Myanmar Sports Best Sports Stories
(1)

 ရိုင်နီယာ vs. ဘရန်ဒန် အယ်လန်*********ကနေဒါမှာ ကျင်းပမယ့် UFC Fight Night ပြိုင်ပွဲရဲ့ ခေါင်ပွဲ အပြောင်းလဲ ဖြစ်သွားပါပြီ...
15/09/2025



ရိုင်နီယာ vs. ဘရန်ဒန် အယ်လန်
*********

ကနေဒါမှာ ကျင်းပမယ့် UFC Fight Night ပြိုင်ပွဲရဲ့ ခေါင်ပွဲ အပြောင်းလဲ ဖြစ်သွားပါပြီ။

အန်သိုနီ ဟာနန်ဒက် က ဒဏ်ရာရသွားလို့ နှုတ်ထွက်လိုက်ရပါတယ်။

သူ့ရဲ့ နေရာကို ဘရန်ဒန် အယ်လန်က အစားဝင်လာပါတယ်။

ဒါ့ကြောင့် ရိုင်နီယာ vs. ဘရန်ဒန် အယ်လန် ဖြစ်သွားပါပြီ။

Kill Cliff FC က ဖိုက်တာ နှစ်ယောက် ထိပ်တိုက်တွေ့ကြတာပါ။

မီးပွင့်သွားအောင် ကြမ်းကြတဲ့ပွဲ 🔥**********UFC လို စင်မြင့်ထက်မှာ တစ်ချိန်လုံး အခွက်ပြောင်လို့ မရဘူးဆိုတာ သတိပေးလိုက်တဲ့...
14/09/2025

မီးပွင့်သွားအောင် ကြမ်းကြတဲ့ပွဲ 🔥
**********

UFC လို စင်မြင့်ထက်မှာ တစ်ချိန်လုံး အခွက်ပြောင်လို့ မရဘူးဆိုတာ သတိပေးလိုက်တဲ့ ပွဲပါပဲ။

Stand Fight မှာ ဂျန်ဆေးဗား က အတော်ကြီးကိုသာပါတယ်။ ထိုးပုံ ထိုးကွက်တွေကလဲ ထင်မထားလောက်အောင် စုံတာပါ။

ဒါပေမယ့် ပြိုင်ဘက်ကို မထီမဲ့မြင် လုပ်လွန်းတာကပဲ သူ့ကို ရှုံးပွဲကြုံစေတာပါ။

ပွဲစတာနဲ့ ဝူးဝူးဝါးဝါး သွားလုပ်လို့ လိုပက်ဇ်က လှဲချပြီး 12-6 တံတောင်တွေချည်းပဲ ရှယ်ထောင်းပစ်ပါတယ်။

ရှုံးတော့မယ်လို့ ထင်နေချိန်မှာ ဂျန်ဆေးဗားက ပြန်ကုန်းရုန်းထပြီး ဆော်ပါတယ်။

လက်သီးထိချက်တွေကလဲ အတော်ကို တိကျတာပါ။

ဒီလောက် ထုထောင်းခံထားရတဲ့အကြားက ပွဲကို ပြောင်းပြန်လှန်ပြတာ အံ့မလန်းပါပဲ။

ဒီယေဂို လိုပက်ဇ် ရှုံးတော့မယ်လို့တောင် ထင်နေတာပါ။

ဒါကို သူက လောကြီး အတင်းဖွင့် မိုက်ရူးရဲဝင်တာ ဟိုက သူ သုံးနေတဲ့ နောက်ပြန်တံတောင်ရိုတ်ချက်နဲ့ ဆော်လိုက်တာ တန်းပြီး Knockdown ကျတာပါပဲ။

