
20/11/2024
" ဆိုင်ကယ်မုန်းသော အညာသူ " အပိုင်း ၆
အမြင့်ကြောက်သော ငှက်
ရေမိုးချိုး ထမင်းစားသောက်၍ ခေတ္တမျှ စကားစမြီပြောဆိုပြီးနောက် ညရှစ်နာရီကျော်သောအခါ ရဲရင့်သူလည်း ဆေးရုံသို့ပြန်သွားစောင့်ရန် ပြင်ရလေ၏။ မိန်းကလေနှှစ်ဦးက ခရီးပမ်း၍မလိုက်တော့ဘဲ ဗိမ္မာန်၌ အနားယူရင်းကျန်ရစ်ခဲ့တော့မည်ဟု ဆိုကြလေရာ နတ်ပေစိနှင့် နှစ်ယောက်တည်းသာ ထွက်ခဲ့ကြရလေသည်။
ဆေးရုံသို့ရောက်သော် ရှစ်နာရီနှစ်ဆယ်ခန့်ဖြစ်၍နေခြေပြီ။ ရဲရင့်သူတို့လည်း ဆေးရုံရှေ့၌ပင် စောင့်ဆိုင်းနေလိုက်ကြရာ ဆယ်မိနစ်ခန့်ကြာပြီးနောက် ခဲရောင် ဟွန်ဒါဖစ်ကားလေးတစ်စီး ထိုးရပ်လာပြီး ကားပေါ်မှ မြရည်နွယ်ဆင်းလာလေ၏။ ဆံပင်ကိုအပြောင်သိမ်း စည်း၍၊ စွပ်ကျယ်ဆန်ဆန် ကျားသစ်ကွက် အင်္ကျ ီလက်တိုနှင့် ဂျင်းရှော့ပန်အတို တို့ကို ရှိုက်ဖိုကြီးငယ် တင်းတင်းရင်းရင်းပေါ်သည်အထိ ကြပ်ကြပ်ထုတ်ထုတ်ဝတ်ဆင်ထားသော သူမ၏ဟန်မှာ ကွန်ဖီးဒန့်လေဒီပုံ လုံးဝပေါက်နေလေသည်။ မသိပါက အပြစ်အမှားတစ်စုံတစ်ရာမရှိသည့် တကယ့်သူဌေးသမီး စစ်စစ်တစ်ဦးနှယ်။ သူမသည် ကားတံခါးပိတ်ပြီးနောက် ဘေးပတ်ဝန်းကျင်အား ထီမထင်သလို မာနအကြည့်ဖြင့်တစ်ချက်ဝှေ ့ကြည့်လိုက်၍ ဒေါက်ဖိနပ်ကို တစ်ဂွပ်ဂွပ်မည်အောင်နင်းလျှက် ဆေးရုံအတွင်းသို့ စတိုင်ကြကြ ဝင်ရောက်သွားလေတော့၏။
ခေတ္တကြာသော် မြရည်နွယ်နှင့်အတူ အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့် ဗလတောင့်တောင့် အမျိုးသားတစ်ဦး ဆေးရုံထဲမှပြန်ထွက်လာပြီး ကားပေါ်သို့တက်သွားကြလေသည်။ ထို့နောက် ကားမောင်းထွက်သွားကြလေရာ ရဲရင့်သူတို့လည်း ထိုကားနောက်မှ ထပ်ချပ်မခွာ လိုက်ခဲ့ကြလေတော့၏။
ဟိုတယ်အရောက် မြရည်နွယ်တို့နှစ်ယောက်သည် dinning room သို့သွားကာညစာစားကြလေသည်။ ထို့နောက် အိပ်အခန်းရှိရာသို့ ကော့ကော့ ကော့ကော့ဖြင့် ထွက်သွားကြလေတော့၏။
အခန်းထဲသို့နှစ်ယောက်သား ပြစ်ဝင်ကြ၍ တံခါးကပြာကယီပိတ်ပြီးလျှင်ပိတ်ပြီးခြင်း တစ်ဦးကိုတစ်ဦး ဖက်ရက်နမ်းရှုံ ့ကြပြန်သည်။
" အတော်ကို မွှန်တဲ့ဟာဒေပဲ. .. "
နတ်ပေစိကပင် ၎င်းတို့နှစ်ဦးကိုကြည့်ကာ မည်တွန်တောက်တီးလေသည်။ ရဲရင့်သူကတော့ တစ်စုံတရာမှတ်ချက်မပေးဘဲ ကြည့်မြဲသာ ဆက်လက်စောင့်ကြည့်နေမိလေ၏။
မြရည်နွယ်တို့မှာ အပြန်အလှန် နမ်းကြရှုံ ့ကြ ချွတ်ကြရင်း အဝတ်အစားများလည်း ကျွတ်ကုန်ကြလေသည်။ သူနာပြုကောင်မှ မြရည်နွယ်ကို ခါးကျင်ကျင်မှမ၍ မှန်တင်ခုံပေါ်သို့နောက်ပြန်တင်လိုက်လေ၏။ ထို့နောက် မြရည်နွယ်၏ လည်တိုင်ကြော့ကြော့ မှစတင်လျှက် အပေါ်မှအောက်သို့ တဖြေးဖြေးအနမ်းမိုး စုန်ဆင်းလာရင်း ပေါ်တံဖြူဖြူသွယ်သွယ်နှစ်ခုကြား၌ လမ်းဆုံးကာ ၎င်း၏ခေါင်းအားမရပ်မနား ဆော့ကစားလေတော့သည်။
ငါးမိနစ်ခန့်အကြာ. .
