ကလေးမြို့နယ်ဒေသတွင်း မီဒီယာ

ကလေးမြို့နယ်ဒေသတွင်း မီဒီယာ Welcome ပါ Wall ထဲရောက်ပီးရင် 😂😓❤ လေးတေပေးပီး တခုခုမန့်သွားပေးပါနော် ✌
(6)

ကလေးမြို့နယ်မှာ အိန္ဒိယကိုပို့မယ့် စိတ်ကြွမူးယစ်ဆေးနဲ့ ပိုက်ဆံတွေ ဖမ်းမိ ၂၁၊ ဇူလိုင်၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်...
22/07/2025

ကလေးမြို့နယ်မှာ အိန္ဒိယကိုပို့မယ့် စိတ်ကြွမူးယစ်ဆေးနဲ့ ပိုက်ဆံတွေ ဖမ်းမိ

၂၁၊ ဇူလိုင်၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ရာဇဂြိုလ်မြို့နဲ့ လက်ပံချောင်းကျေးရွာအကြား စစ်ဆေးရေးဂိတ်မှာ WYတံဆိပ် စိတ်ကြွဆေးပြား‌ ၈ သိန်းနဲ့ အတူ ငွေသား သိန်း ၁၅၀ ၊ ဖုန်းငါးလုံးတို့ကို ကို ဇူလိုင်လ ၁၈ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization ( Upper Chindwin Region) ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံကို ပို့ဆောင်မယ့် စိတ်ကြွဆေးပြားတွေကို ဆိုင်ကယ်လေးစီးနဲ့ လူငါးဦးက ကလေးမြို့က‌နေ တမူးမြို့ဘက်ကို သယ်ဆောင်လာချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ ယင်းပစ္စည်းဟာ ကာလပေါက်စျေး သိန်း ၁၂၀၀ -၁၄၀၀ ရှိမယ်လို့ခန့်မှန်းလည်းသိရတယ်။

အဲဒီ မူးယစ်ဆေးဝါးတွေကို အိန္ဒိယနိုင်ငံက EM ဆိုသူထံ ပေးပို့မှာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ သယ်ဆောင်သူတွေကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အမှုဖွင့်ထားပြီး ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း CNO ကဆိုပါတယ်။

ကလေးကဘော်ဒေသအတွင်းမှာ မူးယစ်ဆေးဝါးသယ်ဆောင်သူ၊ ဖြန့်ဝေသူ၊ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေကို သိရှိရင် ဆက်လက်ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တယ်လို့ က သတိပေးထားပါတယ်။

Chin National Organization ( Upper Chindwin Region) ရဲ့ လှုပ်ရှားနယ်မြေအတွင်း လူငယ်တွေမူးယစ်ဆေးဝါးသားကောင်မဖြစ်ဖို့ ရပ်ရွာသာယာလှပဖို့ မိဘပြည်သူတွေကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း ထားပါတယ်။

Mary

Credit Zalen

Credit Zalen

နိုင်ငံခြား လဲ သွားချင်တယ်passport လဲမရှိဘူးဆိုဒါလေးတွေ ရှိပါ့မယ်🌚credit original upload
21/07/2025

နိုင်ငံခြား လဲ သွားချင်တယ်passport လဲမရှိဘူးဆို
ဒါလေးတွေ ရှိပါ့မယ်🌚

credit original upload

အရင်က versity ကျောင်းသားဘဝက တောင်ခြေ၊ဦးမြင့်၊ကျောက်တစ်လုံးလမ်းကအနူးဆိုင်မြို့ထဲဆို ကျင်းကျိန်၊ဖိုးခွါး နောက်ပိုင်း ဖိုး...
21/07/2025

အရင်က versity ကျောင်းသားဘဝက တောင်ခြေ၊ဦးမြင့်၊ကျောက်တစ်လုံးလမ်းကအနူးဆိုင်

မြို့ထဲဆို ကျင်းကျိန်၊ဖိုးခွါး နောက်ပိုင်း ဖိုးခွါးကအရင်လို ထိုင်မကောင်းတော့ဘူး

ဘုတ်ဆုံမဆိုင်ကတော့ ဆရာ့ ဆရာကြီးတေပေါ့

ဘယ်ဆိုင်သောက်ဖူးကြလဲ

Photo Credit Aungsoe

ပရဟိတညီနောင်အပေါင်း အကူအညီတောင်းအပ်ပါသည်။🔺ကလေးမြို့က KTV ဆိုင်တေ တစ်လပိတ်ခံရတယ်ကြားပါတယ်🔺အဲ့တော့ မိဝေး ဖဝေး မိသားစုအတွက်...
18/07/2025

