ဖတ္စရာ/မွတ္စရာမ်ား

ဖတ္စရာ/မွတ္စရာမ်ား ဖတ်စရာ / မှတ်စရာpage ရဲ့စာပေများကိုဖတ်ရှု့လေ့လာရပြီး
ဘဝအတွက်အားဆေးတစ်ခွက်ဖြစ်ပါစေ

 # #စာအုပ် Application စုစည်းမှု  # #အရှင်ဉာဏဝံသ(ပဇင်းနိမ့်)၁။ ပရိတ္တဓမ္မသုတ်တော်များ Apkhttps://www.mediafire.com/downl...
03/06/2025

# #စာအုပ် Application စုစည်းမှု # #အရှင်ဉာဏဝံသ(ပဇင်းနိမ့်)

၁။ ပရိတ္တဓမ္မသုတ်တော်များ Apk
https://www.mediafire.com/download/p5uarhmzew3hebn

၂။ ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း Apk
https://www.mediafire.com/download/p1askii2l5ehstg

၃။ သပြေကန် ပရိတ်ကြီးနိဿယသစ် Apk
https://www.mediafire.com/download/unk6476g8psf8yj

၄။ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ Apk
https://www.mediafire.com/download/uyvoxto5qoskb2x

၅။ ရွှေကျောင်းပျော် ဓမ္မအလင်္ကာပဒေသာ Apk
https://www.mediafire.com/download/66do0mcl1db2ma7

၆။ ဗုဒ္ဓဝါဒပြဿနာများ Apk
https://www.mediafire.com/download/e225piw05q3uxeb

၇။ အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲ Apk
https://www.mediafire.com/download/vbs4lukn5i1z04a

၈။ လကခွဏုဇုကမှး Apk
https://www.mediafire.com/download/aqye9op0y8xr9ht

၉။ သင်္ဂြိုဟ်ဘာသာဋီကာ Apk
https://www.mediafire.com/download/stofglotpx315vn

၁၀။ သိမ်သင်တန်ကျမ်း Apk
https://www.mediafire.com/download/2lebfckukv02vjr

၁၁။ သိမ်မျိုးစုံ မဟာဋီကာကျမ်း Apk
https://www.mediafire.com/download/pmca1vwzw3s5tnf

၁၂။ သီမာဝိနိစ္ဆယကျမ်း Apk
https://www.mediafire.com/download/fgyqsmel3lgg59e

၁၃။ ဝိသုံဂါမသီမာဝိနိစ္ဆယ Apk
https://www.mediafire.com/download/y40zwve0hacaqpk

၁၄။ ကုန်ရောင်းကုန်ဝယ်တွက်နည်း pdf
https://www.mediafire.com/download/jnzk61pn8mqx0qw

**အရှင်ဉာဏဝံသ(ပဇင်းနိမ့်)

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

2018 တုန်းက တင်ခဲ့တဲ့ မူလပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်န...
30/03/2025

2018 တုန်းက တင်ခဲ့တဲ့ မူလပို့စ်ပိုင်ရှင်အား လေးစားစွာ Credit ပေးပါတယ်။

ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင် နိုးထလာပြီလားလို့ စိုးရိမ်နေမိတယ်။

human made တွေကြောင့်မဟုတ်တဲ့ သဘာဝငလျင်တွေဖြစ်လာမှုကို ပြန်ကြည့်ရင် ကမ္ဘာတိုက်ကြီးတွေဟာရွေ့လျားနေကြတဲ့ plate လိုခေါ်တဲ့ ကျောက်လွှာထု ကြီးတွေနဲ့ ဖွဲ့စည်းထားကြပါတယ်။ ဒီကျောက်လွှာကြီးတွေ ထိဆက်ထားတဲ့ join နေရာတွေဟာ fault လိုခေါ်တဲ့ ပြတ်ရွေ့ကြီးတွေ ဖြစ်လာကြပါတယ်။ ဒီ fault တွေ ပုံမှန်ရွေ့နေရာကနေ ရပ်ဆိုင်းခဲ့ရင်ဖြစ်ဖြစ်၊ ပုံမှန် မရွေ့တော့ရင်ဖြစ်ဖြစ် ကျောက်လွှာအံချော် slip ပြင်းထန်စွာ ဖြစ်ကြပါတယ်။ အဲ့အခါမှာ ပြင်းထန်တဲ့ ငလျင်ကြီးတွေဖြစ်လာကြပါတယ်။

မြန်မာနိုင်ငံဟာ India plate နဲ့ Eurasian plate နှစ်ခု တေ့ဆက်ထားရာ နေရာပေါ်မှာ ဖြစ်တည်နေတာပါ။ ဒီကျောက်လွှာထု plate ကြီး နှစ်ခု တေ့ဆက်ထားခြင်းကြောင့် စစ်ကိုင်း fault လို့ခေါ်တဲ့ ပြတ်ရွေ့ကြီး ဖြစ်ပေါ်လာပါတယ်။

မြန်မာပြည်မှာ အဓိကအားဖြင့် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ရွှေတြိဂံပြတ်ရွေ့ ၊ မိုးမိတ်ပြတ်ရွေ့၊ ချင်းတွင်းပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ တွေရှိတဲ့ အထဲမှာမှ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားပါတယ်။

ဒီစစ်ကိုင်းပြတ်ရွေ့ကို ၁၉၆၀ လောက်က စစ်ကိုင်းမှာပဲ ပညာရှင်တွေ စတင်လေ့လာချိန်မှာ သာမန် fault အသေးလေးဖြစ်နိုင်တယ်လို့ စတင်ခန့်မှန်ခဲ့ပြီးမှ
၁၉၆၉ လောက်မှာ အမေရိကန်က ဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ရယူလာတဲ့ ဒေါက်တာ ဦးဝင်းဆွေတို့ သေချာ သုသေတနပြုပြီးတဲ့ အချိန်မှာ
ဒီစစ်ကိုင်းပြတ်ရွေ့ဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး
မြန်မာနိုင်ငံကို တောင်နဲ့မြောက် လားရာအတိုင်း အလယ်က ပိုင်းထားပြီး
မြောက်ဘက် တိဘက် ကုန်းမြင့် ဟူးကောင်းချိုင့်ထဲဝင်ပြီးအိန္ဒိယထိရှည်လျားကာ မြန်မာနိုင်ငံထဲ တောက်လျောက်ဝင်လာပြီး
မိုးကောင်း မိုးမိတ် စစ်ကိုင်း အင်းဝ မန္တလေး ပျော်ဘွယ် မိတ္တိလာ မြစ်သား တောင်ငူ ပဲခူး သုံးခွ စတဲ့ မြို့ကြီးတွေကိုဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ တောင်ဘက် ကပ္ပလီပင်လယ် အိန္ဒိယ သမုဒ္ဒရာထဲ စိုက်ဝင်သွားပါတယ်တဲ့။
တနှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ရွေ့လျားနေတဲ့ ကြီးမားလှတဲ့ သက်ရှိပြက်ရွေ့ကြီးဖြစ်နေတာကို သိရပါတော့တယ်။ (မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ ပုဂံငလျင် အင်းဝငလျင် ပဲခူးငလျင် စတဲ့ ငလျင်ကြီးအားလုံးဟာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့်ပဲဆိုတာပါသိခဲ့ရပါတယ်)

