Federal RaungNi - ထောက်ပံ့ရေးအဖွဲ့

Federal RaungNi - ထောက်ပံ့ရေးအဖွဲ့ စွန့်လွှတ်အနစ်နာခံခြင်းသည် လူ့အဖွဲ့အစည်း၏
အခြေခံ ကိုယ်ကျင့်တရားဖြစ်သည်၊၊

ဒီနေ့ မနက် တောင်ကိုရီးယားနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့အပြီး ဆွေးနွေးခဲ့တာတွေထဲက တချို့အကြောင်းအရာတွေကိ...
30/10/2025

ဒီနေ့ မနက် တောင်ကိုရီးယားနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံခဲ့အပြီး ဆွေးနွေးခဲ့တာတွေထဲက တချို့အကြောင်းအရာတွေကို သမ္မတထရမ့်က သူ့ရဲ့စီးတော်ယာဉ် အဲဖို့ဝမ်း လေယာဥ်ကြီးပေါ် ပြန်ရောက်ချိန်မှာ သတင်းထောက်တွေကို ပြန်ပြောပြပါတယ်။

ဘီဘီစီရဲ့မြောက်အမေရိက သတင်းထောက်ဟာ သမ္မတထရမ့်နဲ့အတူ အဲဖို့ဝမ်း လေယာဉ်ပေါ်မှာ သတင်းလိုက်ယူနေတာဖြစ်ပါတယ်။

မြေရှား၊ ထိုင်ဝမ်နဲ့ တရုတ်ခရီးစဉ်တွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ အောက်တိုဘာ ၃၀ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cvgmn4v8xj8t ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #တရုတ် #အမေရိကန် #ရှီကျင့်ဖျင် #ဒေါ်နယ်ထရမ့်
ောက်ပံ့ရေးအဖွဲ့

ရုရှားနှင့် အခြားနိုင်ငံများမှ မကြာသေးမီက ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုများကြောင့် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်၏ နျူ...
30/10/2025

ရုရှားနှင့် အခြားနိုင်ငံများမှ မကြာသေးမီက ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုများကြောင့် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်၏ နျူကလီးယားလက်နက် စမ်းသပ်မှုများကို ချက်ခြင်းလုပ်ဆောင်ရန် ပင်တဂွန်စစ်ဌာနချုပ်သို့ ညွှန်ကြားလိုက်သည်။

ထရမ့်က Truth Social လူမှုကွန်ရက်၌ အခြားနိုင်ငံများက နျူကလီးယား စမ်းသပ်မှုများကြောင့် ပင်တဂွန်သည်လည်း အလားတူအဆင့်ဖြင့် စမ်းသပ်မှုချက်ချင်း စတင်မည်" ဟု အောက်တိုဘာ ၂၉ ရက်တွင် ရေးသားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တောင်ကိုရီးယား၌ ကုန်သွယ်ရေးကိစ္စဆွေးနွေးရန် သတ်မှတ်ထားချိန် ၁ နာရီ မပြည့်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရုရှားသမ္မတဗလာဒီမာ ပူတင်၏ နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးပျံ စမ်းသပ်မှု ကြေညာချက်အပေါ် မသင့်လျော်ကြောင်း ထရမ့်က အောက်တိုဘာ ၂၉ ရက်ညတွင် မှတ်ချက်ပေးအပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပူတင်က ရုရှားသည် ၎င်း၏ ထူးခြားသည့် နျူကလီးယားစွမ်းရည်ရှိသော Burevestnik ခရုစ်ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပြီးစီးကြောင်း ကြေညာခဲ့သည်။ အမေရိကန်သည် အခြားနိုင်ငံများထက် နျူကလီးယားလက်နက် ပိုမိုပိုင်ဆိုင်သည်ဟု အောက်တိုဘာ ၂၉ ရက် အစောပိုင်းက မှားယွင်းစွာ ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်များ ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှု (International Campaign to Abolish Nuclear Weapons) အရ ရုရှားသည် လက်ရှိတွင် နျူကလီးယားထိပ်ဖူး ၅,၅၀၀ ကျော်ဖြင့် နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ပြီး အမေရိကန်တွင် နျူကလီးယားလက်နက် ၅,၀၄၄ ခုသာ ရှိသည်။

