Satt Khaung Blogs

Satt Khaung Blogs Be happy

 #အသိပေးကြေငြာပေးခြင်းအောက်ဖော်ပြပုံ ‌ပုံနှစ်ပုံကတော့ Fees ပေးသွင်းပြီး တက်ထားကြသည့် သင်တန်းသား/သင်တန်းသူများ Group နှစ်...
14/08/2025

#အသိပေးကြေငြာပေးခြင်း

အောက်ဖော်ပြပုံ ‌ပုံနှစ်ပုံကတော့
Fees ပေးသွင်းပြီး တက်ထားကြသည့်
သင်တန်းသား/သင်တန်းသူများ Group နှစ်ခု ဖြစ်ပါသည်။

1 Sep, 2025 မှ စ၍ Facebook ငွေရှာခြင်း သင်တန်း
များဖြစ်သည့် APLC & FCGC သင်တန်း နှစ်ခု၏
သင်ခန်းစာ Lesson များကို Upgrade ပြုလုပ်မည်ဖြစ်သည်။

အဓိကအားဖြင့်

- Facebook ၏ ပြောင်းလဲလာသော မူဝါဒ အသစ်များ
- Monetization ရစေရန် နည်းလမ်းများ
- Acc / Page Setting ပိုင်းများ
- Creator တစ်ယောက်အတွက် Knowledge များ
- Location Knowledge များ

အစရှိသဖြင့်ကို Update များဖြစ်မှုနှင့်အတူ Upgrade
ပြုလုပ်ကာ Batch (2) အဖြစ် ပြောင်းလဲမည် ဖြစ်ပါသည်။

ထို့အတွက် ယခု သင်တန်း အပ်နှံထားရှိသော
( 1.7.2025 နောက်ပိုင်း ) သင်တန်း အပ်နှံထားသော
သင်တန်းသူ / သား များသည် Batch (2) Course ကို
သင်တန်းကြေး ထပ်မံ ပေးသွင်းစရာ မလိုအပ်ပဲ
ပြန်လည် တက်ရောက်နိုင်မည် ဖြစ်ပြီး ၊

( 1.7.2025 အထက်ပိုင်း) နှင့် သင်တန်းအပ်နှံသူများ
အတွက် သင်တန်းကြေး အပြည့်အဝ ပေးသွင်းခြင်း
မလိုအပ်သော်လည်း Batch (2) Join လိုပါက
အရင်လို သင်တန်းကြေး အပြည့်အဝ သွင်းစရာ
လိုအပ်မည် မဟုတ်ပါ။

မှတ်ချက် - ယခု သင်တန်း Group များအား လုံးဝ
ပယ်ဖျက်ခြင်းမရှိပါ။ ဆက်လက်လေ့လာ
နိုင်ပါသည်။

Batch (2) အတွက် သင်တန်း Group သည်
Telegram တွင် ဖြစ်လာပါမည်။

Batch (2) တွင် YouTube, TikTok Knowledge
အနည်းငယ် ထည့်သွင်းဖော်ပြပါမည်။

အားလုံး အဆင်ပြေကြပါစေ။

Satt Khaung
14 Aug, 2025

29/07/2025

ငွေရှာလို့ရသည့် TikTok Acc ဖွင့်ခိုင်းမည်ဆိုလျင်

I've received 4,500 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉
27/04/2024

I've received 4,500 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

21/04/2024

"အိမ် သာ လို လူ"

အသုံးလိုမှ လာသုံးပြီး
ပြန်ထွက်သွားတယ်။
ကျေးဇူးတင်စကားတောင် မဆိုခဲ့ဘူး။

အချို့ဆို သူတို့ အညစ်အကြေးတွေပါ
ထားပစ်ခဲ့သေးတယ်။
အကာအရံ တံခါးကြီးကိုတောင်
ဝုန်းကနဲ့ ဆောင့် ပိတ်လို့ပေါ့။