ဒီလားရာ တနည်းအားဖြင့် ဆိုရရင် မြန်မာနိုင်ငံဟာတောင်ဘက်ကို အမြဲရွေ့လျားနေတဲ့ India plate နဲ့မြောက်ဘက်လားရာအတိုင်း ရွေ့လျားနေတဲ့ Eurasian plate ကျောက်လွှာချပ်ကြီး နှစ်ခု ကို ဘေးချင်းကပ်ထားတာနဲ့တူပါတယ်။ ( နောက်နှစ်သန်းပေါင်းတချို့မှာ မြန်မာနိုင်ငံဟာ တောင်မြောက်လားရာအတိုင်း နှစ်ခြမ်းကွဲသွားမယ်လို့ ပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။ ၂၀၀၄ က ဖြစ်သွားတဲ့ ကမ္ဘာကျော်ဆူနာမီ ဟာ ပင်လယ်ပြင်အောက်ထိဆက်နေတဲ့ ပျော့တဲ့ India plate ဟာ မာတဲ့ Eurasian plate အောက်စိုက်ဝင်သွားရာကနေဖြစ်လာတာပါ)

ဒီကျောက်လွှာကြီးနှစ်ချပ်ဟာ တေ့ဆက်ထားရာကနေ ပုံမှန်မဟုတ်ပဲ တခုကတောင်ဘက်ကိုရွေ့၊ တခုက မြောက်ဘက်ကိုရွေ့တဲ့အခါကျောက်လွှာအံချော်မှု slip ဖြစ်ပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေဖြစ်လာပါတယ်။ (ကျောက်လွှာကြီးတွေအံချော် slip ဖြစ်မှုကြီးရင်ကြီးသလို ဖြစ်ပွားရာ မြေတွင်းအနက် တိမ်ရင်တိမ်သလို ငလျင်တွေ ပိုပြင်းထန်ကြပါတယ်)

စစ်ကိုင်း faultဟာနှစ် ရှစ်ဆယ်က နေတစ်ရာကြား ပြည့်တိုင်းမှာအမြဲ ပြင်းထန်တဲ့ slipဖြစ်မှုနဲ့ အတူ ငလျင်ကြီးတွေ တကြိမ်ဖြစ်တတ်ပါတယ်။ သဘောက နှစ်တစ်ရာပြည့်တိုင်း ပြင်ထန်တဲ့ ငလျင် တကြိမ်ဖြစ်တတ်ပါတယ်။
သာဓကဆိုရလျှင် အထောက်အထားတွေအရ 1830 မှာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီးနောက်၊ 1930 ပဲခူးရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ပါတယ်။

ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာ နှစ် ၈၀ နဲ့ ၉၀ ကြားရှိခဲ့ပါပြီ။ ဒါကြောင့် ဒီပြတ်ရွေ့ဟာ နောက်တခါ ငလျင်ကြီးတွေထပ်လှုပ်လာနိုင်ပါတယ်။ (ငလျင် သဘောကလဲ ပြင်းထန်တဲ့ ငလျင်ကြီးတွေ မလာခင် (လာပြီးချိန်တွေမှာရော) ငလျင်သေး၂လေးတွေ ရာထောင်ချီ အရင်လှုပ်ပါတယ်။ သာမန်အတိုင်းဆို တုန်ခါမှုကို မသိနိုင်ပါဘူး။ ငလျင်တိုင်းစက်နဲ့ ဆိုရင်တော့သိပါတယ်။ ခု သူ ငြိမ်နေတာ နှစ် ကိုးဆယ်ထဲ ဝင်လာပြီ၊ ခဏ ခဏ လဲ လှုပ်လာပြီ၊ အားလုံး သတိရှိနေစေချင်မိတယ်ရှင့်။

ကမ္ဘာ့နိုင်ငံတွေဟာ သဘာဝဘေး အန္တရယ်နဲ့ပတ်သတ်လာရင် “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်” ဆိုတဲ့ စကားအတိုင်း မဖြစ်ခင်ကြိုတင် ကာကွယ်ကြပါတယ်။ ဒါ့အပြင် ဖြစ်ပြီးတဲ့အခါမှာလည်း ဘယ်လို ပြန်တည်ထောင်ရမလဲ၊ ဘယ်လိုပြန်ကုသရမလဲ စတဲ့ safe ဖြစ်မယ့် plan တွေကို ကလေးလေးကနေ အဖိုးအဖွား တွေအထိ လက်တွေ့၊ စာတွေ့ သင်ကြားပေးသလို၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာလည်း စီမံခန့်ခွဲမှုက စလို ထောင့်ပေါင်းစုံက ကျင့်သားပြည့်ဝနေအောင် အမျိုးမျိုး ကြိုးစားကြံဆောင်နေတဲ့ သူတွေချည်းပါပဲ။ ဂျပန်နိုင်ငံဟာ အကောင်းဆုံး ဥပမာပါရှင့်

မြန်မာပြည်မှာတော့ အထူးသဖြင့် သဘာဝဘေးအန္တရယ်နဲ့ ပတ်သတ်လာရင် ကာကွယ်ဖို့ထက် ဖြစ်ပွားပြီးမှသာ ရှင်းနေရတဲ့ စနစ်ထဲကနေ မရုန်းထွက်နိုင်သေးပါဘူး။ ဒါကြောင့် ခုလို ငလျင်ငယ်လေးတွေ ခဏခဏ လှုပ်နေတာကြောင့် အကြီးအကျယ် မလှုပ်ပဲငြိမ်သက်နေတဲ့ နှစ်တစ်ရာပြည့်ခါနီး စစ်ကိုင်းပြတ်ရွေ့ကြီးဟာ နောက်ထပ် ငလျင် ကြီး တခု လှုပ်ဖို့ သွေးတိုးစမ်း အားစုနေပြီးလားလို့ စိတ်ပူမိပါတယ်ရှင့်။
(1930 လှုပ်ချိန်က ပဲခူး ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေဟာ ဒီအချိန်လောက် မဖွံ့ဖြိုးသေးပါဘူး ခုချိန်လှုပ်ခဲ့ရင်မတွေးရဲပါ)

