ဟာသဗြီဒီယို မ်ား

ဟာသဗွီဒီယို များ tiktok.com/ တရားဝင်​​ဖော်​ပြချက်

06/06/2024

ဘယ်ကလွှဲလွှဲ ထရူးမန်းနီးနဲ့ လွှဲလာတဲ့ ငွေကို အလွယ်တကူထုတ်မယ်ဆို အနီးဆုံးကထရူးမန်းနီးဆိုင်ကိုသွားကာ ငွေလွှဲငွေထုတ်အေးဂျင့်အား
- ရရှိလာသော OTP ငွေထုတ်လျှို့ဝှက်ကုဒ် နဲ့
- ငွေထုတ်မယ့်သူ ဖုန်းနံပါတ်
- ငွေထုတ်မယ့်သူ မှတ်ပုံတင်တို့ကို ပေးလိုက်ရုံပါပဲ။
အချက်အလက်များမှန်ကန်ကြောင်း စစ်ဆေးပြီးတာနဲ့ ငွေသားထုတ်ယူနိုင်ပါပြီ။
အသေးစိတ်စုံစမ်းရန် ဖုန်း - 09 969 51 9999
အနီးဆုံး ထရူးမန်းနီးဆိုင်ကို ရှာရန် - http://bit.ly/find-an-agent

#ထရူးမန်းနီး #အလွယ်ကူဆုံး #ငွေလွှဲငွေထုတ်

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန...
09/01/2024

ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ မှာ ကွယ်လွန်

#မာမာအေး

ဖုန်းဘေအမြန်လွဲသည်
26/12/2023

ဖုန်းဘေအမြန်လွဲသည်

မြောက်ဦးမြို့တိုက်ပွဲတွင် စစ်စခန်းတစ်ခု AA သိမ်းပိုက် ပြီးနယ်မြေရဲစခန်းတစ်ခုမှရဲများလက်နက်ချ နန်းနောင့်နောင့်/People's S...
24/12/2023

မြောက်ဦးမြို့တိုက်ပွဲတွင် စစ်စခန်းတစ်ခု AA သိမ်းပိုက် ပြီးနယ်မြေရဲစခန်းတစ်ခုမှရဲများလက်နက်ချ

နန်းနောင့်နောင့်/People's Spring

ရက္ခိုင့်တပ်တော်AAက ယနေ့(ဒီဇင်ဘာ ၂၄ )နံနက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မြောက်ဦးမြို့တိုက်ပွဲတွင် သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံသည်ဟု သတင်းရရှိသည်။

"သူတော်မတောင်စခန်းကိုရထားပြီ။ ဒီစခန်းကိုငွေတောင်ပေါက်လို့လည်း ခေါ်တယ်။ မြောက်ဦးရဲစခန်းနဲ့ မျက်နှာ
ချင်းဆိုင်ပဲ။ တောင်ပေါ်မှာ လက်နက်ကြီးတွေဆင်ထားတာ။ သိမ်းလိုက်ပါပြီ ။မြောင်းဘွေရဲစခန်းကတော့ လက်နက်ချ သွားပါတယ်"ဟု AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

ရက္ခိုင့်တပ်တော်AAက ယနေ့ (ဒီဇင်ဘာလ ၂၄ရက်)နံနက် ၅ နာရီခန့်မှစ၍ မြောက်ဦးမြို့မရဲစခန်း၊ မြောင်းဘွေကျေး
ရွာရှိရဲစခန်းနှင့်သူတော်မတောင် စစ်တပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။နေ့လယ် ၁ နာရီခန့်တွင် သူတော်မတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြောင်းဘွေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များလက်နက်ချခြင်းဟု သိရသည်။ ယနေ့တိုက်ပွဲ၌ထိခိုက်သေဆုံးမှုများကို အတိအကျမသိရှိရသေးပေ။

ယနေ့ နံနက်ပိုင်းတွင် စစ်​ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြောက်ဦးမြို့အခြေစိုက် ခမရ(၅၄၀)၊ ခမရ(၃၇၇) ၊ ခမရ(၃၇၈) တပ်ရင်း တို့မှ လက်နက်ကြီးများဖြင့် အရပ်သား နေထိုင်ရာ နေရာများကို ပစ်ခတ်ခဲ့ရာ ဒေသခံ ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများထဲမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းများထွက်​ပေါ်​​နေသော်လည်း People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။

အလားတူ ​မြောက်ဦး မြို့မ ရဲစခန်း ကိုသိမ်းနိုင်​ကြောင်းသတင်းထွက်​ပေါ်​နေ​သော်လည်း People's Spring ကစီးခြားအတည်ပြုမရ​သေးပါ။

ယခုသတင်းအတွက် ဆက်သွယ်ချိန် ည‌နေ ၆နာရီခန့်၌ မြောက်ဦးမြို့၌ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

(​မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွား​နေစဥ် / မြိုဝင်ဆိုင်းဘုတ်နှင့် ​မြောက်ဦးမြို့ဝန်းကျင်ကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာစခန်းကုန်းကြီးတခုလုံးကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်ဒီဇမ်ဘာ ၅/၂၀၂၃ ပလက်ဝမြို့နယ်အတွ...
05/12/2023

စစ်ကောင်စီ၏ တရွန်အိုင် ဗျူဟာစခန်းကုန်းကြီးတခုလုံးကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်

