NGHW Creation Time is free, but it's priceless.

31/12/2025

2026 နှစ်သစ်မှစပြီး မြန်မာပြည် အေးချမ်းသာယာ ငြိမ်းချမ်းပါစေ...🙏

16/11/2025

😊😊😊

03/11/2025

Warning: This cat contains 100% cuteness overload 😽💘

NGHW Creation

မှောက်ထားတာပါ...😀  NGHW Creation
22/10/2025

မှောက်ထားတာပါ...😀

NGHW Creation

သင်ရော ဘယ်လို..ခင်မင်မှုမျိုးပိုင်ဆိုင်ထားပြီလဲ..?၁ နှစ်ကြာ ခင်ဖို့ဆိုတာ မလွယ်ပါဘူး ❣❣၂ နှစ်အထိ ခင်ရင်တော့ တန်ဖိုး ထားသင...
21/10/2025

သင်ရော ဘယ်လို..ခင်မင်မှုမျိုးပိုင်ဆိုင်ထားပြီလဲ..?
၁ နှစ်ကြာ ခင်ဖို့ဆိုတာ မလွယ်ပါဘူး ❣❣

၂ နှစ်အထိ ခင်ရင်တော့
တန်ဖိုး ထားသင့်ပါပြီ

၃ နှစ်အထိ အခင် မပျက်ရင်
အံ့ဖွယ်လို့ကို ဆိုရမှာပဲ

၅ နှစ်အထိ ခင်မင်နေသေးရင်တော့
အတွင်းသိ အဆင်းသိဖြစ်ပြီ

၆ နှစ်ကျော်အထိ ခင်မင်နေသေးရင်တော့
အမှတ်တရသတိရနေတဲ့သူ

၁၀ နှစ်တာကြာသည်အထိ အခင်မင်မပျက်ရင်
ဘဝထဲထိ ဝင်ရောက်နေတဲ့သူ

၁၂နှစ် ကြာတိုင်အောင် ခင်မင်နေသေးရင်တော့
အမျိုးတစ်ပိုင်းတောင် ဖြစ်နေပါပြီတဲ့

အပြောင်းအလဲများတဲ့ အခုလိုခေတ်ကြီးမှာ
အနီးနားကသူငယ်ချင်းတွေကို တန်ဖိုးထားပါ

နားလည်မှု ပိုပေးပါ
ကိုယ့်အပေါ် ကောင်းတဲ့သူတွေကိုမေ့မပ၊စ်ပါနဲ့♥🍀


NGHW Creation

စိတ်ရောဂါလက္ခဏာ တချို့‼️(၁) လူတွေနဲ့ဝေးရာ တစ်ယောက်တည်းနေရတာ ပိုမိုနှစ်သက်လာခြင်း၊(၂) တစ်စုံတစ်ရာပေါ်မှာ ချက်ချင်းတုံ့ပြန...
20/10/2025

စိတ်ရောဂါလက္ခဏာ တချို့‼️

(၁) လူတွေနဲ့ဝေးရာ တစ်ယောက်တည်းနေရတာ ပိုမိုနှစ်သက်လာခြင်း၊

(၂) တစ်စုံတစ်ရာပေါ်မှာ ချက်ချင်းတုံ့ပြန်မှု မြန်ဆန်လာခြင်း၊

(၃) ည အိပ်ချိန် လျော့နည်းလာခြင်း၊

(၄) တစ်ခုခုအပေါ်တွင် မလိုအပ်ဘဲ နက်နက်နဲနဲ ခံစားတတ်လာခြင်း၊

(၅) ဘာမှ မဖြစ်သလို ဟန်ဆောင်နေတတ်လာခြင်း၊

(၆) အရာရာတိုင်းကို အနိုင်လိုချင်စိတ် များလာခြင်း၊

(၇) အဆိုးဆုံး အခြေအနေအထိ ကြိုတွေးပြီး
ထိတ်လန့်နေတတ်ခြင်း၊

(၈) စိတ်ထိခိုက်လွယ်ခြင်း၊

(၉) အတွေးလွန်ခြင်း၊

- Internet

✴️~ဘဏ်ရုံးကို​ခေါ်ဆိုလို့ရမဲ့ call center ဖုန်းနံပါတ်များ~✴️~အ​ရေး​ပေါ်ဘဏ်ရုံးကိုဖုန်းဆက်ဖို့လိုအပ်တဲ့သူ​တွေအတွက်ပါမှတ်ခ...
19/10/2025