နောက်က တွဲလုံးတွေ ပါလာတော့ TKO နဲ့ အရှုံးပေးလိုက်ရပါတယ်။

ဒီပွဲက ကြည့်နေတဲ့ ပရိသတ်တွေကို သင်ခန်းစာတွေ အများကြီး ပေးတဲ့ပွဲမျိုးပါ။

ရသကလဲ အပြည့်ပါပဲ။

ထိပ်တန်းအဆင့်တွေမှာ ရှေ့က ပြိုင်ဘက်တွေလို မထီမဲ့မြင် လုပ်လို့မရဘူးဆိုတာ လိုပက်ဇ်က ချပြသွားပါတယ်။

နာမည်တွေ တအားထောင်တက်ခဲ့တဲ့ Fighting Nerd အဖွဲ့တွေ အခုတော့ ဆက်တိုက် ရှုံးပွဲကြုံပါပြီ။

 #ဗဟုသုတပေါ့အခုတလောကြည့်ရတဲ့ပွဲတွေမှာ ဘေးကနေ လိုက်ပါကြီးကြပ်တဲ့သူတွေက သူတို့ အသုံးပြုတဲ့ပုဝါ ကို ကွင်းထဲလှမ်းပစ်ပြီး အချ...
14/09/2025

#ဗဟုသုတပေါ့

အခုတလောကြည့်ရတဲ့ပွဲတွေမှာ ဘေးကနေ လိုက်ပါကြီးကြပ်တဲ့သူတွေက သူတို့ အသုံးပြုတဲ့ပုဝါ ကို ကွင်းထဲလှမ်းပစ်ပြီး အချက်ပြတာ ခဏခဏတွေ့လာရပါတယ်။

သဘောက သူတို့ကစားသမား ဆက်မကစားနိုင်တော့မှန်းသိလို့ ပွဲကို ရပ်ပေးဖို့ ဒိုင်လူကြီးကို အချက်ပြတာပါ။

တစ်နည်းဆိုရသော် အရှုံးပေးတယ်ပေါ့….။

ONE Fight Night 35 ပြိုင်ပွဲတုန်းက ခရစ္စရှန်လီဟာ ကွင်းဘေးကနေ ပုဝါ လှမ်းပစ်ချလိုက်ပါတယ်။

ညီဖြစ်သူ အန်ဒရီယန်လီ က လွယ်လွယ်နဲ့ အရှုံးမပေးတာ မြင်နေရတဲ့အတွက် ဆက်ကစားရင် ပိုဆိုးမှာစိုးလို့ အချက်ပြတာပါ။

တကယ်လဲ ဒိုင် ရပ်လိုက်တဲ့အချိန်မှာ အခြေနေက အတော်ဆိုးသွားပါပြီ။

မနေ့က ဗန်ရဲ့ ဘော်ဒါ အယ်ဒင်ကော်ရီရာ vs. ကော်စတာ ပွဲမှာလဲ ဒီအတိုင်းပါပဲ။

ဒုတိယချီပြီးတော့ ကော်စတာက ခြေချောင်းကျိုးသွားလို့ သူ့ နည်းပြတွေနဲ့ အကြိတ်နယ် ပြောဆိုကြပါတယ်။

ပွဲရပ်ပြီး အရှုံးမပေးပေမယ့် တတိယချီ ကစားချိန်မှာ မဟန်မှန်း သဘောပေါက်လို့ ကွင်းပြင်ကနေ ပုဝါလှမ်းပစ်ပေးပြီး အချက်ပြတာပါ။

ဒိုင်ကလဲ ချက်ခြင်းရပ်လိုက်ပါတယ်။

ကမ္ဘာ့အဆင့်မီ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ထူးထူးခြားခြားတွေ့ရတဲ့ ဖြစ်ရပ်တွေပေါ့ဗျာ။

နိုင်ပွဲနဲ့ စတင်လိုက်တဲ့ ဂျော့ရှူအာ ဗန်ရဲ့ဘော်ဒါ ကော်ရီရာ*******ဒီပွဲက အက်ဂါ ချိုင်ရက်ဇ် နှုတ်ထွက်သွားလို့ အယ်ဒင် ကော်ရီ...
13/09/2025