အမေရိကန်သည် Divider ဟု အမည်ဝှက်ပေးထားသည့် နောက်ဆုံး နျူကလီးယား လက်နက်စမ်းသပ်မှုကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ယခုအခါ နီဗားဒါး အမျိုးသားလုံခြုံရေးနယ်မြေ (Nevada National Security Site) ဟုခေါ်သော နေရာ၌ လုပ်ဆောင်ခဲ့သည်။
ထိုနှစ်မှာပင် သမ္မတ ဂျော့ချ် ဘုရှ် က မြေအောက် နျူကလီးယား စမ်းသပ်မှု ရပ်ဆိုင်းရေးကို ကြေညာခဲ့သည်။


ောက်ပံ့ရေးအဖွဲ့

စစ်ရေးပြင်းထန်နေသည့် တနင်္သာရီတွင် စစ်အုပ်စုက နယ်လုံဝန်ကြီး အပြောင်းအလဲလုပ် YTမဇ္ဈိမ။ ။ တနင်္သာရီတိုင်းအတွက် လုံခြုံရေးန...
30/10/2025

စစ်ရေးပြင်းထန်နေသည့် တနင်္သာရီတွင် စစ်အုပ်စုက နယ်လုံဝန်ကြီး အပြောင်းအလဲလုပ်

YT

မဇ္ဈိမ။ ။ တနင်္သာရီတိုင်းအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်ကြောင်း ယနေ့ (အောက်တိုဘာလ ၃၀ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင် ဖော်ပြထားသည်။

ယခင် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ် နေရာတွင် ဗိုလ်မှူးကြီး သိန်းဇော်မြင့် အား ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်သည်။ ယခုအကြိမ်အပါအဝင် စစ်ကော်မရှင်က အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်းတွင် လေးကြိမ်ထက်မနည်း နယ်လုံဝန်ကြီး အပြောင်းအလဲပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီး မင်းမင်းလတ် မတိုင်ခင်က ဗိုလ်မှူးကြီးသိန်းလင်း၊ ယင်းမတိုင်ခင်တွင် ဗိုလ်မှူးကြီး သက်စိုး စသဖြင့် အသီးသီးတို့က နယ်လုံဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

စစ်ကော်မရှင်တပ် နယ်လုံဝန်ကြီး အပြောင်းအလဲပြုလုပ်ခြင်းမှာ လက်ရှိ တနင်္သာရီတိုင်းအတွင်း ပြင်းထန်နေသည့် စစ်ရေးအခြေအနေများကြောင့် ဖြစ်မည်ဟု သုံးသပ်ပြောဆိုခြင်းများ ရှိသည်။

“ သူတို့တနင်္သာရီတိုင်းကို ဒီ၂၀၂၅ ခုနှစ်မှာ အင်အားများစွာ တိုးပြီး ပြင်းပြင်းထန်ထန် ဖိလာတာတွေ့ရတယ်။ သူတို့သိတာ အဲ့ဒီဖက် တော်လှန်ရေးတပ်တွေသိပ်ပြီးမလုပ်နိုင်ဘူးလို့၂၀၂၅ မတိုင်ခင်ကအထိအထင်ရှိတယ်။ အခုမြေပြင်မှာ တော်လှန်ရေးတပ်တွေ စစ်ကစားတာတွေ ဗျူဟာမြောက်ပြောက်ကျားစစ်ဆင်ရေးတွေက အဆင့်မြင်လာတယ် သူတို့လျော့မတွက်ရဲတော့ဘူး။ ဒါကြောင့်လည်း သူတို့တချို့မထင်ရတဲ့နေရာတွေမှာအတိုက်ခံကြရတာပေါ့ အခုမောင်းမကန်ရဲစခန်းဆို လောင်းလုံမြို့နဲ့နီးနီးပဲလေ မြို့နားအထိလာကြိတ်နေတော့ မကြာမီမြို့ကိုလည်း လုပ်လာနိုင်လို့ သူတို့တော်တော်လန့်နေကြပြီ” ဟု နည်းဗျူဟာ (၃၃) မှ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