ပရဟိတညီနောင်အပေါင်း အကူအညီတောင်းအပ်ပါသည်။

🔺ကလေးမြို့က KTV ဆိုင်တေ တစ်လပိတ်ခံရတယ်ကြားပါတယ်🔺

အဲ့တော့ မိဝေး ဖဝေး မိသားစုအတွက် ရုန်းကန်နေကြရတဲ့ ညီမလေး တွေဖြစ်တဲ့ . . .

ကြယ်စင်, မြတ်နိုး, သံစဉ်၊ ဂျူလိုင်၊ ဂျူးဂျုး , ရွှေရေး, ငုဝါ, လမင်းဖြူ, ခြူးသဉ္ဇာ, အိမ့်ချယ်ရီ, ရွှေရတု, ငွေကြယ်စင်, လင်းလက်ရွှေစင်, ယမင်းအိန္ဒြေ, ခင်လပြည့်, ယမင်းသော်တာ , အလင်္ကာ, ဒီဇင်ဘာ, မေနိုင်း, သွန်း, ရွှေရုပ်လွှာ, ကြာညို, သံစဉ်ချို, ဧပရယ် , သံယောဇဉ်,သွန်းရွှေရည်, ဟန်နီ, သိမ့်, သန္တာ, ယမုံ, ချစ်စု, ချစ်သဲ, ခရေ, ဖူးဖူး, ဆုမြတ်, ဆုပြည့်, ဇာဇာ, မိုးယု, ပိုးဥ, ပိုးလေး, ကေသီ, ညိုမီ, ထူးထူး, ဆိုင်းပန်, ဆူး, ရတနာ, ဖြူဖွေး, အကြင်နာ, ၀င့်ဝါ, သူဇာ, မူယာ, ဖြူပြာ, ကြည်ပြာ, မေသော်, နေခြည်, အိဖြိုး, သိင်္ဂီ, သဉ္ဇာ, သင်းပျံ့, မိုးယု, ဥမ္မာ, မြတ်ဆု, မိုးနွယ်, ၀သန်, ဟေမာန်, ဝါဆို, ဆုလေး, မျက်သွယ်, လှိုင်လှိုင်, လှိုင်း, ရည်မွန်, ကြည်ဖြူ, သက်ဝေ, သက်ထား, သော်ဇင်, သံစဉ်, ဆုဝေ, ဆိုဖီယာ, စန္ဒီ,လုလု, တွယ်တာ,သဇင်, ဝိုင်လေး , မိုးလေး , ဖြိုးလေး , စံပယ်, ခွာညို, အင်ကြင်း, ပိတောက်, နိုနို, အိန်ဂျယ်, လင်းလင်း, ဝတ်မှုံ, လင်းလက်, မိုးမိုး, ကြယ်လေး, ဂျူးလီ, ကေသီ, စမိုင်း, ဖြူလေး, ဝါဝါ, ငယ်ငယ်, ငယ်လေး, သက်ထား, ရွှေစင်, မို့မို့, စင်ဒီ, မွန်မွန်, အိလေး, ခင်လေး, ဇင်ဇင်, ဇင်လေး , သဲတုန်, အိသဲ, ဇာခြည်, ဇာလေး, မိုးပြည့်, ဒါဒါ, နွယ်နီ, နီလာ, သဲနု, ပိုင်ပိုင်, ဖွေးဖွေး, ဘရဏီ, မိုင်မိုင်, ယမင်း, ယုယ, ယွန်းယွန်း, ခြူးခြူး, နွယ်နွယ်, ဝိုင်းလေး, သီတာ, သော်တာ, လမင်း ,ကြယ်စင်မိုး, ခရေ,ခွန်းဆင့်,ချယ်ရီကို,ဂျူလိုင်မိုး,ကေကေ, ငုဝါလင်း,စိုပြေ,စုစု,ဆုလေး,ဆည်းဆာ,ဆည်းလဲ,ဆောင်းနှင်းဖြူ,,ဇင်ဇင်, ဇင်လေး, ညိုညို, ညိုလေး, တွယ်တာ, တိုးတိုး, ထည်ဝါ, နှင်းနှင်း, နှင်းဆီ, ရိုစီ, နွယ်လေး,နိုရာ,မြတ်ချယ်ရီ,ပပ, ပုလဲ,ဖြူဖြူ ,ဖြိုးလေး၊ ဖြိုးဖြိုး, မြူနှင်း, မွန်မွန်, မွန်လေး,မမ, မမမိုး, မို့မို့, မေနှင်း,အိမ့်ခြူးမေ, ယွန်းထည်ဝါ, ယုယမိုး, ရွှေရည်, သွန်းဖြိုးချစ်,ရွှေရတီ, ဂန္နဝင်, ရည်မွန်သွယ်, လင်းလဲ့, လဝန်းငယ်,လပြည့်ဝန်း, လုလု, လှိုင်းမို့မို့, လှိုင်းရနံ့, ဝတီ, ဝိုင်းလေး, လဝန်း, သခင်, သဲသဲ, ချစ်သဲ, သွန်းသွန်း, ဝင်းချယ်ရီ, သံစဉ်, စမိုင်း,ဝေဝေ, မိုင်ဆောင်,မိုင်လေး, သီတာ, သော်တာလင်း, ကြည်ပြာသိမ့်, စိမ်းမို့မို့, ကြည်ပြာလှိူင်း, ဇူးဇူး, ဆုလာဘ်., စနိုး, မီးမီး,ဆိုင်းမိုင်, ရွှန်းလဲ့, သက်မွန်, နန္ဒာ,သွန်းရွှေစင်, ကစ်ကစ်,သင်းပျံ့,ကဲကဲ ,ကေသီ ,ချယ်ရီကို, ကဗျာချို , မေပန်းချီ, ရှင်ယွန်းမြတ်, ဝင့်ဝါမေ,မေနန်းမောင်,ဝင့်ဝါမောင်,ဆောင်းကလေး,နွေဝါချစ်,နွေဝါမေ,ဝိုင်းမေဦး,ပိတောက်မေ,ဂျူးဂျူးကေ,ယဉ်ယဉ်လေး, နိုနိုချစ်, အိန်ဂျယ်လေး, လင်းလင်းဖွေး, မေမိနွယ်, မြတ်နိုးအိမ်, စံပယ်ဖြူ, ခွာညိုနန်း, အင်ကြင်းမေ, ပန်းဝတ်မှုံ, စကီမေ,လင်းလက်မေ, လေးလေးမောင်,လေးလေး,မိုးမိုးဆန်, ကြယ်ကလေး, ဂျူးလီယာ,ပန်းကေသီ, အဲဗားစမိုင်းလေး, ဖြူလေးသွယ်, မေနန်းဝါ, ထွေးငယ်ငယ်, သွန်ငယ်လေး,တင်လှလေး, မေသက်ထား, အိရွှေစင်, ပန်းမို့မို့, စင်ဒီဒါ,ပြည့်ပြည့်, မွန်မွန်သော်,ကြည်ဦးမေ, အိလေးတွယ်, မေဦးခင်, ဇင်ဇင်မေ,ဇင်ပန်းလေး , သဲတုန်လေး,ဌေးဌေးချစ်,ငွေမှုန်ဖြူ,အိသဲမွန်, မေဇာခြည်, လင်းဇာလေး, မိုးပြည့်သွယ်, ဒါဒါချစ်, နွယ်နီမေ,နီလာချစ်, ချစ်ဆုံးလေး,ဗိုလ်မလေး,သဲနုပိုင်,ထွေးပိုင်မေ, ဖွေးဖွေးနု, မေဘရဏီ, မိုင်လေး,ယမင်းမုံ,ယုယချစ်, နန်းယွန်းယွန်း,စံပယ်ခြူး, လေးနွယ်နွယ်, မေဝိုင်းလေး, သီတာမေ, သော်တာမေ, လမင်းမေ, ရွှေရေးပန်း, ငုဝါထွေး, မေလမင်းဖြူ, ပန်းအိဒြေ, မေခြူးသဉ္ဇာ, အိမ့်ချယ်ရီချစ်,ကြည်ဖြူရှင်,ကြည်ဖြူမေ,ရွှေပန်းချီ,မေပန်းချီ,ငွေကြယ်စင်ဦး, လင်းလက်ရွှေစင်မေ, မေယမင်းအိဒြေ, ခင်လပြည့်ချစ်, အွန်လေး,ယမင်းသော်တာငွေ , အလင်္ကာမေ, ဒီဇင်ဘာဆောင်း, မေနိုင်းမောင်, သွန်းရွေရည်, ရွှေရုပ်လွှာမေ, ကြာညိုသင်း, မေသံစဉ်ချို, ဇွန်သံယောဇဉ်, သွန်းရွှေရည်မောင်, ဟန်နီမေ, သိမ့်၂တုန်, မေသန္တာ, ပန်းယမုံ, ချစ်စုမေ, ချစ်သဲဦး, ခရေပန်းကလေး, မေဖူးမောင်, ဆုမြတ်ကို,ဆုမြတ်မေ,ဆုပြည့်နွယ်, ဆောင်းတွင်းမေ, ဆောင်းနှင်းမေ,မိုးယုဇွန်, ပိုးဥနွယ်, ပိုးကလေး, နန်းကေသီ, ညိုမီအောင်, မေထူးထူး, ဆိုင်းပန်ဆီ, မေဆူး, မေရတနာဖွေး, ဖြူဖွေးမောင်, အကြင်နာမေ, မေ၀င့်ဝါ, ဇင်သူဇာ, မူယာဖွေး, ဖြူပြာနွယ်, ကြည်ပြာသော်, မေဘဏီသော်, နေခြည်ဖြူ, အိဖြိုးချစ်, နန်းသိင်္ဂီ, သဉ္ဇာဆောင်း, သင်းပျံ့မေ, မိုးယုမောင်, ပန်းဥမ္မာ, မြတ်ဆုဖွေး, မိုးနွယ်နီပန်း, ၀သန်မိုး,ဆောင်းဟေမာန်, မိုးဝါဆို, ဆုလေးမေ, မေမျက်သွယ်, ပန်းချီထွေးမေ,ဇွန်လှိုင်း, ရည်မွန်သော်, နန်းကြည်ဖြူ, ဇင်သက်ဝေ, သက်ထားဇွန်,သံစဉ်ဝေ, ဆုဝေမိုး, နန်းဆိုဖီယာ,နွယ်စန္ဒီ,ထွေးကလေး,အွန်လေး,ထိန်ထိန်လေး, ခတ္တာ ....