ဒါပြင် သဘာဝဘေး အကြီးအကျယ်ကြုံခဲ့တဲ့ ၂၀၀၈ နာဂစ် ပြီးနောက် မြန်မာနိုင်ငံ အတွက် အထူးသဖြင့် မြန်မာနိုင်ငံ သဘာဝဘေးအန္တရယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးအတွက် နောက်ထပ် စိန်ခေါ်လာတဲ့ သဘာဝဘေးအန္တရယ် တစ်ခုလားလို့ တွေးနေမိပါတယ် ..…

ပန်းနုနွယ်
Feb 14 2018
#ငလျင်

ထိုင်းရောက်မိတ်ဆွေများ သတိထားကြပါကြောက်စရာကောင်းတဲ့လိမ်နည်း&&&&&&&&&&&&&&&&&&&&&လိမ်နည်း​တွေကအရမ်းကိုစိုးရိမ်စရာ​ကောင်းလ...
12/07/2024

ထိုင်းရောက်မိတ်ဆွေများ
သတိထားကြပါ

ကြောက်စရာကောင်းတဲ့လိမ်နည်း
&&&&&&&&&&&&&&&&&&&&&

လိမ်နည်း​တွေကအရမ်းကိုစိုးရိမ်စရာ​ကောင်းလာပါပြီး
SCBထိုင်ဖာနစ်ဘဏ်တံဆိပ်လိပ်စာနဲ့ဘဏ်ကလက်​ဆောင်ပို့လာသလို Chargingပို့လာတာပါ ဖုန်းအားသွင်းမိတာနဲ့ ကိုယ့်ဘဏ်ထဲရှိတာအကုန်ပါသွားမှာဖြစ်ပါတယ်🚨

❌ มาทุกรูปแบบ รู้ก่อนจะโดน

ได้รับซองเป็นเครื่องชาร์จแบตอย่างดีจากธนาคาร SCB แต่ยังไม่ได้ชาร์จ.

สงสัยก็เลยถามญาติที่ทำงานแบงค์ เขาบอกห้ามเสียบห้ามทำอะไรเด็ดขาด.

มันเป็น call center ส่งมา. ถ้าเราเสียบชาร์จปั๊บหรือ power bank ที่มันส่งมา. มันจะดูดเงินทันที.
โทรไปเช็คกับแบงค์ SCB เขาบอกไม่มีการส่งอะไรไปให้ลูกค้าของแบงค์เลยอะคะ.

ฝากไว้ด้วย..ใกล้ตัวเข้ามาทุกที

Credit original post

မွန် မြန်မာ့မြို့ရွာဒေသများ၏ ရှေးဟောင်းအမည်များ ကန္တာရ၀တီ - ကယားကမ္ဘောဇ - ရှမ်းကုသိနာဂရ - ပုသိမ်ကေတုမတီ - တောင်ငူကေလာသ -...
30/01/2024

မွန် မြန်မာ့မြို့ရွာဒေသများ၏ ရှေးဟောင်းအမည်များ

ကန္တာရ၀တီ - ကယား
ကမ္ဘောဇ - ရှမ်း
ကုသိနာဂရ - ပုသိမ်
ကေတုမတီ - တောင်ငူ
ကေလာသ - တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်

သရေခေတ္တရာ - ပြည်
ကောသမ္ဘီ - ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ - ကျိုင်းတုံ
ခေါသန္တီ - မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ - ဧရာဝတီမြစ်ဝကျွန်းပေါ်

ဂန္ဓာရ - စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ - စလင်းအနောက်ဘက်
စိနရဋ္ဌ - ကချင်ပြည်နယ်
စန္ဒပူရ - မဏိပူရဘက်နယ်စပ်

စမ္ပာနဂရ - သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန - တောင်ငူနယ်
ဇေယျပူရ - စစ်ကိုင်း
ဇောတိနုဂရ - ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ {၁၂} နယ်

တတ္ထဒေသ - ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ - ဧရာဝတီမြောက်ပိုင်း
ဓညဝတီ - မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ - မြစ်ငယ်

ဒွာရာဝတီ - သံတွဲ
နဂရာဇာ - နဂရစ်
ပဉ္စာလရာဇ် - တကောင်း
ပဌမနဂရ - မကွေးတောင်ဘက်

ပေါက္ကရ၀တီ - ရန်ကုန်
မဟာနဂရ - မွန်ငယ်
မစ္ဆဂီရိ - ချင်းတောင်တန်း
မေဃဝတီ - မာန်အောင်
မိတ်ထီလာ - မိတ်ထီလာ

ယက္ခပုရ - သထုံ
ယောနက - ယော
ရတနပုရ - အင်းဝ
ရတနာတင်းတိမ် - တောင်တွင်းကြီး
ရတနာပုံ - မန္တလေး

ရာဇဂြီဟ - ကလေးအနီး
ရာမညဒေဝ - မွန်ပြည်နယ်
ရမ္မာဝတီ - ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ - ရွှေဘို
ဝေဘာရာ ဝေပုလ္လ - ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ - မြောက်ဦးအနီး

ဝိမဏု - ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ - ချင်းတွင်းမြစ်
သာကေတ - ရန်ကုန်
သာဂရ - ဆွာအနီး
သာယာဝတီ - သုံးဆယ်အနီး

သိရီခေတ္တရာ - မော်ဇာ
သိရီပစ္စရာ - ပုဂံအနီး
သိင်္ဂုတ္တရ - ရွှေတိဂုံကုန်းတော်
သုနာပရန္တ - ဧရာဝတီမြစ်မြောက်ဘက်

သုဓမ္မဝတီ - သထုံ
သုဝဏ္ဏဘူမိ - တိုက်ကုလား၊ အရက်သမ၊ဝင်က
သင်္ဃဿနာရ - တကောင်း
ဟရိပုဉ္စ - မွန်ပြည်နယ်/ ထိုင်း

ဟံသာဝတီ - ပဲခူး
အမရပူရ - တောင်မြို့
အရိမဒ္ဒနပူရ - ပုဂံ
အသီတဉ္စန - ရန်ကုန်

အလ္လကပ္ပ - စစ်ကိုင်းအနီး
အာဠဝတီ - မြစ်ကြီး
သြရိဿ - ပဲခူး
ဥက္ကလာပ - ရန်ကုန် တို့ဖြစ်ပါသည်။