✴️~ဘဏ်ရုံးကို​ခေါ်ဆိုလို့ရမဲ့ call center ဖုန်းနံပါတ်များ~✴️

~အ​ရေး​ပေါ်ဘဏ်ရုံးကိုဖုန်းဆက်ဖို့လိုအပ်တဲ့သူ​တွေအတွက်ပါ

မှတ်ချက်။ ။
Kasikorn ဘဏ်တစ်ခုသာ မြန်မာလိုင်းခွဲရှိတာပါ​နော်

#သိသူ​ကျော်သွားပါ
မူရင်းသို့ Credit ပေးပါသည်

 #သီတင်းကျွတ်လပြည့်  #အဘိဓမ္မာအခါတော်နေ့*****************************************မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ နိမ္မိ...
06/10/2025

#သီတင်းကျွတ်လပြည့် #အဘိဓမ္မာအခါတော်နေ့
*****************************************

မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော်ကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူပြီး တရားစစ်သူကြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို စန္ဒကူးတော၌ အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန်တည်းမှာ ဟောကြားသင်ပြတော်မူသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့ တွင် လူ့ပြည်သို့ ပြန်ဆင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ် သတ်မှတ်ခေါ်ဝေါ် ခဲ့ကြသည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ပင် ဖြစ်သည်။

အကြောင်းအရင်း
ဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့်ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နိမ်နင်းပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် သာတာသတိံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှငျအနုရုဒ်ဓါမထရျေအား မေးမြန်းရာ မထေရ်မြတ် ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးသည် ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။ သီတင်းကျွတ် ခါနီးမှ ရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။

အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ဝါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိသည် ဖြစ်၍ နတ်ပြည်တွင် နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြားပြီး လူသား စင်စစ် ဖြစ်တော်မူသော မြတ်စွာဘုရား ကိုယ်တော်တိုင်သည် လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ်ပါယျရငျး တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူလေသည်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် တခြား သာ၀က ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့သည်။

ထိုသို့ ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာ ရှိ၍ အခြေကသင်္ကဿမြို့တံခါးဝတွင် ရှိသည်။

ကျမ်းများ
ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါအဝီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယေ်၀ဖန်ဟောကြားသောကျမ်းကို "ဝိဘင်း ကျမ်း"ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစာၦနှင့ျဝိသဇ်ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမး်ကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ေ၀ဖနျသော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသောတရားဖြစ်သည်။ အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစေ ၦဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။

မြန်မာနိုင်ငံတွင် သီးတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပဝါရဏာပွဲ နင့် မီးမြင်းမိုရ်ပွဲ ဟူ၍ ပွဲတော်များကို ကျင်းပကြသည်။

ပဝါရဏာပွဲ
အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များသည် ဝါကျွတ်သည်နှင့် သီတင်းကျွတ် လပြည့်နေ့တွင် အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါ၏။ တပည့်တော်၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိ၏ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ဝန်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျ၍ စည်းစနစ် ကောင်းလှသော ပွဲဖြစ်သည်။

မီးမြင်းမိုရ်ပွဲ
သီတင်းကျွတ် လပြည့်နေ့ ညနေ၌ နတ်ပြည် မှ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရသည် မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်သည့်အနေဖြင့် ဆီမီးများ၊ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင်းမိုရ်ပွဲများ ပြုလုပ် ကြသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင်းမိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တဝှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။

သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဌာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက သီတင်းကျွတ်ပြီ တူရာသီ အာသဝဏီ ရှိန်ဝါရွန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း ဟု ဖွဲ့ဆို ခဲ့လေသည်။

အခြားနိုင်ငံများ
အခြား ဗုဒ္ဓဘာသာ နိုင်ငံများဖြစ်ကြသည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် သီရိလင်္ကာနိုင်ငံများတွင်လည်း ဆီမီးများ မျှောခြင်း၊ နံသာ ဆီမီးများဖြင့် ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်ခြင်းဖြင့် ပူဇော်ကြလေသည်။

