11/07/2026
TM30 ဆိုတာဘာလဲ?
TM30 ဆိုတာ ထိုင်းနိုင်ငံ Immigration ဥပဒေအရ နိုင်ငံခြားသားတစ်ဦး ဘယ်နေရာမှာ နေထိုင်နေတယ်ဆိုတာကို အစိုးရကို အသိပေးတိုင်ကြားခြင်း ဖြစ်ပါတယ်။
ဘယ်သူတွေကတိုင်ရမလဲ?
ဒါက အရေးအကြီးဆုံး အချက်ပါ - TM30 ကို သင်ကိုယ်တိုင် တိုင်စရာမလိုပါဘူး!
🏘️ အိမ်ရှင် (Landlord)
🏢 Condo/Apartment ပိုင်ရှင် (သို့) Management
🏭 Company Dormitory ဖြစ်ရင် အလုပ်ရှင် (သို့) Dorm Manager
🏨 ဟိုတယ်တွင်နေထိုင်ရင် ဟိုတယ်ပိုင်ရှင် သူတို့ကတိုင်ကြားပေးရတာပါ။
ဒါဆို ဘယ်တော့တိုင်ရမလဲ?
နိုင်ငံခြားသားသစ် နေရာချထားတဲ့အခါ ၊ နေရပ်လိပ်စာ အသစ်ပြောင်းတဲ့အခါ
နိုင်ငံတစ်ခုခုကိုယ် ထွက်ပြီးရင် ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်လာတဲ့အခါ (Passport stamp အသစ်ရတိုင်း)
ဒီအခြေအနေတွေဖြစ်ပြီး ၂၄ နာရီအတွင်း တိုင်သင့်ပါတယ်။
ဒါဆိုရင် ဘာကြောင့် အရေးကြီးတာလဲ?
TM30 က သင့် Visa Extension၊ Work Permit Renewal၊ 90-Day Report စတဲ့ အခြားလုပ်ငန်းစဉ်တွေမှာ အထောက်အထားအဖြစ် လိုအပ်ပါတယ်။
TM30 မရှိရင် -
Visa Extension လျှောက်ရာမှာ ငြင်းပယ်ခံရနိုင်သလို။
Work Permit ပြန်လျှောက်ရာမှာလည်းအခက်အခဲကြုံနိုင်တယ့်အတွက် TM 30 မလုပ်ရသေးဘူး
ဆို ProFile မှာ အသေးစိတ်မေးမြန်းနိုင်သလို
message box မှာလည်း TM 30 လို့ပေးပို့ပြီး ယုံကြည်စိတ်ချစွာ Service အပ်နှံနိုင်ပါတယ်။
Phone -0950742102
#ထိုင်းရောက်မြန်မာများ