မြရည်နွယ်တစ်ယောက် သူနာပြုကောင်၏ ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျှက် ပေါင်နှစ်ချောင်း ဟစိဟစိဖြစ်ကာ တစ်ကိုယ်လုံး တဆတ်ဆတ်ခါ လူးပျံကော့လန်လို့အားရ၍ ငြိမ်ကြသွားပြီးနောက် သူနာပြုကောင်က ထိုင်ရာမှ တဖြေးဖြေးထရပ်လိုက်လေသည်။ တစ်ခန်းလုံး. . မြရည်နွယ်၏အသက်ရှူသံပြင်းပြင်းတို့ လွှမ်းမိုးနေလေ၏။
ဖတ်ဖတ်မော၍ ကျောနောက်မှမှန်ကိုမှီကာ မှိန်းနေသော မြရည်နွယ်အား သူနာပြုကောင်က အသာစွဲဖက်ကာ နဖူးကိုခပ်ဖွဖွနမ်းပြီး တစ်စုံတရာကပ်ပြောနေလေသည်။ ဘာပြောနေသည် သိလို၍ ရဲရင့်သူနားစွင့်လိုက်လေ၏။
" နွယ်. . အဖိုးကြီးနဲ့ အဖွားကြီးကိုမပိုင်သေးဘူးလား. .ကိုယ်အကြာကြီးမစောင့်ချင်တော့ဘူးကွာ၊ နွယ်နဲ့ကိုယ် အတူတူနေချင်လှပြီ။ ပြီးတော့. ကိုယ်ကြည့်မရတဲ့ အဲ့ငနဲကို ပြုစုစောင့်ရှောက်နေရတဲ့ ဘဝကလည်းလွတ်ချင်ပြီ။ နွယ်က အချိန်တွေဆွဲနေလို ့သာ၊ ကိုယ့်အလိုအရဆိုရင် ခုလောက်ဆို ဘယ်သူမှမသိအောင် ဒီကောင့်ကို အောက်စီဂျင်ပိုက် ဆွဲဖြုတ်ပြစ်ပြီးရောပေါ့. . "
" မအေ. .ိုး ခွေးမျိုး. . ကျေးဇူးမသိ တာဝန်မသိ လူ့ကျင့်ဝတ်ဖောက်ဖျက်တဲ့ကောင်. .သေဖို့ပြင်စမ်း. . "
" ဟိုးဟိုး စိတ်ထိန်းပါ ကိုပေစိရယ်။ စိတ်လက်မာန်ပါမလုပ်ပါနဲ့. .တော်ကြာ လူ့လောကကိုဝင်ရှုပ်လို့ နတ်မင်းကြီးတွေ ဒဏ်ခတ်တာခံနေပါဦးမယ်။ ဒီပြသနာကို ကျတော်ကိုယ်တိုင်ကိုင်တွယ်ပါ့မယ်။ ခုတော့ ခဏ စိတ်ရှည်လက်ရှည်စောင့်ကြည့်လိုက်ပါဦး. ."
ယုတ်မာကောက်ကျစ်သော သူနာပြုကောင်၏စကားကြောင့် နတ်ပေစိက ကြားမှဒေါသထွက်ကာ ၎င်းတို ့စုံတွဲကိုဒုက္ခပေးရန်ဟန်ပြင်နေသဖြင့် ရဲရင့်သူ မနည်းတားထားရလေသည်။
" စိတ်အေးအေးထားပါဆြာကြီးရယ်. . နွယ်နဲ့ကိုယ် အတူတူနေကြရတော့မှာပါ။ ခဏလေးပဲသည်းခံပြီးစောင့်၊ နွယ်က အပိုင်ဆုံးဖြစ်မှ ကိုင်ချင်လို့ပါ။ ခုဆိုရင် အဖိုးကြီးက အလုပ်ဒဏ်တွေကော သူ့သားစိတ်နဲ့ပါ ကျန်းမာရေးသိပ်မကောင်းဘူး၊ အဖွားကြီးပြီးရင် ပြီးကောဆိုတဲ့အခြေအနေ။ အဖွားကြီးကလည်း နွယ်မှနွယ်ဖြစ်နေပြီ။
ဒီကြားထဲ အဂတိလိုက်စားမှုကော်မရှင်ကြောင့် အလုပ်ကနားလိုက်ရတဲ့ဖေဖေ့ကို အဖိုးကြီးဘေးမှာ လူယုံသဘောမျိုးထားဖို ့ နွယ်ပြောပေးထားပြီး၊ မေမေကလည်း အထီးကျန်အဖော်မဲ့နေတဲ့ အဖွားကြီးကို နေ့တိုင်းလိုလို အဖော်သွားလုပ်ပေးနေရတယ်။ ဒီအတိုင်းဆက်သွားရင် အဖိုးကြီးနဲ့အဖွားကြီး နွယ့်ကိုမွေးစားဖို့ မကြာတော့ပါဘူး။ ရဲရင့်သူကြည့်ရတာလည်း. . ခုထိ သတိလည်မလာပုံထောက်ရင်. . လစ်မယ့်အနေအထားပါ။
တကယ်လို့ နွယ့်ကို အဖိုးကြီးအဖွားကြီးမွေးစားပြီးလို့မှ ဒီကောင်မလစ်ဘူးဆိုရင်တော့ ကိုပြောသလို နွယ်တို့တစ်ခုခုလုပ်ကြတာပေါ့. . ဟုတ်ဘူးလား။ ကဲပါ. .နှစ်ယောက်တည်းတွေ့တုန်း အဲ့ဒါတွေ မတွေးပါနဲ့ကွာ. .လွတ်လွတ်လပ်လပ်ပျော်ကြရအောင်နော်. . "