အဘိဓမ္မာ ပြန့်ပွားရေး အသင်းတော်ကြီး
ထိုသို့ ရှင်တော်မြတ်ဘုရားသည် အမြတ်ဆုံး ဒေသနာ အဘိမ္မာ တရားတော် ကို တာဝတိံသာ နတ်ပြည်၌ ရှေ့ ဘဝ မယ်တော်ဖြစ်ခဲ့သော သန္တုဿိတ အမည် ရှိသော နတ်သား အမှူးရှိသော စကြာဝဋ္ဌာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်း တို့အား (၇) ဝါမြောက် ဝါတွင်းကာလ သုံးလပတ်ကြာ ဟောကြားခဲ့ရာ ပြီးဆုံး ခဲ့သော အထိမ်း အမှတ်အဖြစ် ၁၃၁၁ ခုနှစ် (၁၉၄၉ခုနှစ်)မှစပြီး အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးမှ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် ကျင်းပရန် စတင်ဆုံးဖြတ် ခဲ့သည်။ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ အဘိဓမ္မာ သာသနာ ပြန့်ပွား တည်တံ့ရေး လုပ်ငန်းရပ်များတွင် အခြေခံကျသော လုပ်ငန်း တစ်ရပ် ဖြစ်သည့် အဘိဓမ္မာ အခါတော်နေ့ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး တိုင်း နှင့်ပြည်နယ် မြို့၊ ရွာ၊ ကျေးလက်မကျန် အဘိဓမ္မာ အသင်းအဖွဲ့ ခွဲများ ဖွဲ့စည်းကြပြီး ကျင်းပစေခြင်း ဖြစ် သည်။

၁၃၂၄ ခုနှစ် (၁၉၆၂ ခုနှစ်) မှ စတင်၍ အသင်းခွဲများ ဖွဲ့စည်းခွင့်ပြုခဲ့ရာ ထိုနှစ်တွင် အသင်းခွဲ (၄)သင်း ပေါ်ပေါက်ခဲ့သည်။ တစ်ဖန် ၁၃၂၅ ခုနှစ် (၁၉၆၃ ခုနှစ်) မှစတင်၍ အသင်း အဖွဲ့ခွဲများကို စည်းကမ်း တကျ တစ်ညီ တစ်ညွတ် တည်း ဖြစ်စေရန် အသင်းကြီး၏ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ ပုဒ်မ ၆(၂)အရ နှစ်စဉ် ဆက်သွယ်ကြေး (၂၅)ကျပ် လှူဒါန်းပြီး စာရင်းသွင်း ဖွဲ့စည်းစေရာ ၁၃၃၃ ခုနှစ် (၁၉၇၁ ခုနှစ်) ၂၅ နှစ်မြောက် ငွေရတု ကာလအတွင်း အသင်းခွဲပေါင်း (၆၉) သင်း တိုးတက် ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၃၅၈ ခုနှစ် (၁၉၉၆ ခုနှစ်) နှစ်ငါးဆယ် မြောက် ရွှေရတု ကာလရောက်သောအခါ အဘိဓမ္မာအသင်းခွဲပေါင်း (၁၉၀၈) သင်း အထိ တိုးတက်ခဲ့ သည်။

ယခုအခါ အသင်းကြီး၏ အဓိကရည်ရွယ်ချက်နှင့်အညီ ပရိယတ္တိ သာသနာကြီး စတင် ကွယ်ပျောက်သည့်အခါ ကနဦး ကွယ်ပျောက်မည့် အဘိဓမ္မာ ဒေသနာ တော်မြတ်ကြီး မကွယ်မပဘဲ အရှည်ခံ့၍ တည်တံ့ ထွန်းကား စည်ပင် ပြန့်ပွားရေးကို အလေး ဂရုပြု၍ ရှေ့ရှုကြိုးပမ်းလျက် ရှိသည့်အလျောက် ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ မိသားစု အသင်းခွဲပေါင် (၃၁၀၀) ကျော်အထိ တိုးပွားလာခဲ့သည်။ နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့တိုင်း အဘိဓမ္မာ အခါတော်နေ့ ပူဇာမင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့တွင် သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်မှာ (၆၃) ကြိမ်တိုင် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။


#တိပိဋကမြန်မာပြန် 🙏🏻🙏🏻🙏🏻

   Pay out ချိတ်ဖို့အဆင့်ဆင့်🍀🍀‼‼📣📣ခရက်ဒစ်ပါ     NGHW Creation
30/09/2025

Pay out ချိတ်ဖို့
အဆင့်ဆင့်🍀🍀‼‼📣📣
ခရက်ဒစ်ပါ

NGHW Creation

ที่อยู่

Amphoe Muang Phuket
83150

เบอร์โทรศัพท์

+6655411500

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NGHW Creationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์