Love Story ဗဟုသုတအစုံတင်ဆက်ပေးနေသည်

03/11/2025
03/11/2025
03/11/2025
02/11/2025
ကောလ်စင်တာလို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ ဖခင်ကြီးဖြစ်တဲ့... အသက် ၃၀ ကျော်သာရှိသေးတဲ့... တရုတ်လူမျိုး၊ ကမ္ဘောဒီးယား ...
01/11/2025

ကောလ်စင်တာလို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ ဖခင်ကြီးဖြစ်တဲ့... အသက် ၃၀ ကျော်သာရှိသေးတဲ့... တရုတ်လူမျိုး၊ ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဌ ဟွန်ဆန်နှင့် သူ့ရဲ့သားဝန်ကြီးချုပ် ဟွန်မာနက်တို့ရဲ့ အကြံပေး...၊ Prince Group တည်ထောင်သူ Chen Zhi ဟာ... အမေရိကန်၊ အဂ်လန်၊ ကိုရီးယားနဲ့ ထိုင်းတို့ရဲ့ ပူးတွဲစစ်ဆင်ရေးစတင်ချိန်မှာဘဲ ကမ္ဘောဒီးယားကနေ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပြီး ဘယ်မှာရှိနေတယ်ဆိုတာ မသိရသေးပေမယ့် သူ့ရဲ့(Prince Group) ပိုင်ဆိုင်မှုတွေကို ဒီလ၊ အောက်တိုဘာလအတွင်းမှာဘဲ...
🇺🇸 အမေရိကန်က (ဒေါ်လာ ၁၅ ဘီလျံ) ဘတ်ငွေသန်းပေါင်း ၅ သိန်းကို ပထမဆုံးသိမ်းဆည်းခဲ့ပြီး...
🇬🇧 အဂ်လန်က ဘတ်ငွေသန်းပေါင်း ၄,၃၀၀ ကျော်ကို သိမ်းဆည်းခဲ့ပါတယ်။ ဒါ့အပြင်...
🇰🇷 ကိုရီးယားကလည်း ဘတ်ငွေသန်းပေါင်း ၂,၁၀၀ ကျော်ကို သိမ်းဆည်းခဲ့သလို၊ ယ္ခုနောက်ဆုံး...ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ...
🇸🇬 စင်ကာပူက ဘတ်ငွေသန်းပေါင်း ၃,၇၀၀ ကျော်ကို သိမ်းဆည်းလိုက်ပြီဖြစ်ပါတယ်။
ဒါပေမယ့်... ရုံးခန်းကြီးတွေ၊ အဆောက်အဦးကြီးတွေ၊ စီးပွါးရေးလုပ်ငန်းကြီးတွေအများကြီးရှိတဲ့ 🇹🇭 ထိုင်းက ယနေ့အထိ ဘာအက်ရှင်မှ မယူသေးပါဘူး။

Chen Zhi ကမ္ဘောဒီးယားကနေ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ထွက်ပြေးသွားတဲ့ တချိန်ထဲမှာဘဲ...
"တပ်စင်" နဲ့၊ လက်ရှိ အနုထင် ဦး‌ဆောင်တဲ့အစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီးချုပ်နဲ့ စိုက်ပျိုးရေးဝန်ကြီးရာထူးယူထားတဲ့ "လွိုက်အက် ထမနတ်" တို့ရဲ့လူယုံ "ဘင်ဂျာမင် မောက်ဘာဂါ" ဆိုသူဟာလည်း ထိုင်းကနေ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ထွက်ပြေးသွားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ထိပ်တန်းအရာရှိကြီးတွေ ဗိုလ်ချုပ်ကြီးတွေအပါအဝင်၊ ထိုင်းအစိုးရအဆက်ဆက်ရဲ့ ဝန်ကြီးတွေကိုယ်တိုင်က အဲဒီ ကောလ်စင်တာလို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြတာ၊ အကျိုးအမြတ်တွေ ခွဲဝေယူနေကြတာဖြစ်ပါတယ်။ သူတို့ရဲ့အချက်အလက်တွေကိုလည်း အမေရိကန်က ရရှိ/သိရှိထားပြီးဖြစ်ပါတယ်...။

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိတဲ့...
Steven Sanyu

အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၅
゚viralシ #

31/10/2025

🟪ရဲတွေက ဖောက်သည်အသွင်ယူပြီး မြန်မာလူငယ် ဆံပင်ညှပ်ဆရာကို ဖမ်းဆီး
🟪မြန်မာလုပ်သားနှင့် ဆိုင်ပိုင်ရှင်ကို အရေးယူမည်
_____________
ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ထားရှိတဲ့ ဆံပင်ညှပ်ဆရာ အလုပ်ကို လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်မှာ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကော့စမွီကျွန်းပေါ်က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကို ရဲအရာရှိတစ်ဦးက သာမန်ဖောက်သည်တစ်ဦးလို အယောင်ဆောင် ဝင်ရောက်ခဲ့ပြီးနောက် အခုလိုဖမ်းဆီးခဲ့တာပါ။

ဆိုင်ထဲမှာ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်ဇော်ထွန်း က ဆံပင်ညှပ်ဆရာအဖြစ် ဝန်ဆောင်မှုပေးနေတာကို တွေ့ရှိရပြီး ရဲက သူ့ရဲ့ ဆံပင်ကို စတင်ညှပ်ခိုင်းခဲ့တာပါ။ဆံပင်ညှပ်နေစဉ်အတွင်းမှာပဲ အယောင်ဆောင် ဖောက်သည်ရဲက သူတို့ဟာ အရာရှိဖြစ်ကြောင်း ဖွင့်ဟလိုက်တဲ့အခါ ဆံပင်ညှပ်ဆရာ မြန်မာလူငယ်က တော်တော်လေးကို ထိတ်လန့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲအရာရှိက ဆံပင်ပြီးအောင် ဆက်ညှပ်ပြီးမှ ဖမ်းဆီးမယ်လို့ ပြောခဲ့ပါတယ်။

ရဲအရာရှိရဲ့ ဆံပင်ကို ညှပ်ပြီးတဲ့အခါမှာတော့ အသင့်စောင့်နေတဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ချက်ချင်း ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ မြန်မာလူငယ်က ဆိုင်ကို ထိုင်းနိုင်ငံသားတစ်ဦးက ပိုင်ဆိုင်ပြီး သူက အလုပ်သမားအဖြစ်သာ လုပ်ကိုင်နေတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ မြန်မာဆံပင်ညှပ်ဆရာကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းကို ပို့ဆောင်လိုက်ပြီဖြစ်ပြီး ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံသားကိုလည်း ဆက်လက်အရေးယူဖို့ စီစဉ်နေတယ်လို့ MGR သတင်းအရ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဆံပင်ညှပ်ခြင်း ဟာ ထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့်ခွင့်ပြုထားတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်တာကြောင့် နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိပါဘူး။ ဒါကြောင့် ကိုအောင်ဇော်ထွန်းကို လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်ကို နိုင်ငံခြားသားတစ်ဦးအနေနဲ့ လုပ်ကိုင်ခြင်း ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
#ထိုင်း #စူရက်ဌာနီ #ဘီကွန်မြန်မာ #အလုပ်သမား

31/10/2025
30/10/2025
24/10/2025
18/10/2025

ที่อยู่

Bang Na

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Love Storyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์