ထို့အပြင် ယခင် လုံနယ်ဝန်ကြီးဖြစ်သည့် ဗိုလ်မှူးကြီးမင်းမင်းလတ်မှာ အရပ်ဖက်ပြောင်းပြီး လာမည့် စစ်ကော်မရှင်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတဆင့် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

“ အဓိက ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် သူ့တိုစိတ်ချရတဲ့လူတွေကို ပါတီအတွင်းထည့်ထားတယ်လို့မြင်တယ်၊ အခုဆို တနိုင်ငံလုံးမှာ ယူနီဖောင်းချွတ် ပုဆိုးဝတ်ပြီးစေပြီး ကိုယ်စာလှယ် ၅၀၀ လောက်ကိုထည့်ထားလိုက်ပြီ။ သူတို့အကြမ်းဖက်စစ်အုပ်စုက မျက်နှာ နှစ်မျိုးနဲ့ တိုင်းပြည်ကိုအဆုံးထိဆွဲချသွားဖို့ အစီစဥ်တွေဖြစ်နိုင်ပါတယ်” ဟု စောဒါးကိုက ဆက်ပြောသည်။

လက်ရှိ တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ် စသည့် မြို့နယ်များတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ တင်းမာလျက်ရှိသည်။

စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် နယ်မြေစိုးမိုးမှု ပိုမိုရရှိရေးအတွက် မြို့နယ်အများစုသို့ မြေပြင်ထိုးစစ်များ မြှင့်တင်လုပ်ဆောင်နေသကဲ့သို့ စစ်သုံးလေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခြင်း၊ အထိုင်စခန်းများ၊ စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကိုလည်း လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ယမန်နေ့ (၂၉ ရက်) အထိ လေးရက်အတွင်း စစ်ကော်မရှင်တပ်က မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ‎မဇော၊ လေးမိုင်၊ မော်တုံး စသည့်ကျေးရွာများ၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကွမ်းအင်း၊ သိန်ခွန်း စသည့် ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ ပြုလုပ်ခဲ့ခြင်းရှိသည်ဟု KNU တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေတင်းမာလာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အရပ်သား အရေအတွက်မှာလည်း တဖြည်းဖြည်းတိုးလာခဲ့ပြီး ပြီးခဲ့သည့် စက်တင် ဘာလကုန်ပိုင်းတွင် စစ်ရှောင်ဦးရေ ၈၀,၈၀၀ ဦးအထိ ရှိလာကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းတခုဖြစ်သည့် FE5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။

စာတည်း။ ။ နောင်နောင်

ဓာတ်ပုံ - (၇၇) ကြိမ်မြောက် စစ်ရေးပြအခမ်းအနားကို နေပြည်တော်တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့စဉ်။ (STR / AFP)

#စစ်ရေးပြင်းထန်
#တနင်္သာရီ

#သိန်းဇော်မြင့်
#မဇ္ဈိမသတင်းဌာန

ောက်ပံ့ရေးအဖွဲ့
---------------------------------------------------------------

နည်းပညာရှင်တွေကို ထောက်ပံ့ကြရအောင်
30/10/2025

နည်းပညာရှင်တွေကို ထောက်ပံ့ကြရအောင်

FW ရဲ့ R&D လုပ်ငန်းတွေဟာ ပြည်သူလူထုရဲ့ ထောက်ပို့ထည့်ဝင်မှုသီးသန့်နဲ့သာ ရပ်တည်နေခြင်းဖြစ်ပါတယ်။