ဒီဇမ်ဘာ ၅/၂၀၂၃

ပလက်ဝမြို့နယ်အတွင်းဟိ စစ်ကောင်စီတပ်၏ အခိုင် အမာအထိုင်ချထားရေ တရွန်အိုင်ဗျူဟာ နန့် နှုံးဘူးဗျူဟာ စခန်းကုန်းကြီး နှစ်ခုအနက်က "တရွန်အိုင်ဗျူဟာ"စခန်းကုန်းကြီးတခုလုံးကို ရက္ခိုင့်တပ်တော်က ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၄ ရက်နိ၊ နိခင်း ၁ နာရီ ၄ မိနစ်အချိန် အပြီးသတ် ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ရယူခ​ရေလို့ ရက္ခိုင့်တပ်တော်က ဒေနိ ဒီဇမ်ဘာ ၅ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။

ရက္ခိုင့်တပ်တော်အနီနန့် စစ်ကောင်စီ၏ "တရွန်အိုင်ဗျူဟာ"စခန်းကုန်းကြီးကို သိမ်းပိုက်ရဟိဖို့အတွက် နိုဗမ်ဘာ ၁၄ ရက်နိ၊ မိုးထ ၆ နာရီကပင် စတင်ထိုးစစ်ဆင်တိုက်ခိုက်နီခပြီးကေ ရက်ပေါင်း(၂၁)ရက်ခန့်အကြာမာ အဂုပိုင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခ​စွာ ဖြစ်ပါရေ။

ရန်သူစွာ လီကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွိတိနန့်နိညည့်ရက်ဆက်ပစ် ခတ် တိုက်ခိုက်နီရေကြားက ရက္ခိုင့်တပ်တော်အနီနန့် ထိုက်သင့်သောပီးဆပ်မှုတိနန့် သိမ်းပိုက်ရယူနိုင်ခစွာဖြစ်ပြီးကေ ရန်သူ့အလောင်းတိနန့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတိကိုသိမ်းဆည်းရမိခကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။

ရက္ခိုင့်တပ်တော် အနီနန့် တရွန်အိုင်ဗျူဟာစခန်းကုန်းကို အပြီးပြတ်သိမ်း ပိုက်ရဟိပြီးနောက် ကျန်ဟိနီရေ နှုံးဘူးဗျူဟာစခန်းကုန်းကြီးကိုလည်း သိမ်းပိုက်ရဟိဖို့ဆက် လက်ဆောင်ရွက်နီရေလို့ ထုတ်ပြန်ချက်မာ ဖော််ပြထားပါရေ။

ရဟတ်ယာဉ်ကွင်း နှစ်ကွင်းပါရေ"တရွန်အိုင်ဗျူဟာ"ကုန်း သိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပီးဆပ်ခရေရအာရက္ခစစ်သည်တော်တိ၊ ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်စစ် သည်တော်တိအားလုံးကို ရက္ခိုင့်တပ်တော်ကလေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်​ပါရေ။

ယင်းအပြင် ရက္ခိုင့်တပ်တော်သိမ်းထားရေ ရန်သူ့စခန်းကုန်းတိ၊ ရန်သူစွန့်လွှတ်ထားခရေ နယ်စပ်စခန်းတိအပြင် ဆက်လို့ သိမ်း ဖို့လျာတားထားရေ ဗျူဟာစခန်းတိကိုသိမ်းပြီးရေနောက် ရဟိလာရေစခန်းတိ အားလုံးကို ကာကွယ်စောင့်ယှောက်ဖို့ အာရက္ခတိုင်းပြည်ကိုအမှန် အကန် ချစ်မြတ် နိုးပြီးကေ ကာကွယ်စောင့်ယှောက်ကတ်ဖို့ " Defenders of Our Fatherland” အာရက္ခစစ်သည်တော်သစ်များကို လိုအပ်နီရေအတွက်အမျိုးသားရီးအသိတရား၊ တာဝန်သိ စိတ်၊ တာဝန်ယူလိုစိတ်အပြည့်အဝဟိရေ လူငယ်ရို့ကို တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြောင်း ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

(၁၀၂၇) ရဲ့ ပထဝီနိုင်ငံရေးDMG ၊ အတွေးအမြင်မောင်ခိုင်ထွန်း (ပြည်သစ်) ရေးသားသည်မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက...
05/12/2023

(၁၀၂၇) ရဲ့ ပထဝီနိုင်ငံရေး

DMG ၊ အတွေးအမြင်
မောင်ခိုင်ထွန်း (ပြည်သစ်) ရေးသားသည်

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံအာဏာကိုသိမ်းယူခဲ့ပြီးတဲ့နောက် တစ်နိုင်ငံလုံး လက်နက်ကိုင်တော်လှန်မှုကို (၂၀၂၂) မှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ စစ်ကောင်စီအုပ်စု နေထိုင်တဲ့ နေပြည်တော်တစ်ဝိုက်မှာတောင် တိုက်ပွဲများဖြစ်ပေါ်နေပြီး အုပ်ချုပ်မှု အဆိုးဝါးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

စစ်ကောင်စီဟာ (၂၀၂၅) မှာ သူအုပ်ချုပ်လို့ရနိုင်တဲ့ မြို့တွေကို အခြေပြု ရွေးကောက်ပွဲပြုလုပ်ပြီး သမ္မတလုပ်ဖို့ထိ စီစဉ်ထားပါတယ်။ ဒါပေမယ့် အဲဒီအိပ်မက်ကလည်း (၁၀၂၇) စစ်ဆင်ရေးနဲ့ (၁၁၁၁) စစ်ဆင်ရေးတွေကို (၂၀၂၃) အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ စတင်ပြီး ရင်ဆိုင်ရတာ‌ကြောင့် တစ်လအတွင်း မြို့နယ်ပေါင်းများစွာကို လက်လွှတ်ခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ ပထဝီနိုင်ငံရေး

