Linn's Diary I never give up easily.

27/08/2026

#ဂျင်းထည့် ခံထားရတဲ့ ဗမာ့သမိုင်းသင်ရိုးညွှန်းတန်း

ဖျောက်ကွယ်ထားတာကို လိမ်တာလို့ သတ်မှတ်ရင် ကျမတို့ မျိုးဆက်တစ်ခုလုံး အလိမ်ခံရတာပဲ။ ဇာတ်လမ်းက ကမ္ဘောဒီးယားခမာဂျွမ်း စစ်သည်တပ်မကြီးကို စစ်သည်အင်အားလေးသိန်းနဲ့ ညီမျှတဲ့ ကျန်စစ်သား ငထွေရူး
ငလုံးလက်ဖယ် ညောင်ဦးဖီး
လေးယောက်တည်းနဲ့ နှိမ်နင်းတယ်လို့ သင်ကြားခံရတာက
စတယ်။ ကျမတို့ရင်ထဲ ဇာတိမာန်တွေ တဖွားဖွားထခဲ့တာများ ကျမတို့ နှလုံးသားထဲက အရိန္ဒမာ လှံကိုင်ထားတဲ့ ကျန်စစ်သားကို အခုခေတ်ပေါ် Viking နတ်ဘုရား Thor တောင်မမီဘူး။

နောင် ဆက်သင်ရတဲ့ သမိုင်းထဲမှာ ဂျပန်အကူအညီနဲ့အင်္ဂလိပ်တွေကို တော်လှန်လိုက်တယ်လည်း
ဆိုရော နေမဝင်အင်ပါယာကို တို့မြန်မာတွေ တော်လှန်နိုင်ပြီ ဆိုပြီး ဖီလင်တွေ တဖွားဖွား တက်တော့တာပါပဲ။

တစ်ခါ ဖက်ဆစ်ဂျပန်တွေကို မဟာမိတ်အကူအညီနဲ့
တော်လှန်နိုင်ခဲ့ကြောင်း သင်ရပြန်တော့ တို့မြန်မာတွေ ၊အတော်ဆုံးပဲဟေ့ ဆိုပြီး ဘဝင်မြောက်ခဲ့ တာများ၊ခြေထောက်က မြေကြီးနဲ့တောင် မထိချင်တော့ဘူး။

တိုင်းရင်းသားသောင်းကျန်းသူတွေ ရောင်စုံ၊ သူပုန်တွေကြောင့် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာ
သိမ်းလိုက်ရတယ် ဆိုတော့ စိတ်ထဲမယ် သူပုန်ထတဲ့၊တိုင်းရင်းသားတွေကို အမြင်တွေကတ်။ သူတို့မို့လို့ ၊ဖက်ဆစ်တွေလက်ထဲက ကယ်ခဲ့တဲ့ ကျေးဇူးကို ၊ကန်းတယ်လို့ မြင်လိုက်သေးတာပေါ့ ရှင်။

ဦးသန့် အရေးအခင်းမှာ ကံကောင်းလို့ မသေဘဲ
ကျန်ရစ်တဲ့ အဘိုးတစ်ယောက်က မင်းတို့တော့ သမိုင်းအမှားတွေ အသင်ခံရတာနဲ့ပဲ လမ်းလွဲပြီ လို့ပြောပြီး 'နှစ်ငါးဆယ်ကမ္ဘာ့ရေးရာ' သုံးအုပ်တွဲကို ထုတ်ပေးတယ်။ ဒါပေမဲ့ ဂျင်းထည့်ထားတဲ့ သမိုင်းက စွဲနေတော့ ကျမစိတ်ထဲ မြန်မာတွေဟာ အတော်ဆုံးပဲလို့ စွဲတုန်း။

ဇာတ်လမ်းက ဒုတိယကမ္ဘာစစ် ပစိဖိတ်သမုဒ္ဒရာ တလျှောက်မှာ ဂျပန်တွေနဲ့ တစ်ကျွန်းချင်း လိုက်တိုက်ခဲ့ရတဲ့ US Marine တွေ အကြောင်း၊ ရိုက်ထားတဲ့ Pacific ဆိုတဲ့ ဖြစ်ရပ်မှန် မှတ်တမ်း
ဇာတ်လမ်းတွဲ ကြည့်မိရာက စတယ်။