တော်လှန်ရေးထောက်ကူနည်းပညာတွေ ခါးဆက်မပြတ်ဖို့ရာအတွက် FW R&D ရဲဘော်​တွေအနေနဲ့ အခက်အခဲမျိုးစုံကြားမှာ အသည်းအသန်ရုန်ကန်နေကြပေမဲ့ R&D အတွက် ရန်ပုံငွေအနေအထားဟာလည်း ကုန်ခန်းလုလုအနေအထားကို ရောက်ရှိလာနေပါပြီ။

R&D လုပ်ငန်းသီးသီးသန့်သန့်အသုံးပြုဖို့ရာအတွက် လတ်တလောမှာ ငွေကျပ် သိန်း (၅၀၀) ခန့်လိုအပ်နေတာဖြစ်လို့ ကူညီဖြည့်တင်းပေးကြဖို့ တော်လှန်ပြည်သူလူထုကို Federal Wings ရဲ့ Research & Development Team အနေနဲ့ အထူးပဲအကူအညီတောင်းချင်ပါတယ်။

ပြောပြလိုက်ရင် ထခုန်လုမတတ်ဖြစ်နိုင်တဲ့ စိတ်အားတက်စရာ Research & Development Result တွေရှိနေပါတယ်။

အချိန်တန်တဲ့အခါ တော်လှန်ရေးစင်မြင့်ထက်မှာ လှလှပပကြီး တီးခတ်ပြကြပါလိမ့်မယ်လို့ သတင်းစကားပါးချင်ပါတယ်။

Federal Wings ကိုကူညီခြင်းနဲ့ တော်လှန်ရေးနည်းပညာတွေကို အသက်ဆက်ပေးပါ။



#သိန်း၅၀၀ကူပေးပါ

စစ်တပ်၏ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်လျှင် ပြင်းပြင်းထန်ထန် အရေးယ...
30/10/2025

စစ်တပ်၏ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇော်မင်းထွန်း ခြိမ်းခြောက်ပြီး အနုပညာရှင် ၃ ဦးကို ဖမ်းဆီး

🟥သရုပ်ဆောင်အမည်ခံ နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် ၊ အောင်တိုး ၊ နိုင်လင်း ၊ သွက်လတ် အပါအဝင် စစ်တပ်ထောက်ခံသူများကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ကြရန် စမ်းချောင်းသပိတ်စစ်ကြောင်းက နှိုးဆော်

ရန်ကုန်၊ အောက်တိုဘာ ၃၀

အကြမ်းဖက် စစ်တပ်၏ လိမ်လည်ဝါဒဖြန့်ဇာတ်ကားဖြစ်သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ဝေဖန်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ယမန်နေ့တွင် ထုတ်ဖော်ပြောဆို ခြိမ်းခြောက်သည်။

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်သူများကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့ကို အောက်တိုဘာ ၂၇ ရက်နေ့ စစ်တပ်က ဖမ်းဆီးပြီးနောက် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

ဖမ်းဆီးထားသူ ၃ ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး လူထုကို ဝါဒမှိုင်းတိုက်ခြင်း ၊ လူထုအရေးတော်ပုံကို ပုံဖျက်ခြင်း တို့ကို ကျူးလွန်သော အညံ့စား ဝါဒဖြန့် အနုပညာရှင်အမည်ခံများ ဖြစ်ကြသော နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်းမောင် ၊ ခြူးလေး ၊ မေမြင့်မိုရ် ၊ အောင်ခိုင် ၊ ငှက်ပျောကြော် ၊ အောင်တိုး ၊ နိုင်လင်း ၊ သွက်လတ် ၊ စူပါလင်း ၊ မင်းညို ၊ ဥက္ကာပျံရီ ၊ ရဲရင့် ၊ ရောပျော် ၊ အောင်ဇင်ဖြိုး တို့ကို Boycott & Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ် ခတ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