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ဒီစစ်ဆင်ရေးကို တစ်နိုင်ငံလုံးစစ်ဆင်ရေးအဖြစ် ကြေညာထားပြီး ရှမ်းပြည်မြောက်ပိုင်း ရွှေချင်းဟော်ဒေသကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို BPLA, BNLA, တပ်မတော်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တပ်ဖွဲ့များစွာကလည်း ပါဝင်ပူးပေါင်း တိုက်ခိုက်နေကြတာကို တွေ့ရပါတယ်။ ဒီစစ်ဆင်ရေးမှာ ရှမ်းမြောက်၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ချင်းပြည်နယ်၊ ရခိုင်၊ ကချင် စတဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းကနေ အနောက်ဘက်အထိ မျဉ်းဖြောင့် ဖြတ်သန်းထားတယ်လို့ မြင်ပါတယ်။

အရှေ့ဘက် တရုတ်နယ်စပ်ကနေ အနောက်ဘက် အိန္ဒိယနယ်စပ်အထိ စစ်ကောင်စီရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်မယ့် စစ်ဆင်ရေးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ရေး တရုတ်နယ်စပ်ထွက်ပေါက်မြို့တွေကို ညီနောင်မဟာမိတ်အဖွဲ့က အဓိကသိမ်းယူနေပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းအားလုံးကို ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီရဲ့ ဝင်ငွေအကောင်းဆုံး တရုတ်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအားလုံးနီးပါးကို လက်လွှတ်လိုက်ရတဲ့အတွက် တရုတ်နဲ့ အာစီယံနိုင်ငံများသို့ ကုန်သွယ်ရေးလုပ်ငန်းကို ရန်ကုန်ဆိပ်ကမ်းကနေ ရေကြောင်းအသုံးပြုလုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။

ဒါကြောင့်လည်း ရှမ်းပြည်မြောက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်ကြီး တစ်ခုလုံးကို စစ်ကောင်စီဟာ မီးလောင်တိုက်သွင်းခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေး လက်ကျန်ထွက်ပေါက်တစ်ခုကိုပါ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီ၏ ရှမ်းပြည်နယ်က ထွက်ပေါက်အတွက် ဆက်လက်ပြီး ထိန်းမထားနိုင်တော့ဘူးတာကို ပြသလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန်ကနေတစ်ဆင့် ကုန်သွယ်ရေးကိုလုပ်ဆောင်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

အနောက်ဘက် အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ ရိခေါဒါရ်မြို့ကို ချင်းအမျိုးသား တပ်မတော်(CNA)က (၁၂/၁၁/၂၀၂၃)နေ့က သိမ်းယူထားပါတယ်။ ထွက်ပြေးလွပ်မြောက်သွားတဲ့ စစ်ကောင်စီ တပ်သားတွေကိုတောင် အိန္ဒိယနိုင်ငံကနေ လေယာဉ်နဲ့ပြန်ယူရတဲ့အထိ လက်လွှတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ကုန်သွယ်ရေး နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကိုလည်း ကရင်အဖွဲ့(KNU)က ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ ကုန်သွယ်ရေးလုပ်ငန်းထိန်းချုပ်မှုတွေကို လက်လွှတ်ထားရတာပါ။

ဒါဟာ အာဆီယံ ကုန်းတွင်းကုန်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးခံလိုက်ရတာ ဖြစ်ပါတယ်။ (၁၀၂၇)စစ်ဆင်ရေးဟာ နိုင်ဝင်ဘာ (၁၃)ရက်မှာ ရက္ခိုင်ပြည်ကိုရောက်ရှိခဲ့ပြီး ချင်းပြည်နယ်နဲ့ ရက္ခိုင်ပြည်ကြားက စစ်ကောင်စီရဲ့ အဓိကအိန္ဒိယနယ်စပ် ဗျူဟာစခန်းကုန်းတွေဖြစ်တဲ့ နှုံးဘူးဗျူဟာကုန်းနဲ့ ထရိုင်အန်ဗျူဟာကုန်း နှစ်ခုကို ရက္ခိုင့်တပ်တော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ရရှိသိမ်းယူပြီးပါက အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို ချင်းနဲ့ ရက္ခိုင်က ထိန်းချုပ်ထားလိုက်နိုင်ပြီ ဖြစ်ပါတယ်။

