Burma Sar Pay Burmese language teaching and knowledge sharings

15/03/2026

Dip.Ed အပတ်စဉ်(၃)၀င်ခွင့်
မြန်မာစာမေဂျာအနီးကပ်လေ့လာလိုသူ(၁၀)ဦးထပ်မံလက်ခံပါမည်။
ဆက်သွယ်ရန်-09677035757(viber)

နတ်ရှင်နောင်ရေးတဲ့ ပေါ်နွေလလျှင်ရတုမှာ "တိမ်ညိုမှိုင်းထပ်၊ပြက်လျှပ်ပြကာ၊စိမ်းဝါမိုးပန်း"ဆိုတဲ့‌ကဗျာစာသားလေးမှာ "စိမ်းဝါမ...
13/02/2026

နတ်ရှင်နောင်ရေးတဲ့ ပေါ်နွေလလျှင်ရတုမှာ "တိမ်ညိုမှိုင်းထပ်၊ပြက်လျှပ်ပြကာ၊စိမ်းဝါမိုးပန်း"ဆိုတဲ့‌ကဗျာစာသားလေးမှာ "စိမ်းဝါမိုးပန်း"အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့နဲ့ပတ်သက်လို့အခုထိဘဝင်မကျနိုင်လို့ရှာဖွေဖတ်ရှုပြီးတင်‌ပေး
လိုပါတယ်။

ပထမဦးစွာ ဆရာချယ်ရီမြေမောင်တင်ထွန်းရဲ့ "ကဗျာ့အလှဒွါဒသမ"စာအုပ်မှာ " စိမ်းဝါမိုးပန်း"ကို "နတ်ရှင်နောင်သည် မိုးတိမ်များကို “စိမ်းဝါမိုးပန်း၊ ထွေထွေ စွန်းက”ဟူ၍ ဖွဲ့ဆိုထားသည်။ “မြမြမို့မို့စိမ်းညို့သော အရောင်အဝါရှိသည့်မိုးသားတိမ်ပန်းများ အထွေထွေအပြားပြား စွန်းငြိယှက်သန်းနေ သည်”ဟု ဆိုလိုသည်။

“စိမ်း”ကို “ညိုသည်၊ ညို့သည်”ဟုယူနိုင်သည်။ “ဝါ”မှာ “အခြည်အဝါ၊ အရောင်အဆင်း” ဖြစ်သည်။ “စိမ်းဝါ”မှာ “အညိုရောင်၊ ညှို့မှိုင်းသည့်အရောင်” ဖြစ်သည်။ “မိုးပန်း”မှာ “လျှပ်နွယ်လျှပ်ပန်း”ကို လည်းကောင်း၊ “မိုးသားတိမ်ပန်း”ကိုလည်းကောင်း ယူနိုင်ရာ ‘မိုးတိမ် များ”ကို ယူလျှင် ဆီလျော်ပါမည်။"ဟုဖော်ပြထားသည်။

ဆက်လက်ပြီးဆရာနန်းညွန့်ဆွေက "စိမ်းဝါမိုးပန်းကို"

"အစိမ်း၊အဝါ၊အနီ၊အဖြူ၊အညိုစသောအရောင်အမျိုးမျိုးရှိသည့်မိုးပန်းများဟုဆိုရမည့်တိမ်အမျိုးမျိုး၊လျှပ်စစ်ရောင်အမျိုးမျိုး။ ဟူ၍ဖွင့်ဆိုထားပါသည်။

၂၀၂၄ ခုနှစ်မြန်မာစာဂျာနယ် အလင်္ကာ‌ဖွင့်ဆိုချက်မှာတော့ -
"စိမ်းဝါမိုးပန်း"
အစိမ်းရောင်အဝါရောင်ရှိသော သစ်ရွက်များအပေါ်သို့ဖြတ်သန်းရောက်ရှိလာသောမိုးပေါက်များ ဟုဖွင့်ဆိုထားသည်ကိုလည်းတွေ့ရပါသည်။

နောက်ဆုံးအနေနဲ့ Chat GTP AIကိုမေးကြည့်တဲ့အခါမှာတော့ ဒီလိုဖြေပါတယ်။
"စိမ်းဝါမိုးပန်း "ဆိုတာ မြန်မာဘာသာရပ်ထဲမှာ—

