Satt Khaung Blogs

Satt Khaung Blogs Be happy

 #အသိပေးကြေငြာပေးခြင်းအောက်ဖော်ပြပုံ ‌ပုံနှစ်ပုံကတော့ Fees ပေးသွင်းပြီး တက်ထားကြသည့် သင်တန်းသား/သင်တန်းသူများ Group နှစ်...
14/08/2025

#အသိပေးကြေငြာပေးခြင်း

အောက်ဖော်ပြပုံ ‌ပုံနှစ်ပုံကတော့
Fees ပေးသွင်းပြီး တက်ထားကြသည့်
သင်တန်းသား/သင်တန်းသူများ Group နှစ်ခု ဖြစ်ပါသည်။

1 Sep, 2025 မှ စ၍ Facebook ငွေရှာခြင်း သင်တန်း
များဖြစ်သည့် APLC & FCGC သင်တန်း နှစ်ခု၏
သင်ခန်းစာ Lesson များကို Upgrade ပြုလုပ်မည်ဖြစ်သည်။

အဓိကအားဖြင့်

- Facebook ၏ ပြောင်းလဲလာသော မူဝါဒ အသစ်များ
- Monetization ရစေရန် နည်းလမ်းများ
- Acc / Page Setting ပိုင်းများ
- Creator တစ်ယောက်အတွက် Knowledge များ
- Location Knowledge များ

အစရှိသဖြင့်ကို Update များဖြစ်မှုနှင့်အတူ Upgrade
ပြုလုပ်ကာ Batch (2) အဖြစ် ပြောင်းလဲမည် ဖြစ်ပါသည်။

ထို့အတွက် ယခု သင်တန်း အပ်နှံထားရှိသော
( 1.7.2025 နောက်ပိုင်း ) သင်တန်း အပ်နှံထားသော
သင်တန်းသူ / သား များသည် Batch (2) Course ကို
သင်တန်းကြေး ထပ်မံ ပေးသွင်းစရာ မလိုအပ်ပဲ
ပြန်လည် တက်ရောက်နိုင်မည် ဖြစ်ပြီး ၊

( 1.7.2025 အထက်ပိုင်း) နှင့် သင်တန်းအပ်နှံသူများ
အတွက် သင်တန်းကြေး အပြည့်အဝ ပေးသွင်းခြင်း
မလိုအပ်သော်လည်း Batch (2) Join လိုပါက
အရင်လို သင်တန်းကြေး အပြည့်အဝ သွင်းစရာ
လိုအပ်မည် မဟုတ်ပါ။

မှတ်ချက် - ယခု သင်တန်း Group များအား လုံးဝ
ပယ်ဖျက်ခြင်းမရှိပါ။ ဆက်လက်လေ့လာ
နိုင်ပါသည်။

Batch (2) အတွက် သင်တန်း Group သည်
Telegram တွင် ဖြစ်လာပါမည်။

Batch (2) တွင် YouTube, TikTok Knowledge
အနည်းငယ် ထည့်သွင်းဖော်ပြပါမည်။

အားလုံး အဆင်ပြေကြပါစေ။

Satt Khaung
14 Aug, 2025

29/07/2025

ငွေရှာလို့ရသည့် TikTok Acc ဖွင့်ခိုင်းမည်ဆိုလျင်

နယ်မြေသစ်တွေ ကို ကြိုက်နှစ်သက်တဲ့ ကိုယ့်အတွက်တစ်ယောက်တည်း လည်း လောကဓံကိုအံတု အနိုင်ယူနိုင်အောင် ကြိုးစားရမှာပါ။လောကကြီးမ...
26/10/2024

နယ်မြေသစ်တွေ ကို ကြိုက်နှစ်သက်တဲ့ ကိုယ့်အတွက်
တစ်ယောက်တည်း လည်း လောကဓံကို
အံတု အနိုင်ယူနိုင်အောင် ကြိုးစားရမှာပါ။

လောကကြီးမှာ မင်းကို လိုအပ်သူထက်
မလိုချင်သူက များပြားတယ်ဆိုတာ သိတဲ့နေ့
မင်းအောင်မြင်ခြင်း လမ်းစပေါ် ရောက်တဲ့နေ့ပါ။

မင်း ဘယ်လောက်ပဲ ပေးဆပ်ခဲ့
မင်းအပေါ် နက်ရှိုင်းမှု မရှိတဲ့ လူအချို့က
မင်း ကျရှုံးနေချိန် လက်ကမ်းကူမှာထက်
လှောင်ပြောင်ပြီး ရယ်မောနေကြပါလိမ့်မယ်။