၁၀၂၇ ကြောင့် အရူးမီးဝိုင်းဖြစ်လာတဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကာလ လက်နက်ကိုင်အင်အားကောင်းလာတဲ့ ကယားပြည်နယ်က မြို့နယ်အများစုကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ စတင်ခဲ့တဲ့ (၁၁၁၁) စစ်ဆင်ရေးနဲ့အတူ ကယားပြည်နယ်မြို့တော်ကိုပါ တိုက်ခိုက်ခံနေရပြီး (KNDF/KNLA) အဖွဲ့တို့ဘက်ကလည်း ကြားဖြတ်အစိုးရတောင် ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ ဥက္ကဌဟာ အိမ်နီးချင်း တရုတ်ကိုခွာပြီး ရုရှားနဲ့ပူးပေါင်းဖို့ လမ်းကြောင်းကို သူ ကာကွယ်ရေးဦးစီးချုပ် စတင်တာဝန်ယူကတည်းက လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း အိမ်နီးချင်း တရုတ်ဟာ မင်းအောင်လှိုင်ကို သိပ်ပြီးလူရာ မသွင်းခဲ့ပါဘူး။ အခု (၁၀၂၇) စစ်ဆင်ရေးကို တရုတ်ရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်မြင်ချက်ကြောင့် တစ်ကမ္ဘာလုံးက စိတ်ပျက်နေတဲ့ ရုရှား ပူတင်ကို ချဉ်းကပ်ပြီး ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို (၂၀၂၃) အောက်တိုဘာလမှာ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီကို ထောက်ခံတဲ့ မဘသ/ပျူစောထီးအုပ်စုကို တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခိုင်းပြီး တရုတ်အလိုမရှိကြောင်း ပြင်ဆင်လာတာကို တွေ့ရပါတယ်။ ဒါဟာ အိမ်နီးချင်း တရုတ်အတွက်တော့ အတော်ဒေါသထွက်စရာ ဖြစ်လာနေမှာဖြစ်ပါတယ်။ နဂိုကတည်းက နိုင်ငံရေးအရသာ ဆက်ဆံရေးရှိနေတဲ့ အိန္ဒိယနိုင်ငံကတော့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံမှုတွေရှိနေပြီး စစ်ကောင်စီကို လက်နက်တွေ ရောင်းချပေးနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမထားတဲ့ အာစီယံနိုင်ငံတွေကတော့ မင်းအောင်လှိုင်ကို စစ်တပ်ခေါင်းဆောင် တစ်ယောက်အနေနဲ့သာ ဆက်ဆံမှုပြုလုပ်ကြတာပါ။ ဒါကြောင့် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအဖွဲ့ဟာ အာစီယံအစည်းအဝေး ဖိတ်ကြားခံရခြင်းမရှိသလို တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်းမှာ မြန်မာနိုင်ငံ အဓိကပါဝင်ပေမယ့် ကုန်ခဲ့တဲ့လက တရုတ်အစိုးရဦးဆောင်ပြီး ဘေဂျင်းမှာပြုလုပ်ခဲ့တဲ့ BRI ဖိုရမ်ကိုလည်း စစ်ကောင်စီကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ ဒါဟာ နိုင်ငံတကာဆက်ဆံရေး လုံးဝမရှိတော့တဲ့ အခြေအနေကို ပြသနေတာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ ၁၀၂၇ စစ်ဆင်ရေး

မြန်မာစစ်တပ်ပြီးရင် အင်အားအကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ မြောက်ပိုင်းမဟာမိတ်မှာ ပါဝင်ပြီး (၁၀၂၇) စစ်ဆင်ရေးမှာ ပါဝင်နေတာဖြစ်ပါတယ်။ ရက္ခိုင်တပ်တော်ဟာ ရက္ခိုင်ပြည်အပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ ပြည်မတွေမှာလည်း တပ်သားတွေကို ဖြန့်ကြက်ထားနိုင်ပြီး ကချင်၊ ကရင်၊ ရှမ်းပြည်နဲ့ ချင်းပြည်နယ်တို့မှာလည်း အင်းအားတွေဖြန့်ကြက်ချထားနိုင်တဲ့ အင်အားကြီးအဖွဲ့ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်(AA) ဟာ အင်အားတောင့်တင်းပြီး စနစ်ကျတဲ့ တိုက်ခိုက်မှုစွမ်းရည်ပြည့်ဝတဲ့ လူငယ်ပေါင်းများစွာ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ (၂၀၁၈)မှာ ရက္ခိုင်ပြည်ကို စတင်အခြေကုပ်ယူကာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး (၂၀၂၀) နိုဝင်ဘာလမှာ အပစ်ရပ်စဲခဲ့ ကြပါတယ်။ ရက္ခိုင့်တပ်တော်ဟာ (၂၀၂၀)ကနေစတင်ပြီး ရက္ခိုင်ပြည်က မြို့နယ်ပေါင်း (၁၅)ခုမှာ (ULA/AA)ရဲ့ အုပ်ချုပ်ရေးယန္တရားကို စတင်ခဲ့ပါတယ်။ (၂၀၂၂) ခုနှစ်မှာ ဒုတိယအကျော့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ရက္ခိုင်တပ်တော်ဟာ ဘင်္ဂလားဒေရှ့်နယ်စပ်တစ်လျှောက်ကို ထိန်းချုပ်ထားနိုင် ခဲ့ပါတယ်။

အခု စစ်ဆင်ရေးကို ရက္ခိုင်ပြည်မှာ နိုဝင်ဘာ (၁၃) ရက်က စတင်ခဲ့ကြပြီး ရသေ့တောင်မြို့နယ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ဒီစစ်ဆင်ရေး ဆယ်ရက်အတွင်း စစ်ကောင်စီဘက်က ရဲနှင့် ကင်းစခန်းတွေအများစု လက်နက်ချခဲ့ကြပြီးနောက် စစ်ကောင်စီဟာ မြို့ပေါ်ကိုခံစစ်အဖြစ် မြို့အတွင်းမှာသာ နေရာယူလိုက်ပြီး မြို့ပေါ်လူထုကို လူသားဒိုင်းကာအဖြစ်ပြုလုပ်ကာ မြို့ပေါ်လူထုကို ဆန်၊ ဆီ စတဲ့ စားသောက်ကုန်အားလုံးကို ဖြတ်တောက်ထားပါတယ်။