ဒါတောင် အချို့က ပြောသေးတယ်။
အဆင်မပြေပါဘူးကွာတဲ့ ။

ခင်ဗျားတို့ ထားခဲ့တဲ့ အတိုင်း
ကျုပ်ကတော့ ငေးကြည့်လျက်ပေါ့။

Satt Khaung
21 Apr 2024

နှစ်ဟောင်း ကုန်လို့ နှစ်သစ် ကူးပြောင်းသော ချိန်ခါမှစ၍ကောင်းခြင်းမဂ်လာများသာ ဖြစ်ထွန်းကြပါစေ။လာဘ်လာဘ အခြွေအရံ များ ပေါမျာ...
17/04/2024

နှစ်ဟောင်း ကုန်လို့ နှစ်သစ် ကူးပြောင်းသော ချိန်ခါမှစ၍
ကောင်းခြင်းမဂ်လာများသာ ဖြစ်ထွန်းကြပါစေ။
လာဘ်လာဘ အခြွေအရံ များ ပေါများကြပါစေ။
ကျန်းမာသုခ နှင့် ပြည့်စုံ၍
စိတ်၏ ချမ်းမြေ့ဖွယ်တို့နှင့်သာ အမြဲ တွေ့ကြုံကြပါစေ။
မြန်မာနိုင်ငံ နှင့်တကွ ကမ္ဘာကြီးသည်လည်း
ငြိမ်းချမ်းရေး တရားသံများ ပျံ့လွင့်ကာ
မေတ္တာတရားများသာ ထွန်းကားပါစေ လို့
မေတ္တာပို့ ဆုတောင်း ပေးပါသည်။

အားလုံး ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေ။

Satt Khaung
17 Apr 2021 (နှစ်ဆန်းတစ်ရက်)

၃၈ ဖြာ မင်္ဂလာမင်္ဂလာပုံပြင် အမှတ်စဉ် (၁)သရက်ပင် နှင့် ခွေးတောက်ပင် (ဥပမာပြ)" အသေဝနာစ ဗာလာနံ၊ဧတံ မင်္ဂလ မုတ္တမံ။""လူမိုက...
16/04/2024

၃၈ ဖြာ မင်္ဂလာ
မင်္ဂလာပုံပြင် အမှတ်စဉ် (၁)

သရက်ပင် နှင့် ခွေးတောက်ပင် (ဥပမာပြ)

" အသေဝနာစ ဗာလာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။"

"လူမိုက်တို့နှင့် မပေါင်းဖော်ခြင်းသည်
မြတ်သော မင်္ဂလာ မည်၏။"

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

"သရက်ပင်နှင့်ခွေးတောက်ပင်"

ရှေးသရောအခါ ဗာရာဏသီပြည်တွင် ဒဓိဝါဟနမင်း စိုးစံသည်။ ထိုမင်းတွင် ပညာဉာဏ်နှင့် အထူးပြည့်စုံသော ပညာရှိ အမတ်တစ်ဦး ရှိသည်။

တစ်နေ့သောအခါ မင်းသည် မြစ်၏ထက်အောက်တွင် ကွန်ကို ထားစေ၍ ရေကစား၏။ ထိုစဉ် ကဏ္ဍမုဏ္ဍအိုင်ဘေးတွင် ပေါက်သော သရက်ပင်မှ သရက်သီးမှည့်တစ်လုံးသည် အိုင်တွင်းသို့ ကြွေကျရာမှ မြစ်ထဲသို့ ရောက်လာသည်။ အစဉ်တစိုက် မျောပါလာရာ ကွန်၌ ငြိလေသည်။

မင်းချင်းတို့သည် ကွန်ကို သိမ်းယူသောအခါ ထိုသရက်သီးကို တွေ့သည်။ ရွှေရောင်အဆင်းရှိသဖြင့် မင်းကိုဆက်သသည်။ မင်းသည် ထိုသရက်သီးကို သုံးဆောင်ကြည့်ရာ ချိုမြိန်၍ ထူးခြားကောင်းမွန်သော အနံ့အရသာနှင့် ပြည့်စုံသည်ကို သိရလေသည်။ ထို့ကြောင့် အစေ့ကို မိမိ, ဥယျာဉ်တော်၌ စိုက်ပျိုးစေသည်။ အပင်ပေါက် လာသောအခါ နို့ရည်များဖြင့် သွန်းလောင်းစေသည်။

