09/09/2026
ဒုတိယမြောက်အခွင့်ရေးလဲ ဆုပ်ကိုင်နိုင်ခြင်း မရှိတဲ့ ကွမ်ဝမ်အီးလ်
-----------------
မနှစ်က DWCS ပြိုင်ပွဲမှာ စာချုပ်မရခဲ့တဲ့ တောင်ကိုရီးယားဖိုက်တာ ကွမ်ဝမ်အီးလ် ကို UFC က ဒုတိယမြောက် အခွင့်ရေး ထပ်ပေးခဲ့ပါတယ်။
ဒီမနက်မှာ ကျင်းပတဲ့ Week 5 ပြိုင်ပွဲမှာ သူနဲ့ ဘရာဇီးသား အပိုလိုဂိုးမက်ဇ် တို့ တွဲဆိုင်းကို ထည့်သွင်းခဲ့တာပါ။
ပြိုင်ဘက် Ground Game ကို ဦးတည်ပါတယ်။
ကွမ် ရဲ့ လက်သီးထိုးချက်တွေကြောင့် ဂိုးမက်ဇ် ဟာ ပထမချီမှာတင် Knockdown နှစ်ကြိမ်ကျပါတယ်။
ပွဲသိမ်းလုနီးပါးအထိ ဖြစ်ခဲ့ပေမယ့် ပွဲသိမ်းနိုင်ခြင်း မရှိပါဘူး။
ဒါပေမယ့် နောက်ပိုင်းရောက်လာလေလေ ဂိုးမက်ဇ် က နိုင်လိုစိတ်အပြည့်နဲ့ တိုက်စစ်ကို ဆက်တိုက်ဖွင့်ကစားရင်း သာစီးယူပါတယ်။
ဒါ့ကြောင့် ဒိုင်အဆုံးဖြတ်မှာ အနိုင်ရသွားတာပါ။
ကွမ်ဝမ်အီးလ် အတွက်တော့ ဒုတိယမြောက် အခွင့်ရေး ဖန်တီးပေးပေမယ့် ဆုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။