နိုဝင်ဘာ (၁၆) ရက်နေ့မှာ ပေါက်တောမြို့ကို စစ်ကောင်စီက လေတပ်၊ ရေတပ်တွေနဲ့ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပေါက်တောမြို့ပေါ်မှာ ရက္ခိုင်တပ်တော်က ရှင်းလင်းရေးလုပ်ငန်းကို ပြန်လည်လုပ်ဆောင်တာကြောင့် မြို့တွင်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်ဘက်ကတော့ စစ်ကောင်စီက ဓားစာခံအဖြစ်ခေါ်ယူထားတဲ့ ပေါက်တောဒေသခံ သုံးရာကျော်ကို စစ်ကောင်စီလက်ထဲက ကယ်ထုတ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်း၊ လေကြောင်း လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကို ပစ်ချနေဆဲဖြစ်ပါတယ်။

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီဗျူဟာ

လက်ရှိ (၁၀၂၇) စစ်ဆင်ရေးကို ရက္ခိုင်ပြည်မှာ နိုဝင်ဘာ(၁၃) ရက်နေ့မှာ စတင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဟာ ရက္ခိုင်ပြည် မြို့နယ်အားလုံးက လုံခြုံရေးဂိတ်တွေ၊ ရဲစခန်းတွေကို ဆုတ်ခွာပေးထားပြီး မြို့ပေါ်ကိုနေရာ ယူထားကာ မြို့ပေါ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားပါတယ်။ စစ်ကောင်စီဟာ မြို့ပေါ် လူနေရပ်ကွက်တွေကို ရေကြောင်း၊ လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ချပြီး လူနေရပ်ကွက်တွေကို မီးလောင်တိုက်သွင်းတဲ့ လူထုချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေပါတယ်။

နိုဝင်ဘာ (၁၆) ရက်နေ့မှ စတင်ကာ ရက္ခိုင်ပြည်အတွင်း ကုန်စည်ပို့ဆောင်ခြင်း ခရီးသွားလာခြင်းတွေနဲ့ ဘဏ် လုပ်ငန်းတွေကို ကန့်သတ်လိုက်တာကြောင့် လူထုစားဝတ်နေရေးဟာ ကြီးကျယ်တဲ့ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေ ကြရပြီ ဖြစ်ပါတယ်။ ဒါဟာလူထုနဲ့ ရက္ခိုင့်တပ်တော်ကြားကို သွေးခွဲတဲ့ ဗျူဟာဖြစ်သလို မြို့ပေါ်လူထုကို လူသားဒိုင်းကာအဖြစ် ခေါ်ယူထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံထားရတဲ့ မြို့ပေါ်ဒေသနေထိုင်သူတွေဟာ သီတင်းပတ် နှစ်ပတ်နီးပါး ကြာလာတဲ့အတွက် ထမင်းငတ်တဲ့ ပြဿနာကို စတင်ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။ မြို့တွင်းဆန်ကုန်သည် တစ်ချို့မှာ ဆန်အိတ်ရှိနေပေမယ့်လည်း ဆန်ရောင်းချခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ရောင်းချခွင့် လုံးဝမရရှိကြပါဘူး။ ဒါကြောင့် မြို့ပေါ်ဒေသခံ အခြေခံ လူတန်းစားတွေဟာ ဆန်ပြတ်လတ်မှုအတွက် စားဝတ်နေရေး များစွာခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ (၂၄/၁၁/၂၀၂၃)နေ့မှာ ပုဏ္ဏားကျွန်းမြို့မဈေးကို လက်နက်ကြီးနဲ့ ပစ်ချမီး မီးရှို့ခဲ့တာကြောင့် ဈေးကြီးတစ်ခုလုံး မီးလောင်ပြာကျသွားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ စစ်ကောင်စီဟာ ရက္ခိုင်လူထုကို လူသားဒိုင်းကာအဖြစ် အသုံးချထားပြီး ရက္ခိုင်ပြည် မြို့နယ်အများစုမှာ ကျေးရွာတွေအားလုံးကို လက်လွှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

နိဂုံး

နေရာတိုင်းမှာ အရှုံးမှုများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မြေပြင်တပ်သားလည်း အလုံအလောက် မရှိတော့တဲ့အတွက် ရေတပ်ကို ရက္ခိုင်ပြည်မှာ အဓိကထားတိုက်ခိုက်နေပြီး ရက္ခိုင်ပြည်စစ်မျက်နှာကို ပိုမိုအာရုံစိုက်ထားပုံ ရပါတယ်။ (၁၀၂၇) စစ်ဆင်ရေးမှာ ပထဝီနိုင်ငံရေးအရ နယ်မြေထွက်ပေါက် ကုန်သွယ်ရေးလမ်းကြောင်းကို ရက္ခိုင်ပြည်အထိ သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ထားတဲ့အတွက် စစ်ကောင်စီဟာ ပထဝီနိုင်ငံရေးအရ စစ်စခန်းများကို လက်လွှတ်နေရပြီဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ (၂၇/၁၁/၂၀၂၃) ဟာ (၁၀၂၇) စစ်ဆင်ရေး တစ်လပြည်တဲ့အတွက် နောက်ထပ်တစ်ဆင့်တိုးပြီး တိုက်ခိုက်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဘယ်အကွက်ကိုထပ်ရွှေ့ပြီး ဘယ်လိုဗျူဟာတွေနဲ့ ခုခံစစ်ကို ပြင်ဆင်လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရပါမယ်။ ရခိုင်လူထုအနေနဲ့တော့ မပေါ့ဆတဲ့သတိနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဦးစားပေး လုပ်ဆောင်ထားသင့်တယ်လို့ အကြံပြုလိုပါတယ်။