မြရည်နွယ်ကတော့ အနိုင်နိုင်အားယူရင်း အသံချွဲတဲတဲဖြင့် သူ့အကောင်ကို စိတ်ပြေစကားဆိုနေလေ၏။ မြရည်နွယ်၏စကားကြောင့် သူနာပြုကောင်၏မျက်နှာ အနည်းငယ်ပြုံးယောင်သမ်းသွားပြီး သူမကို ခါးသိမ်သိမ်မှ ပွေ့ယူမချီကာ ကုတင်ပေါ်သို့ ပြစ်တင်လိုက်လေသည်။ ထို့နောက် ဘောင်းဘီအိပ်အတွင်းမှ အထုပ်တစ်ခုကို ထုတ်ယူဖောက်ဖြဲကာ ရာဘာအတက်အလက်အဖုအထစ်များပါသော ကွန်ဒုံးတစ်ခုအား ၎င်း၏ခန္ဓာကိုယ်တွင်တပ်ဆင်၍ မြရည်နွယ်အပေါ်မှ တက်ခွလိုက်လေ၏။
" မိန်းမယုတ်. .ယုတ်တာမှ ဖအေကော မအေကော တမျိုးလုံးယုတ်ကြတာ. . နေဦး တွေ့မယ် "
သည်တစ်ခါ အသံထွက်လာသည်ကတော့ ရဲရင့်သူထံမှပင်။
" လာ. .ကိုပေစိ သွားကြမယ် "
မြရည်နွယ်တို့ မြောက်ဇာတ်ကို ရဲရင့်သူ မကြည့်လိုမမြင်လိုတော့။ ထို ့ကြောင့် နတ်ပေစိကိုခေါ်ကာ ဟော်တယ်မှ ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်လေတော့၏။ မြရည်နွယ်၏ မချိမဆန့် အော်ဟစ်ငြီးတွားသံ စူးစူးရှရှများကတော့ ဟော်တယ်ခန်းအတွင်း၌ ပြန့်လွင့်၍ကျန်ရစ်နေဆဲ။
အမြင့်ကြောက်သော ငှက်
မြရည်နွယ်၏သောက်ကျင့်မကောင်းပုံ သူနာပြုကောင်၏ ယုတ်မာပုံများကို အပြန်အလှန်ပြောကြရင်း ရဲရင့်သူနှင့် နတ်ပေစိတို့ မန်းလေးတောင်သို့ပြန်လာခဲ့ကြလေရာ ဗိမ္မာန်နားရောက်ခါနီးတွင် မြင်းဟီသံကို ကြားလိုက်ကြရလေသည်။
" ဟာ.. အခြေအနေမကောင်းဘူး. .ဗိမ္မာန်ကိုမြန်မြန်သွားမှဖြစ်မယ် "
နတ်ပေစိ၏ စိုးရိမ်တကြီးရေရွတ်သံကြောင့် ရဲရင့်သူလည်း စိတ်ထဲထင့်သွားပြီး ကားကို လေပေါ်တွင် ခပ်ဖြေးဖြေးပျံသန်းလာရာမှ ဗိမ္မာန်ရှိရာသို့ အရှိန်နှင့်ထိုးဆင်းလိုက်လေတော့၏။
ဗိမ္မာန်ရှေ ့ကံ့ကော်ပင်တွင် ချည်ထားသော မြင်းနှစ်ကောင်. . သေခြာသွားပြီ.. . . မင်းကြီး မင်းလေး. .။ ရဲရင့်သူတို့ ကားပေါ်မှ ကပြာကယီဆင်းကာ ဗိမ္မာန်ထဲသို့ အသော့ဝင်ခဲ့ကြလေသည်။
မြင်ကွင်းကမကောင်းလှ။ ဧည့်ခန်းထောင့်တစ်နေရာတွင် မစန်းမြင့်အား မင်းကြီးက အပေါ်မှခွ၍ အဓမ္မကျင့်ရန် ကြိုးစားနေလေ၏။ မစန်းမြင့်ခမြာ ရုန်းရင်းကန်ရင်းမှ အင်္ကျ ီရင်ဘတ် ဟင်းလင်းပွင့်ကာ ထဘီများလည်း လန်တက်၍နေခြေပြီ။
" ခွေးဘင်္ဂလားကောင် သေပေရော့.. "
နတ်ပေစိက အော်လည်းအော်.. ချက်ခြင်းဆိုသလိုပင် မင်းကြီးထံသို ့ ပြေးသွားလေ၏။ ၎င်း၏လက်တွင် တန်ခိုးဖြင့်ဖန်ဆင်းသော လှံရှည်တစ်လက်လည်း ပေါ်လာလေသည်။ မင်းကြီးကလည်း မစန်းမြင့်ကိုလွှတ်ကာ ဓားကိုထုတ်၍ ပြန်လည်တိုက်ခိုက်လေ၏။
ရဲရင့်သူလည်း နတ်ပေစိကိုမကူညီအား။ မိုးစက်ဝေအတွက် စိုးရိမ်ဇောဖြင့် အိပ်ခန်းများထဲသို့ ဝင်ရောက်ရှာဖွေရန် ဟန်ပြင်လိုက်လေသည်။
" ဟီး ဟီး အကိုရေ . ကယ်ပါဦး၊ . . မိုးစက်ကို. . မတရားအနိုင်ကျင့်ဖို့ကြိုးစားနေတယ်.."
ဝင်မရှာရန်မလိုတော့။ အခန်းတစ်ခန်းမှ မိုးစက်ဝေ ငိုယိုကာ ကတိုက်ကယိုက်ပြေးထွက်လာလေသည်။
" ကောင်မ. .နင် ငါ့လက်ကမလွတ်စေရဘူး. ."
သူမ၏နောက်မှ မင်းလေးက အူယားဖားယားပြေးလိုက်လာပြီး ရဲရင့်သူကိုမြင်သောအခါ. .