သူတို့လေးတွေရဲ့ စားဝတ်နေရေးအတွက် အကူအညီလိုအပ်ပါမယ်

ညီကိုတို့အနေနဲ့ အဖြူအမဲ မခွဲခြား တတ်နိုင်တဲ့ဘက်မှ အမြန်ကူညီကြဖို့ နိုးဆော်အပ်ပါကြောင်း . . .

အရေးကြီးရင် သွေးနီးရပါမယ် 💪💪💪

ပရဟိတဂိုဏ်းချုပ်

- ကျော်ကြီး

*ကူညီပေးဖို့ mentionခေါ်ပေးကြပါအုံး🙏

Credit

Just for funny 🤌

လူငယ်များ အထောက်အထားနဲ့ အာမခံချက်အပြည့်ရှိမှ ဟားခါးကနေထွက်ခွာခွင့်ရမယ်လို့ဆို========ဇူလိုင် ၁၇ ရက်၊ ၂၀၂၅။ချင်းပြည်နယ်၊ ...
17/07/2025

လူငယ်များ အထောက်အထားနဲ့ အာမခံချက်အပြည့်ရှိမှ ဟားခါးကနေထွက်ခွာခွင့်ရမယ်လို့ဆို
========

ဇူလိုင် ၁၇ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိလူငယ်များအနေဖြင့် ဟားခါးမြို့နယ်ထဲကနေထွက်ခွါမယ်ဆိုပါက သက်ဆိုင်ရာအထောက်အထားနဲ့ အာမခံချက်ရှိမှသာ ထွက်ခွါလို့ရမှာဖြစ်တယ်လို့ CDF-Hakha ဗဟိုကောင်စီက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

CDF-Hakha ဗဟိုကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ဟားခါးကနေ တခြားဒေသကိုထွက်ခွါလိုတဲ့လူငယ်တိုင်းကို ထောက်ခံစာရေးပေးလို့မရကြောင်း၊ ထွက်ခွါလိုသူဟာ နာမကျန်းသူဖြစ်ပါက သက်ဆိုင်ရာ ဆရာဝန်ရဲ့ဆေးလက်မှတ်လို အပ်ကြောင်း၊ မိသားစုဆွေမျိုးများထဲက နာရေးကိစ္စဖြစ်ရင်လည်း အထောက်အထား ပြည့်ပြည့် စုံစုံလိုအပ်မယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အဆိုပါထောက်ခံချက်များနဲ့အတူ ဟားခါးမြို့နယ်ကိုစွန့်ခွါသွားသူအနေဖြင့် ပြန်မလာတော့ရင် ကျွန်တော့်ကိုဖမ်းဆီးနိုင်တယ်ဆိုပြီး အာမခံပေးနိုင်တဲ့သူရှိမှသာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သင်းအုပ်ဆရာများက ထောက်ခံစာရေးပေးရမှာဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်အနေဖြင့် ဟားခါးမြို့နယ်ကိုပြန်မလာပါက အာမခံပေးထားသူရဲ့တာဝန်သာဖြစ်တယ်လို့ဆိုပါတယ်။

တစ်ချိန်တည်းမှဘဲ ဟားခါးမြို့နယ်ထဲကိုပြန် လာကြဖို့ ဖိတ်ခေါ်ထားတဲ့ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြားလူငယ် များအနေဖြင့် ဟားခါးမြို့ နယ်ထဲကိုပြန်မလာပါက နောက်နောင်ဟားခါးမြို့နယ်ထဲအဝင်အထွက် ပိတ်ဆို့သွား မယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

CDF-Hakha ဗဟိုကောင်စီဟာ ဟားခါးမြို့နယ်အတွင်းရှိတဲ့လူငယ်များနဲ့ပတ်သက်လို့ လူငယ်များအားလုံးဟားခါး မြို့နယ်ကိုမစွန့်ခွါကြရန်၊ အရံစစ်သင်တန်းတက်ကြရန်၊နယ်ခြားရောက်နေသူများအနေဖြင့် ဇူလိုင်လ မကုန်ခင် ဟားခါးမြို့နယ်ထဲကိုပြန်လာကြရန် နဲ့ နိုင်ငံခြားရောက်ရှိနေသူများအနေဖြင့် ၂၀၂၅ ခုနှစ်ထဲမှာအနည်း ဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ထောက်ပို့ကြဖို့ ဇူလိုင်လ ၂ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

သတင်း - Mickey

Credit Zalen

ဒီလိုငရုတ်ကျည်ပွေ့ဘဲ ရေရှည်သားစဥ်မြေးဆက် သုံးလို့ရတာပေါ့ 🤌
13/07/2025

ဒီလိုငရုတ်ကျည်ပွေ့ဘဲ ရေရှည်သားစဥ်မြေးဆက် သုံးလို့ရတာပေါ့ 🤌

သိန်း 420 နဲ့ မြို့လည်ခေါင် လမ်းမကြီးဘေး ဆေးရုံနီးစျေးနီး ကျောင်းနီး အဆင်သင့်တက်နေလို့ရတဲ့ ရေမီးအစုံ လုံးခြင်းကိုအရောင်း...
12/07/2025

သိန်း 420 နဲ့ မြို့လည်ခေါင် လမ်းမကြီးဘေး ဆေးရုံနီး
စျေးနီး ကျောင်းနီး အဆင်သင့်တက်နေလို့ရတဲ့ ရေမီးအစုံ လုံးခြင်းကိုအရောင်းပြပေးပါမယ်