04/12/2023

"တိုက်ပွဲများ ပြင်းထန်လာပါက မြန်မာ စစ်ဘေးရှောင်များကို ထိုင်း လက်ခံသွားမည်"

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင်များကို လက်ခံရန် အတွက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ စစ်ရှောင် အဆောက်အအုံများ ဆောက်လုပ်ရန် အသင့်ရှိနေဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Parnpree Bahiddha-Nukara က ပြောကြားခဲ့ကြောင်း ဒီကနေ့ထုတ် Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

KNU နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ဆင်ရေး အရှိန်မြှင့်တင်လိုက်ပြီး မုန်းမြို့ကို ထိန်းချုပ်ထားနိုင်ချိန်မှာပဲ ထိုင်းအစိုးရရဲ့ မြန်မာနိုင်ငံ စစ်ရှောင်တွေကို လက်ခံပေးမယ့် သတင်းပေါ်ထွက်လာတာဟာ တိုက်ဆိုင်မှုလို့ ပြောဖို့ ခက်ပါတယ်။

KNU ဟာ ကော့ကရိတ်မြို့ကိုလဲ သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပြီး ထိုင်း-မြန်မာ ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ခဲ့ပြီ ဆိုရင် နယ်စပ်ကုန်သွယ်ရေးကအစ ထိုင်းအစိုးရဟာ KNU နဲ့ပဲ စကားပြောရတော့မှာမို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတဲ့ သဘောလို့လဲ သုံးသပ်နိုင်ပါတယ်။

သေချာတာကတော့ ထိုင်းအစိုးရဟာ မြန်မာ့အရေးမှာ နိုင်မြင်းကို ရွေးချယ်လိုက်ပြီလို့ ဆိုမှာပါ။

ကိုးကန့်ဒေသရှိ စစ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထား၊ တိုက်...
03/12/2023

ကိုးကန့်ဒေသရှိ စစ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထား၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၆ ဦးအရှင် ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထားကြောင်း MNDAA ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၀ နာရီမိနစ် ၂၀ ခန့်တွင် တုန်ရှင်းတုန်ချိန် အပြင်ဘက် မာဟိုင်တောင် နေရာ၌ ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို MNDAA က ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ပြီး ၁၁ နာရီ ၄၆ မိနစ်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ ထို့အတူ နံနက် ၁၀ နာရီ ၁၆ မိနစ်တွင် စခန်းတာအိုင်တောင်ခြေ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ရာ ၁၁ နာရီ ၁၆ မိနစ်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၀ နာရီခန့်က စတင်ပြီး တုန်ရှမ်းဒေသ၊ လောက်ရှုကုတ်ရွာအနောက်ဘက် တောင်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ၅၂၇ တပ်ရင်းစခန်းကို MNDAA တပ်ဖွဲ့ ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၅ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားပြီး ညနေ ၂ နာရီ ၄၈ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသော အကြမ်းဖက် စစ်ကောင်စီတပ်သား အချို့ရှိပြီးလက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

သိန္နီခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်၌ နန့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေး လာ သောအကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ဖွတ်ထားခဲ့သော စိန် ပြောင်း တစ်လက်၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်နှင့် ဂရန်ဒီယာ စသည့်လက်နက် မျိုးစုံနှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၁၀.၂၇ စစ်ဆင်ရေး ၃၈ ရက်မြောက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ကြီးငယ်ပေါင်း ၂၀၂ ခုကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်း စသည့်မြို့ ၅ မြို့ ကို သိမ်းပိုက်နိုင်ခဲ့ကာ ချင်းရွှေဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစံကျော်နယ်စပ်ဂိတ် ၄ ခုကိုသိမ်းပိုက်ရရှိထားကြောင်း၊ လက်ရှိ လက်နက်ကိုင်တော်လှန်‌ရေး တပ်ဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၁၉ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

▪စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြားမှ တိုက်ပွဲတွေကြောင့် ပေါက်တောမြို့ပေါ်မှ အပျက်အစီးများ မြင်ကွင်း Akyabpost ( ဓာတ...
03/12/2023

▪စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြားမှ တိုက်ပွဲတွေကြောင့် ပေါက်တောမြို့ပေါ်မှ အပျက်အစီးများ မြင်ကွင်း

Akyabpost ( ဓာတ်ပုံသတင်း)
3 November

နိုဝင်ဘာလ ၁၆ ရက်နေ့ကနေစလို့ ရခိုင်ပြည်၊ ပေါက်တောမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ နှစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကနေ ပေါက်တောမြို့ပေါ်ကို ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို ပစ်ခတ်နေလို့ ပေါက်တောမြို့ပေါ်က နေရာတိုင်းမှာ မီးလောင်ကျွမ်းပြီးတော့ မြို့မဈေးအပါအဝင်၊ လူနေအိမ် အဆောက်အအုံပေါင်းများစွာ ထိခိုက်ပျက်စီးသွားပြီဖြစ်ပါတယ်။

