The Justice Wave လွတ်လပ်ပြီးမျှတ တဲ့ သတင်းတွေကိုအစဥ်အမြဲရေးသားတင်ဆက်ပေးမယ့် The Justice Wave သတင်းဌာန။

26/09/2025

တရုတ်စာသင်ကြားပေးနေတဲ့ဆရာမတဦးကိုအဓမ္မပြုကျင့်သ-တ်ဖြတ်ခဲ့သူနှစ်ဦးကို MNDAA သေဒဏ်စီရင်

စက်တင်ဘာ ၊ ၂၆ ရက်
The Justice Wave

​ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသော နယ်မြေအတွင်း ပြင်းထန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူ စုစုပေါင်း ၇ ဦးကို ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် လူမြင်ကွင်း၌ သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

​သေဒဏ်ပေးခံရသူ ၇ ဦးတွင် တရုတ်လူမျိုး ၃ ဦး ပါဝင်ပြီး ၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့က သိန္နီမြို့၌ တရုတ်စာသင်ကြားပေးသည့် ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနှင့် ဆက်နွှယ်သူများဖြစ်သည်ဟု သိရှိရသည်။

ကျန်ရှိသူများသည်လည်း ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှု စသည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

​သေဒဏ်စီရင်သည့် အခမ်းအနားသို့ ရာနှင့်ချီသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးက ယခုအချိန်မှစ၍ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု သတင်းများက ဖော်ပြသည်။


#သိန္ဒီ

တက္ကစီပေါ်မှာဗိုက်နာလာတဲ့မြန်မာအမျိုးသမီးတဦးကိုထိုင်းယာဥ်ထိန်းရဲတွေအရေးပေါ်ကူညီပြီးမီးဖွားပေးခဲ့ရစက်တင်ဘာ ၊ ၂၆ ရက်The J...
26/09/2025

တက္ကစီပေါ်မှာဗိုက်နာလာတဲ့မြန်မာအမျိုးသမီးတဦးကိုထိုင်းယာဥ်ထိန်းရဲတွေအရေးပေါ်ကူညီပြီးမီးဖွားပေးခဲ့ရ

စက်တင်ဘာ ၊ ၂၆ ရက်
The Justice Wave

ဘန်ကောက်မြို့တွင် မနေ့ညနေက မြန်မာအမျိုးသမီးတစ်ဦးအား ထိုင်းယာဉ်ထိန်းရဲများက တက်စီကားပေါ်၌ အရေးပေါ် ကလေးမီးဖွားပေးခဲ့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

​စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ် နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ ဆန်ဆလ်ဒေသ၌ ဗိုက်နာလာသော မြန်မာအမျိုးသမီးသည် ဆေးရုံသို့သွားရန် တက်စီငှားစီးနေစဉ် ဆေးရုံမရောက်မီ ကားပေါ်၌ပင် ရုတ်တရက် မီးဖွားလိုသည့် ဝေဒနာခံစားခဲ့ရသည်။

​ထိုအချိန်တွင် ကူညီပေးနိုင်ရန် ရောက်ရှိလာသည့် ယာဉ်ထိန်းရဲများက အချိန်မီ ဆေးရုံသို့ ပို့ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် အမျိုးသမီးကို တက်စီကားပေါ်၌ပင် လုံခြုံစိတ်ချစွာ ကူညီပေးခဲ့သည်။

​ရဲများ၏ ဂရုစိုက်ကူညီမှုဖြင့် ကလေးမလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး မိခင်နှင့် ကလေးငယ် နှစ်ဦးစလုံး ကျန်းမာကြောင်း သိရသည်။

၎င်းဖြစ်စဉ်သည် ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်အခြေအနေတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မှုကို ထင်ဟပ်စေခဲ့သည်။