အရောင်ဖော်ပြချက် အနေနဲ့ သုံးတဲ့စကားဖြစ်ပြီး
👉 စိမ်းနုနု၊ ဝါနုနု ရောနှောထားသလို သဘာဝအရောင်တစ်မျိုး ကို ဆိုလိုတတ်ပါတယ်။

တစ်ခါတရံမှာ ပန်းရဲ့အမည် အဖြစ်လည်း သုံးကြပြီး
👉 မိုးရာသီမှာပွင့်တတ်တဲ့ စိမ်းဝါရောင်လေး ပန်းမျိုးကို ခေါ်ဆိုတာ ဖြစ်နိုင်ပါတယ်။

စာပေ၊ ကဗျာ၊ သီချင်းတွေမှာတော့
👉 နူးညံ့သိမ်မွေ့မှု၊ သဘာဝအလှ၊ မိုးရာသီခံစားချက် ကို ပုံဖော်ဖို့ အသုံးများပါတယ်။

အကျဉ်းချုပ်ပြောရရင် — လျှပ်စီးအရောင်ကြောင့် စိမ်းဝါမိုးပန်း ပေါ်လာတယ်လို့ သဘာဝဗေဒအရ မထင်ပါဘူး။
ဒါပေမယ့် ကဗျာဆန်တဲ့ အမြင်အရ ဆိုရင်တော့ ထင်လို့ရပါတယ်။

ခွဲပြီးပြောရမယ်ဆိုရင်—

🌿 သဘာဝဗေဒအရ

လျှပ်စီးက အလင်းရောင် (light) နဲ့ လျှပ်စစ်အား ပဲ ဖြစ်ပြီး
ပန်းရဲ့ အရောင်ကို တိုက်ရိုက်ဖန်တီးပေးနိုင်မယ့် အကြောင်းအရင်း မဟုတ်ပါ။

ပန်းအရောင်တွေက
👉 မျိုးဗီဇ (genes)
👉 ပန်းရောင်ဓာတ် (pigments)
👉 နေရောင်၊ မြေဓာတ်
တွေကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် လျှပ်စီးအရောင်ကြောင့် စိမ်းဝါရောင်ပန်း ပေါ်လာတယ် ဆိုတာကို
သိပ္ပံနည်းကျ မထောက်ခံနိုင်ပါဘူး။

--🌧️ ကဗျာ / စာပေအမြင်အရ

ဒီမှာတော့ အဓိပ္ပာယ်က လုံးဝမတူပါဘူး—

လျှပ်စီး → ရုတ်တရက်ပေါ်လာတဲ့ ခံစားချက်၊ ထိခိုက်မှု

မိုး → အလွမ်း၊ အေးမြမှု

စိမ်းဝါပန်း → နုပျိုသော်လည်း မပြည့်စုံသေးတဲ့ ခံစားချက်

ဒါကြောင့်
👉 လျှပ်စီးလို တောက်ပသွားတဲ့ အတွေ့အကြုံတစ်ခုကြောင့်
မိုးထဲမှာ နူးညံ့တဲ့ ခံစားချက် (စိမ်းဝါမိုးပန်း) ပွင့်လာတယ်
လို့ ကဗျာဆန်စွာ ခံယူနိုင်ပါတယ်။

ဆရာမျိုးကို(မြန်မာစာ)

11/02/2026

"နိုင်ငံတော်ကိုပြန်အပ်ရမှာမို့ Text Booksတွေဆွဲဖြဲနေတာတဲ့ဗျာ။
ဘယ်ကျောင်းလဲမသိပေမဲ့ ဒါမျိုးဘယ်နိုင်ငံကမှလက်မခံပါဘူး..။"

#စာပေ

#စာအုပ်ဖျက်စီး

#ကျောင်းသားကျောင်းသူ

  ဖြေမည့်ကလေးများအတွက်ကောင်းနိုးရာရာ"ဝင်္ကဝုတ္တိအလင်္ကာ"
11/02/2026

ဖြေမည့်ကလေးများအတွက်ကောင်းနိုးရာရာ
"ဝင်္ကဝုတ္တိအလင်္ကာ"


 (မြန်မာစာ)(ဒီနှစ်မှာ ကိုယ့်မြို့နယ်အတွက်အ‌ကြိုက်ဆုံးတစ်ပုဒ်ဆိုလည်းမမှားဘူး။)  စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ခြင်းစကားပြေမှရရှ...
02/02/2026