သုံးနှစ်ကြာသောအခါ သရက်သီးများ သီးလာသည်။ မင်းသည် သုံးဆောင်ကြည့်သည်။ မူလ သရက်သီးကဲ့သို့ပင် ချိုမြိန်၍ ထူးကဲသော` အနံ့အရသာနှင့် ပြည့်စုံသည်ကို သိရှိရလေသည်။

မင်းသည် သရက်သီးများကို ကိုယ်တိုင်လည်း သုံးဆောင်သည်။ အချို့ကို အခြားသော မင်းများထံသို့လည်း လက်ဆောင်ပေးသည်။ သို့ရာတွင် မျိုးပွားမည်စိုးသောကြောင့် လက်ဆောင်မပေးမီ သရက်သီး ၏ အညွန့်အညှောက် ဖြစ်မည့် နေရာကို ဖားရိုးစူးဖြင့် ထိုးပြီးမှ ပေး ပို့သည်။

သရက်သီး လက်ဆောင်ရသော မင်းတို့သည် သရက်သီးကို သုံးဆောင်ကြည့်ကြသည်။ ထူးကဲသော အနံ့အရသာနှင့် ပြည့်စုံသော ကြောင့် လွန်စွာနှစ်သက်ကြသည်။ ထို့ကြောင့် အစေ့ကို စိုက်စေသည်။ သို့ရာတွင် အပင်ပေါက်မလာချေ။

အကြောင်းရင်းကို စုံစမ်းသောအခါ ဒဓိဝါဟနမင်း၏ အစီအမံကို ´သိရှိကြသည်။ သည်တွင် မင်းတစ်ပါးသည် စိုက်ပျိုးမှု၌ ကျွမ်းကျင်လိမ္မာ သော ဥယျာဉ်မှူးတစ်ဦးကို ခေါ်သည်။

“အမောင်၊ ဗာရာဏသီပြည်သို့သွားလေ။ ဒဓိဝါဟနမင်း၏ ' သရက်သီးတို့ ခါး၍ အရသာပျက်အောင်ပြုချေ”ဟူ၍ စေလွှတ်လိုက် သည်။ ဆုလာဘ်အဖြစ် အသပြာတစ်ထောင်ကိုလည်း ပေးလိုက်သည်။

ထိုဥယျာဉ်မှူးသည် ဒဓိဝါဟနမင်းထံ ချဉ်းကပ်သည်။ စိုက်ပျိုး မှုတွင် မိမိမည်မျှ ကျွမ်းကျင် လိမ္မာကြောင်း တင်လျှောက်သည်။ မင်း သည် နှစ်သက်သဘောကျသဖြင့် ထိုဥယျာဉ်မှူးကို မိမိ၏ ဥယျာဉ်မှူး နှင့်အတူ ဥယျာဉ်တော်ကို ပြုစုလုပ်ဆောင်စေသည်။

ဥယျာဉ်မှူးသစ်သည် ရောက်သည့်နေ့မှစ၍ လက်ရှိ ဥယျာဉ်မှူး ထက် သာအောင် ကြိုးစား လုပ်ဆောင်ပြသည်။ သူသည် ဥယျာဉ် တော်ကို ယခင်ကထက် သာယာအောင် ပြုသည်။ ပန်းတို့ကို အခါ ရာသီ မဟုတ်ဘဲ ပွင့်အောင် ပြုသည်။ သစ်ပင် တို့ကို အခါရာသီ မဟုတ်ဘဲ သီးအောင် ပြုသည်။

မင်းသည် ဥယျာဉ်မှူးသစ်ကို အလွန်နှစ်သက် သဘောကျသွား သဖြင့် ဥယျာဉ်မှူးဟောင်းကို နှင်ထုတ်လိုက်သည်။ ဥယျာဉ်မှူးသစ်ကို သာလျှင် ဥယျာဉ်တော် တစ်ခုလုံးကို စီမံလုပ်ဆောင်စေသည်။ ဥယျာဉ်တော် တစ်ခုလုံး မိမိလက်တွင်းသို့ ရောက်သည်နှင့် တပြိုင်နက် အကြံသမား ဥယျာဉ်မှူးသစ်သည် သရက်ပင်ကို ဝိုင်းရံ၍ တမာပင်နှင့် ခွေးတောက်ပင်တို့ကို စိုက်လေ၏။