#ဘန်ကောက်

26/09/2025

ဒေါ်အောင်ဆန်းစုကြည်မိခင်ကိုအမျိုးယုတ်လို့မဘသဘုန်းကြီးဝီရသူပြောဆို

စက်တင်ဘာ ၊ ၂၆ ရက်
The Justice Wave

အာဏာသိမ်းစစ်အုပ်စုကမတရားဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ဖြစ်သူနိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏အမျိုးသမီးဖြစ်သူဒေါ်ခင်ကြည်ကိုအမျိုးယုတ်လို့မဘသဘုန်းပြီးဝီရသူကပြောဆိုနေတဲ့ရုပ်သံထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံထဲကိုဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကအစ္စလာမ်ဘာသာဝင်တွေ ခေါ်ယူခဲ့တယ်ဆိုပြီးသူကစွပ်စွဲသလို ဒေါ်အောင်ဆန်းစုကြည် နဲ့မိခင်ဖြစ်သူကိပါ အခုလိုအယုတ္တအနတ္တတွေပြောဆိုလိုက်တာပါ။

ရုပ်သံ-အမျိုးဘာသာသာနာစောင့်ရှေက်ရေးအမည်ခံဘုန်းကြီးဦးဝီရသူစွပ်စွဲပြောဆိုနေတဲ့ရုပ်သံမှတ်တမ်း


#ဝီရသူ
Write to The Justice Wave

26/09/2025

စစ်တပ်ကဗုံးကြဲနေချိန်PDF တွေလာကယ်တာကိုမလိုက်ပဲထွက်ပြေးတဲ့ကျောင်းဆရာမနှစ်ဦးအပါအဝင်အရပ်သား(၄)ဦးသေဆုံး(ရုပ်သံ)

စက်တင်ဘာ ၊ ၂၆ ရက်
The Justice Wave

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်းအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းများအရ သိရသည်။

​အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ခိုလှုံနေသည့် အရပ်သားပြည်သူ ၄ ဦးခန့် သေဆုံးခဲ့ကြောင်း အကြမ်းဖျင်း သတင်းရရှိသည်။

သေဆုံးသူများသည် PDF တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ကယ်ထုတ်နေစဉ် ထွက်မပြေးဘဲ ဘုန်းကြီးကျောင်းအတွင်းသို့ ပြန်လည်ဝင်ရောက် ခိုလှုံခဲ့သူများဖြစ်ကြောင်း သိရသည်။

​သေဆုံးသူများထဲတွင် Non-CDM ကျောင်းဆရာမ နှစ်ဦး ပါဝင်ကြောင်းလည်း Indaw Revolution စာမျက်နှာတွင် ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် ဘေးမဲ့ခိုလှုံရာနေရာတစ်ခုတွင် အရပ်သားများ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

Video - IRTeam


#အင်းတော်
#အရပ်သား
#လေကြောင်းဗုံးကြဲ

26/09/2025

ရန်ကုန်မှာမီးပွိုင့်ဖြတ်မောင်းတဲ့ကားကိုဖမ်းတဲ့ယာဥ်ထိန်းရဲကားမရပ်ပေးလို့တွဲလောင်းပါသွား

စက်တင်ဘာ ၊ ၂၆ ရက်
The Justice Wave

ရန်ကုန်မြို့၊ ပါရမီလမ်းမပေါ်၌ ယာဉ်စည်းကမ်းချိုးဖောက်သော မော်တော်ယာဉ်တစ်စီးကို တားဆီးသည့် ယာဉ်ထိန်းရဲတစ်ဦး ကားတွင် တွဲလောင်းပါသွားခဲ့သည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိသည်။

​ပျံ့နှံ့နေသော သတင်းအချက်အလက်များအရ၊ အဆိုပါဖြစ်စဉ်သည် မီးပွိုင့်အနီကို ဖြတ်မောင်းလာသည့် Suzuki အမျိုးအစား လုပ်ငန်းသုံးကားတစ်စီးကို ယာဉ်ထိန်းရဲက တားဆီးရန် ကြိုးပမ်းချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်းသူက ရဲ၏ အချက်ပြမှုကို နာခံခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ခဲ့သောကြောင့် ယာဉ်ထိန်းရဲမှာ ကား၏ဘေးတွင် တွဲလောင်းပါသွားခဲ့ခြင်း ဖြစ်သည်။