Boycott & Social Punishments လုပ်ခြင်းဆိုသည်မှာ အဆိုပါ စစ်တပ်ထောက်ခံသူများ၏ Social media အကောင့် များတွင် Follow လုပ်ထားပါကဖြုတ်ထားရန် ၊ Like ၊ Comment မပေးဘဲ Rp များလုပ်ခြင်း၊ Block ခြင်း ၊လုပ်ငန်းများကို အားမပေးခြင်း ၊ ကြော်ငြာ ရိုက်နေသော ကုန်ပစ္စည်းများကို မဝယ်ယူ မသုံးစွဲခြင်း ၊စာချုပ်ချုပ်သော လုပ်ငန်းများကို ဖယ်ကျဉ်ခြင်း ၊ ၎င်းတို့နှင့်ပတ်က်သော ပတ်ဝန်းကျင်၊လုပ်ငန်း၊ထုတ်ကုန် အားလုံးကို ပြည်သူက လုံးဝ(လုံးဝ)အသုံးမပြုဘဲ ကျဉ်ဖယ်ထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

အညံ့စား၊ ဝါဒဖြန့် အနုပညာရှင်အမည်ခံများက အမှန်တကယ် စစ်ရာဇဝတ်မှုကျူးလွန်နေသော ၊ လူထု၏ အသက်အိုးအိမ်ကို မီးရှို့ သတ်ဖြတ်နေသော အကြမ်းဖက် စစ်အုပ်စုဘက်မှ စစ်ရာဇဝတ်မှုများ ထပ်မံကျူးလွန်စေရန် ထောက်ခံပြီး အားပေးမြောက်ပြုလုပ်နေပြီး လူထု နှင့် နိုင်ငံတော်အပေါ်ပျက်ရယ်ပြုစော်ကားနေခြင်းဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။


ောက်ပံ့ရေးအဖွဲ့

အီရန်နိုင်ငံသို့ လက်နက်ရောင်းချမှုနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို  ကုလသမဂ္ဂက ပြီးခဲ့သည့်လအတွင်း ပိတ်ဆို့အရေးယူမှ...
30/10/2025

အီရန်နိုင်ငံသို့ လက်နက်ရောင်းချမှုနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ကုလသမဂ္ဂက ပြီးခဲ့သည့်လအတွင်း ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ခဲ့သော်လည်း အီရန်သည် ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို ပြန်လည်တိုးမြှင့် လုပ်ဆောင်နေကြောင်း ဥရောပ ထောက်လှမ်းရေးအဖွဲ့များက သတိပေးထားသည်။

အီရန်၏ တာလတ်ပစ် ဒုံးကျည်များကို စွမ်းအားပေးသည့် ဆိုဒီယမ်ပါကလိုရိတ် (Sodium Perchlorate) အများအပြား တင်ဆောင်လာသည့် တရုတ်နိုင်ငံမှ သင်္ဘောများသည် စက်တင်ဘာလကုန်ပိုင်းက အီရန်နိုင်ငံ၏ ဘန်ဒါအဘာ့စ် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်များက ဆိုသည်။

အီရန်နှင့် အစ္စရေးတို့ ဇွန်လအတွင်းက ၁၂ ရက်ကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံထံမှ ဆိုဒီယမ်ပါကလိုရိတ် တန်ချိန် ၂,၀၀၀ ကို အီရန်က ဝယ်ယူခဲ့သည်ဟုလည်း အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါတင်ပို့မှုများကို တရုတ်အစိုးရက သိရှိခြင်း ရှိ၊ မရှိမှာ ရှင်းရှင်းလင်းလင်း မသိရပေ။ တရုတ်သည် ရုရှားနှင့်အတူ အီရန်အပေါ်ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်သည်ကို ကန့်ကွက်ထားသည်။

ယင်းပစ္စည်းများအား တင်ပို့မှုနှင့် ပတ်သက်၍ CNN ၏ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တိကျသောအခြေအနေကို မသိရှိသေးကြောင်းနှင့် တရုတ်နိုင်ငံသည် နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့် ပြည်တွင်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ နှစ်မျိုးသုံးပစ္စည်းများ (Dual-use Items) အပေါ် ပို့ကုန်ထိန်းချုပ်မှုများကို အမြဲတမ်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေဆိုသည်။