ရှစ်စတုရန်းမိုင်ပဲ ကျယ်တဲ့ မီးတောင်ကျွန်းကလေး
Iwo Jima ပေါ်က ဂျပန်စစ်သား၊ နှစ်သောင်း တစ်ထောင်ကို အမေရိကန်မရိန်း တစ်သိန်း တစ်သောင်း နဲ့ တိုက်တာ သုံးဆယ့်ငါးရက်ကြာတယ် လို့ သိရတော့ မြန်မာတွေ ဂျပန်ကို လွယ်လွယ်နဲ့ နိုင်ခဲ့သလိုလို ယုံကြည်ထားသမျှ အတွက် ကျမစိတ်ထဲ နည်းနည်း လေလာသလိုပဲ။

မိတ္ထီလာတိုက်ပွဲ အကြောင်းရှာဖတ်တယ်။ အဝေးပစ်၊ အမြောက်ကြီးတွေ နဲ့ အခိုင်အမာတပ်စွဲထားတဲ့ ၊ မိတ္ထီလာကို ဆာဝီလီယမ်စလင်းက တင့်ကားတပ်တွေ
သုံးပြီး အပြင်းတိုက်ယူရကြောင်း နားလည်လာတယ်။

မြစ်ကြီးနား တိုက်ပွဲအကြောင်း ရှာဖတ်တယ်။မြစ်ကြီးနားကို သိမ်းထားတဲ့ ဂျပန်တွေကို
ဗိုလ်ချုပ်ကြီး စတီးဝဲလ် ဦးစီးတဲ့ အမေရိကန်တပ်တွေ တရုတ်တပ်တွေ အမေရိကန်တွေ လေ့ကျင့်ပေးထားတဲ့၊ ကချင်ရိန်းဂျား ကွန်မန်ဒိုတွေဟာ 1944 မေ 17 ကနေသြဂုတ် 3 အထိ လနဲ့ချီပြီး ခဲရာခဲဆစ် တိုက်ယူခဲ့ရကြောင်း ဖတ်မိချိန်မှာ Shock ရသွားတယ်။

ကချင်တွေအပေါ် လေးစားတဲ့ စိတ်ဝင်ပြီး၊ အားနာလာတယ်။ ကချင်ရိန်းဂျားတွေ ဂျပန်ကို
တိုက်ခဲ့ရာမှာ မြန်မာအကူအညီ မပါခဲ့မှန်း ၊ သိလိုက်ရလို့ အထင်မှားမိ သမျှအတွက် ရှက်လာတယ်။

နောက်ဆုံးမှ နားလည်လိုက်တာက ဟိုဘက်ဒီဘက် ၊အင်အားသိန်းနဲ့ချီသုံးပြီး တင့်ကားတွေ အမြောက်ကြီးတွေ ဗုံးကြဲလေယာဉ်တွေ သုံးပြီး တိုက်ရတဲ့ အဆုံး အဖြတ် တိုက်ပွဲကြီးတွေကို၊ မြန်မာတွေ မတိုက်နိုင်ခဲ့ဘဲ အဲ့ဒီ တိုက်ပွဲကြီးတွေမှာ အထိနာပြီး ဆုတ်လာရတဲ့ စစ်ပန်းပြီး ကစဉ့်ကလျား
ဖြစ်နေတဲ့ ဂျပန်တွေကို ခြုံ ခိုပြီး ပျောက်ကြား တိုက်ခဲ့တာများတယ် ဆိုတာပဲ။

ဘာရှက်စရာရှိလို့ ဖုံးဖိရတာတုန်း။ ချားလ်စ်ဒီဂေါလ်ရဲ့၊ နာမည်ကျော် ပြင်သစ်ပျောက်ကြားတွေလည်း ဒီလို ပဲ ကြိုးစားပြီး နာဇီတွေကို ခဲရာခဲဆစ် ပျောက်ကြား
စစ်ဆင်ပြီး တိုက်ယူခဲ့ရတာပါပဲ။ အင်အားမတန်တဲ့ ရန်သူကို ရရာနည်းနဲ့ ခဲရာခဲဆစ် တိုက်ရတာ
ဂုဏ်ယူစရာပါ။ ရှက်စရာမဟုတ်။