🚔 အိမ်စီးကား ထားလို့လဲရ ပါတယ် 🚑

တည်နေရာ- ပင်လုံလမ်းမတော်ထိပ်

အကျယ်အဝန်း - 8 ပေ ပတ်လည်

✅ ပိုင်ရှင်တိုက်ရိုက်စျေးညှိပါ

❌ အိမ်ခြံမြေပွဲညွှန့်တင်ခြင်း လုံးဝမပြုလုပ်ပါ ❌

☎09- 911 911 911
☎09-119 119 119

Just for funny

“ဟုန်ဟုန်ဟုန်” လို့သုံးခါရွတ်ပြီးဆုတောင်းပါ အချစ်ရေးကံကောင်းမည် 🙏
12/07/2025

“ဟုန်ဟုန်ဟုန်” လို့သုံးခါရွတ်ပြီးဆုတောင်းပါ အချစ်ရေးကံကောင်းမည် 🙏

နိုင်ငံရေးပီးလို့ ကျောင်းပြန်တက်သောအခါ🤣
06/07/2025

နိုင်ငံရေးပီးလို့ ကျောင်းပြန်တက်သောအခါ🤣

ဟားခါးမြို့နယ်လူငယ်များ စစ်သင်တန်းမတက်မနေရ၊ မြို့နယ်ပြင်ပမထွက်ခွာဖို့ CDF ဟားခါးဗဟိုကောင်စီ ထုတ်ပြန်ချင်းပြည်နယ်၊ ဟားခါး...
04/07/2025

ဟားခါးမြို့နယ်လူငယ်များ စစ်သင်တန်းမတက်မနေရ၊ မြို့နယ်ပြင်ပမထွက်ခွာဖို့ CDF ဟားခါးဗဟိုကောင်စီ ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာနေထိုင်တဲ့ အမျိုးသားများအားလုံး မြို့နယ်ပြင်ပမထွက်ခွာဖို့နဲ့ စစ်မှုမထမ်းမနေရအမိန့်ကို CDF ဟားခါးဗဟိုကောင်စီက ဒီကနေ့ရက်စွဲဖြင့် စာထုတ်ပြန်ထားပါတယ်။

ယင်းအမိန့်ထုတ်ပြန်ချက်အပြည့်အစုံမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကစပြီး ဟားခါးမြို့နယ်အတွင်း မွေးဖွားသူ၊ နေအိမ်အခြေတကျနေထိုင်သူ လူငယ်များအားလုံး အောက်ပါထုတ်ပြန်ချက်များကို လိုက်နာကြဖို့ထုတ်ပြန်အပ်ပါတယ်။

၁။ လူငယ်များအားလုံး ဘယ်သူမဆို ဟားခါးမြို့နယ်ပြင်ပမထွက်ခွာဖို့ နဲ့ထွက်ခွာရန်ကြိုးပမ်းသူများကို ဂိတ်ကနေပြန်လှည့်ခိုင်းမှာဖြစ်တယ်။

၂။လူငယ်အမျိုးသားများအားလုံး ဟားခါးမြို့နယ် အရံသင်တန်း (Hakha Township Reserve Training) တက်ရမယ်။

၃။နွေဦးတော်လှန်ရေးအတွင်း မီဇိုရမ်နဲ့ ပြည်တွင်းအခြားမြို့သို့ရောက်ရှိနေတဲ့ လူငယ်အမျိုးသားများအားလုံး ဟားခါးမြို့နယ်သို့ ဒီနှစ် ဇူလိုင်လမကုန်ခင် ပြန်လာကြဖို့

၄။နွေးဦးတော်လှန်ရေးကာလတွင် နိုင်ငံခြားရောက်ရှိသူများ ၂၀၂၅ ခုနှစ်အတွင်း ကန်ဒေါ်လာ တစ်ထောင်စီ ရံပုံငွေထည့်ဝင်ကြဖို့ စသည်ဖြင့် ထုတ်ပြန်ထားပါတယ်။

သတင်း-HP

Credit Zalen

ที่อยู่

Amphoe Phan Thong

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကလေးမြို့နယ်ဒေသတွင်း မီဒီယာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์