Middlebury Institute of International Studies မှ အရှေ့အာရှ နျူကလီးယားပြန့်ပွားမှု တားဆီးရေးစီမံကိန်း၏ ဒါရိုက်တာ ဂျက်ဖရီ လူးဝစ္စ က "စစ်ပွဲမှာ ကုန်သွားတဲ့ ဒုံးကျည်တွေကို အစားထိုးဖို့နဲ့ ထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အီရန်က အခုဆိုဒီယမ်ပါကလိုရိတ် ပိုမိုလိုအပ်နေပါတယ်။ အီရန်က လက်နက်ပြန်လည်တပ်ဆင်ဖို့ ကြိုးစားနေတာကြောင့် တင်ပို့မှုကြီးတွေကို ကျွန်တော် မျှော်လင့်သလို၊ အစ္စရေးနဲ့ အမေရိကန်တို့ကလည်း ကုန်သွားတဲ့ ကြားဖြတ်ဒုံးကျည်တွေနဲ့ လက်နက်ခဲယမ်းတွေကို အစားထိုးဖို့ အပြိုင်အဆိုင် ကြိုးစားနေမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

"ဆိုဒီယမ်ပါကလိုရိတ် တန်ချိန် ၂၀၀၀ က ဒုံးကျည် ၅၀၀ လောက်အတွက်ပဲ လုံလောက်ပါတယ်။ အီရန်က စစ်ပွဲမတိုင်ခင် တစ်လကို ဒုံးကျည် ၂၀၀ လောက် ထုတ်လုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး အခု အစ္စရေးက ဖျက်ဆီးခဲ့တဲ့ ဒါမှမဟုတ် သူတို့ကိုယ်တိုင် အသုံးပြုခဲ့တဲ့ ဒုံးကျည်အားလုံးကို အစားထိုးရမှာ ဖြစ်ပါတယ်" ဟုလည်း ၎င်းက ပြောသည်။
−−−−−−−−−−−−−−−−−−−−−−−−−−−−−
အီရန်တို့ ပိုင်ဆိုင်သည့် လက်နက်များကို အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတွင် ပြသထားပုံ။ (ဓာတ်ပုံ − AFP)


ောက်ပံ့ရေးအဖွဲ့

30/10/2025

I got over 2,500 reactions on my posts last week! Thanks everyone for your support! 🎉

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံးရန်ကုန်၊ အောက်တိုဘာ ၂...
29/10/2025

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"၂၈ ရက်နေ့မှာ လေးမိုင်ကျေးရွာ စစ်ခွေး ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ထိတွေ့တိုက်ပွဲက ၄၅ မိနစ်လောက်ကြာခဲ့တယ်။ စစ်ခွေးတွေဘက်က ၈ ကောင် သေဆုံးတယ်။ ၂၆ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်" ဟု ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့နှင့် တနင်္သာရီတပ်ပေါင်းစုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအခြေအနေများ တင်းမာနေမှုကြောင့် ပြည်သူများ သတိရှိစွာ သွားလာကြပါရန် ဗိုလ်ခရင်းတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။


ောက်ပံ့ရေးအဖွဲ့

29/10/2025

မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချထားသည့် စစ်တပ်ထံ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

အောက်တိုဘာ ၂၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ‌ရွှေဂူနီဘုရားမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေထံ ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားသို့ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ထနောင်းဝင်းနဲ့ ကျောက္ကာရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လမ်းပေါ်မှာ စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လက္ခဏာတွေ ကျန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၁၊၂၊၃၊၄ ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေး အဖွဲ့- Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ - မုံရွာ Special ဒိတ်ဒိတ်ကြဲ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နဲ့ ဒေသခံရပ်ကျေးပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video-Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာ
မောင်း မှ ရုပ်သံနှင့်စာသားကူးယူဖော်ပြသည်။