#ဗဟုသုတအဖြစ်ပြန်လည်မျှဝေသည်။

 #ယောက်ျားတို့ဘုန်း.............................. #ပီယအားလုံး သိတဲ့ Story. တစ်ခုရှိတယ်။သံလျင်တစ်ဖက်ကမ်းက မင်းသမီးလေးရှင်...
29/01/2024

#ယောက်ျားတို့ဘုန်း..............................
#ပီယ

အားလုံး သိတဲ့ Story. တစ်ခုရှိတယ်။
သံလျင်တစ်ဖက်ကမ်းက မင်းသမီးလေး
ရှင်မွှေးလွန်းရှိရာ မင်းနန္ဒာ ကိုယ်တော်လေး
မိကျောင်းကြီး ငမိုးရိပ်ကို စီးပြီး လာတွေ့
တယ်။ လိုရင်းကိုပြောရရင် မင်းနန္ဒာ
ကိုယ်တော်လေး ရဲ့ ညာလက်ရုံးကို
ခေါင်းအုံး အိပ်ချင်တယ် ဆိုပြီး မင်းသမီးလေးက ပူဆာတယ်၊ ။
အဲဒီလို အိပ်စက်ခွင့်ပြုမှ မင်းသားလေးရဲ့
အချစ်ကို ယုံမယ်။ မင်းနန္ဒာ ကိုယ်တော်လေး က ချစ်လွန်းတော့
ခွင့်ပြုလိုက်တယ်။ ဒီတင် မင်းနန္ဒာ ကိုယ်တော်လေး ဘုန်းသမ္ဘာတွေနိမ့်ပါးပြီး
သေဆုံးသွားရတယ်။
မိန်းမ တစ်ယောက် ညာလက်မောင်းပေါ်ခေါင်းအုံး အိပ်တာနဲ့
ယောက်ျား တွေ ဘုန်းကံ နိမ့်ပါးရတယ်
ဆိုလျှင်.••••••••...............

"မင်းတို့ သေချာစဉ်းစားကြပါအုံး
နောက်တစ်ပါတ်နေမှ ပြန်လာခဲ့ကြ..
ခုဟာက သွေးပူနေတုန်းမို့ပါ။
ကဲ..ပြန်ကြ ပြန်ကြ...

ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကြည်ဇော်က
သူ့ရှေ့မှာ ထိုင်နေတဲ့ လူငယ်စုံတွဲကို
ပြောလိုက်တာပါ။

"ကျွန်မ နောက်တစ်ပါတ်အထိမစောင့်နိူင်ဘူး
အုပ်ချုပ်ရေးမှုး ခုပဲ ကွာရှင်းပေးပါ"

ကောင်မလေးက စ ပြီး အဲလိုပြောတယ်။
ဒီတင် သူ့ဘေးက ကောင်လေးက
တချက်မဲ့ပြီး

"ကျနော်လည်း ဒီလိုမိန်းမမျိုးကို နှစ်ခါပြန်
စဉ်းစား စရာတောင်မလိုပါဘူး။
ခု..ချက်ချင်း ကွာရှင်းချင်တယ်"

ဦးကြည်ဇော် ခေါင်းကို ရမ်းမိသည်။

"အဲဒီလိုလဲ မဟုတ်သေးဘူးလေ လင်နဲ့
မယားဆိုတာ အခန့်မသင့်ရင် ဒီလိုဖြစ်
တက်ပါတယ်ကွယ်။အဲဒီတော့ ဦးပြော
သလို တစ်ပါတ်လောက်တော့ စဉ်းစား
ပါအုံး။တစ်ပါတ်ပြည့်လို့မှ မင်းတို့နှစ်ယောက် စိတ်မပြောင်းဘူးဆုိရင်
မင်းတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်ရစေမယ်ကွာ။"

"ဒီလိုကောင်မျိုးက ရွှေထွက်နေတယ်ဆို
ရင်တောင် ကျွန်မကတော့မပေါင်းနိူင်ဘူး"

"မင်းဘာစကားပြောတာလဲ "

ကောင်လေးက ကောင်မလေး ပါးကို
ရိုက်ဖို့ လက်ဝါးကိုမြှောက်လိုက်သည်။

"ဟေ့ ဒါရုံးကွ မလေးမစား မလုပ်နဲ့"

ဦးကြည်ဇော်က ဒေါသတကြီး ထအော်
တော့မှ ကောင်းလေးက ရိုက်ဖို့ဟန်ပြင်
နေတဲ့ လက်ကိုချသွားသည်။

"ဦးလေးတို့မြင်တယ်နော် ဦးလေး တို့ရှေ့
မှာတောင် ကျွန်မကို ကိုယ်ထိလက်ရောက်
ရိုက်ဖို့ပြင်နေတာ၊ဒီအသက်အရွယ်သာ
ရောက်လာခဲ့တာ မိဘတွေက
လက်ဖျားနဲ့တောင် တို့ခဲ့ကြတာမဟုတ်ဘူး။
သူနဲ့ကျ မှ ဟင့်..ဟင့် ..ဟင့်.....

ပြောရင်း ကောင်မလေးက ငိုချလိုက်သည်။

"ဟ..ဟ..ဒါရုံးခန်းလေ ကလေးမ ဘာလို့
ငိုနေရတာတုန်း"

အုပ်ချုပ်ရေးမှုး အဖွှဲ့ဝင် ကိုဝင်းမောင်က
ဝင်ပြောသည်။

"ဒီမယ် ငါ့တူ ကိုယ့်မိန်းမပဲဆိုပြီး
ကိုယ်ထိလက်ရောက် ရိုက်နှက်လို့မရဘူး
ကွ၊ဥပဒေမှာ အိမ်တွင်းအကြမ်းဖက်မှု့လို့
ဆိုထားတယ်။နောက်မလုပ်ပါနဲ့။
ကဲပြောစမ်းပါ၊မင်းတို့ ဘာလို့ ကွာရှင်း
ချင်ရတာလဲဆိုတာ"

ထိုအခါ ကောင်လေးက သူ့ဘေးမှ
ကောင်မလေးကို မျက်စောင်းထိုး၍

"ကျနော့် နေရာမှာ ဦးလေးသာဆိုရင်
ရိုက်ယုံတင်မကဘူး သတ်ကို သတ်ပစ်မှာ"

"ဟေ..

ကောင်လေး အပြောကြောင့် ဦးကြည်ဇော်
အံ့အားသင့် သွားမိသည်။
ကောင်လေးပြောပြတဲ့ သူတို့လင်မယား
ခွာပြဲတဲ့ ကိစ္စက......................