" အေး. .နင့်ကောင်လည်း ငါ သောက်ဂရုမစိုက်ဘူး "
ဟု ကြုံးဝါးလျှက် ဓားထုတ်ကာ ရဲရင့်သူကို ဝင်ရောက်တိုက်ခိုက်လေတော့၏။
ရဲရင့်သူလည်း မိုးစက်ဝေကိုနောက်သို့ပို့ကာ မင်းလေးကို ပြန်လည်တိုက်ခိုက်လေသည်။
မင်းလေး ခင်းသောသိုင်းကွက်၊ ထုတ်လွှတ်သော တန်ခိုးစွမ်းအားတို့မှ ရဲရင့်သူကိုတိုးမပေါက်။ ရဲရင့်သူ လှိမ့်ပိန့်ကန်ခြင်းကိုသာ မင်းလေး ခံရလေ၏။ ရဲရင့်သူကလည်း ယုတ်မာလှသော ကလယ်ကောင်ကို လွန်စွာမျက်မုန်းကျိုးသည်ရှိ၍ အားပါးတရ ကန်လေသည်။ ထောင်းလေသည်။ ထိုးလေသည်။ အုပ်လေသည်။
မင်းလေးကိုလုပ်၍ အားရသောအခါ နတ်ပေစိအား အသာစီးယူ၍တိုက်ခိုက်နေသော မင်းကြီးကို တစ်ခါသွားဆော်ပြန်၏။ ဤကဲ့သို့ ရဲရင့်သူတစ်ယောက် စိတ်ပေါက်ပေါက်ဖြင့် ညီကိုနှစ်ယောက်စလုံးကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် သမနေစဉ် ပတ်ဝင်းကျင်တစ်ခုလုံး အစိမ်းရောင်များလွှမ်းခြုံလာကာ အစိမ်းရောင်ဝမ်းဆက်ဖြင့် အမျိုးသမီးခပ်ချောချောကြီးတစ်ယောက် ပေါ်ပေါက်လာလေတော့သည်။ ရဲရင့်သူလည်း ဆော်ပလော်တီးခြင်းကို ရပ်လိုက်လေ၏။
" ငါ့သားတွေကို အနိုင်ကျင့်ရဲတယ်ပေါ့လေ. . ဟုတ်လား. . မင်းက ဘာကောင်မို့ လူပါးဝနေတာလဲ "
ရောက်လျှင်ရောက်ခြင်း အမျိုးသမီးကြီးက ရဲရင့်သူကို မျက်ဒေါင့်နီကြီးဖြင့်ကြည့်ကာ ကြိမ်းမောင်းငေါက်ငမ်းလေသည်။ ဒေါင်းတောင်နှစ်လက်ကို လက်တစ်ဖက်စီတွင်ကိုင်ထားသော သူမ၏ဒီဇိုင်းကိုကြည့်၍ မြောက်လောင်းနှစ်ကောင်၏ မိခင် ပုပ္ပါးမယ်တော်ဖြစ်ကြောင်း ရဲရင့်သူ အတတ်သိ၏။ ခပ်ချဉ်ချဉ်လည်းရှိသည်နှင့်
" ဒီမှာ. . ကျတော်က ဘာကောင်မှတော့မဟုတ်ဘူး။ ခု အန်တီ့သားနှစ်ယောက်က ကျတော့်ချစ်သူနဲ့ ဟောဟိုက ကိုပေစိနဲ့ မိန်းမကို မတရားကျင့်ဖို့ကြိုးစားနေလို့ ဆုံးမနေတာ. . မယုံရင် ဒီမှာရှိတဲ့သူအားလုံးကို မေးကြည့်၊ ဒီကောင်တွေ ဘယ်လောက်ယုတ်မာထားလည်းဆိုတာ အန်တီကြီးသိသွားလိမ့်မယ်. . "
ဟု ဘောက်ဆတ်ဆတ်ပြန်ပြော လိုက်လေသည်။
" ဟင်. . ဟုတ်လား "
ထိုအခါမှ ပုပ္ပါးမယ်တော်လည်း အံ့အားတသင့်ရေရွတ်ကာ ရဲရင့်သူကိုရန်ဆက်မလုပ်တော့ဘဲ သူမ၏သားနှစ်ယောက်အား သွားရောက်မထူရှာလေ၏။ ထို့နောက် ရဲရင့်သူဘက်သို့ မျက်နှာပြန်လှည့်လာကာ
" ဒီပြသနာ ငါသေခြာစုံစမ်းမယ်။ မင်းပြောသလို ငါ့သားတွေ ဆိုးတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ မင်း ငါ့အကြောင်းကောင်းကောင်းသိပြီပဲ. ."
ဟု ချိမ်းခြောက်သတိပေးပြီး ထွက်ခွာရန် ပြင်လေသည်။ ရဲရင်သူလည်း သူမအား ထီမထင်ဟန်ဖြင့် ပြန်ကြည့်ရင်း
" ဒီမှာအန်တီကြီး. . သားဆိုးတွေကို သိပ်အလိုမလိုက်နဲ့။ သူတို့ပြောသမျှလည်း မယုံနဲ့။ ဒီကောင်တွေကြောင့် တစ်နေ့ အန်တီကြီးပါ နာမည်ပျက်မယ် "
ဟု အော်ဟစ်သတိပေးလိုက်လေ၏။
ပတ်ဝန်းကျင်တစ်ခုလုံး အစိမ်းရောင်အလင်းတန်းများ ဝင်းခနဲတောက်ပသွားပြီး ခေတ္တကြာသော် ပြန်လည်မှိန်ဖျော့သွားလေသည်။ မယ်တော်နှင့် သူမ၏သားနှစ်ယောက်စလုံးလည်း ရဲရင့်သူတို့ရှေ့၌ ရှိမနေကြတော့။
အမြင့်ကြောက်သော ငှက်
တစ်ဖက်တောင်ကြောပေါ်တွင် ညရှစ်နာရီခွဲမှ ဆယ်နာရီခန့်အထိ တောင်ပိုင်ဘိုးဘိုးကြီးများ စုဝေးကာ ညစဉ် တရားအကြောင်းဆွေးနွေးကြလေ့ရှိလေရာ ထိုအချိန်၌ မင်းနှစ်ပါး ပြသနာလာရှာကြခြင်းဖြစ်ကြောင်း၊ ပုပ္ပါးမယ်တော်နှင့်အတူ တောင်ပြုန်းသို့အသွား ၎င်းတို့နှစ်ဦးက ရှေ့မှကြိုရောက်နှင့်ပြီး မန်းတောင်ပေါ်၌ မိုးစက်ဝေတို့ရှိနေသည်ကို သိရှိသွားခြင်းဖြစ်နိုင်ကြောင်း. .. ..
မိုးစက်ဝေက အိပ်ခန်းထဲသို့ဝင်နား၍ သူမက ဧည့်ခန်းတွင်ခေတ္တထိုင်စေစဉ် မင်းနှစ်ပါးဝင်လာကာ မင်းကြီးက မစန်းမြင့်ကိုအတင်းဝင်ဖက်၍ မင်းလေးမှာ မိုးစက်ဝေရှိရာ အခန်းတွင်းသို့ဝင်သွားကြောင်း၊ ဘိုးဘိုးကြီးလည်းမရှိသဖြင့် သူမတို့နှစ်ဦး ကူကယ်ရာမယ့်ဖြစ်လျှက် ရေတိမ်နစ်လုဆဲဆဲ၌ ရဲရင့်သူတို့ ပြန်ရောက်လာခြင်းဖြစ်ကြောင်း. ..