​ထိုသို့ ယာဉ်ထိန်းရဲကို တင်ဆောင်၍ မောင်းနှင်နေသည့် မော်တော်ယာဉ်ကို အနီးအနားမှ အခြားမော်တော်ယာဉ်များနှင့် ပြည်သူများက ဝိုင်းဝန်းပိတ်ဆို့ကာ ရပ်တန့်စေခဲ့သည်။

ရုပ်သံမှတ်တမ်းတွင် ကားရပ်တန့်သွားပြီးနောက် ယာဉ်မောင်းဖြစ်သူကို ပိတ်ဆို့တားဆီးသူများက ဝိုင်းဝန်းထိုးကြိတ်နေသည့် မြင်ကွင်းကိုပါ တွေ့မြင်ရသည်။

​ယာဉ်မောင်းသူအား မည်သည့်အရေးယူမှုများ ဆောင်ရွက်ခဲ့သည်ကိုမူ အတိအကျ မသိရသေးပါ။

ရုပ်သံ - Phyo Thandar Facebook

25/09/2025

လေးကေ့ကော်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေဘယ်လိုအကင်ခံနေရလဲအောက်ပါရုပ်သံတွင်ကြည့်ပါ

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

ကရင်ပြည်နယ်၊ လေးကေ့ကော် ဒေသသို့ ထိုးစစ်ဆင်ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော်များက ပြင်းပြင်းထန်ထန် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

​ရရှိသည့် ရုပ်သံမှတ်တမ်းများနှင့် သတင်းများအရ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပြင်းထန်သော မြေပြင်ထိုးစစ်များကြောင့် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများစွာ ရှိခဲ့သည်။

ထို့အပြင်၊ စစ်ကြောင်းနှင့်အတူ ပါဝင်လာသည့် စစ်သားအချို့ကိုလည်း အရှင်ဖမ်းဆီးရမိထားကြောင်း သိရသည်။

​လက်ရှိတွင် လေးကေ့ကော်ဒေသ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်ဖွဲ့များကို ထိရောက်စွာ ချေမှုန်းတိုက်ခိုက်နေသည်။


#လေးကေ့ကော်
Write to The Justice Wave

25/09/2025

ရုရှားအုပ်ချုပ်ရေးမှူးကိုငါးသလောက်ပေါင်းကြွေးပြီးဖားယားနေတဲ့စစ်ခေါင်းဆောင်ရဲ့ရုပ်သံရွံဖို့ကောင်းတယ်လို့ဝေဖန်ခံနေရ

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

ရုရှားနိုင်ငံကိုရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဗာစီဗစ်မြို့ အုပ်ချုပ်ရေးမှူး ကို အိမ်ကချက်လာတယ်ဆိုတဲ့ငါးသလောက်ပေါင်းကြွေးပြီးဖားယားနေတဲ့ရုပ်သံမှတ်တမ်းကိုဝါဒဖြန့်မီဒီယာဖြစ်တဲ့ MRTV ကနေထုတ်လွှင့်ဖော်ပြထားပါတယ်။

လက်ရှိမှာယာယီသမ္မတအ​ဖြစ်ကိုယ့်ဘာသာကိုယ်ခန့်အပ်ထားတဲ့မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ကမ္ဘာ့အဏုမြူသီတင်းပတ် ဖိုရမ် -၂၀၂၅ (World Atomic Week Forum - 2025) တက်ရောက်ဖို့ရုရှားနိုင်ငံကိုရောက်ရှိနေတာပါ။

အခုလုပ်ရက်နဲ့ပါတ်သတ်ပြီးပြည်သူတွေကိုသ-တ်ဖြ-တ်နေပြီးသူများနိုင်ငံကျသွားဖားယားနေတာလုံးဝအရှက်မဲ့တဲ့မအလ ရွံဖို့ကောင်းတယ် လို့ လူမှုကွန်ယက်အသုံးပြုသူတွေက မှတ်ချက်ပေးနေကြပါတယ်။


#မင်းအောင်လှိုင်
#စစ်အုပ်စု
Write to The Justice Wave

25/09/2025

ဗင်နီဇွဲလား အနောက်မြောက်ပိုင်း၌ ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုမြင်ကွင်း