မကြာမီပင် တမာနှင့်ခွေးတောက်ပင်တို့၏ အမြစ်အခက်တို့သည် သရက်ပင်၏ အမြစ်အခက်တို့နှင့် ရောယှက်လေတော့သည်။ ထိုအခါ ယခင်က ချိုလှသော သရက်သီးသည် မချိုတော့ပေ။ မချိုရုံမျှမက တမာ ခွေးတောက်ကဲ့သို့ပင် ခါးလေတော့သည်။ သည်တွင် ဥယျာဉ်မှူး သည်လည်း ထွက်ပြေးသွားလေတော့သည်။

ဒဓိဝါဟနမင်းသည် သရက်သီးများ ခါးလာရသော အကြောင်း ရင်းကို ပညာရှိအမတ်အား စူးစမ်းစေသည်။ ပညာရှိအမတ်လည်း ဥယျာဉ်သို့သွား၍ ကြည့်ရှုစူးစမ်းသည်။ ထို့နောက် မင်းအား “အရှင်၊ သရက်ပင်မှာ တမာခွေးတောက်ပင်တို့နှင့် ရောယှက်နေသောကြောင့် သရက်သီးများသည် ခါးသောအရသာသို့ ပြောင်းခဲ့ရပါသည်။`မူလ အတိုင်း ချိုမြိန်သောအရသာနှင့် ပြည့်စုံစေလိုပါက တမာခွေးတောက် တို့ကို ဖယ်ရှားပစ်ရပါမည်။ မြေသြဇာသစ်၊ မြေဩဇာကောင်းတို့ကို ကျွေးရပါမည်။ နို့ရည်၊ သကာရည်တို့ဖြင့် သွန်းလောင်းရပါမည်”ဟု လျှောက်၏။

မင်းလည်း ဥယျာဉ်မှူးဟောင်းကို ပြန်ခေါ်သည်။ ပညာရှိအမတ် ဆိုတိုင်း ပြုစေသည်။

ဥယျာဉ်မှူးဟောင်းသည် ရှေးဦးစွာ တမာခွေးတောက်ပင်တို့ကို အမြစ်မှနုတ်၍ ဖယ်ရှားပစ်သည်။ ထို့နောက် သရက်ပင်ကို မြေဩဇာသစ် မြေသြဇာကောင်းများ ကျွေးသည်။ နို့ရည်၊ သကာရည်၊ နံ့သာရည် စသည်တို့ဖြင့် သွန်းလောင်းပေးသည်။

သို့ဖြင့် နောက်ထပ်၍ သရက်သီးများ သီးလာသောအခါ သရက် သီး တို့သည် မူလအတိုင်းပင် ချိုမြိန်၍ ထူးကဲသော အနံ့ အရသာ နှင့် ပြည့်စုံနေလေတော့သည်။

ထိုအခါ ပညာရှိတို့က အသက်မဲ့သော အရာပင်လျှင် မကောင်း သော အပေါင်းအဖော်နှင့် ပေါင်းဖော်ရ၍ ပျက်စီးခဲ့ရသေးသည်။ အသက်ရှိသော သတ္တဝါတို့ကား မကောင်းသော အပေါင်းအဖော်နှင့်
ပေါင်းဖော်သော် အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း”
ဟူ၍ ဆိုကြလေ သတည်း။

ဆရာ မင်းယုဝေ ရေးသားသော ၃၈ ဖြာ မင်္ဂလာ ပုံပြင်များ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

စာရေးသား ပူဇော်သူ - Satt Khaung
16 Apr 2024

ပညာရှိသော ပုဂ္ဂိုလ်တိုင်းသည်ငြိမ်းချမ်းရေးကို နှစ်သက်ကြသည်။Satt Khaung13 Apr 2024
14/04/2024

ပညာရှိသော ပုဂ္ဂိုလ်တိုင်းသည်
ငြိမ်းချမ်းရေးကို နှစ်သက်ကြသည်။

Satt Khaung
13 Apr 2024

13/04/2024

နှစ်သစ်အကြိုမှစ
ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့်
လာဘ်လာဘ ပေါများပြည့်စုံ၍
ကျန်းမာရွှင်လန်း ချမ်းမြေ့စေကြောင်း
ဆုမွန်ကောင်း တောင်းပေးပါသည် ခင်ဗျာ။ 🙏

