစ်ပေမယ့် အရင်လို လုပ်ဆောင်ပေးနိုင်စွမ်းမရှိတော့တဲ့အပေါ် မောင်နှမတို့အနေနဲ့ ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်။ ဘဝတွေ အနာဂတ်တွေ ရင်းခဲ့ကြတဲ့ ရဲဘော်တွေထက် ကျွန်မရဲ့ တာဝန်ထမ်းနိုင်မှုက ဘာမှမဟုတ်နိုင်တဲ့အတွက် အများကြီး အားနာရပါတယ်။ ဒီတော်လှန်ရေးမှာ တာဝန်ကျေခဲ့ပြီလို့ ဘယ်တော့မှ မခံယူသလို အဆုံးထိ အခြားနိုင်ရာနေရာက ရှိနေပါ့မယ်။

ကျွန်မ တာဝန်ရှိနေတဲ့ Project The Key ရဲ့ ဖြေရှင်းလက်စကိစ္စရပ်မှာလည်း အမှန်တရားပေါ်ပေါက်ဖို့၊ ပြည်သူ့ငွေကြေးမဆုံးရှုံးဖို့ အဆုံးထိ တာဝန်ယူသွားပါ့မယ်။

ဒီခရီးကြမ်းမှာ အတူရပ်တည်ခဲ့ကြသူတွေ၊ နှုတ်ဆိတ်ရက်ကြသူတွေ၊ ရန်သူဘက်က မသိမသာ ရပ်ခဲ့ကြသူတွေကိုလည်း ကျွန်မဘက်က ခွဲခွဲခြားခြား၊ မှတ်မှတ်သားသား ရှိနေမှာ ဖြစ်သလို ကျွန်မကို Character Assassination ပြုလုပ်ခဲ့ကြသူတွေကိုလည်း Online ပေါ်မှာ ပြန်လှန်ရန်ဖြစ်ခြင်းထက် လက်တွေ့ဘဝထဲမှာ ပြင်းထန်ထိရောက်တဲ့ တိတိပပတုန့်ပြန်မှုတွေကိုလည်း ရေဆုံးမြေဆုံး ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

ဒီတော်လှန်ရေးကြီး ပြီးတဲ့အခါ ကျွန်မဟာ ထိုင်ခုံဝင်ဆွဲမယ့်သူ မဟုတ်သလို ပါတီနိုင်ငံရေး၊ ထိုင်ခုံနိုင်ငံရေးမှာလည်း ကျွန်မကို ဘယ်တော့မှ မတွေ့မြင်ရစေဖို့ အာမခံပါတယ်။ ဒီတော်လှန်ရေးကနေ ကျွန်မ ပြန်ရချင်တာတစ်ခုပဲ ရှိပါတယ်။ တော်လှန်ပြည်သူတွေ ရင်ထဲက ကျွန်မအတွက် ဂုဏ်သိက္ခာဆိုတဲ့အရာ တစ်ခုတည်းပါ။

အဲ့တစ်ခုတည်းနဲ့တင် ကျွန်မကိုယ်ကျွန်မ ဘယ်တော့မှ နောင်တမရသလို အမြဲတမ်း ဂုဏ်ယူနေမှာပါ။

တော်လှန်ရေးအတွက် ကျွန်မ ရပ်တည်ခဲ့ပါတယ်။ ကျွန်မရဲ့ အမြဲတမ်း သတ်ဖြတ်ခံနေရတဲ့ ဂုဏ်သိက္ခာအတွက် ကျွန်မဘက်က ကျွန်မ ရပ်ခွင့်ပြုပါ။

ကျွန်မကို ယုံကြည်ခဲ့သမျှ စိတ်မပျက်စေခဲ့သလို ကျွန်မရဲ့ ဆုံးဖြတ်ချက်အပေါ် နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ပုံ (ပန်ဆယ်လို)

အလုပ်သင်ခေါ်ရင်လဲ ကြည့်ကြပ်ခေါ်မှရမှာ သနားလို့ ချစ်လို့ဆိုပြီးလဲ ဝန်ထမ်းဟောင်းကိုလဲ ဆိုင်ထဲ လူစွတ်မခေါ်ရဲတော့ဖူး အမယ် .....
13/09/2025

အလုပ်သင်ခေါ်ရင်လဲ ကြည့်ကြပ်ခေါ်မှရမှာ

သနားလို့ ချစ်လို့ဆိုပြီးလဲ ဝန်ထမ်းဟောင်းကိုလဲ ဆိုင်ထဲ လူစွတ်မခေါ်ရဲတော့ဖူး

အမယ် ... ဆိုင်က အလုပ်သင်လေးက ဆိုင်နည်းပညာခိုးယူ

ပညာရော နည်းရော လာယူရုံလေးဆိုတော့ ၁ လအတိလေးဘဲနေသွားတာနော် တစ်ရက်တောင် အပိုမခံဖူး အဲ့ဒါကြောင့်လဲ လိုတာထပ်ပိုမသင်ပေးသွားဖူး တော်သေးတာပေါ့ ဟိ