တစ်ခုပဲကွာတယ်။ ဥရောပစစ်မျက်နှာရဲ့ စစ်ဦးစီးတွေဖြစ်ကြတဲ့ အိုက်စင်ဟောင်ဝါ ပက်တန် ဘရက်ဒလေမောင်ဂိုမာရီ တို့ကို
ဥရောပသားတွေ ဒီနေ့အထိ ဂုဏ်ပြုနေကြတုန်း။
ဂျာမန်ဗိုလ်ချုပ်ကြီး ရွန်းမဲလ်နဲ့ သူရဲ့ အာဖရိကကော့ပ်ကို အမွှမ်းတင်တုန်း။ ဒေါက်ဂလပ်စ် မက်အာသာကို၊ သူတိုက်ခဲ့တဲ့ ဂျပန်တွေက အခုထိလေးစားတုန်း။

မြန်မာပြည်စစ်မြေပြင်က ချားလ်စ်ဝင်းဂိတ်ချင်းနော့၊ ဝီလီယမ်စလင်း စတီးဝဲလ်၊ လော့ဒ်မောင့်ဘက်တန်
တို့က တော့ သမိုင်းမှာ Blur ခံရလို့ မြန်မာတွေ မေ့လိုက်ကြပြီ။ မျက်နှာဖြူနယ်ချဲ့ တွေဆိုပြီး
အ​ငြှိုးနဲ့များမေ့ပစ်တာများလား

ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်ပတ်လည်နေ့တိုင်းဥရောပမှာ
တူတူတိုက်ခဲ့ကြတဲ့ မဟာမိတ်တပ်တွေ ဂုဏ်ပြု စစ်ရေးပြချိန်မှာ မြန်မာပြည်မှာ စစ်ကြီးတုန်းက
တူတူတိုက်ခဲ့တဲ့ မဟာမိတ်တွေကို မေ့လိုက်ကြပြီ။

သမိုင်းကို ဖျောက်ကွယ်တာ ဆိုးပါတယ်။ စစ်ကြီး တုန်းက ပြင်သစ် ပျောက်ကြားတွေ ဒတ်ခ်ျပျောက်ကြား တွေ နော်ဝေဂျီယန်ပျောက်ကြားတွေလည်း နာဇီ တွေကို တတ်နိုင်သမျှ နည်းလမ်း နဲ့
တော်လှန်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ သူတို့တွေက ကိုယ့်လူမျိုးကိုယ် အမွှမ်းတင်ချင်တဲ့ မသမာစိတ်နဲ့
သမိုင်းကို ထိမ်ချန်ပြီး ရန်သူကို သေးသိမ်ပစ်လိုက် တာမျိုး မဟာမိတ်တပ်တွေရဲ့ အကူအညီကိုမှေးမှိန် ပစ်လိုက်တာမျိုး မလုပ်ကြဘူး။

ဒီလိုမျိုး သမိုင်းကို ထိမ်ချန်ကွယ်ဝှက်ပြီး မျိုးဆက်နဲ့ချီ
ဂျင်းထည့်တာကို လွတ်လပ်ရေးတိုက်ပွဲမှာ အသက်ပေး
တိုက်ခဲ့ရတဲ့ မြန်မာ့ရဲခေါင် ပျောက်ကြားတွေကို ဂုဏ်တင်ပေးချင်လို့ လုပ်တာပါလို့တော့ လာမဖာပါနဲ့။

မသိရင် သြစတြေးလျမြောက်ပိုင်းက ဒါဝင်မြို့ကို ဗုံးကြဲတဲ့အထိ ကြောက်စရာကောင်းခဲ့တဲ့ ဂျပန်တွေကပဲ၊ မြန်မာပြည်ရောက်မှ လဒူတွေ ဖြစ်ကုန်သလိုလို။
မြန်မာပျောက်ကြား တစ်ရာလောက်က ငပေါ ဂျပန်တပ်မကြီးကို ချေမှုန်းလိုက်သယောင်
ရေးထားတဲ့ သမိုင်းလိမ်ကြီးတွေကမှ ပက်စက်တာ။