အချို့အရာတွေက ရင်ထဲမှာ သိမ်းထားပြီး
အမြဲတွေးနေရင် ကိုယ့်အတွက် ခွန်အားဖြစ်ပေမယ့်
အချို့အရာတွေက ရင်ထဲကနေ အပြီးပိုင်
မောင်းထုတ်ပစ်လိုက်တာက အေးချမ်းစေပါတယ်။

အချို့လူတွေရဲ့ မျက်နှာမှာ အပြုံးချိုချိုလေးနဲ့
မင်းရဲ့ ဘဝကြီးကို စုတ်ပြတ်သွားအောင်
လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မင်းသတိထားတက်ရမယ်။

အချို့လူတွေကျ မျက်နှာမှာ မင်းလိုချင်တဲ့
အပြုံးချိုချိုလေး မရှိပေမယ့် မင်းဒုက္ခရောက်တိုင်း
မင်း‌ရဲ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးတက်တယ်။

ဒါကြောင့်မို့ မင်းဘဝမှာ တွေ့ကြုံသမျှဟာ
အတုအယောင်တွေကသာ များပြီး
အစစ်အမှန်က အင်မတန် နည်းတယ်ဆိုတာ
မင်းသိလာတဲ့ တစ်နေ့ ......

မင်းရဲ့ ရပ်တည်မှုက အရင်ကထက်
ပိုပြီး သန်မာလာပါလိမ့်မယ် ။

တစ်ယောက်တည်းလည်း
မင်း လောကဓံ ကို ဖြတ်သန်းနိုင်ရမယ်လေ။

အားလုံးကို ကျော်ဖြတ် အနိုင်ယူလိုက်ပါ ။

Satt Khaung
25 Oct 2024

29/04/2024

အစုံအစုံသော တရားစု
ဓမ္မပဒအဆုံးအမ - ၄
ယမက ဝ ဂ်

ဤသူသည် ငါ့ကို ဆဲ ဆို ဖူးသည်။
ငါ့ကို ညှဉ်း ဆဲ ဖူးသည်။
ငါ့ကို နိုင်ခဲ့ဖူးသည်။
ငါပိုင်ဥစ္စာကို ယူဖူးသည်ဟု
စိတ်၌ ရန်ငြိုး မထားသူတို့အဖို့
ရန်သည် ငြိမ်းအေးလေ၏။

"He abused me, he defeated me, he robbed me": the hatred of them, who do not harbour this thought, is appeased.

အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ၊ ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

ဆရာကြီး ဦးခင်မောင်ကြီး ဓမ္မပဒ အဆုံးအမများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

စာရေးသားပူဇော်သူ - Satt Khaung
29 Apr 2024

29/04/2024

အစုံအစုံသော တရားစု
ဓမ္မပဒအဆုံးအမ - ၃
ယမက ဝ ဂ်

ဤသူသည် ငါ့ကို ဆဲဆိုဖူးသည်။
ငါ့ကို ညှဉ်းဆဲဖူးသည်။
ငါကို နိုင်ခဲ့ဖူးသည်။
ငါပိုင်ဥစ္စာကို ယူဖူးသည်ဟု
စိတ်၌ရန်ငြိုးထားသူတို့အဖို့
ရန်သည် မငြိမ်းအေးနိုင်ကုန်။

He abused me, he defeated me, he robbed me": the hatred of them, who harbour this thought, is not appeased.

အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိမေ၊
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

ဆရာကြီး ဦးခင်မောင်ကြီး ဓမ္မပဒ အဆုံးအမများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

စာရေးသားပူဇော်သူ - Satt Khaung
29 Apr 2024

29/04/2024

အစုံအစုံသော တရားစု
ဓမ္မပဒအဆုံးအမ - ၂
ယမက ဝ ဂ်

တရားတို့၌သာ စိတ်သာလျှင်
ဦးတည်ဆောင်ရွက် ရှိကုန်၏။
အကြီးအမှူး ရှိကုန်၏။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် ကြည်လင်ကောင်းမြတ်သော စိတ်ဖြင့် အကယ်၍ပြောဆိုလျှင်သော် လည်းကောင်း၊
ပြုလုပ်လျှင်သော် လည်းကောင်း၊
တွေးတောကြံစည်လျှင်သော် လည်းကောင်း အရိပ်သည် အရိပ်ရှင်ထိုသူနောက်သို့ အစဉ်လိုက်နေသကဲ့သို့ သုခချမ်းသာသည်
ထိုသူနောက်သို့ အစဉ်လိုက်လေ၏။

All states have mind as their fore-runner; to them mind is supreme and of mind are they made. Therefore, if one, with pacified mind, speaks or acts, on account of that does happiness follow one as the shadow that does not depart.

