20/05/2026
၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို အာဆင်နယ်အသင်း ထိုက်တန်စွာဆွတ်ခူး........................................................................................................................................
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အပြီးမှာတင် အမှတ်ပေးဖလားကို ထိုက်တန်စွာဆွတ်ခူးရရှိသွားခဲ့ပါပြီ။ ယနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားကြတဲ့ ဘုန်းမောက်-မန်ချက်စတာစီးတီးပွဲစဉ်မှာတော့ အိမ်ရှင်ဘုန်းမောက်အသင်း နဲ့ မန်ချက်စတာစီးတီးတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး သရေရလဒ်နဲ့ပွဲစဉ်ပြီးဆုံးသွားတာကြောင့် အဆင့်(၁)နေရာက အာဆင်နယ်အသင်းက အဆင့်(၂)နေရာက မန်ချက်စတာစီးတီးအသင်းကို လက်ကျန်(၁)ပွဲကန်ဖို့ကျန်ရှိနေသေးတဲ့အချိန်မှာပဲ (၄)မှတ်ဖြတ်ပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ဆွတ်ခူးရရှိသွားခဲ့ပါပြီ။
(၂၂)နှစ်ကြာဝေးကွာခဲ့တဲ့ အမှတ်ပေးဖလားကိုပြန်လည်ရယူခဲ့နိုင်ခြင်းအတွက် အသင်းနည်းပြ၊ ကစားသမားများနဲ့ ကမ္ဘာတစ်ဝှမ်းမှ အာဆင်နယ်ပရိတ်သတ်များလည်း ပျော်ရွှင်စွာအောင်ပွဲခံနေကြပြီဖြစ်ပါတယ်။
ဒီ့အပြင် လာမဲ့မေလ(၃၀)ရက်နေ့မှာတော့ အာဆင်နယ်အသင်းဟာ ဥရောပချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ရှိပါသေးတယ်။ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖလားကိုရော သိမ်းပိုက်နိုင်ဦးမလား ရင်ခုန်စွာစောင့်ကြည့်ရဦးမှာပါ။
Congratulations Arsenal
Photo : Arsenal Page
#2025-2026premiereleague