နှစ်ပတ်ကျော်ကြာတဲ့အထိ တိုက်ပွဲတွေ မရပ်တန့်နိုင်သေးအတွက် ပြည်သူတွေဟာဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ မြို့ပေါ်က လူနေအိမ်အဆောက်အအုံတွေ၊ ကျောင်း၊ သာသနိက အဆောက်အအုံတွေဟာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုတွေနဲ့ နေ့စဉ် ကြုံတွေ့နေရပါတယ်။

စစ်ကောင်စီဖက်ကနေ ပေါက်တောမြို့ပေါ်က ပြည်သူတွေကို ဖမ်းဆီးပြီးတော့ လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားပါတယ်။ ရက္ခိုင့်တပ်တော်ဖက်ကနေ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ကယ်ထုတ်နေတာ လက်ရှိဆိုရင် ၃၀၀ ကျော်ရှိပြီလို့ ရက္ခိုင့်တပ်တော်ဖက်ကနေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ဖက်က တိုက်ပွဲတွေကြောင့် ပေါက်တောမြို့နယ်မှာ စစ်ဘေးရှောင်သူဦးရေ ၇၈၁၉၄ အထိ ရှိတယ်လို့ ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ကနေ ထုန်ပြန်ထားပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ပေါက်တောမြို့ပေါ်မှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဦးရေ အတိအကျမသိနိုင်သေးပါဘူး။

ပေါက်တောမြို့ပေါ်ကနေ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ လက်ရှိမှာ အစားအသောက်နဲ့ နေရာထိုင်းခင်းအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီးတော့ အကူအညီတွေလိုအပ်လျက်ရှိပါတယ်။ စစ်ကောင်စီဖက်ကနေ ရခိုင်ပြည်တွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ UN အပါအဝင် INGO၊ NGO နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီခွင့်နဲ့ ခရီးသွားလာခွင့်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ စလို့ ပိတ်ပင်ထားပါတယ်။

ဓာတ်ပုံ- ပေးပို့


#ရခိုင်စစ်ပွဲ

03/12/2023

အေး

ပေါက်တောမြို့ကို ပြန်ထိန်းချုပ်ဖို့ရောက်ရှိလာတဲ့ စစ်သားတွေ ရာနဲ့ချီပြီး ချေမှုန်းခံရပြီးတဲ့နောက် မြို့ပေါ်ရပ်ကွက်တွေကို ...
02/12/2023

ပေါက်တောမြို့ကို ပြန်ထိန်းချုပ်ဖို့ရောက်ရှိလာတဲ့ စစ်သားတွေ ရာနဲ့ချီပြီး ချေမှုန်းခံရပြီးတဲ့နောက် မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေ

နိရဉ္စရာ၊ ဒီဇင်ဘာ ၂/၂၀၂၃

ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ရောက်ရှိလာတဲ့ စစ်သားနဲ့ ရဲ ၁၇၀ လောက်အထဲက ရာနှင့်ချီပြီး ရက္ခိုင့်တပ်တော် (AA)ရဲ့ တိုက်ခိုက် ချေမှုန်းခြင်းကိုခံရပြီးနောက်မှာ အကြမ်းဖက်စစ်ကောင်ဟာ ပေါက်တောမြို့ကို မြေပြင်၊ ဝေဟင်နဲ့ ရေကြောင်းတို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း အကြိမ်ကြိမ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့ အခြေအနေအား အနီးကပ် စောင့်ကြည့်နေသူ ဒေသခံတစ်ဦးက “ လောကထိပ်ပန် ဘုရားမှာ နေရာယူထားတဲ့ စစ်သားတွေလည်း အကုန်လုံးချေမှုန်းခံရတယ်။ ပေါက်တောမြို့မ ရဲစခန်းမှာ နေရာယူထားတဲ့ စစ်သားတွေကိုလည်း အေအေက ဝင်ရောက်တိုက်ခိုက်လို့ တစ်ယောက်မှ မရှိတော့ဘူး။ စုစုပေါင်း တပ်အင်အား ၁၇၀ လောက်ပါရာမှာ တစ်ရာကျော် ချေမှုန်းခံလိုက်ရပြီ” လို့ ပြောဆိုပါတယ်။

သတင်းအပြည့်အစုံကို အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုပါ>>>>

https://burmese.narinjara.com/news/detail/656b4298e4e2f38676a00daa

ကျောက်တော်မြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများဆက်တိုက်ကြားရOne Nation News ၊ ဒီဇင်ဘာ ၂ ရက်ကျောက်တော်မြို့တွင် ယနေ့ည ၇ န...
02/12/2023

ကျောက်တော်မြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများဆက်တိုက်ကြားရ

One Nation News ၊ ဒီဇင်ဘာ ၂ ရက်

ကျောက်တော်မြို့တွင် ယနေ့ည ၇ နာရီ ၃၉ မိနစ်ခန့်မှစတင်၍ လက်နက်ကြီး၊ လက်နက်ငယ်သံများဆက်တိုက်ကြားရသည်ဟု ဒေသခံများထံမှသိရသည်။