ောက်ပံ့ရေးအဖွဲ့

မြန်မာ့အရေးကူညီပေးရန် သမ္မတထရမ့်ကို တောင်ကိုရီးယားရောက် မြန်မာလူငယ်များတောင်းဆိုမဇ္ဈိမ။  ။ မြန်မာပြည်သူများအပေါ် ညှဉ်းပမ...
29/10/2025

မြန်မာ့အရေးကူညီပေးရန် သမ္မတထရမ့်ကို တောင်ကိုရီးယားရောက် မြန်မာလူငယ်များတောင်းဆို

မဇ္ဈိမ။ ။ မြန်မာပြည်သူများအပေါ် ညှဉ်းပမ်းနှိပ်စက်နေသည့် မြန်မာစစ်တပ်ကို အရေးယူရန်၊ No Fly zone များသတ်မှတ်ပေးရန်နှင့် မြန်မာ့ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် ကူညီပေးရန် အကူညီတောင်းခံသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ မြန်မာလူငယ်များက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအနီးတွင် တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၃ နာရီမှ စတင်ကာ အမေရိကန်သံရုံးအနီး မီတာ ၁၂၀ အကွာမှ တောင်းဆိုနေကြခြင်းဖြစ်ပြီး သမ္မတထရမ့် ကိုရီးယားတွင် ရှိနေမည့် မနက်ဖြန် ၃၀ ရက်နေ့အထိ သံရုံးအနီးမှာပဲ ဆက်ပြီးတော့ တောင်းဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်းဆိုမှုတွင် ကိုယ်တိုင်ပါဝင်နေသူ ကိုပိုင်က မဇ္ဈိမသို့ ပြော သည်။

"မတရားအာဏာသိမ်းထားတဲ့ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်ဗုံးကြဲတယ်၊ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်နေတယ်" ဟု မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) ၏ အတွင်းရေးမှူး (၁) လည်းဖြစ်သူ ကိုပိုင်က ပြောသည်။

ထို့ပြင် ၎င်းက "ဒီအရေးမှာ တရုတ်နဲ့ ရုရှားက မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ ပြည်သူတွေကို နှိပ်စက်နေတယ်ပေါ့နော်၊ ဒီအရေးမှာ အာဏာသိမ်းစစ်တပ်ကို အရေးယူပေးဖို့၊ မြန်မာ့အရေးပေါ် ကူညီပေးဖို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်" ဟု ဆိုသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများကို တက်ရောက်ခဲ့ပြီးနောက် လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူးမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထရမ့်သည် တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်မတိုင် အောက်တိုဘာလ ၂၇ ရက်နေ့က ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ရာ ဂျပန်ရောက်မြန်မာများက ဒေါ်နယ်ထရမ့်ကို စစ်ကော်မရှင်တပ်၏ မတရားဖမ်းဆီးခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကူညီပေးရန် အမေရိကန်သံရုံးမှတဆင့် အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့ကြသေးသည်။

စာတည်း။ ။ နောင်နောင်

#မြန်မာ့အရေး
#သမ္မတထရမ့်
#တောင်ကိုရီးယား
#မင်းအောင်လှိုင်
#မဇ္ဈိမသတင်းဌာန

ောက်ပံ့ရေးအဖွဲ့
-------------------------------------------------------

မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ၃ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထ...
29/10/2025

မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ၃ လကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

■ စစ်တပ်က ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီး သတ်ဖြတ်ထားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို ၃ လကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို အကြိမ်ကြိမ် လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း Myingyan District Battalion - 2 မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀၀ ကျော်ပါ စစ်ကြောင်းသည် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းကိုလည်း တော်လှန်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက လမ်းတစ်လျှောက်တွင် လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများသည် ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း၊ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရာနှင့်ချီ သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများတွင် တပ်စွဲထားကြောင်း သိရှိရသည်။

