Easy Mix by Gunn 18+ Mixology & Cocktail Education
Easy Drinks. Pro Techniques. Bartender Lifestyle
Drink Responsibly

01/08/2026

To be a good bartender

How the body processes alcohol?Alcohol (ဓာတုအမည် - Ethanol) ဟာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများနှင့်...
31/07/2026

How the body processes alcohol?

Alcohol (ဓာတုအမည် - Ethanol) ဟာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများနှင့် စနစ်များစွာအပေါ် သက်ရောက်မှုရှိစေသော Depressant (ဗဟိုအာရုံကြောစနစ်ကို နှေးကွေးစေသော အရာ) တစ်မျိုးဖြစ်ပါတယ်။

Alcohol ဟာ သွေးကြောထဲသို့ စုပ်ယူဝင်ရောက်သွားပြီးနောက် ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ ထို့နောက် ကျွန်တော်တို့၏ အသည်းက Alcohol ကို ချေဖျက်တဲ့ လုပ်ငန်းစဉ်ကို အဓိက တာဝန်ယူဆောင်ရွက်ပေးပါတယ်။

အသည်းဟာAlcohol ကို Oxidation (ဓာတ်တိုးခြင်း) လုပ်ငန်းစဉ်ဖြင့် ချေဖျက်ပေးပြီး Alcohol Dehydrogenase (ADH) ဟုခေါ်သော Enzyme က Ethanol ကို ပထမဦးစွာ Acetaldehyde အဖြစ် ပြောင်းလဲပေးပါတယ်။ ထို့နောက် Aldehyde Dehydrogenase (ALDH) က Acetaldehyde ကို Acetate (Acetic Acid) အဖြစ် ဆက်လက်ပြောင်းလဲပေးပြီး နောက်ဆုံးတွင် Carbon Dioxide၊ ရေနှင့် စွမ်းအင်အဖြစ် ခန္ဓာကိုယ်က အသုံးပြု သို့မဟုတ် စွန့်ထုတ်သွားပါတယ်။

ယေဘုယျအားဖြင့် အမျိုးသမီးများတွင် Alcohol ကို ချေဖျက်ရာ၌ ပါဝင်သော ADH Enzyme ၏ ပမာဏနှင့် လုပ်ဆောင်နိုင်စွမ်းသည် အမျိုးသားများထက် နည်းလေ့ရှိသောကြောင့် Alcohol ၏ သက်ရောက်မှုကို ပိုမိုလွယ်ကူစွာ ခံစားရနိုင်ပါတယ်။ (ဒါပေမယ့် တချို့အမျိုးသမီးတွေကတော့ ကျွန်တော်တို့ထက်တောင် ပိုသောက်နိုင်ကြပါတယ်။ နောက်တာပါ။ 😂)

ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသော Alcohol ၏ ၉၀% ခန့်ကို အသည်းက ချေဖျက်ပေးပြီး ကျန်အနည်းငယ်ကို အသက်ရှူခြင်း၊ ချွေးထွက်ခြင်းနှင့် ဆီးမှတစ်ဆင့် စွန့်ထုတ်ပါတယ်။
အသည်းသည် ပျမ်းမျှအားဖြင့် တစ်နာရီလျှင် Standard Drink တစ်ခွက်ခန့် (ဥပမာ - Whisky 40% ABV 30 ml မှ 45 ml အတွင်းရှိ Alcohol 8 မှ 14 grams ခန့်) ကိုသာ ချေဖျက်နိုင်ပါတယ်။ သို့သော် လူတစ်ဦးနှင့်တစ်ဦး၏ ကိုယ်အလေးချိန်၊ ကျား/မ၊ အသည်းကျန်းမာရေးနှင့် အခြားအချက်များပေါ် မူတည်၍ Alcohol ကို ချေဖျက်နိုင်သည့် နှုန်းမှာ ကွာခြားနိုင်ပါတယ်။