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းကို ဗုဒ္ဓဟူးနေ့ညနေပိုင်း (ဒေသစံတော်ချိန်) တွင် ပြင်းအား ၆.၂ မဂ္ဂနီကျုဒ်ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ အဆောက်အအုံများ တုန်ခါခဲ့ပြီး ပြည်သူများ နေအိမ်များနှင့် ရုံးများကို စွန့်ခွာကာ လမ်းမများပေါ် ထွက်ပြေးခဲ့ကြသည်။

​အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) ၏ အဆိုအရ ငလျင်ဗဟိုချက်သည် Zulia ပြည်နယ်၊ Mene Grande မှ အရှေ့-အရှေ့မြောက်ဘက် ၂၄ ကီလိုမီတာ (၁၅ မိုင်) ခန့်အကွာတွင် တည်ရှိပြီး၊ မြေအောက်အနက် ၇.၈ ကီလိုမီတာ (၄.၈ မိုင်) သာ ရှိသော တိမ်သောငလျင် ဖြစ်သည်။

ငလျင်လှုပ်ခတ်မှုသည် မြို့တော် ကာရာကတ်စ် နှင့် မာရာကိုင်ဘို ကဲ့သို့သော အဓိကမြို့ကြီးများအပြင် အိမ်နီးချင်း ကိုလံဘီယာ နိုင်ငံအထိပါ ခံစားခဲ့ရသည်။

​ငလျင်လှုပ်ခတ်ပြီးနောက် ချက်ချင်းဆိုသလို သိသာထင်ရှားသည့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ကြီးကြီးမားမား အဆောက်အအုံပျက်စီးမှု သတင်းများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး Diosdado Cabello က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ငလျင်ကြောင့် "သိသာထင်ရှားသော အဆောက်အအုံ ပျက်စီးမှုများ" မရှိကြောင်း ပြောကြားခဲ့သည်။

​ငလျင်ဗဟိုချက်တည်ရှိရာ Mene Grande ဝန်းကျင်သည် လူဦးရေကျဲပါးသော်လည်း ဗင်နီဇွဲလား၏ ရေနံလုပ်ငန်း အတွက် အရေးပါသော ဗဟိုချက်ဖြစ်သည်။

မြေငလျင် တုန်ခါမှုများသည် လူနေအိမ်ရာများနှင့် ရုံးအဆောက်အအုံများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့သော်လည်း အဓိကဝန်ဆောင်မှုလုပ်ငန်းများမှာ အလျင်အမြန် ပြန်လည်စတင်နိုင်ခဲ့သည်။

အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေး (NOAA) ကလည်း ဆူနာမီဖြစ်ပေါ်နိုင်သည့် အန္တရာယ်မရှိကြောင်း အတည်ပြုခဲ့သည်။

​ဗင်နီဇွဲလားနိုင်ငံသည် ကာရစ်ဘီယံပြား၏ တောင်ဘက်နယ်နိမိတ်တစ်လျှောက်တွင် တည်ရှိသောကြောင့် မကြာခဏဆိုသလို ငလျင်လှုပ်ရှားမှုများ ဖြစ်ပေါ်လေ့ရှိသည်။

ယခုငလျင်သည် ထိုဒေသအတွက် မြေငလျင်အန္တရာယ်ကို သတိပေးချက်တစ်ခုဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။


#နိုင်ငံတကာ
#ငလျင်
#ဗင်နီဇွဲလား
Write to The Justice Wave

အဆိုတော် ဗစ်တာခင်ညို ကွယ်လွန်စက်တင်ဘာ ၊ ၂၅ ရက်The Justice Waveမြန်မာ့ဂီတလောကရဲ့ စတီရီယိုခေတ်ဦးကာလမှာ ထင်ရှားကျော်ကြားခဲ့...
25/09/2025

အဆိုတော် ဗစ်တာခင်ညို ကွယ်လွန်

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

မြန်မာ့ဂီတလောကရဲ့ စတီရီယိုခေတ်ဦးကာလမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ဂန္ထဝင်တေးသံရှင် ဗစ်တာခင်ညို ဟာ အသက် (၈၀) အရွယ်မှာ ယနေ့မနက်အစောပိုင်းက ကွယ်လွန်သွားကြောင်း ၎င်းရဲ့ညီဖြစ်သူ အဆိုတော် တူးတူး က အသိပေးခဲ့ပါတယ်။