စသဖြင့် ဘိုးဘိုးကြီး၊ မစန်းမြင့်နှင့် မိုးစက်ဝေတို့ထံမှ ဖြစ်ကြောင်းကုန်စင်ကို ရဲရင့်သူသိလိုက်ရလေ၏။ ဘိုးဘိုးကြီးမှာတော့ ၎င်း၏ပေါ့လျော့မှုကြောင့် မိုးစက်ဝေတို့ ဤသို့ဖြစ်ရသည်ဟုဆိုကာ လွန်စွာစိတ်မကောင်းဖြစ်နေလေသည်။ ရဲရင့်သူလည်း . . မိုးစက်ဝေတို့ ဘာမှဖြစ်မသွားသည်ကပင် ကံကောင်းလှသည်. . ဟု မှတ်ယူလိုက်ပြီး ဘိုးဘိုးကြီးကို စိတ်ဖြေစကားပြောဆိုအားပေး၍ အိပ်ယာအသီးသီးဝင်ခဲ့လိုက်ကြလေတော့၏။
မနက်မိုးလင်းသော် စောစောထ၍ ဘိုးဘိုးကြီးကိုနှုတ်ဆက်ပြီး ရွာပြန်ကြရန် ရဲရင့်သူတို့ပြင်ဆင်ကြလေသည်။ မပြန်ခင် အထူးကုဆေးခန်းသို့ဝင်၍ ဆေးရုံစောင့်နတ်အား ယုတ်မာသည့် သူနာပြုကောင်၏အကြံကို အသိပေးခဲ့ကြသေး၏။ ဆေးရုံစောင့်နတ်ကလည်း ကိစ္စအားလုံး ၎င်းတာဝန်ယူမည်မို့ စိတ်လက်ပူပန်ခြင်းမရှိဘဲ အေးအေးဆေးဆေးပြန်ကြရန် ရဲရင့်သူတို့ကို ကတိပေးတိုက်တွန်းလေသည်။ ထို့ကြောင့် ရဲရင့်သူလည်း ဆေးရုံစောင့်နတ်ကို နှုတ်ဆက်ကာ ချော့တော်မျက်ပြေရွာသို့ ပြန်ခဲ့လိုက်လေတော့၏။
အစီအစဉ်အရ နတ်ပေစိတို့လင်မယားကို ရွာတွင်ဝင်ထားရစ်ခဲ့ကာ. . မိုးစက်ဝေ၏ အမုန်းငြိုးကိုဖြတ်ရန်အတွက် သူမနှင့်အတူ ရဲရင့်သူ အောင်လံသို့ ခရီးဆက်ကြရမည်ဖြစ်လေသည်။
အခန့်မသင့်ဘဲ ရွာထဲတွင် ဆိုင်ကယ်အဖွဲ့ရောက်ရှိနေပါက. . ၎င်းတို့ကိုတွေ့မြင်၍ မိုးစက်ဝေဒေါသထွက်မည့်အရေးကို ရဲရင့်သူမလိုလား။ ထို့ကြောင့် ရွာရောက်သော် ရွာထဲသို့မဝင်တော့ဘဲ နတ်ပေစိတို့လင်မယားအား ရွာထိပ်၌ပင် ချပေးပြီး အောင်လံမြို့သို့ ဦးတည်ခဲ့လေတော့၏။
အမြင့်ကြောက်သော ငှက်
အောင်လံမြို့စွန်မကြတကြ ဆိပ်ငြိမ်ရပ်ကွက်တစ်ခုအတွင်းရှိ ခြံကြီးတစ်ခြံ၊ ထိုခြံကြီးအတွင်းရှိ အိမ်နှင့်တွဲဆောက်ထားသော အလုပ်ရုံကြီးတစ်ရုံ၊ ထိုအလုပ်ရုံကြီးအတွင်း ညာဘက်ခြမ်း၌ ယောကျ်ားစီးဆိုင်ကယ်ကြီးငယ် အစီးနှစ်ဆယ်ကျော်ခန့်တန်းစီးရပ်ထားပြီး ဘယ်ဘက်ခြမ်း သမံတလင်းပေါ်တွင် အသက် ၁၆ နှစ်မှ ၂၅ အတွင်းရှိ လူငယ်လူရွယ် ဆယ်ယောက်ခန့်က ဆိုင်ကယ်မျိုးစုံတို့အား ပြုပြင်စမ်းသပ်လျှက်ရှိကြလေ၏။
ထိုလူငယ်တို့နှင့် မလှမ်းမကမ်း တစ်နေရာ၌ အသက် ၃၀ ကျော်ခန့်ရှိ၍ ခန္ဓာကိုယ်ကျစ်လစ်တောင့်တင်းသော အမျိုးသားတစ်ဦးသည် ကွပ်ပြစ်ကြမ်းပေါ်၌ ဖင်ထိုင်ဆွဲချထိုင်လျှက် ဆိုင်ကယ်ဘီးကြီးအင်ဂျင်တုံးတစ်ခုကို သေသေခြာခြာပြန်လည်တပ်ဆင်နေလေသည် ( အင်ဂျင်လုံးသည်) ။ တစ်ခုထူးခြားသည်မှာ ထိုအမျိုးသား၏ ညာခြေထောက်သည် ဒူးမှစ၍ ငုံးတိဖြတ်ထားရခြင်းဖြစ်လေ၏။
သို့သော် ၎င်းတို့အလုပ်လုပ်နေကြသည်ကိုမြင်ရသည်မှာ အားရပျော်ရွှင်ဖွယ်ကောင်းလှပေသည်။ အလုပ်နှင့်လက်မပြတ်အောင် လုပ်ကိုင်နေကြရသော လူငယ်များမှာ. . ဖိဆီးမှုတစ်စုံတစ်ရာမရှိကြဘဲ သီချင်းဆိုသူဆို၊ ဘောလုံးပွဲအကြောင်းပြောသူပြော၊ ဆော်အကြောင်းဆွေးနွေးသူဆွေးနွေးကြရင်း အလုပ်တွင်ပျော်ရွှင်နေကြသည့်ဟန်။ ပေါင်ပြတ်အမျိုးသားမှာလည်း လေလေးတချွန်ချွန် သီချင်းလေးတအေးအေးဖြင့် သူ့အလုပ်သူ ကျွမ်းကျင်ပိုင်နိုင် ကြေနပ်နေသည့်ပုံ။