Coffee သောက်ခြင်း၊ ရေအေးချိုးခြင်း သို့မဟုတ် Energy Drink သောက်ခြင်းတို့သည် Alcohol ကို ပိုမိုမြန်ဆန်စွာ ချေဖျက်နိုင်အောင် မကူညီနိုင်ပါ။ Alcohol ကို ခန္ဓာကိုယ်အတွင်းမှ လျော့နည်းစေမည့် အဓိကအချက်မှာ “အချိန်” ပင်ဖြစ်ပါတယ်။
ဆိုတော့ အရက်သောက်သုံးတဲ့အခါ ကိုယ့်ရဲ့အနေအထား ၊ ကျန်းမာရေး၊ ခံနိုင်စွမ်း ကိုကိုယ်တိုင် ချင့်ချိန် ပြီးသောက်သုံးသင့်ပါတယ်။
အားလုံးပဲ Have fun ✌️

29/07/2026

Types of water around the world

27/07/2026

Baby Guinness လုပ်နည်း

Pornstar Martini က Modern Classic Cocktail တွေထဲမှာ အအောင်မြင်ဆုံး Cocktail တွေထဲက တစ်ခွက်လို့ ပြောလို့ရတယ်ဗျ။ -Created ...
26/07/2026

Pornstar Martini က Modern Classic Cocktail တွေထဲမှာ အအောင်မြင်ဆုံး Cocktail တွေထဲက တစ်ခွက်လို့ ပြောလို့ရတယ်ဗျ။
-Created in : 2002
-Created by : Douglas Ankrah
-Place : Townhouse, London
နာမည်က Pornstar Martini ဆိုတော့ Adult Film Industry ကို Inspire ယူပြီး ဖန်တီးထားတဲ့ Cocktail လို့ ကျွန်တော်လည်း အရင်တုန်းက ထင်ခဲ့ဖူးတယ်ဗျ။
တကယ်တော့ Douglas Ankrah ရဲ့ ရည်ရွယ်ချက်က Sexy ဆန်ဆန်၊ ပျော်ရွှင်မှုကို နိုးဆော်ပေးနိုင်ပြီး လူတိုင်း အလွယ်တကူ နှစ်သက်နိုင်မယ့် Drink တစ်ခွက်ကို ဖန်တီးချင်ခဲ့တာပါ။
Passion Fruit ရဲ့ Tropical Character၊ Vanilla ရဲ့ နူးညံ့တဲ့ Aroma နဲ့ Lime Juice ရဲ့ Fresh Acidity တို့ကို Balance ကောင်းကောင်းနဲ့ ပေါင်းစပ်ထားတဲ့ အလွန်ကောင်းမွန်တဲ့ Modern Tropical Cocktail တစ်ခွက်လို့ ဆိုရမှာပါ။
နာမည်ပေးတတ်ခြင်းကလည်း Cocktail တစ်ခွက်ကို ပိုပြီး အောင်မြင်တဲ့ Drink အဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ မြင်မိတယ်ဗျ။
Recipe
Vodka – 45 ml
Passoã (Passion Fruit Liqueur) – 15 ml
Passion Fruit Purée – 22.5 ml
Fresh Lime Juice – 15 ml
Vanilla Syrup – 7.5 ml
Brut Champagne (Sparkling Wine) – 60 ml (On the Side)
Garnish – ½ Fresh Passion Fruit

သောက်သုံးနည်း-
Cocktail ကို မသောက်ခင် Sparkling Wine ကို ခံတွင်းရှင်းတဲ့ပုံစံနဲ့ Sip အနေနဲ့ အနည်းငယ် အရင်သောက်ပြီးမှ Cocktail ကို ဆက်လက်သောက်သုံးကြည့်ပါ။ Passion Fruit ရဲ့ ချိုချဉ်အရသာတွေကို ပိုမိုပေါ်လွင်စေပြီး နောက်တစ် Sip ကိုလည်း ပိုမိုလန်းဆန်းစေမှာ ဖြစ်ပါတယ်။
Cheersပါဗျာ ၊

Seen Beach Samui မှာ 6 လ လုပ်ခဲ့တာ Team နဲ့ ရိုက်ခဲ့တဲ့ပုံဆိုလို့ ဒီPhotoပဲရှိတယ် ။ အမြဲတမ်း Busy နေတာဆိုတော့ Photo ရိုက...
26/07/2026

Seen Beach Samui မှာ 6 လ လုပ်ခဲ့တာ Team နဲ့ ရိုက်ခဲ့တဲ့ပုံဆိုလို့ ဒီPhotoပဲရှိတယ် ။ အမြဲတမ်း Busy နေတာဆိုတော့ Photo ရိုက်ဖို့ကို စဉ်းစားချိန်တောင်မရဘူး ။ Miss you guys 🫶🏻 We had so much fun at Seen Beach .