အဆိုတော် ဗစ်တာခင်ညိုဟာ နာမည်ကြီး တေးရေးချိုချို နဲ့ အဆိုတော်တူးတူး တို့ရဲ့ အစ်ကိုလည်း ဖြစ်ပါတယ်။ သူသီဆိုခဲ့တဲ့ သီချင်းအများစုကို ညီဖြစ်သူ တေးရေးချိုချိုက ရေးသားပေးခဲ့ပြီး တစ်ကိုယ်တော်တေးစီးရီးတွေအပြင် စုံတွဲစီးရီးများနဲ့ စုပေါင်းတေးစီးရီးများစွာလည်း ထုတ်ဝေခဲ့ပါတယ်။

သူရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့ တေးစီးရီးတွေထဲမှာ "အကောင်းတကာ့ အကောင်းဆုံးတေးများ"၊ "ဒီဇင်ဘာ နံနက်ခင်း"၊ "အမြူတေတေးစု ၁"၊ "လမ်းမှာ လူမတင်နဲ့"၊ "ရန်ကုန်သူ"၊ "ထပ်ခေါ်မယ် လိုက်ခဲ့တော့" စတဲ့ စီးရီးတွေဟာ ပရိသတ်လက်ထဲ ရောက်ခဲ့ပါတယ်။

သူသီဆိုခဲ့တဲ့ "နွေ"၊ "မြခွာညို"၊ "အလွမ်းသီချင်း"၊ "နွေသာဆိုရင်မှာပြာ"၊ "ကျူရှင်လှေကားရင်း" စတဲ့ သီချင်းတွေဟာလည်း လက်ရှိအချိန်အထိ ပရိသတ်ကြားမှာ ရေပန်းစားဆဲ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ သူရဲ့ ဂီတသက်တမ်း ၄၅ နှစ်ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲ ကို အနုပညာရှင်များစွာနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။


#ဗစ်တာခင်ညို

ဗိုလ်တထောင်ဘုရားရှေ့ဂုံ:တံတားပေါ်ကစက်လှေကားပျက်မှာပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိ  စက်တင်ဘာ ၊ ၂၅ ရက်The Justice Wave ရန်က...
25/09/2025

ဗိုလ်တထောင်ဘုရားရှေ့ဂုံ:တံတားပေါ်ကစက်လှေကားပျက်မှာပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိ

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဘုရားအရှေ့ဘက်ရှိ ဂုံးကျော်တံတားပေါ်တွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းကို ယနေ့ (စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်) နံနက် ၈:၃၀ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

​အဆိုပါအလောင်းတွေ့ရှိမှုကြောင့် ရှင်သန်ရေးကူညီမှုအသင်းမှ အဖွဲ့ဝင်များသည် နေရာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

​အလောင်းတွေ့ရှိရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဓာတ်ပုံ - ရှင်သန်ရေးလူမှုကူညီရေးအသင်း

25/09/2025

လေ:ကေ့ကော်မြို့သစ်တိုက်ပွဲကလက်နက်ကြီးကျည်ထိုင်းဖက်ကျလို့ထိုင်းစစ်တပ်ကလုံခြုံရေးတိုးမြှင့်

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်းမှ လက်နက်ကြီးကျည်တစ်လုံးသည် စက်တင်ဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

​ဘယ်အဖွဲ့အစည်းက ပစ်ခတ်သည်ဟု အတိအကျမသိရသေးသည့် ယင်းလက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ထိုင်းနယ်စပ်သတင်းများကို ဖော်ပြသည့် AEC News က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်သူအား မသိရသေးသော်လည်း ထိုင်းစစ်တပ်က မြန်မာ့အာဏာသိမ်းစစ်တပ်ထံသို့ ကန့်ကွက်စာ ပေးပို့ထားသည်ဟုလည်း သိရသည်။