" . .GSX လေးတော့ တည့်သွားပြီကိုရေ. . ဒီကမောင်လေးတွေက ဈေးဆစ်နေလို့ ခင်ငါးသောင်းလျော့ပေးလိုက်တယ်၊ ခု ငွေအကြေချေပြီးသွားပြီ"
ဟု အသံပြုလျှက် ခပ်ချောချောအမျိုးသမီးတစ်ဦး အိမ်ထဲမှထွက်လာလေသည်။ ထိုအမျိုးသမီး၏နောက်တွင် အသက် ၂၀ ခန့်ရှိသော ကောင်လေးနှစ်ဦး ပြုံးရွှင်သောမျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောဆိုရင်း ကပ်ပါလာကြလေ၏။
" ဟောင့် suzuki gsx 400 ကို သိန်းအစိတ်နဲ့ ဘယ်မှာမှမရဘူးကွ၊ မင်းတော့အတော်ကံကောင်းတာပဲ. .ပြီးတော့ဘီးကလည်းချောသေးတယ်။ ကိုသက်ဦးမောင်ကို မင်းကျေးဇူးတင်းသင့်တယ် "
" တင်ပြီလားကွာ၊ တင်ပြီလား. .ဒါကြောင့်လည်း ငါ့ဆိုင်ကယ်စီးချင်ရင် ဒီပဲပြေးလာတာ၊ အကိုကြီးက စေတနာအရမ်းကောင်းတာကွ၊ ပြီးတော့ သူ့ဘီးသူလည်းပြန်ကောက်တယ်၊ ဈေးကလည်းမကွာဘူး၊ မသကာရှုံးက တစ်သိန်း နှစ်သိန်းရယ်.. "
အမျိုးသားဆီသို့အရောက် အမျိုးသားက အင်ဂျင်လုံးနေရာမှ ဂျိုင်းထောက် အားကိုးဖြင့်ထရပ်လိုက်ပြီး
" အေးအေး. . ခုလိုအားပေးတာ ကျေးဇူးပါကွာ. .လာကိုကြီးမင်းတို့ကို ဘီးလိုက်ထုတ်ပေးမယ် "
ဟု ကျေးဇူးတင်စကားဆိုကာ အလုပ်လုပ်နေသော လူငယ်များဘက်သို့လှည့်၍
" ဟေ့. ဖိုးလုံးနဲ့ ကုလား. .ငါ့ညီတို့ရေ အဲ့အလုပ်ခဏထားလိုက်ဦးကွာ. .ဒီမှာ မင်းတို့အကိုတွေကို ဘီးထုတ်ပြီး ဆီရေလေဝိုင် စစ်ပေးလိုက်ကြဦး၊ ပြီးတော့ ဓာတ်ဆီပါအပြည့်ထည့်ပေးလိုက် "
ဟု ဆော်သြစေခိုင်းရင်း ၎င်းကိုယ်တိုင်လည်း ဆိုင်ကယ်တန်းဆီသို့ ထော့ကျိုးထော့ကျိုးဖြင့် ဦးဆောင်ထွက်ခွာသွားလေတော့သည်။
" အကိုက အရောင်းအဝယ်ကို စေတနာအပြည့်ထားပြီးရိုးရိုးသားသားပဲလုပ်တယ်၊ ငါ့ညီတို့ကို ခုဘီးရောင်းတာ ရှင်းရှင်းပြောရရင် အကို တစ်သိန်းပဲမြတ်တယ်၊ လူငယ်တွေ ဘီးကြီးကောင်းကောင်းစီပါစေဆိုတဲ့ စိတ်သက်သက်နဲ့ပဲ အကိုဒီအလုပ်လုပ်တာ။ ဘီးအတွက်ကတော့စိတ်ချ၊ အင်ဂျင်ဝိုင်လည်း အကို အသစ်လည်းထားတယ်။ ငါ့ညီအဆင်သင့် လက်တင်စီးရုံပဲ။
အကိုတစ်ခုပဲမှာချင်တယ်။ ဆိုင်ကယ်စီးရင် အစစအရာရာဂရုစိုက်ကြပါ။ တစ်ခုခုဖြစ်သွားလို့ ကိုယ်ထိသွားရင်လည်းမကောင်းသလို၊ ကိုယ့်ကြောင့်အခြားသူတစ်ယောက် နစ်နာထိခိုက်သွားရင်လည်း ကိုယ်ပဲ တစ်သက်လုံးနောင်တရလို့မဆုံးဖြစ်ကျန်ခဲ့ရတာ။
ကိုယ့်ဆိုင်ကယ်နဲ့တိုက်မိလို့ လူတစ်ယောက်သေဆုံးသွားတယ် ဆိုပါစို့ကွာ. .ပိုက်ဆံရှိလို့ အသိုင်းအဝိုင်းကောင်းလို့ လိုက်ရှင်းနိုင်ပြီး ထောင်မကြရင်တောင်. . ကိုယ့်ကြောင့် သူသေသွားရပါလားဆိုတဲ့ အသိက တစ်သက်လုံး ကိုယ့်ကို ချောက်လှန့်ဖိဆီးနေတော့မှာ။ အကိုက ကိုယ်တွေ့မို့လို့ ငါ့ညီတို့ကို သတိပေးရတာပါ။
ဒီမှာ ငါ့ညီတို့ . . ဘီးကြီးစီးတယ်ဆိုတာ. . ဆိုင်ကယ်စီးရတာကို ချစ်လို့ မြတ်နိုးလို့ စီးတာ၊ ဟော့ဖို့ ရမ်းဖို့ သွမ်းဖို့မဟုတ်ဘူး။ အဲ့ဒီတော့ ဆိုင်ကယ်စီးရင် safety ဦးထုပ်ဆောင်းပါ၊ သတိကို မလစ်ပါစေနဲ့၊ အဘက်ဘက်ကို သတိထားပါ။ ဖြစ်နိုင်ရင် မူးနေတဲ့အချိန်၊ ခံစားချက်ပြင်းထန်နေတဲ့အချိန်၊ စိတ်အရမ်းလှုပ်ရှားနေတဲ့အချိန်တွေမှာ ဆိုင်ကယ်မစီးကြပါနဲ့. ."
