16/06/2025
Facebook မှာ Policies မိပြီး
အပြစ်ကျူးလွန်မိရင် ဖြေရှင်းလို့ရတာရှိသလို ၊
ဖြေရှင်းလို့မရတာ ရှိတယ်။
အမြန်ပြန်ကောင်းချင်တာက လူတိုင်းရဲ့ ဆန္ဒ
သို့သော် လုပ်တိုင်းမရတာက Fb ရဲ့ ကဏ္ဍ
ဆိုတော့ သူတို့ Platform ကို သင်က
အသုံးပြုတယ်ဆိုရင် သူတို့ချမှတ်ထားတဲ့
Term & Policies တွေကို နားလည်နေမှ ရလိမ့်မည်။
ရိုးရိုး အသုံးပြုနေသူများက အကြောင်းမဟုတ်ပေမယ့်
Monetize , Marketing , Business , Influencer , Ect..
သူတို့တွေ အတွက်ကတော့ နားလည်ထားသင့်တယ်။
ဘာကြောင့်လဲ ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းအတွက်
နှောင့်နှေး ကြန့်ကြာမှုတွေ နှင့် မကြုံတွေ့နိုင်အောင်ရယ် ၊
Fb ဘက်က Reach လျော့မချအောင်ရယ် စတဲ့
အချက်တွေကြောင့်ပဲ ဖြစ်ပါသည် ။
အဓိက ပြောလိုတာသည်
ကိုယ့်က အပြစ်ကျူးလွန်မိလို့ Facebook ဘက်က
ပြစ်ဒါဏ်အဖြစ် ချမှတ်လိုက်ပြီဆိုရင် ကျိန်းသေပေါက်
ရက်စောင့်ရမည် ဖြစ်သည်။
( ကျူးလွန်သည့် အပြစ်ပေါ်မူတည်၍ ရက်ပေါင်း
အနည်းအများ ကွာခြားနိုင်သည် )
ဒါကို ကိုယ်က မကျေနပ်ဘူးဆိုလျင်
Appeal တင် ၊ LC ပြောလို့ရလျင် ပြောပါ။
ထိုနေရာမှာ တစ်ချက်သတိထားရမှာသည်
ကိုယ်က သွားပြောလို့ ကိုယ့်၏ အပြစ်က
အမှန်တကယ်ဆိုလျင် ပိုမို ဆိုးဝါးသွားသော
အခြေအနေများနှင့် ကြုံတွေ့ရတက်သည်။
ဆိုတော့ ဖြစ်လာခဲ့လျင်
သုံးသပ်လို့ ရအောင် ရေးသား ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။
မှတ်ချက် - ကျနော် Service , အရောင်းအဝယ် မလုပ်ပါ။
မေးမြန်းလိုသည့် အကြောင်းအရာရှိပါက
Messenger တွင် မေမြန်းနိုင်ပါသည်။
Satt Khaung
3 June, 2025
ယခု ဖော်ပြပါ အကြောင်းအရာသည်
Facebook Terms & Policies အကြောင်းအရာများကို
ဗဟုသုတ ဖြစ်စေရန် နှင့် မမှားကြစေရန် ရည်ရွယ်၍
ရေးသား ဖော်ပြခြင်း ဖြစ်ပါသည်။