နိုင်ပွဲနဲ့ စတင်လိုက်တဲ့ ဂျော့ရှူအာ ဗန်ရဲ့ဘော်ဒါ ကော်ရီရာ
*******

ဒီပွဲက အက်ဂါ ချိုင်ရက်ဇ် နှုတ်ထွက်သွားလို့ အယ်ဒင် ကော်ရီရာ က Short Notice နဲ့ လူစားဝင်လာတာပါ။

သူ့ရဲ့ UFC ဖိုက်တာဘဝ ပထမဆုံး အဖွင့်ပွဲလဲ ဖြစ်ပါတယ်။

UFC Commentator အဖွဲ့တွေကလဲ ဗန် ရဲ့ လေ့ကျင့်ဖော် တစ်ယောက် ဖြစ်တဲ့အကြောင်း ခဏခဏ ထုတ်ပြောကြပါတယ်။

ကော်ရီရာ ဟာ အဖွင့်ပွဲဆိုပေမယ့် ရှိန်မနေပါဘူး။

ပညာကလဲ စုံပါတယ်။

လက်သီးတွဲလုံးပါတယ်။ Ground Game လုံးဝ မကြောက်ဘူး။

၂ ချီစလုံး သူကပဲ သာစီးနဲ့ ဦးဆောင်ဆော့ပါတယ်။

နောက်ဆုံးအချီမှာတော့ ဝါရင့်ဖိုက်တာကြီး အလက်ဆန်ဒရို ကော်စတာက ခြေချောင်း ဒဏ်ရာတွေ ရပြီး အရှုံးပေးသွားတာပါ။

ကောရီရာ ရဲ့ ကန့်လန်ကာ အဖွင့်ကတော့ အတော်လေး လှပသွားပါပြီ။

👏👏👏

UFC ကို ရောက်လာတော့မယ့် ONE ဖိုက်တာဟောင်း******************Team Khabib အဖွဲ့ဝင် ဖိုက်တာ တစ်ယောက်ဖြစ်တဲ့ ဆာဂီ ဟာ ပရိသတ် မ...
11/09/2025

UFC ကို ရောက်လာတော့မယ့် ONE ဖိုက်တာဟောင်း
******************

Team Khabib အဖွဲ့ဝင် ဖိုက်တာ တစ်ယောက်ဖြစ်တဲ့ ဆာဂီ ဟာ ပရိသတ် မြင်ကွင်းကနေ ပျောက်နေတာ အတော်ကြာပါပြီ။

ဒါပေမယ့် မကြာခင် UFC မှာ မြင်ရတော့မှာပါ။

ဥက္ကဌကြီး ဒေနာဝှိုက် နဲ့ အတူတူရိုတ်ထားတဲ့ ဓါတ်ပုံကိုချပြပြီး အချက်ပြလိုက်ပါပြီ။

သတင်းတွေကတော့ ကာတာမှာ ကျင်းပမယ့် UFC Fight Night ပြိုင်ပွဲမှာ ပါဝင်လာမယ် လို့ ဆိုပါတယ်။

ONE Championship တုန်းက ချန်ပီယံ ဖြစ်လောက်တဲ့ထိ အရည်သွေးပြည့်မီတဲ့ ဖိုက်တာ တစ်ယောက် UFC မှာ ဘယ်လိုလာမလဲ ကြည့်ကြတာပေါ့။

  ONE 173 ပြိုင်ပွဲအတွက် နောက်ထပ် တွဲဆိုင်းကောင်း ၄ ခုကို ချပြလိုက်တဲ့ ဥက္ကဌ ချတ်ထရီ-------------ONE Championship ဟာ ဂျပ...
11/09/2025



ONE 173 ပြိုင်ပွဲအတွက် နောက်ထပ် တွဲဆိုင်းကောင်း ၄ ခုကို ချပြလိုက်တဲ့ ဥက္ကဌ ချတ်ထရီ
-------------

ONE Championship ဟာ ဂျပန်မှာ ကျင်းပမယ့် ONE 173 ပြိုင်ပွဲနဲ့ ပတ်သက်လို့ လက်ရှိမှာ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်နေပါတယ်။