လူငယ်များ မပြန်ခင် အမျိုးသားကြီးက အထက်ပါအတိုင်း အရှည်သဝေး ဆုံးမမှာကြားနေသေး၏။ ထိုကဲ့သို့ ဆုံးမစကားပြောကြားနေချိန်၌ ၎င်းသည် လွန်စွာစိတ်ထိခိုက်နေပုံပေါက်နေပြီး မျက်နှာမှာလည်း ပြိုတော့မည့်မိုးအလား ညို့မှိုင်းအုံ့ဆိုင်းလျှက် ရှိလေသည်။ မိန်းမချောကတော့ ကြင်နာသနားသော မျက်လုံးအစုံဖြင့် အမျိုးသားကိုကြည့်နေလေ၏။
လူငယ်များကလည်း အမျိုးသားကြီး၏ စကားကို လေးလေးစားစားနာယူမှတ်သားကြဟန်ဖြင့် နားထောင်ကြပြီးမှ ဆိုင်ကယ်ပေါ်တက်ခွ အုပ်ထုပ်ကိုယ်စီဆောင်းလျှက် ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်ထွက်ခွာသွားကြလေသည်။
ထိုစဉ်. .
" ဖေကြီးရေ၊ အန်တီမေမေရေ. . .ခြံရှေ့မှာ ဘုန်းဘုန်းကြွလာပြီ. .. "
အသံဆာဆာဖြင့် အော်ဟစ်လျှက် ချစ်စရာကောင်းသည့် အသားဖြူဖြု အသက်ခြောက်နှစ်အရွယ် ကလေးမလေးတစ်ယောက် အမျိုးသားနှင့် မိန်းမချော ယှဉ်ရပ်နေသည့်နေရာသို့ အိမ်ထဲမှ ပြေးထွက်လာလေ၏။ မိန်းမချောက ထိုကလေးမလေးကို ဆီးယူပွေ့ဖက်ကာ ခြံတံခါးဝဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။
မှန်ပေ၏။ ခြံဝ၌ ဆြာတော်တစ်ပါးနှင့် ကျောင်းသားလေးတစ်ဦးတို့ ရပ်နေကြလေပြီ။
" အို. .ဟုတ်သား ဆွမ်းစားချိန်တောင်ရောက်ပြီပဲ၊ ခင်ရေ ဆွမ်းတွေအားလုံးကျက်ပြီမဟုတ်လား. . "
" ကျက်ပြီကို၊ ကပ်ဖို့အဆင်သင့်ပဲ. ."
" အေးအေး. .လာ လာ ဆြာတော်ကိုအမြန်သွားပင့်ပြီး ဆွမ်းကပ်ကြရအောင် "
ဆြာတော်က ဆွမ်းစားပြီး ဆွမ်းအလှူရှင်မိသားစုအား ငါးပါးသီလပေး၍ အလှူမောဒနာတရားချီးမြှင့်လေသည်။ ထို့နောက် အမျှဝေကြလေရာ. .
" ဆိုင်ကယ်မတော်တဆမှုဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရသော ချော့တော်မျက်ပြေရွာသူလေးနှင့် အားလုံးကြားကြားသမျှ. . အမျှ အမျှ အမျှ. . ယူတော်မူကြပါကုန်သော်ဝ်. .
သာဓု သာဓု သာဓု "
လူတစ်ယောက်ကို ပြချင်သည်ဟု. . ကိုရဲရင့်က ခေါ်ခဲ့သဖြင့် မိုးစက်ဝေ လိုက်လာခဲ့ခြင်းဖြစ်သည်။ ထိုသူ မည်သူမည်ဝါမှန်း သူမ မသိ။ ယခုတော့ ကြည့်နေရင်းမှ အဖြေကို သူမ သဘောပေါက်လာလေပြီ။ ထိုသူသည်ကား . . . .
ခံပြင်းစိတ်၊ ဒေါသစိတ်၊ မကြေနပ်စိတ်၊ ယူကြုံးမရစိတ် များက သူမ၏ရင်ထဲတွင်ဆောင့်တိုးလာလေ၏။ ယခုချက်ခြင်းပင်လျှင် ထိုသူရှိရာသို့အပြေးသွားကာ တစ်စုံတရာပြုလုပ် ပြစ်လိုသည့်စိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။
သို့သော် တစ်ဖက်မှလည်း အမျှဝေ တိုင်ပေးနေသည့် ဆြာတော်ဘုရား၏ ကြည်လင်သောအသံတော်၊ ဆြာတော်ဘုရားနောက်မှလိုက်၍ရွတ်ဆိုနေကြသော ထိုသူတို့မိသားစု၏ အမျှဝေသံ လှိုက်လှိုက်လှဲလှဲတို့က သူမ၏နှလုံးအိမ်ကို ထိထိမိမိလာရောက်ရိုက်ခိုက်နေပြန်၏။
" ဆိုင်ကယ်မတော်တဆမှုဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရသော ချော့တော်မျက်ပြေရွာသူလေးနှင့် အားလုံးကြားကြားသမျှ. . အမျှ အမျှ အမျှ. . ယူတော်မူကြပါကုန်သော်ဝ်. .
သာဓု သာဓု သာဓု "
ဆွမ်းကုသိုလ်ရှင် ထိုသူက သူမနာမည်ကို တိုင်တည်ကာ အမျှဝေနေခြေပြီ။ ထိုသူအား လက်စားခြေရမည်လော. .. သာဓုပင် ခေါ်လိုက်ရမည်လော မိုးစက်ဝေ ဝေခွဲမရတော့. . .