"မောင် .. အပြင်မှာမိုးကျနေတယ် ခင်..လျှော်
ထားတဲ့ အဝတ်လေးတွေ ရုတ်[သိမ်း]ပေး
ပါအုံး.."

ခင်မေဦးက...မီးဖိုခန်းထဲကနေ ...
အလုပ်ကပြန်လာပြီး ဧည့်ခန်းထဲ
စာဖတ်နေတဲ့ သူ့ယောက်ျား စိန်မင်းထွန်း
ကို လှမ်းပြောလိုက်တာပါ။

"အင်းပါ .. အင်းပါ.. မောင် ရုတ်လိုက်မယ်"

စိန်မင်းထွန်းက သူမိန်းမ လျှော်ထားတဲ့
အဝတ်တွေကို အိမ်ထဲ ယူလာခဲ့လိုက်သည်။
ခဏနေတော့ ခင်မေဦးက စိန်မင်းထွန်း
သိမ်းလာတဲ့ အဝတ်တွေကို ထိုင်ခေါက်
နေလိုက်သည်။

"မောင်"

"ဟင် ဘာလဲ ခင်....

"ခင်..ထမီ တစ်ထည်ပါမလာဘူး"

ထိုအခါ စိန်မင်းထွန်းက ဖတ်လက်စ
စာအုပ်ကိုချ၍...

"ဟုတ်တယ်ခင်...မောင် မိန်းမ ထမီ
ကိုင်လာရင် ဘုန်းနိမ့်မှာကြောက်လို့
ထားခဲ့လိုက်တာ"

"ဘုန်း..နိမ့်မှာကြောက်လို့ "

ခင်မေဦးက သံယောင်လိုက်၍ပြောသည်။

"ဟွန့်..မှုံယိုနေရင် ထမိန်ကြား အသည်းအသန် ရှာနေတဲ့ကောင်တွေကများ"

သူ့ယောက်ျား နဲ့ စကားမများချင်၍ ခင်မေဦး
မကျေနပ်တာကို စိတ်ထဲကပဲ ပြောမိသည်။
သူ့နားကြာကြာနေရင် ရန်ဖြစ်မိမှာ စိုးတာနှင့် ရေချိုးခန်းဘက်သွားပြီး
ရေချိုးပစ်လိုက်သည်။

ရေချိုးပြီးလို့ အဝတ်အစား ဝတ်ဖို့ သူတို့
လင်မယားအိပ်တဲ့ အခန်းထဲဝင်လိုက်တော့
ထမီ ရင်လျားကြီးနှင့်သူမကို
စိန်မင်းထွန်းက...

"ခင်..မောင့်ခါးကွာ ဘာအဆင်မပြေတယ်မသိပါဘူး
ကိုက်နေလို့ အဲဒါ ခါးလေးပေါ် စိုးတက်ပြီး
တစ်ချက်နှစ်ချက် လျှောက်ပေးစမ်းပါ"

"ရတယ်လေ အဲဒါဆို မှောက်အိပ်လိုက်"

စိန်မင်းထွန်းက အိပ်ရာပေါ်မှောက်အိပ်
လိုက်သည်။ ခင်မေဦးက.. သူ့ယောက်ျား
ခါးပေါ်တက်၍ နင်းပေးလိုက်သည်။

"အင်းး ဟုတ်တယ် ၊ခါးစပ်လေး၊ ကျွတ်...
ကျွတ်... ကောင်းလိုက်တာကွာ၊စိုး..
မောင် ပက်လက်လှန်ပြီး ပေါင်လေးပေါ်
ခံအုံးမယ်ကွာ"

"ဟုတ်"

မှောက်ရက်ကနေ စိန်မင်းထွန်းက ပက်လက်လှန်ပြီး ပြောင်းအိပ်လိုက်သည်။

ခင်မေဦး..လည်း သူမယောကျာ်း ပေါင်ပေါ်တက်၍ နင်းရပြန်သည်။
မျက်စိမှိတ်၍ အနင်းခံနေတဲ့ စိန်မင်းထွန်းက
တစ်ခုတွေးမိသည်။

"ခါတိုင်းဆို ဒီမိန်းမ ဒီလောက် သဘော
မကောင်းပါဘူး၊ဒီနေ့မှ ဘာလို့ သဘော
တွေစွတ်ကောင်းနေရတာလဲ..😐

သူခိုင်းတာ လုပ်ပေးရင်တောင် ပါးစပ်က
ပွစိ..ပွစိနဲ့..အမြဲလုပ်နေတဲ့မိန်းမ..

"ပင်ပမ်းတာချင်းအတူတူ လူလာပြီး
အနင်းခိုင်းနေတယ်၊အိမ်မှာနေရပေမဲ့
သက်သာတယ်များထင်နေလားမသိဘူး"

ဆိုပြီး မပြီးတော့ဘူးပြောတာ၊ခုတော့
နည်းနည်းထူးဆန်းနေပြီ။

မှေးစင်းထားတဲ့ မျက်လုံးကို စိန်မင်းထွန်း
ဖွှင့်ကြည့်လိုက်တော့ ၊ပထမဆုံး သူ့မျက်လုံး
ထဲဝင်လာတဲ့အရာက မည်းနေတဲ့
အဝန်းဝိုင်းတစ်ခုက သူ့မျက်နှာနဲ့ကပ်လျှက်
မျက်စိထဲ ဒိန်းဆိုဆောင့်ဝင်တယ်။

ခေါင်းကိုဘယ်ပြန်ညာပြန်ရမ်းပြီး
သေချာအောင် သူမျက်လုံးကိုပွတ်ကြည့်
တယ်။စောက်ကန်းမ ကိုယ်တီးလုံးကြီး
နဲ့ သူ့အပေါ်ကနင်းနေတာ..😳

စိန်မင်းထွန်းလည်း ပါးစပ်က အယုတ္တ
အနတ္တတွေဆဲပြီး သူ့မိန်းမ ခင်မေဦးကို
သူ့အပေါ်ကနေ ကန်ချလိုက်တယ်..