၎င်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးမှ "စကခ ၉ ကပစ်တာဆိုရင် ၉ ချက်လောက်ရှိပါတယ်။ ၃၇၆ ဘက်ကတော့လက်နက်ငယ်တွေပစ်‌တယ်လို့ကြားပါတယ်။ ၇ နာရီ ၃၉ မိနစ်လောက်မှာ ၄ ချက်၊ မိနစ် ၄၀ လောက်မှာ ၃ ချက်နဲ့ နောက်ပိုင်းဆက်တိုက်ပစ်တာတွေနဲ့ဆို ၉ ချက်‌လောက်ရှိမယ်ထင်ပါတယ်" ဟု
ပြောကြားထားသည်။

ဆက်လက်၍ ၎င်းက လက်နက်ကြီး၊ လက်နက်ငယ်သံများကြားနေရသော်လည်းမည်သည့်နေရာသို့ပစ်ခတ်သည်ကိုတော့မသိရှိရကြောင်း ဆက်လက်ပြောကြားထားသည်။

ယမန်နေ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့ ည ၈ နာရီခန့်ကလည်း ကျောက်တော်မြို့အခြေစိုက် စကခ ၉ တပ်မနှင့် ကန်စောက်အခြေစိုက်တပ်ရင်း ၅၃၉ မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် AA နှင့်တကျော့ပြန်တိုက်ပွဲများစတင် ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး လူနေမြို့ရွာများအား နေ့စဉ်ရက်ဆက်အဆက်မပြတ် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသန်းပစ်ခတ်နေမှုများကြောင့် လက်ရှိအချိန်ထိ အပြစ်မဲ့အရပ်သားပြည်သူ ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိနေကြောင်း စစ်တမ်းများအရ သိရှိရသည်။

ဥက္ကရာဇ်
One Nation News

🌍 - Telegram
https://t.me/onenationnews1
🌍 - Facebook
https://www.facebook.com/onenationnews?mibextid=ZbWKwL

အလင်းမဝင်သည့် ကုန်းကြမ်းမှ စစ်ကောင်စီလက်အောက်ခံ ၁၀၀ နီးပါးသေဆုံးRNA_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။ ကုန်းကြမ်းတွင်း အမြဲတမ်းတပ်စွ...
02/12/2023

အလင်းမဝင်သည့် ကုန်းကြမ်းမှ စစ်ကောင်စီလက်အောက်ခံ ၁၀၀ နီးပါးသေဆုံး

RNA_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။

ကုန်းကြမ်းတွင်း အမြဲတမ်းတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၅)၊ စကခ (၁၂)၊ (၁၆) မှ အဖွဲ့ဝင်အချို့မှာ လက်နက်ချ အလင်းဝင်ခဲ့သော်လည်း စကခ (၁၆) မှူးအပါအဝင် ထွက်ပြေးသူများ ၁၀၀ နီးပါးရှိပြီး MNDAA နှင့် မဟာမိတ်အဖွဲ့က နယ်မြေရှင်းလင်းစဉ် လက်နက်ကိုင် ခုခံသည့်အတွက် တိုက်ပွဲဖြစ်ပြီး ၁၀၀ နီးပါး သေဆုံးကြောင်း သိရသည်။

"ကုန်းကြမ်းမှထွက်ပြေးလာပြီးနောက် MNDAAမှ ၎င်းတို့ကို ဝန်းရံပိတ်ဆို့ချေမှုန်းရန် ကြိုးစားခဲ့ပါသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် MNDAA၏ လိုက်လံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်(၂၈၀)ကျော်မှာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ ဝကြည်ကျိုင့်ရွာနှင့် စူကြာကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းလာခဲ့ပါသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၁၁း၁၀) နာရီခန့်တွင် MNDAA မှ ၎င်းနေရာတွင် စုစည်းပုန်းအောင်းနေသော စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်” ဟု ကိုးကန့်မီဒီယာမှာ ဖော်ပြထားသည်။

ကုန်းကြမ်းတပ်စခန်း ပြန်လည်သိမ်းပိုက်ရရှိပြီး ရှင်ဝမ့်ဒေသလွတ်မြောက်ရေးကို ဖော်ဆောင်နိုင်ခဲ့ပြီဟု ကြေညာလိုက် သော်လည်း ထွက်ပြေးနေသည့် စစ်ကောင်စီအကြွင်းအကျန် များကျန်ရှိနေကြောင်း၊ နယ်မြေရှင်းလင်းရှင် လက်နက်ခဲယမ်းများ၊ သုံ့ပန်းများနှင့် မူးယစ်ဆေးဝါးများပါ MNDAA နှင့်ပူးပေါင်းတပ်က သိမ်းဆည်းရမိကြောင်း၊ အလင်းဝင်သူများကို ကောင်းမွန်စွာဆက်ဆံပြီး လုံခြုံသည့်နေရာ ပို့ဆောင်မည်ဖြစ်သော်လည်း ဆက်လက်ပြီး ပေကပ်ခေါင်းမာလက်နက်ကိုင် တုန့်ပြန်နေသူများကို ပြင်းပြင်းထန်ထန်အမြစ်ပြက်ချေမှုန်းသွားမည် ဟု MNDAA က အသိပေးထားသည်။


RNA: Website - https://rednewsagency.com/
RNA: Youtube- https://www.youtube.com//
RNA: Telegram- https://t.me/rednewsagency/
YouTube-subscribers : https://www.youtube.com//?sub_confirmation=1

ที่อยู่

Amphoe Ko Samui

เบอร์โทรศัพท์

+66933011363

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဟာသဗြီဒီယို မ်ားผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဟာသဗြီဒီယို မ်ား:

แชร์