" ဆိုင်ကယ်မတော်တဆမှုဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ရသော ချော့တော်မျက်ပြေရွာသူလေးနှင့် အားလုံးကြားကြားသမျှ. . အမျှ အမျှ အမျှ. . ယူတော်မူကြပါကုန်သော်ဝ်. . . "
အမျှဝေသံ နောက်ဆုံးအကြိမ်ကို ကြားရပြန်သည်။ မည်ကဲ့သို့ဖြစ်သည်မသိ. . ထိုတခဏတွင် သူမ၏ရင်ထဲရှိ ပူပန်ဗျာပါဒ အမျက်ဒေါသ မီးများ တမဟုတ်တည်းငြိမ်းချမ်းသွားပြီး ငြိမ်းအေးခြင်းတစ်ခုကို စိမ့်စိမ့်စီစီခံစားလိုက်ရလေ၏။ မိုးစက်ဝေ ပါးစပ်မှ စကားသံသုံးခွန်း အလိုလို ထွက်ကြသွားလေသသည်. . .
" သာဓု သာဓု သာဓု. .. "
ရွှေရောင် ငွေရောင် တဖြတ်ဖြတ်တောက်သော ဝတ်ရုံတန်ဆာ၊ မွှေးကြိုင်သင်းပျံ ့သောရနံ့၊ ပေါ့ပါးလန်းဆန်းသော ခန္ဓာကိုယ် တို့ဖြင့်. . ချက်ခြင်းပြောင်းလည်းသွားသော မိမိကိုယ်ကို မိုးစက်ဝေ လွန်စွာ အံအားသင့်မိလေ၏။
အမျှဝေပြီး. ဆြာတော်ဘုရားက ထိုသူကို ဆုံးမစကားဆိုနေပြန်သည်။
" ဒကာကြီး. . ဒကာကြီးလည်း အဲ့ဒီကိစ္စပြီးကတည်းက ကိုယ့်ကြောင့်ဖြစ်ရလေခြင်းဆိုတဲ့စိတ်နဲ့ အမြဲတစေ ပူပန်သောကရောက်နေတော့တာပဲ။ အင်းလေ. .အကုသလာနံ ကုသလာနံ ဓမ္မံ ဆိုတဲ့အတိုင်း အဲ့ဒီ ပူပန်စိတ်ကိုအကြောင်းပြုလို ့အဲဒီကိစ္စဖြစ်ခဲ့တဲ့ စနေနေ့တိုင်းမှာ ဘုန်းကြီးကို ဆွမ်းကွမ်းလိုရာ ကပ်လှူ ကုသိုလ်ကောင်းမှုပြု အမျှဝေနေခဲ့တာ ဒကာကြီးပြန်ကျန်းမာလာတဲ့အချိန်ကစပြီး ဒီနေ့အထိဆိုရင် သုံးနှစ်တင်းတင်းကျော်ခဲ့ပြီမဟုတ်လား။ ဒီလောက်ဆို ဒကာကြီးလည်း စိတ်ပြေသင့်ပါပြီကွယ်။ ဟိုကလေးမလည်း ဒကာကြီးရဲ့ အမျှဝေသံကို သာဓုခေါ်ပြီး ကောင်းရာမွန်ရာရောက်ကရောပေါ့။ သူလည်း ဒကာကြီးပြုပေးတဲ့ ကုသိုလ်အတွက် ကြေနပ်နေမှာပါ. . "
" မှန်ပါ့ဘုရား တပည့်တော် စိတ်ဖြေနိုင်အောင်ကြိုးစားပါ့မယ်၊ သူမအတွက်ကိုလည်း ဒီထက်မကရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်သထက်လုပ်ပေးပါဦးမယ်လို့ ဆြာတော်ကို ကတိပေးပါတည်ဘုရား. . "
ဆြာတော်ဘုရားအား လက်အုပ်ချီမိုး ရှိခိုးကန်တော့ရင်း ထိုသူ ဆိုလိုက်သော ကတိပေးစကားသံမှာ အတော်ပင် တုန်တုန်ယီယီ။ မျက်နှာထက်တွင် မျက်ရည်စများဖြင့်။ မိုးစက်ဝေ၏ စိတ်၌လည်း ထိုသူကို ခွင့်လွှတ်သည်လည်းမဟုတ် ခွင့်မလွှတ်သည်လည်းမဟုတ်၊ ထိုသူနှင့်သူမ လားလားမျှ မသက်ဆိုင်တော့သလို. . .
" အေးအေး. . သာဓုကွယ် သာဓု သာဓု။ အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ။ ဒကာကလည်း အဲ့ဒီနေရာကိုသွားတာ ခလေးမကိုတိုက်သတ်ဖို့သွားတာမဟုတ်သလို၊ ကလေးမကလည်း ဆိုင်ကယ်အတိုက်ခံဖို့ မနက်စောစောထစောင့်နေတာ မဟုတ်ပါဘူး။ သူမရဲ့ကံက ဒီနေရာမှာ ဒီလို ဥပစ္စေတက ကံနဲ့ အသက်ဆုံးရှုံးရမယ်၊ မောင်ရင့်ရဲ့ကံကလည်း ဒီနေရာမှာ ဒီလိုမျိုးဖြစ်ပြီး ခြေတစ်ချောင်း ဆုံးရှုံးရမယ်. .အဲ့ဒီလို ကံတွေပါလာတဲ့လူနှစ်ယောက် အခိုက်အတန့် သွားရောက်စုံစည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။
ကဲ ကဲ. .ဘုန်းကြီးပြန်ကြွမယ်. . သဗ္ဗေသင်္ခါရ အနိစ္စပါတကားး "
ဆက်ရန်
အမြင့်ကြောက်သော ငှက်
ယခုဇာတ်လမ်းအပါအဝင်
အပြာ ဇာတ်လမ်းကောင်းများကို
အစအဆုံးဖတ်ရှုလိုပါက
Ultra Diary App မှာအခမဲ့ဖတ်ရှုနိုင်ပါပြီ
Ultra Diary App ဒေါင်းယူရန်လင့် 👇👇
https://shorturl.at/CoG9u
အခန်းဆက်များ နေ့စဥ်တင်ပေးမှာမို့
Page လေးကို Like & Follow ထားပါ