မနော ပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ၊
မနသာ စေ ပသန္ဓေန၊ ဘာသတိ ဝါ ကရောတိ ဝါ၊ တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။

ဆရာကြီး ဦးခင်မောင်ကြီး ဓမ္မပဒ အဆုံးအမများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

စာရေးသားပူဇော်သူ - Satt Khaung
29 Apr 2024

27/04/2024

ရုပ်ရည်ချောမောလှပတာ ထက်
စိတ်ထားကောင်းပြီး ဥာဏ်ရည်ထက်မြတ်တဲ့
ချစ်သူမျိုးကို ရွေးချယ်ပါ။

ကိုယ့်ကို တစ်ကယ် ချစ်မြတ်နိုးပြီး
ကိုယ်ကျင့်သိက္ခာ ကောင်းမွန်တဲ့
ချစ်သူမျိုးကိုသာ ရွေးချယ်ပါ။

ခုခေတ်ထဲမှာ ကြည့်ရင်
အလှအပကို ဗန်းပြပြီး
အယောင်ဆောင်တွေက အရမ်းပေါများပေမယ့်

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကတော့
နည်းပါးလာတယ်လေ။

Satt Khaung
27 Apr 2024

I've received 4,500 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉
27/04/2024

I've received 4,500 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

25/04/2024

အချို့ မျှော်လင့်ချက်တွေက
ကိုယ်ပဲ ခံစားရတာလေ ။
ဘာကိုမှ မမျှော်လင့်ချင်တော့ဘူး ။

Satt Khaung
25 Apr 2024

22/04/2024

လမ်းမကြီးရဲ့ အလယ်မှာ
ကြောက်ရွံ့စွာ ရပ်နေမိတယ် ။
အာရုံထဲမှာ ရှင်းရှင်းကြီး ပေါ်နေတယ်။

လူတွေ အားလုံးရဲ့ မျက်နှာမှာ
မျက်နှာဖုံးတွေ ကိုယ့်ဆီ တပ်လို့ပေါ့။

အိပ်မက်က လန့်နိုးတော့ ပြုံးမိလေရဲ့။

Satt Khaung
22 Apr 2024

22/04/2024

အစုံအစုံသော တရားစု
ဓမ္မပဒအဆုံးအမ - ၁
ယမက ဝ ဂ်

တရားတို့၌ စိတ်သာလျှင်
ဦးဆောင်ဦးရွက် ရှိကုန်၏။
အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်သာ ပြီးကုန်၏။
ထို့ကြောင့် တစ်စုံတစ်ယောက်သည်
ပြစ်မှားလိုသောစိတ်ဖြင့်
အကယ်၍ပြောဆိုလျှင်သော်လည်းကောင်း၊ ပြုလုပ်လျှင် သော်လည်း ကောင်း၊
တွေးတောကြံစည်လျှင် သော်လည်းကောင်း
လှည်းဘီး သည် နွား၏ခြေရာကို
အစဉ်လိုက် နေသကဲ့သို့
ဒုက္ခဆင်းရဲသည်
ထိုသူနောက်သို့ အစဉ်လိုက်လေ၏။

All states have mind as their fore-runner, to them mind is supreme and of mind are they made. There- fore, if one, with defiled mind, speaks or acts, on ac- count of the suffering follow one as the wheel follows the foc: of that does wagon-bearer.

မနော ပုဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ၊
တတော နံ ဒုက္ခမနွေတိ၊ စက္ကံ၀ ၀ဟတော ပဒံ။

ဆရာကြီး ဦးခင်မောင်ကြီး ဓမ္မပဒ အဆုံးအမများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

စာရေးသားပူဇော်သူ - Satt Khaung
22 Apr 2024

21/04/2024

"အိမ် သာ လို လူ"

အသုံးလိုမှ လာသုံးပြီး
ပြန်ထွက်သွားတယ်။
ကျေးဇူးတင်စကားတောင် မဆိုခဲ့ဘူး။

အချို့ဆို သူတို့ အညစ်အကြေးတွေပါ
ထားပစ်ခဲ့သေးတယ်။
အကာအရံ တံခါးကြီးကိုတောင်
ဝုန်းကနဲ့ ဆောင့် ပိတ်လို့ပေါ့။

ဒါတောင် အချို့က ပြောသေးတယ်။
အဆင်မပြေပါဘူးကွာတဲ့ ။

ခင်ဗျားတို့ ထားခဲ့တဲ့ အတိုင်း
ကျုပ်ကတော့ ငေးကြည့်လျက်ပေါ့။

Satt Khaung
21 Apr 2024

ที่อยู่

กทม

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Satt Khaung Blogsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Satt Khaung Blogs:

แชร์