အဲဒီလို လုပ်ဆောင်နေချိန်မှာ ဥက္ကဌကြီးက နောက်ထပ် တွဲဆိုင်း ၄ ခုကို တရားဝင် ကြေငြာလိုက်ပါတယ်။

လစ်လပ်နေတဲ့ ဖလိုင်းဝိတ် မွေထိုင်း ချန်ပီယံခါးပတ်လုပွဲအဖြစ် ရော့ထန်း vs. နွန်အို တို့က ထိုးကြမှာ ဖြစ်ပါတယ်။ မူလ က ရော့ထန်း က ချန်ပီယံပါ။ သတ်မှတ်ဝိတ်တန်းအတွင်း ဝင်ရောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိလို့ လက်လွှတ်ပေးထားရတာ ဖြစ်ပါတယ်။

နောက်တစ်ပွဲကတော့ အသစ်ဖန်တီးလိုက်တဲ့ အက်တမ်ဝိတ် မွေထိုင်း ချန်ပီယံခါးပတ် လုပွဲပါပဲ။ ဆောင်ချိုင်နွိုင် ကို ဘဲဥခွဲပြီး စာချုပ်ကြီး သိမ်းပိုက်ထားတဲ့ နူစုရင် vs. ဂျပန် စူပါစတား နာဒါကာ တို့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

ခရစ်ရှန်လီ vs. ရာဆူလော့ တို့ကို မကျေပွဲ ပြန်တည်ကာ လိုက်ဝိတ်ချန်ပီယံ ခါးပတ် စိန်ခေါ်ပွဲ ဖန်တီးလိုက်ပြန်ပါတယ်။

နောက်ဆုံးချပြလိုက်တဲ့ တွဲဆိုင်းကတော့ အသစ်ခေါ်ယူလိုက်တဲ့ ဂျပန်က နာမည်ကြီးဖိုက်တာ အန်ပို နဲ့ မာရက် ဂရီဂိုရီယန် တို့ကို ပွဲ ဖြစ်ပါတယ်။

ONE Championship ဟာ ဒီပြိုင်ပွဲကို ဂျပန်မှာတော့ PPV ပုံစံနဲ့ ကျင်းပမယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ဒဏ်ရာ ကင်းကင်းရှင်းရှင်း နဲ့ ပြန်လာခဲ့ပါ Vero Nika----------ကျနော်တို့ ရဲ့ ဖိုက်တာ ဘရော်နီကာ ဟာ ပုခုံးဒဏ်ရာ ဆိုးဆိုးဝါးဝ...
11/09/2025

ဒဏ်ရာ ကင်းကင်းရှင်းရှင်း နဲ့ ပြန်လာခဲ့ပါ Vero Nika
----------

ကျနော်တို့ ရဲ့ ဖိုက်တာ ဘရော်နီကာ ဟာ ပုခုံးဒဏ်ရာ ဆိုးဆိုးဝါးဝါးရခဲ့လို့ ဂျူနီယာနဲ့ ပွဲပြီး ကတည်းက Rehabilitation တွေပဲ ဆက်တိုက် လုပ်ဆောင်နေခဲ့ရတယ်လို့ သိရပါတယ်။

အခုတော့ ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်ဖို့ သိပ်ပြီး မလိုတော့ပါဘူး။

သဘောက ပွဲပြန်လက်ခံ ထိုးပေးဖို့လဲ အရမ်းကြီးကြာတော့မှာ မဟုတ်ပါဘူး။

ပရိသတ်တွေ မျှော်နေတဲ့ ဘရော်နီကာကြီး ကို ပြန်မြင်ရတော့မှာပါ။

အကောင်းဆုံး ပုံစံနဲ့ပဲ ပြန်လာခဲ့ပါ ဘရော် 💪💪

10/09/2025



ကမ္ဘာကျော် Monster Energy နဲ့ တရားဝင် လက်တွဲလိုက်တဲ့ ဂျော့ရှူအာဗန်
------------------------