"နင် ဘာလုပ်တာလဲ ထမီ မပါ အင်္ကျီမပါ
နဲ့ ငါ့ကို မလေးမစားလုပ်တာလား..😠

ဒီတင်..ခင်မေဦးက နုတ်ခမ်းကို မဲ့၍

"လေးစားလို့လုပ်တာလေ ၊ရှင်ပဲ ထမီကိုင်
ရင် ..ဘုန်းနိမ့်မှာကြောက်လို့ဆို၊အဲဒါကြောင့်
ထမီ ကွင်းလုံးချွတ်ပြီး တက်နင်းပေးတာ"

"ဒီမိန်းမ ကွာ..😬😬

ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက်
ထသတ်ကုန်ပြီး ရပ်ကွက်ရုံးရောက်၊
ကွာမယ် ၊ရှင်းမယ်ဖြစ်ကုန်တာ။

"ဟေ..😳

ရပ်ကွက်ရုံးက လူကြီးတွေ ဘာပြောရမှန်း
မသိဖြစ်ကုန်သည်။ အဖွှဲ့ဝင် ဦးမြဆွေက..

"ငါ့တူမကြီးက လုံချည်ကွင်းလုံးချွတ်မနင်းပဲ..

ဲ ဘောင်းဘီ လေးဝတ်နင်းပေးလိုက်
ရင်ပြီးတာကိုကွယ်..☺

"ဘောင်းဘီလည်းရမှာ မဟုတ်ဘူး ဦးလေး...😏

ဆိုပြီး မဲ့ရွဲ့ကာ ခင်မေဦးက ပြောသည်။

ဒီတင် ရုံးစာရေး တင်မောင်ကျော် ဆိုတဲ့
ကောင်က..

"ရိုက်တယ်နှက်တယ်သာပြောတယ်
အညိုအမည်း စွဲတာလည်းမတွေ့ပါလား..

"ရိုက်တာက ကျွန်မဖင်ကိုရိုက်တာလေ
သူ့လက်ကြီးနဲ့ ငါးချက်ခြောက်ချက်လောက်
ရိုက်တာ မယုံရင် ကျွန်မ ဖင်လှန်ပြမယ်...

မခံချင်စိတ်နဲ့.. ခင်မေဦးက..ပြောတော့ တင်မောင်ကျော်က ပြုံးဖြဲဖြဲဖြင့်..

"အဟဲ ပြရင် ပိုပြီး ခိုင်လုံတာပေါ့ ..😛

ခင်မေဦးက ထိုင်ရာကထပြီး ထမီ လှန်ဖို့
လုပ်တော့ သူ့ယောက်ျား စ်ိန်မင်းထွန်းက...

"နင်က ဘာကိစ္စ ဖင်လှန်ပြမှာလဲ..
ဟေ့ကောင် တင်မောင်ကျော် မင်းကရော
ဘာမို့လို့ ငါ့မိန်းမ ဖင်ကြည့်ချင်ရတာလဲ
လာခဲ့စမ်း...😡

ဆိုပြီး သူ့မိန်းမ လက်ကိုဆွဲပြီး
ရုံးထဲက ထွက်သွားတော့တယ်။
ရပ်ကွက်ရုံးက လူကြီးတွေလည်း
ကြောင်တောင်ကလားနဲ့ ကျန်နေခဲ့တယ်။
ထထွက်သွားတဲ့ ခင်မေဦးရဲ့ နောက်ပိုင်းကို
ကြည့်ပြီး သူတို့စိတ်ထဲ တွေးလိုက်မိတာက..

"ကောင်မလေး.. ဖင် ဘယ်လောက်များ
နာလိုက်ရှာမလဲဆိုပြီးပေါ့...😧😧

[31.7.2022]

ီယ

“လောက” မှာ…ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း“ကိုယ်ပါပဲ”ကိုယ်ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း“ကိုယ်ပါပဲ”ကိုယ့်ကို ...
23/01/2024

“လောက” မှာ…

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
“ကိုယ်ပါပဲ”

ကိုယ်ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
“ကိုယ်ပါပဲ”

ကိုယ့်ကို အောင်မြင်အောင် လုပ်နေတာလည်း
“ကိုယ်ပါပဲ”

ကိုယ့်ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
“ကိုယ်ပါပဲ”

“အဓိက” က ကိုယ့်ရဲ့ “စိတ်” ပါပဲ။
စိတ် ဆိုတာ အရမ်းကြောက်ဖို့့ကောင်းပါတယ်။

“စိတ်” ကောင်းထားတတ်ရင်
တန်ဖိုးရှိတဲ့“ဆေးတစ်ခွက်” ဖြစ်နိုင်ပြီး ……

မကောင်းတဲ့ “စိတ်” တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ “ဘေး” အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ် ……

ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက …
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား……

ရေနွေးပူ တစ်ခွက်ကို သင်ကြာကြာ
ကိုင်ထားကြည့်လိုက်ပါ…

သင်ကိုင်ထားသ၍ကတော့
အဲ့ဒီ ” အပူဒဏ် ”ကို
ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……

သင် လွှတ်ချ နိုင်လိုက်မှသာ
အပူဒဏ်နဲ့ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……

ဒီလိုပဲ ……
သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို
သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး …
သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……

မတွေးတော့ပဲ …
ဖြေရှင်းဖို့နည်းလမ်းရှာမှသာ ………
အဆင်ပြေမှာပါ ……

တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ်
တစ်ချို့က ဒါတွေကိုချစ်သူရည်းစားအတွက်
တစ်ချို့က အလုပ်အတွက်
ငွေကြေးပြသနာအတွက်
အစရှိတဲ့…… စိတ်ညစ်မှု့မျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
“ပြစ်ဒဏ်” ပေး အကျဉ်းချနေတာပါ ……

“အဓိက” ဘာလုပ်ရမှာလဲ..
ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ပါပဲ

“အကျိုးရှိရင် အကြောင်းရှိသလို”
အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမယ့်
နည်းလမ်းဆိုတာရှိစမြဲပါ …

သင်တို့လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း
စိတ်ညစ်ဖူးမှာပါ..

ဒါတွေက ခုချိန်မှာ ရယ်စရာ
တစ်ခုသာသာ ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ ။

အပျော်တွေကို ဖန်တီးပါ ။

စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ ……

“လောက” ကြီးက
“စိန်ခေါ်မှု့”တွေ အရမ်းများတယ်။

ဆုံးရှုံးမှု့ဒဏ်တွေ
ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေကို
သင်မခံနိုင် ရင် ” စိန်ခေါ်မှု့” တွေ များတဲ့
“လောက” ကြီးကို
ဘယ်လို ဆက်ပြီး ရင်ဆိုင်မလဲ………???

စဉ်းစားပါ ဆုံးရှုံးမှု့ဒဏ်တွေကို
ကိုယ် “သေကြောင်းကြံတဲ”့ နည်းနဲ့
ဖြေရှင်းမှာလား ……??

