17/06/2024
နန်းစုရတီစိုးကိုအားကျပြီးတော့ ကိုယ်ပိုင်ဂျင်း Brand ထထုတ်ခဲ့တဲ့ မေမြင့်မိုရ်
မင်္ဂလာပါ ပရိတ်သတ်ကြီးရှင့်
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ
လူတွေရဲ့အသိပညာဗဟုသုတတွေကလည်း
တိုးတက်ပြောင်းလဲလာပြီပဲဖြစ်ပါတယ်။
အလှအပရေးရာမှာဆိုရင်လည်း
အသားအရည်လှအောင် Skincare သုံးရမယ်ဆိုတဲ့အချက်ကို
တော်တော်များများသိလာကြပြီပဲဖြစ်ပါတယ်။
ဒါ့ကြောင့် အမျိုးသမီးတွေတင်မကဘဲနဲ့
အမျိုးသားတွေကပါ Skincare ကို စမ်းသုံးလာကြပြီပဲဖြစ်ပါတယ်။
ဒါပေမယ့် တချိုနယ်ဘက်တွေမှာတော့
Skincare နဲ့ပက်သက်ပြီးတော့
အခြေခံအချက်တွေကို သိတဲ့သူရှားပါတယ်။
ဒါ့ကြောင့် skincare ဖြစ်ရင်ပြီးရောဆိုပြီးတော့
သုံးနေကြတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။
သူတို့အနေနဲ့ မင်းသားမင်းသမီးတွေနဲ့
Cele တွေသုံးသမျှကို အဟုတ်ထင်ပြီးတော့
ဝယ်သုံးနေကြတာဖြစ်ပါတယ်။
ခက်တာက အဲဒီမင်းသားမင်းသမီးတွေနဲ့ Cele တွေကပဲ
ပြည်သူတွေကို ဂျင်းထည့်နေတာဖြစ်ပါတယ်။
ထိုင်းဘက်က လူမသုံးတဲ့ပစ္စည်းမှန်သမျှဟာ
မြန်မာပြည်ထဲကို အလုံးအရင်းနဲ့ဝင်လာကြတာဖြစ်ပြီးတော့
အဲဒီပစ္စည်းတွေကို မင်းသားမင်းသမီးတွေနဲ့
Cele တွေကပဲ ကြော်ငြာပေးနေကြတာဖြစ်ပါတယ်။
များသောအားဖြင့် ဒီပစ္စည်းတွေဟာ MLM စနစ်နဲ့ဝင်လာတဲ့
ပစ္စည်းတွေဖြစ်တာကြောင့် ခေါင်းဆောင်တွေကပဲ
အမြတ်ကြီးစားသွားကြပါတယ်။
ဂျင်းထည့်လိုဝပြီဆိုရင်တော့
အဲဒီ brand ကိုဖြုတ်ချပြီးတော့
နောက်နာမယ်တမျိုးနဲ့ ထပ်ဝင်လာကြပြန်ပါတယ်။
ဒီလိုဂျင်း Brand တွေကိုလည်း မင်းသားမင်းသမီးတွေက
သိသိကြီးနဲ့ ကြော်ငြာကြေးကြီးကြီးယူပြီးတော့
ကြော်ငြာပေးနေကြတာဖြစ်ပါတယ်။
အခုဆိုရင် ကြော်ငြာရိုက်ပေးရုံတင်မကဘဲနဲ့
မင်းသားမင်းသမီးတွေကိုယ်တိုင်က
ပြည်သူတွေကိုဂျင်းထည့်ဖိုဆိုပြီးတော့
ကိုယ်ပိုင် Brand တွေကို အပြိုင်အဆိုင်ထုတ်လာကြပါတယ်။
ပထမဆုံးနာမယ်ကြီးလာတဲ့သူက မင်းသမီးနန်းစုရတီစိုးပဲဖြစ်ပါတယ်။
မင်းသမီးနန်းစုရတီစိုးရဲ့အောင်မြင်မှုကိုသဘောကျပြီးတော့
နောက်ကလိုက်လာတဲ့သူကတော့ မေမြင့်မိုရ်ပဲဖြစ်ပါတယ်။
သူမကလည်း နန်းစုရတီစိုးရဲ့အောင်မြင်မှုတွေကိုအားကျပြီးတော့
ကိုယ်ပိုင် Skincare brand တခုကို စထုတ်ခဲ့ပါတယ်။
ကိုယ်ပိုင်ဘရန်းတွေထုတ်တာက အဓိကမဟုတ်ပေမယ့်
သူတိုထုတ်လိုက်တဲ့ဘရန်းတွေက စိတ်မချရဘူးဆိုပြီးတော့
လူပြောများနေတာဖြစ်ပါတယ်။
တကယ့်နာမယ်ကြီးဘရန်းတွေတောင်မှ Product တခုကို
သေသေချာချာအချိန်ပေးပြီးတော့ အကြိမ်ကြိမ်စမ်းသပ်ပြီးမှ
ထုတ်နေကြတဲ့ခေတ်ကြီးမှာ
သူတို့ကတော့ Skincare တွေ၊ Collagen တွေကို
လွယ်လွယ်ပဲ ကောက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့အနေနဲ့ ဘယ်လိုစမ်းသပ်ပြီးတော့
ဘယ်လိုထုတ်ခဲ့ကြတယ်ဆိုတာ တော်တော်စဥ်းစားစရာဖြစ်ခဲ့ပါတယ်။
တချို့ကတော့ သိန်းတစ်ရာကျော် နှစ်ရာလောက်ရှိရုံနဲ့
ထိုင်းစက်ရုံတွေမှာ ကိုယ်ပိုင် Brand ထုတ်လိုရတယ်ဆိုပြီးတော့
Sharing လုပ်ထားကြပါတယ်။
ဆိုတော့ နန်းစုရတီစိုး၊ Alice နဲ့၊ မေမြင့်မိုရ်တိုကလည်း
ဒီလိုစက်ရုံတွေကနေ အလွယ်တကူဝယ်ပြီးတော့ ထုတ်ထားတာ ဖြစ်နိုင်ပါတယ်။
နာမယ်ကြီးဘရန်းတွေလိုမျိုး
စိတ်ချရတဲ့ဆရာဝန်တွေဘာတွေမရှိဘဲနဲ့ FDA ရရုံနဲ့
ထုတ်နေကြတာဖြစ်တာကြောင့် လူပြောစရာဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် စျေးကလည်း သုံးဗူးလောက်ပါတဲ့
တဆက်ကိုမှ တစ်သိန်းကျော်လောက်အထိရှိနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ပရိုမိုးရှင်းဆိုပြီးတော့
စျေးကို ၈သောင်းကျော်လောက်အထိချပေးထားပါတယ်။
ဒါပေမယ့် ဘာပဲပြောပြော ဒီစျေးနဲ့ဆိုရင်တော့
တခြားစိတ်ချရတဲ့ brand မျိုးကို တဆက်လောက်ဝယ်ပြီးတော့
သုံးလိုရနေပြီပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စျေးကြီးပြီးတော့
စိတ်မချရတဲ့ဂျင်းဘရန်းပိုင်ရှင်မမတွေကို
ပြည်သူတွေက ပြစ်တင်ဝေဖန်ထားကြတာပဲဖြစ်ပါတယ်။