"ပစ်တာကစကစတပ်ကလက်နက်ကြီးနဲ့မြစန္ဒီကွက်သစ်ဖက်တွေလေးကေ့ကော်တောင်ဖက်အခြမ်းတွေကိုတောက်လျှောက်ပစ်နေတာသူတိုပစ်တဲ့ကျည်ပဲကျဖို့ရှိတယ်"လို့ မြဝတီဒေသခံတဦး ကပြောသည်။

​မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထိုင်းစစ်တပ်သည် နယ်စပ်တစ်လျှောက်တွင် ၂၄ နာရီ လုံခြုံရေးယူကာ စောင့်ကြည့်မှုများ ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

​တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မြန်မာစစ်တပ်သည် စက်တင်ဘာ ၂၃ ရက်နေ့မှ စတင်၍ စစ်ကြောင်း ၅ ကြောင်းဖြင့် လေးကေ့ကော်မြို့ဆီသို့ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါထိုးစစ်အတွင်း စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းခံထားရသည့် ပြည်သူ့စစ်သားသစ်များအား မူးယစ်ဆေးများတိုက်ပြီး ရှေ့တက်ခိုင်းမှုများကြောင့် သေဆုံးဒဏ်ရာရသူများပြားခဲ့ပြီး စစ်ကြောင်းများပင် နောက်ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်။

စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း လေးကေ့ကော်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။


#လေးကေ့ကော်
#ထိုင်း
#စစ်ကောင်စီတပ်

ဘန်ကောက်မြို့ရှိ Vajira ဆေးရုံအနီး မြေပြိုမှုမှာမြေကြီးထဲကျွံသွားတဲ့ကားနံပါတ် Lucky Number အဖြစ်ရေပန်းစားစက်တင်ဘာ ၊ ၂၅ ရ...
25/09/2025

ဘန်ကောက်မြို့ရှိ Vajira ဆေးရုံအနီး မြေပြိုမှုမှာမြေကြီးထဲကျွံသွားတဲ့ကားနံပါတ် Lucky Number အဖြစ်ရေပန်းစား

စက်တင်ဘာ ၊ ၂၅ ရက်
The Justice Wave

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Vajira ဆေးရုံ ရှေ့တွင် စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက လမ်းမကြီးတစ်ခု ရုတ်တရက် မြေပြိုကျမှုအတွင်းမြေကျွံကျသွားတဲ့ ကားနံပါတ် ၄၈၅၄ ဟာ Lucky number ထီနံပါတ် အဖြစ်ထိုင်းတွေကြားမှာရေပန်းစားနေတယ်လို့သိရပါတယ်။

မြေပြိုကျရာနေရာတွင် အနက် မီတာ ၅၀ (ပေ ၁၆၀ ခန့်) ရှိသော အပေါက်ကြီး ဖြစ်ပေါ်နေပြီး မြေပြိုမှုမှာ ဆေးရုံရှေ့မှတစ်ဆင့် အနီးရှိ Samsen ရဲစခန်း ရှေ့အထိ ဆက်လက်ပျံ့နှံ့နေကြောင်း သိရသည်။

ဒုစတိတ်ခရိုင်ရုံးမှ အာဏာပိုင်များသည် မြေပြိုမှုဖြစ်ပွားရာနေရာရှိ Vajira Hospital-Sang Hi လမ်းဆုံ နှင့် ပတ်ဝန်းကျင်လမ်းများကို ယာယီပိတ်ဆို့ထားရန် အမိန့်ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် အဆိုပါလမ်းများသို့ သွားလာမည့်သူများသည် အခြားလမ်းကြောင်းများမှ သွားလာရန် လိုအပ်ကြောင်း အသိပေးထားသည်။

မြေပြိုကျရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးပြီးကယ်ဆယ်ရေးလုပ်ချိန်မှာပဲမြေထပ်ပြိုမှုလည်းဖြစ်ပွားခဲ့တာပါ။


#ဘန်ကောက်
#မြေပြိုမှု
Write to The Justice Wave

ที่อยู่

Bang Kapi

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 18:15
อาทิตย์ 09:00 - 18:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Justice Waveผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์