ဒါဆို သင် “လုံလောက်တဲ့”
ရင့်ကျက်မှု့မရှိသေးလို့ဆိုတာ မမေ့ပါနဲ့။

” လုံလောက်တဲ့ ” ရင့်ကျက်မှု့ရှိသူတိုင်းဟာ
” ကိစ္စတိုင်း”ကို ထည့်တွက်မနေကြပါဘူး။

“ပူလောင်မှု့” ကိုခံစားနေရတယ် ဆိုတာ
“မေတ္တာ” စိတ်မရှိလို့ပါ။

ပြီးတော့ ”အတ္တ” စိတ်ကြီးနေတာ

မိမိ ကိုယ် မိမိ ချစ်တာ

မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ

မိမိ မာန ကို “ရှေ့တန်း”တင်ပေးနေတာ

ဒီတော့ ဒါတွေမဖြစ်အောင်
သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် ……
ဒီလိုစိတ်ထားကြည့်ပါ ………

{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ

{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ

{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ……

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ “အမှား”ကို
မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး “ဂလဲ့စား” ချေခြင်းတစ်မျိုးပါပဲ ……

“ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး …

” မုန်တိုင်း” ပြီးရင်တော့
“လေပြေ” ရောက်လာစမြဲပါ ……

“အကောင်းဆုံး”တွေ လာဖို့
အဆိုးတွေ အရင် လာလည်တာပါ ……

“နေရိပ်” ကို လိုချင်လို
့နေပူထဲ ရပ်စောင့်နေရပါလားလို့
အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ

ငါ “ပေ” ဖြစ်နေလို့ခံနေရတာ
“တူ”ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့
စိတ်ဓါတ် မွေးကြည့်ပါ ..……

လူဘဝ ဆိုတာ တစ်ကယ်တော့
“ခဏတာ”လေးပါ အဲ့ထဲမှာ
သင်က ……
ထမင်းစားဖို့အသက်ရှင်နေတာလား ……?

အသက်ရှင်ဖို့ ထမင်းစားနေတာလား …… ?

ဆိုတာ အရင်တွေးပါ .……

“ကာဗွန်” ခြင်း တူရင်တောင်
မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ “စိန်” ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……

သင်အလုပ်တွေ လုပ်နေရင်းနဲ့
ပညာတွေဆက်ရှာပါ။

အမြဲမပြတ် လေ့လာပါ။

သင်ယူပါ။

ပြီးတော့ လူသားတွေ ကို
အကျိုးပြု နိုင်တဲ့ “ပရဟိတ” တွေများများလုပ်ပါ။

များများလှူပါ။

ကူညီပါ။

ဖေးမပါ။

စိတ်ကောင်းထားပါ။

“ရိုးသားစွာ” ကြိုးစားပါ ……

ကဲ .… ဒါဆို
သင် ဘဝတစ်ခုလုံးအတွက်
“တန်ဖိုး” ရှိစွာနေထိုင်နိုင်တဲ့
“လူ” တစ်ယောက်ဖြစ်သွားနိုင်ပါပြီ ။

Credit – Original uploader.

ပြန်လည်မျှဝေသည်

23/01/2024
အူမကြီးကင်ဆာနှင့် ရှားစောင်းလက်ပပ်----------------------------------အူမကြီး ကင်ဆာ ဘာကြောင့်ဖြစ်သလဲ-----၁-မျိုးရိုး လိုက်...
26/01/2023

အူမကြီးကင်ဆာနှင့် ရှားစောင်းလက်ပပ်
----------------------------------
အူမကြီး ကင်ဆာ ဘာကြောင့်ဖြစ်သလဲ-----
၁-မျိုးရိုး လိုက်ခြင်း။
၂- အမျှင်ဓါတ်နည်းသော အနောက်တိုင်းစတိုင် အစားအစာ များ စားသုံးမှု များခြင်း။
၃- အနီရောင် အသား နှင့် အသင့်စား စည်သွပ် အသားများစားသုံးမှု များခြင်း။
၄- ဝမ်းချုပ်ခြင်း။
၅-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း တို့ကြောင့်ဖြစ်ပါတယ်။

အူမကြီး ကို သန့်စင်ရန် လိုအပ်ခြင်း
-------------------------------
နေ့စဉ်စားသုံးနေသော အစား အစာ ထဲတွင် အ မျှင် ဓါတ် စားသုံးမှု နည်းသည့် အခါ မိမိ ဝမ်းသွား လျှင် အူမကြီး ၏ အတွင်းနံရံ သည် ပြောင်စင်မှု မရှိပဲ အစာဟောင်း အစာကြွင်း များ ကပ်ငြိ ကျန်နေ ခဲ့တတ် သည်။ ထို အကြွင်း အကျန်များ ကို အူမကြီး မှ အမြဲ မပြတ် စုပ်ယူနေ ခြင်း ဖြင့် toxins များ ခန္ဓာ ကိုယ်တွင်း သို့ ရောက်လာသည်။
ထိုအခါ လေပွခြင်း ၊ လေထခြင်း၊ မအီမသာဖြစ်ခြင်း ၊ ဝမ်းလျှောခြင်း၊ ခံတွင်းနံ့နံခြင်း၊ နုံးခြင်း ၊အစာအိမ် နာခြင်းတွေ ဖြစ်လာတတ် ပါတယ်။
သတိ မထားပဲ လစ်လျူ ရှု ထားမယ် ဆိုရင် ဗိုက်မအီ မသာဖြစ်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ အားမရှိ သလို ဖြစ်ခြင်း ၊အိပ် မပျော်ခြင်း၊ ယားယံခြင်း ၊ မကြာခဏ ခေါင်း ကိုက်ခြင်း ၊ ဇက်ကြော တက်ခြင်း၊ လိပ်ခေါင်း ဖြစ်ခြင်း တို့ ဖြစ်လာတတ် ပါတယ်။
ဒါ့ အပြင် အဝ လွန်ခြင်း ကို လည်း ဖြစ်စေပါတယ်။ မိမိ စားတဲ့ အာဟာ ရ တွေ ကိုလည်း အပြည့်အဝ စုပ်ယူ နိုင်မှာ မဟုတ် ပါဘူး။

အညစ်အကြေးနဲ့ထိတွေ့မှုများလာတဲ့အူမကြီး
-------------------------------------------------
Toxins တွေနဲ့ ထိတွေ့ နေရတဲ့ အူမကြီးဟာ ကြာတော့ ရောင်ရမ်းလာပါတယ်။ ရောင်ဖန်များလာတော့ ကင်ဆာ ဖြစ်လာတော့တာပေါ့။