"စစ်ခွေး စစ်ကြောင်းက မြင်းခြံမြို့ပေါ်ကနေ အင်အား ၁၀၀၀ ကျော်နဲ့ ထွက်လာတာပါ။ ရဲကွန်မန်ဒို တပ်ရင်းတပ်ဖွဲ့ပါမယ်။ ခမရ ၁၅ တပ်ရင်းက စစ်ခွေးတွေပါမယ်။ မြင်းခြံ ပြည်သူ့စစ် သီတာယုမွန် အဖွဲ့တွေ ပူးပေါင်းပြီး မြင်းခြံမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာပါ။ စစ်ခွေး စစ်ကြောင်းက ၈ လပိုင်း ၁ ရက်နေ့ စပြီးထိုးတာပါ။ စထိုးကတည်းကကို နေ့တိုင်း တိုက်ပွဲဖြစ်နေတာပါ။ ဒီနေ့ထိကို ထိတွေ့မှုတွေရှိနေတုန်းပါပဲ။ ၃ လ နီးအတွင်းမှာ စစ်ခွေးသေတာက ရာနဲ့ချီပြီး သေနိုင်ပါတယ်။ ကျွန်တော်တို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းကလည်း ရဲဘော် ၇ ဦးလည်း ကျဆုံးခဲ့ရတယ်။ ခန့်မှန်းခြေ စစ်ခွေး ၁၀၀ ကျော်လောက် အနည်းဆုံးသေဆုံးတယ်။ အလင်းဝင်တာတွေလည်း ရှိပါတယ်။ တစ်ချို့နေရာတွေမှာ အလောင်းတွေလည်း ရပါတယ်" ဟု Myingyan District Battalion - 2 မှ တပ်ရင်းမှူးက ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့မှစ ၍ ယနေ့အချိန်ထိ မြင်းခြံမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကြောင်းအနီး နေထိုင်ခြင်းမပြုကြပါရန်နှင့် စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက် အများပြည်သူများ အနေဖြင့် မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းကို ထောက်ပို့ကူညီပေးကြပါရန် Myingyan District Battalion - 2 က မေတ္တာရပ်ခံထားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်က တိုက်ပွဲများအတွင်း အထိနာခဲ့သောကြောင့် ကျေးရွာများကို ဝင်ရောက် စီးနင်းစဉ် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပျောက်ဆုံးနေသော ပြည်သူများလည်းရှိပြီး လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းက ကျေးရွာများအတွင်းမှ ပြန်လည် ထွက်ခွာခြင်းမရှိသေးသောကြောင့် ပြည်သူများ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်းသည် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။


ောက်ပံ့ရေးအဖွဲ့

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာအောက်တိုဘာ ၂၉၊ ၂၀၂၅အမျိုးသားညီညွတ်...
29/10/2025

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အောက်တိုဘာ ၂၉၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

MDY PDF အနေနဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှု၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲမှု၊ တပ်ဖွဲ့ဝင်များစွာရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့အတူ မန္တလေးဒေသအတွင်းက နယ်မြေတချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ MDY PDF က ထုတ်ပြန်လိုက်တာပါ။

MDY PDF အနေနဲ့ ဘယ်လိုကြီးမားတဲ့ အခက်အခဲတွေပဲရှိရှိ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ MDY PDF နဲ့အတူ တိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်ဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) က တရုတ်ရဲ့ ကြားဝင်မှုကြောင့် အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မယ့်အကြောင်း ဒီနေ့မှာ ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

#မောင်း
ောက်ပံ့ရေးအဖွဲ့

ที่อยู่

Jalan Saujana Indah 6
Bang Khae
70300

เบอร์โทรศัพท์

+66619072972

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Federal RaungNi - ထောက်ပံ့ရေးအဖွဲ့ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Federal RaungNi - ထောက်ပံ့ရေးအဖွဲ့:

แชร์