ပညာလဲစုံရော လစာလေးယူပီး အဲ့အလုပ်သင်လေးနဲ့ ပေါင်းပြီး တစ်လအပြည့်မှာ အလုပ်လေးအတင်းထွက်ပြီး ဆိုင်က Online ပိုင်း ဘာာဘာညာညာ သင်ထားပေးတဲ့တစ်ယောက်ထွက်သွားတဲ့တစ်ယောက်နဲ့က ညှိပီး ဆိုင်ပါဖွင့်ချတာ 🥹

ကိုယ်ပြမှသိ ကိုယ်ပေးမှရ ကိုယ်သင်မှတက်ထားတဲ့ ပညာရော အတွေ့ကြုံရောက လက်တောက်လောက်လေးကို
နောက်ကွယ်မှာ ညှိပြီးလုပ်နေကြမှန်း ခုမှ သိရတာ အံ့ဩလို့တောင်မဆုံးဖူး

ကိုယ့်အနေထားနဲ့ ဘာမှမဖြစ်ဖူး ဒီလောက်လေးကို
ဒါပေမယ့် အံ့ဩလို့မဆုံးလို့ပါရှင် တနေ့တနေ့လူကျတာ လုပ်နေရတာကိုမြင်ပြီး ငါတို့ဆိုလဲ အဲ့လိုဖြစ်မှာဆိုးပြီး ဘယ်ကတည်းက ကြိတ်ကြံစည်နေလဲမသ်ိဖူး

ဆိုင်ဖွင့်သွားတာကို မနာလိုပြီးပြောနေတာမဟုတ်ဖူးနော်
ပျင်းလို့ မနေနိုငိလို့ဆိုပြီး အတင်းထွက်သွားပီး ဆိုင်ထိ လာပြီး လူပါးဝပြီး နောက်မှာ ကြိတ်ပီး အတင်းတွေပြောပီး ပူပေါင်းပီး ဖျက်စီးသွားတာကို ရွံလို့ပါရှင်

ဒီမြို့လေးမှာလဲ ရန်ကုန်ကလို အထာတွေရှိတာကို အရမ်းအံ့ဩလိုက်သွားလို့ပါ

ကြီးပွားတိုးတက်ကြပါစေ ကလေးတို့ရေ

ဒီစာဖတ်မိရင်ကိုယ့်ကိုပြောတယ်ဆိုတာ တန်းသိရောပေါ့ အဆင်ပြေပါစေနော် ☺️💖

12/09/2025
ဒေါ်အောင်ဆန်းစုကြည်ကြောင့် တော်လှန်နေတာ မဟုတ်ဘူးကွလို့ ပြောရင် အချို့တွေက တအားသဘောကျကြတာ။ အဲ့လိုပဲ… စကစကလည်း တအားသဘောကျမ...
12/09/2025

ဒေါ်အောင်ဆန်းစုကြည်ကြောင့် တော်လှန်နေတာ မဟုတ်ဘူးကွလို့ ပြောရင် အချို့တွေက တအားသဘောကျကြတာ။ အဲ့လိုပဲ… စကစကလည်း တအားသဘောကျမှာ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ နေဝင်း၊ သန်းရွှေကစပြီး စောက်ပုအထိ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် စစ်အုပ်စုကို ကိုင်လှုပ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ စစ်အုပ်စုကြောက်တာကလည်း ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ ရှိတာ။

ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်တာ မဟုတ်လည်း ရတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကြောင့် တော်လှန်နေတဲ့သူတွေ အများကြီး။ အဲ့ထဲမှာ ငါ့ကို ထိပ်ဆုံးက ထားတွက်လိုက်။ ငါ့လိုမျိုးတွေမှလည်း အများကြီး။

ပုဂ္ဂိုလ်ရေး ကိုးကွယ်တယ်ပဲပြောလို့မကလို့ ပုဂ္ဂိုလ်ရေး ထိုင်ကန်တော့တယ်အထိပဲ ပြောပြော။ ကိုယ်တွေအတွက်ကတော့ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ထက် ယုံကြည်ရမယ့် နိုင်ငံရေးသမားဆိုတာ တစ်ယောက်မှကို မရှိတာ။ ဒီမိုကရေစီဆိုတာ မြန်မာပြည်မှာ စာလုံးပေါင်းနိုင်ဖို့ ပြည်သူတွေ စသင်ခဲ့ရတဲ့ အ,သုံးလုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမပဲ။

ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်တာ မဟုတ်ဘူးဆိုတဲ့စကားကို လက်ခံပေးလို့ရတယ်။ ဒါပေမယ့် ဒီလို ပြည်သူလူထုသန်းပေါင်းများစွာက စစ်အာဏာရှင်ကို တော်လှန်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ မျိုးစေ့က ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်လာတာ။

ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်တာ မဟုတ်ဘူးဆိုတာ မှန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် တော်လှန်တာမဟုတ်ဘူးလို့ပြောရင် မှားတယ်။

Cool Kid ဖြစ်ချင်ဇောနဲ့ စောက်ကြီးစောက်ကျယ်တွေ ပြောတာ လျှော့ကြ။

07/09/2025

ကျန်းမာပါစေအမေ

Address

Toa Payoh Streed
Toa Payoh
297724

Website

Alerts

Be the first to know and let us send you an email when All In One posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category