Satt Khaung
13 Apr 2024

သင့်မှာ မျက်လုံးနှစ်ဖက်ပါမည်ဆိုနှစ်ဖက်လုံး မြင်အောင် ကြည့်တက်ရမယ်တစ်ဖက်တည်း ပိတ်ကြည့်နေရင်တစ်ဖက်က နစ်နာသွားရတာပဲ။တစ်ဖက် ...
12/04/2024

သင့်မှာ မျက်လုံးနှစ်ဖက်ပါမည်ဆို
နှစ်ဖက်လုံး မြင်အောင် ကြည့်တက်ရမယ်
တစ်ဖက်တည်း ပိတ်ကြည့်နေရင်
တစ်ဖက်က နစ်နာသွားရတာပဲ။

တစ်ဖက် မပိတ်ဖို့ အရေးကြီးတယ်လေ။

Satt Khaung
12 Apr 2024

အဘိဓမ္မာ တရား ၏ ဆန်းကြယ်နက်နဲမှုတွေကိုလေ့လာခွင့် ရခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော်လွန် ရောက်ရှိတော့မည်။တစ်ဘဝသာသနာ ကျမ်းပြုအကျ...
10/04/2024

အဘိဓမ္မာ တရား ၏ ဆန်းကြယ်နက်နဲမှုတွေကို
လေ့လာခွင့် ရခဲ့တာ ဆယ်စုနှစ် တစ်ခု ကျော်လွန် ရောက်ရှိတော့မည်။

တစ်ဘဝသာသနာ ကျမ်းပြုအကျော်
ဆရာတော် ဦးဃောသိတ ၏ ဥပနိဿယ ကို
ခံယူ၍ သင်ဆရာ မြင်ဆရာ အပေါင်းတို့အား
လက်ဆယ်ဖြာမိုး ဦးထိပ်တင်လျှက်
ရှိခိုး ကန်တော့ပါ၏။

အဘိဓမ္မာ တရားသည် နက်နဲသည်။
အင်မတန် ခက်ခဲလွန်းလှသည်။

ထို့အတူ ကျွန်ုပ်သည်လည်း အလုံးစုံ မသိပါ။
ကျွန်ုပ် အဘိဓမ္မာ တရားတော်များအား
လေ့လာ ဆင်ခြင် အားထုတ်ရာ၌ သိခဲ့သည်မှာ

ငါ လည်း မဟုတ်။
ငါ၏ ဥစ္စာလည်း မဟုတ်။
ငါလည်း မပိုင်ပါ။

အကြောင်းတရား ကြောင့် အကျိုးတရားများ
ဖြစ်ထွန်းနေခြင်းလို့သာ ဥာဏ်ရှင်းခဲ့၏။

ဒီလောက်ပါပဲ။

Satt Khaung
10 Apr 2024

စာရေးသူသည် အသက် (၂၂) နှစ် အရွယ်၊
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော
(၆၁) ကြိမ်မြောက် အဘိဓမ္မာစာမေးပွဲ၌
နှစ်ချင်း သုံးဆင့်လုံး အောင်မြင်ခဲ့သည်။

09/04/2024

ငါမှန်နေတာပဲကွာဆိုပြီး
တစ်ဖက်သားရဲ့ နားထဲ
ကန်လန့်ကြီးဝင်သွားအောင် ပြောဆိုမှုဟာ
စိတ်ခံစားချက် အမှားအယွင်းတွေကိုသာ
ဖြစ်ပေါ်စေလိမ့်မယ်။

Satt Khaung
9 Apr 2024

07/04/2024

တစ်စုံတစ်ယောက်က
ကိုယ့်ရဲ့ နာမည်ကြားတာနဲ့
သူ့ကိုတော့ "ယုံကြည်ရတယ်" ဆိုတာမျိုး
ဖြစ်အောင် နေထိုင်ရမည်။

လူတိုင်းမှာ "ဂုဏ်သိက္ခာတရား" ဆိုတာ
သိပ်အရေးကြီးတယ်။

Satt Khaung
7 Apr 2024

ที่อยู่

Ramkhamhaeng Hua Mak
Bang Kapi
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Satt Khaung Blogsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Satt Khaung Blogs:

แชร์