10/09/2025

ပရိသတ်တွေ သိချင်နေကြတဲ့ ကျော်ကြီး ရဲ့ စာချုပ် အကြောင်း
--------------

09/09/2025

ကျော်စွာဝင်း ကို စာချုပ်ချုပ်လိုက်ရတာနဲ့ ပတ်သက်ပြီး ရှင်းပြလာတဲ့ Fairtex Gym ပိုင်ရှင်
-----------

ကျော်စွာဝင်း ကို နောက်ထပ် မြန်မာပြည်ကနေ ထွက်ပေါ်လာမယ့် ချန်ပီယံ ဖြစ်ဖို့ထိ မျှော်လင့်ထားတဲ့ အကြောင်း

လေ့ကျင့်ချိန် တစ်လအတွင်းနဲ့ သိတာ ထင်ရှားတဲ့ အပြောင်းလဲတွေ အများကြီး မရှိတာ နားလည်တဲ့ အကြောင်း

မြန်မာဖန်တွေက အနီးကပ် စောင့်ကြည့်နေတာကို သတိထားမိတဲ့ အကြောင်း

ကာယကံရှင် ကိုယ်တိုင်က သူ့ပွဲအတွက် လက်မှတ် ၄၀၀ လောက်ထိ ဖန်တီးပေးဖို့ တောင်းဆိုထားတဲ့ အကြောင်း

စတဲ့ အကြောင်းရာတွေကို ပြောပြထားပါတယ်။

 Fairtex နဲ့ ၄ နှစ် စာချုပ် ချုပ်ဆိုလိုက်တဲ့ ကျော်စွာဝင်း***********လက်ဝှေ့ကျော် ကျော်စွာဝင်းဟာ ဒီကနေ့မှာပဲ Fairtex Gym ...
09/09/2025



Fairtex နဲ့ ၄ နှစ် စာချုပ် ချုပ်ဆိုလိုက်တဲ့ ကျော်စွာဝင်း
***********

လက်ဝှေ့ကျော် ကျော်စွာဝင်းဟာ ဒီကနေ့မှာပဲ Fairtex Gym နဲ့ တရားဝင် စာချုပ် ချုပ်ဆိုလိုက်ပါပြီ။

Fairtex ပိုင်ရှင်ရဲ့သား မစ္စတာ ပရမ် နဲ့ ကျော်စွာဝင်းတို့ဟာ ပတ္တယားက Fairtex Store မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ကျော်စွာဝင်း က အကောင်းဆုံး ကြိုးစားမယ်လို့ ကတိပြုခဲ့သလို ၊ Gym ကလဲ အကောင်းဆုံး ပံ့ပိုးပေးမယ် ၊ မြန်မာဖန်တွေ ဂုဏ်ယူနိုင်လောက်တဲ့ ဖိုက်တာမျိုး ဖြစ်စေရမယ်လို့ ပြောဆိုသွားပါတယ်။

08/09/2025

4 လ တောင်ပြည့်သွားပြီ ဘရော်
-------------

ဘရော်နီကာ က ဂျူနီယာ ကို အနိုင်ယူခဲ့တာ မေလ ၉ ရက်နေ့က ဖြစ်ပါတယ်။

ဒီကနေ့ ဆိုရင် ၄ လ တိတိတောင် ပြည့်ခဲ့ပါပြီ။

ဒါပေမယ့် အခုထိ ဘရော် နောက်ပွဲ ထိုးမယ့် သတင်းနဲ့ ပတ်သက်လို့ မကြားရသေးပါဘူး။

ဒီလောက်ထိ အနားယူရလောက်တဲ့ ဒဏ်ရာပြသနာမျိုး ရှိထားတယ်လို့လဲ မကြားမိပါဘူး။

ပရိသတ်တွေက ဘယ်ရော်ရဲ့ပွဲကို စောင့်မျှော်နေကြပါပြီနော်။

Vero Nika

ที่อยู่

Bang Na
10560

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Sportsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Sports:

แชร์