အဲ့ဒီလို သမိုင်းကို လိုသလို ဖြတ်ညှပ်ကပ်ပြီး Fraud လုပ်ပစ်လိုက်တာကမှ တိုက်ရည်ခိုက်ရည်
ကောင်းလွန်းတဲ့ ဂျပန်တွေကို အသက်ပေးတိုက်ခဲ့ရတဲ့
မြန်မာ့ရဲခေါင်ပျောက်ကြားတွေရဲ့ ဂုဏ်သိက္ခာကို၊ စော်ကားရာရောက်တယ်။

မြန်မာပြည်ကောင်းကင်ယံမှာ ဂျပန်ဇီးရိုးဖိုက်တာတွေနဲ့၊ သုံးစင်း တစ်စင်းနှုန်း စီးချင်းထိုးခဲ့တဲ့ ဗိုလ်မှူးချုပ်ချင်းနော့ရဲ့ ကျားပျံတိုက်လေယာဉ် တပ်စုလေးက
ဗော်လန်တီယာ အမေရိကန်လေသူရဲတွေကို၊ ဖျောက်ထားလိုက်တယ်။

အိန္ဒိယကနေ မြန်မာပြည်ထဲကို ခရီးရှည်ထိုးဖောက် ခဲ့တဲ့
ချားလ်စ်ဝင်းဂိတ်ရဲ့ နာမည်ကျော် ခြင်္သေ့တပ် အကြောင်း လုံးဝမသိစေခဲ့ဘူး။ မြန်မာပြည်က ဘုရားတွေရှေ့မှာ စောင့်ရှောက်တဲ့ ခြင်္သေ့ကို အစွဲပြု ပြီး သူ့ကွန်မန်ဒိုတွေကို ခြင်္သေ့လို့ နာမည်တပ်တာနော်။

အာရှတိုက် ကုန်းတွင်းပိုင်းမှာ ဂျပန်ထိုးစစ်ကို၊ နောက်ပြန်လန်စေခဲ့ပြီး Turning Point ဖြစ်စေခဲ့တဲ့၊ အိန္ဒိယမြန်မာနယ်စပ်က ကိုဟီးမားတိုက်ပွဲနဲ့ ၊ အင်ဖာတိုက်ပွဲ အကြောင်းတွေကပဲ အရေးမပါသလိုလို။

ဗိုလ်ချုပ်ကြီး စတီးဝဲလ်နဲ့ ဗိုလ်ချုပ်ကြီးစလင်း အကြောင်း၊ သိစရာမလိုဘူးလား။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး၊နောက် ဦးနုကပါ အမှတ်တရ ဂုဏ်ပြု ခဲ့တဲ့ ရေကြောင်းဗိုလ်ချုပ်ကြီး လော့ဒ်မောင့်ဘက်တန် အကြောင်းလည်း
မသိလို့ ဖြစ်တယ်လား။

သူတို့အားလုံးက မျက်နှာဖြူ နယ်ချဲ့တွေ။ အရေးမပါဘူး။ တို့မြန်မာတွေ တော်လွန်းလို့ လွတ်လပ်ရေး ရလာတာ။ အဲ့ဒီိလိုများ မှတ်စေချင်တာများလား။
Brain Wash အလုပ်ခံရတာကြာရင် အကုန်သောက်ပေါ တွေချည်း ဖြစ်ကုန်လိမ့်မယ်။

အဲဒီလိုမဖြစ်ဖြစ်အောင် သမိုင်းကိုချန်ပြီး ဂျင်းထည့်သင်တာ
မကောင်းဘူးနော်။ ကြာရင် ကျမတို့ တိုင်းပြည်က လူတွေ သူများကိုလေးစား ရကောင်းမှန်း
မသိ ကိုယ့်အချင်းချင်းလည်း
မညီညွတ်တဲ့ လူပေါတွေဖြစ်လာတယ်။ ကြာရင် ဘဝင်ရူးဘဝနဲ့
တိုင်းပြည်ပျောက်လိမ့်မယ်။

သမိုင်းကို ဂျင်းဆက်မထည့်ကြပါနဲ့တော့ရှင်။
တော်ပါပြီ။ လူတွေလည်း 'အ' ကုန်လို့ 'အ'တဲ့ ဆင့်
လွန်ပြီး ပေါကြောင်ကြောင်နဲ့ ဘဝင်ရူးတွေဖြစ်ကုန်လို့တိုင်းပြည်လည်း နာလှပါပြီ။