ဒီပုံက ကိုယ်ပိုင် Signature Cocktails တွေ လွတ်လွတ်လပ်လပ်တွေးခေါ်ပြီး စလုပ်ခဲ့တုန်းက Cocktail တွေထဲကတခုပေါ့ Gallery ထဲမှာ...
25/07/2026

ဒီပုံက ကိုယ်ပိုင် Signature Cocktails တွေ လွတ်
လွတ်လပ်လပ်တွေးခေါ်ပြီး စလုပ်ခဲ့တုန်းက Cocktail တွေထဲကတခုပေါ့ Gallery ထဲမှာ ပြန်တွေ့လို့ ။
အဲတုန်းက Modern Techniques တွေကိုလေ့လာရင်း Create လုပ်ခဲ့တာတွေ မှတ်မိသေးတယ် ။ တခါတလေဆို ကိုယ့်Cocktail တွေက ရုပ်လုံးတောင်ပေါ်မလာခဲ့ဘူး။ 😅
ဒီလိုပဲ အမှားတွေနေ အများကြီးကနေသင်ယူလေ့လာခဲ့တယ် ။ ခုလည်းလေ့လာနေတုန်းပါပဲ ၊ မနက်ဖြန်လည်းလေ့လာနေဦးမယ် ။ ဒီပညာရပ်ကို အမြဲလေ့လာသွားဖို့ စိတ်ကူးထားတယ် ။ ပြီးရင် သိတာလေ့တွေ မျှဝေမယ် ။ ဒါတွေက ဘဝရဲ့Happiness တွေပေါ့။ Cheers

Cocktail ယဉ်ကျေးမှုမှာလည်း ရွှေခေတ် (Golden Age) ဆိုတာ ရှိခဲ့ပါတယ်။ရွှေခေတ် (Golden Age) ဆိုတာ ယဉ်ကျေးမှု၊ အနုပညာ၊ သိပ္ပ...
25/07/2026

Cocktail ယဉ်ကျေးမှုမှာလည်း ရွှေခေတ် (Golden Age) ဆိုတာ ရှိခဲ့ပါတယ်။

ရွှေခေတ် (Golden Age) ဆိုတာ ယဉ်ကျေးမှု၊ အနုပညာ၊ သိပ္ပံ၊ စီးပွားရေး စတဲ့ ကဏ္ဍတစ်ခုခုမှာ အလွန်တိုးတက်အောင်မြင်ခဲ့တဲ့ ကာလကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

The Golden Age of Cocktails ကတော့ 1860 ခုနှစ်များမှ 1920 ခုနှစ်အထိ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Prohibition (အရက်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းကို တားမြစ်သည့် ဥပဒေ) စတင်အသက်ဝင်ခဲ့တဲ့ 1920 ခုနှစ်အထိပေါ့။

အဲဒီကာလအတွင်း Classic Cocktails တွေဟာ အလွန်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ယနေ့အထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် -
• Martini
• Manhattan
• Old Fashioned
• Sazerac
• Clover Club
• Whiskey Sour
• Tom Collins

စတဲ့ Classic Cocktails တွေဟာ The Golden Age of Cocktails ကို ကိုယ်စားပြုတဲ့ အဖိုးတန်အမွေအနှစ်တွေလို့ ဆိုနိုင်ပါတယ်။

ပုံကတော့ ကျနော်ပုံ သည်းခံပြီးကြည့်ကျပေါ့ 😬🫶🏻🥂

🟠❤️
25/07/2026

🟠❤️

🍊🍸
24/07/2026

🍊🍸

ที่อยู่

Amphoe Koh Sa-mui

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Easy Mix by Gunnผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์