အူမကြီးကင်ဆာ၏လက္ခဏာများ
-----------------------------------
၁-ဝမ်းလျှောလိုက်ဝမ်းချုပ်လိုက်ဖြစ်ခြင်း၊
၂-မကြာခဏ ဝမ်းကိုက်သလို ဖြစ်ခြင်း၊ ဝမ်းသွားလျှင် အရိအချွဲပါခြင်း၊
၃-ဝမ်းသွားလျှင်သွေးပါခြင်း (ဝမ်းအမဲရောင်သွားခြင်း၊
၄-မစင်တုံးသေးသေး မျှင်မျှင်သွားခြင်း၊
၅-သွေးအားနည်းခြင်း၊
၆-အစားပျက်ခြင်း၊
၇-ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်တတ်ပါတယ်။

ကင်ဆာ အဆင့်သတ်မှတ်ခြင်း
-------------------------------
အူမကြီး ကင်ဆာသည် အူ အတွင်းနံရံ မှ စတင်ဖြစ်ပေါ် လာပြီး ဘေးနံရံ သို့ ပျံ့နှံ့ ၊ ထိုမှ တဆင့် ဝမ်းဗိုက်အတွင်း ရှိကလီစာ များ ( များသောအားဖြင့် အသည်း) ကိုရောက်ရှိပျံ့နှံ့ ပါသည်။ ကင်ဆာ ပျံ့ပွါးမှု အပေါ်မူတည်ပြီး အဆင့် ၁-၂-၃-၄ သတ်မှတ်ပါသည်။ ကုလို့ ပျောက်မှာလား မပျောက်ဘူးလားဆိုတာကတော့ ကင်ဆာ အဆင့်ပေါ် မူတည်ပါသည်။

အူမကြီး ကိုဘာနဲ့သန့်စင်မလဲ
---------------------------
ရှားစောင်း လက်ပပ် စားရပါမယ်။ ရှားစောင်း လက်ပပ် အတွင်း အနှစ် ဂျယ် ကို လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ကြည့်ပါ။ ဆပ်ပြာ လို အမြှုပ်တွေ ထွက်လာတာ တွေ့ရပါမယ်။sarponin လို့ ခေါ်ပါတယ်။ သင့် အူမကြီး ကို ပြောင်အောင်ဆေးကြော ပေးမယ့် ပစ္စည်းပါ။

ရောဂါဘယ ကင်းဝေးကြ ပါစေ။
Credit ဒေါက်တာမိုးမိုးခိုင်-MB;BS, MD.AM(India)

"  လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "၁။မလိမ်ပါနဲ့လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ဒါကြောင့် တဖက်...
26/01/2023

" လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "

၁။မလိမ်ပါနဲ့

လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊
မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့

အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။

၃။မမုန်းပါနဲ့

ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။စိတ်မပူပါနဲ့

ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။
အကောင်းမြင်တတ်အောင် ကြိုးစားပါ။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၆။အမြင့်ဆုံးမှန်းပါ

ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ

ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။

၈။ရိုးစင်းစွာ ရှင်သန်ပါ

တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။
ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။
ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။
ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၉။များများပေးကမ်းပါ

ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၁၀။အမြဲတမ်းပြုံးပါ

ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၁။လက်မလျှော့နဲ့

ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။
စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၂။လက်လွှတ်တတ်ပါ။

ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။

၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ

လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို
နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ
နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။

၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ

တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။
သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။

၁၅။အချိန်ကို နေရာပေးပါ၊၊

မစောင့်ပါနဲ့

အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။
တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်

မေတ္တာဖြစ်ပြန်လည်မျှဝေပါသည်။
Crd

🍂 ကိုယ့်ကိုကိုယ်  သတိပေးတဲ့စာဖြစ်တယ် ခဏခဏပြန်ဖတ်ဖို့ 😊                                                      🍂 အစားလျှော့...
26/01/2023

🍂 ကိုယ့်ကိုကိုယ် သတိပေးတဲ့စာဖြစ်တယ်
ခဏခဏပြန်ဖတ်ဖို့ 😊

🍂 အစားလျှော့နိုင်ရင် ရုပ်ခန္ဓာ ကျန်းမာတယ်။

🍂 အသွားတွေ လျော့နိုင်ရင်
ခလုတ်တိုက်တာ နည်းသွားတယ်။

🍂 အပြောတွေ လျော့နိုင်ရင်
အမှားနည်းသွားတယ်။

🍂 အပျော်တွေ လျော့နိုင်ရင်
အပျက်တွေ နည်းသွားတယ်။

🍂 လိုချင်တာတွေ လျော့နိုင်ရင်
ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲတတ်လာတယ်။

🍂 သံသယတွေ လျော့နိုင်ရင်
နေရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတယ်။

🍂 မခံချင်စိတ်တွေ လျော့န်ိုင်ရင်
မကျေနပ်လို့ ရန်ဖြစ်တာတွေ နည်းသွားတယ်။

🍂 အားလုံးလျော့ န်ိုင်ရင်
စိတ်တကယ်ချမ်းသာတယ်။

🍂 ဘဝဆိုတာ တိုတောင်းပါတယ်။

🍂 ပိုနေတာတွေ လျော့ချပြီး၊
လိုအပ်တာတွေ ဖြည်းဆည်းနေဖို့လိုတယ်။

🍂 သံသရာ
အဆုံးမသတ်နိုင်သေးပေမယ့်
ကိုယ့်ကံကြမ္မာကို ကိုယ်သာဆုံးဖြတ်ရတာမို့...

🍂လျော့ချနိုင်ရင် လေးနေတာတွေ ပေါ့သွားပြီး
လျှောက်ရတာ ပိုပြီးခရီးပေါက်တာပေါ့။

https://youtu.be/SB17kYW4noI
22/01/2023

https://youtu.be/SB17kYW4noI

၁၉၅၃ ခုနှစ်တွင် အိန္ဒိယ နယ်စပ်က၊ ပေပေါင်း (၁၂၀၀၀) ကျော် အမြင့်မှာ ရှိတဲ့ ခန်းတောင်းမြစ် ရေခဲတောင် စခန်းမှာ လမ....

https://youtu.be/wqgWMPJIGAw
22/01/2023

https://youtu.be/wqgWMPJIGAw

"ရှေးဟောင်းပစ္စည်းတွေ စုဆောင်းထားရတာကို ဝါသနာပါတယ်။ တိဘက်-မြန်မာ နယ်စပ်မှာ ရှိတဲ့ ဖုန်ကန်ရာဇီ ရေခဲတောင်တွေ...

ที่อยู่

Ban Hat Yai

เบอร์โทรศัพท์

959440686940

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဖတ္စရာ/မွတ္စရာမ်ားผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์