Credit ➡️

18/08/2026

လူစိတ်ပျောက်နေတဲ့ကောင်တွေ ကိုယ်အမေ အရွယ်ကို လုပ်ရဲတယ်
အန်တီတောင်းပန်ပါတယ် မေးချင်တာမေးအကုန် ဖြေပေးပါမယ်ပြောနေတာကို လုပ်ရက် ကြတယ်
video link comment မှာ
စိတ်မခိုင်ရင်မကြည့်ပါနဲ့

15/08/2026

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တဲအိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီမိသားစုတွေဟာ ရေဘေးဒဏ်ကို ထပ်မံခံစားနေရတဲ့အပြင် ကာလရှည် စစ်ဘေးရှောင်ဘဝနဲ့ ရပ်တည်နေကြရသူတွေလည်း ဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ တည်ဆောက်ထားခဲ့တဲ့ ခိုလှုံရာအမိုးအကာလေးတွေဟာ ရေဘေးကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

မိသားစုတစ်စုအတွက် တဲတစ်လုံးကို ကျပ် (၁၀) သိန်း သတ်မှတ်ပြီး လိုအပ်နေတဲ့ မိသားစုတွေအတွက် ခိုလှုံရာ အမိုးအကာလေးတွေ ပြန်လည်တည်ဆောက်ပေးသွားမှာပါ။

တဲတစ်လုံးစာ ကျပ် (၁၀) သိန်းအပြည့် မတတ်နိုင်လည်း စိတ်မပူပါနဲ့။ တစ်သောင်း၊ ငါးသောင်း၊ တစ်သိန်း… ကိုယ်တတ်နိုင်သလောက် ပါဝင်မျှဝေပေးကြပါ။

လူအများရဲ့ စေတနာလေးတွေ စုပေါင်းလိုက်တဲ့အခါ မိသားစုတစ်စုအတွက် အမိုးအကာ ခိုလှုံစရာလေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

🙏 တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးကြပါ။
🙏 ဒီပိုစ့်ကို မျှဝေပေးခြင်းဖြင့်လည်း ကူညီပေးကြပါ။

#အညာရေဘေး
#ပြန်လည်ထူထောင်ရေး
#တဲအိမ်ပြန်လည်တည်ဆောက်ရေး
#မျှဝေခြင်းသည်မေတ္တာ

14/08/2026

ထိုင်းမှာနေရတာက
တရားဝင် နဲ့ တရား မဝင် ဘာကွာလဲ ဆိုတော့

ပိုက်ဆံ ကုန်ပြီး အဖမ်းခံရ ရင် ငွေပေးလို့ရတာနဲ့

အဖမ်းခံရ ရင် ပြန်အပို့ခံရတာ

ကြောက်ရတာကတော့ ၂ ဖက်စလုံးအတူတူဘဲ

ဘာသာပြန်မရလို့ ငါအလုပ်ရမပါ့မလား ဟင်
11/08/2026

ဘာသာပြန်မရလို့ ငါအလုပ်ရမပါ့မလား ဟင်

01/07/2026

အင်္ဂလန် ကတော့

29/06/2026

Celebrating my 12th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

23/06/2026

သတင်းထုတ်ပြန်ခြင်း
၂၃ ၊ ၆ ၊ ၂၀၂၆ ။

ရန်သူ့ Mi 17 တစီးကို မိမိတို့ မဟာမိတ်အင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့ပါသည် ။ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

မိဘပြည်သူများ ၊ ရဲဘော်များ လေကြောင်းဂရုစိုက်ကြပါရန် အထူးတိုက်တွန်းအပ်ပါသည် ။

မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်
Magway - PDF

တခြားနိုင်ငံမှာ နိုင်ငံသားဖြစ် ကြသူတိုင်း စိတ်မလုံစေမယ့် စာသားလေပါ  ကိုလင်းလင်း ရေ....
19/06/2026

တခြားနိုင်ငံမှာ နိုင်ငံသားဖြစ် ကြသူတိုင်း စိတ်မလုံစေမယ့် စာသားလေပါ ကိုလင်းလင်း ရေ....

ที่อยู่

Ban Lamai

เบอร์โทรศัพท์

+959968012999

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Linn's Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Linn's Diary:

ทางลัด

แชร์