(မြန်မာစာ)
(ဒီနှစ်မှာ ကိုယ့်မြို့နယ်အတွက်အ‌ကြိုက်ဆုံးတစ်ပုဒ်ဆိုလည်းမမှားဘူး။)

စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ခြင်းစကားပြေမှရရှိသောအသိအမြင်
********************************************
စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ခြင်းဆောင်းပါးသည်မျက်မှောက်ခေတ်တွင်ဒေါက်တာကျော်စိန်ရေးသားသော "သင့်ဘဝအတွက်တာအသုံးချစိတ်ပညာစာအုပ်"မှကောက်နုတ်ချက်ဖြစ်ပါသည်။စကားပြေရည်ရွယ်ချက်မှာဘဝတွင် အောင်မြင်မှုရရန်အတွက်စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း အသိပညာပေးလိုခြင်း ဖြစ်သည်။စကားပြေကိုဖတ်ရှုရပြီး
သောအခါအရွယ်ရောက်ပြီးသူတစ်ဦးအတွက် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှုရှိစေရန်နည်းလမ်းကောင်းများကိုလမ်းညွှန်ပေးထားသည့်အတွက် စာဖတ်သူတစ်ဦးအနေဖြင့်အသိအမြင်ဗဟုသုတများစွာတိုးပွားရပါသည်။

စကားပြေအစတွင်"လောကတွင် အောင်မြင်သူတို့သည် စိတ်ဓာတ်ရင့်ကျက်ခိုင်မာသူများဖြစ်ကြသည်။ လောကဓံ၏ အထုအထောင်းကိုအပြုံးမပျက်ခံယူကာ ဘဝတိုက်ပွဲဆင်နွှဲသူများမှာ စိတ်ဓာတ် ရင့်ကျက် တည်ငြိမ်သူများ ဖြစ်သည်။"သို့သော် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်ဖြစ်ရန် မလွယ်ကူပေ။ သုံးနှစ်အရွယ်ကလေးက သူ့အသက်နှင့်အညီ စဉ်းစား ခံစားမှုပြုခြင်းမှာ သူ့အရွယ်နှင့် သင့်လျော် သော စိတ်ဓာတ်ရင့်ကျက်မှုပင်ဖြစ်သည်။ သို့သော် အသက် (၂၀ )လူငယ်တစ်ယောက်သည် ခဲတံကျိုးသွား ၍ စိတ်ဆိုးစိတ်ကောက် ပြုမူပါက မသင့်လျော်ပေ။ ထိုသို့ပြုမူပါက စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုမရှိဟု ဆိုရပေမည်။ လူတိုင်းသည် အသက်အရွယ်နှင့်အညီ လိုက်ဖက်သောရင့်ကျက်မှုရှိရန် လိုအပ်သည် ဟူသော အသိအမြင်ကောင်းကို ရရှိစေသည်။

စိတ်ဓာတ်ရင့်ကျက်သော အရွယ်ရောက်သူတိုင်းဘဝနှင့်ပတ်သက်၍ စစ်မှန်သော ခံယူချက်များကို ထားရှိရန်လိုအပ်ပါသည်။ (၁) အချိန်ကို စနစ်တကျနားလည်အသုံးချ တတ်ခြင်း (၂)ကြောင်း ကျိုးဆက်နွယ်မှုတို့ကို သိနားလည်ခြင်း (၃) စစ်မှန်သောဘဝ ပန်းတိုင်ရှိခြင်း၊ (၄) စိတ်ကူး ဆန္ဒပြုရုံဖြင့်မပြီးဘဲ လက်တွေ့လုပ်ဆောင်မှ အကောင်အထည် ပေါ်တတ်ကြောင်း သဘောပေါက်ခြင်း၊ (၅) ဘဝအတွက် ဆီလျော်သောရွေးချယ်မှုတို့ကို ပြုလုပ်နိုင်စွမ်းရှိခြင်း ၊ (၆)ဓမ္မဓိဋ္ဌာန်ကျခြင်း စသည့်ခံယူချက်များထား ရှိရမည် ဟူသော အသိအမြင်ကိုရရှိပါသည်။

စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်၍စေရန် လူတိုင်းတွင် အနည်းနှင့်အများဆိုသလို ကိန်းအောင်းနေသည့် အတ္တစိတ်ကိုပယ်ရှားပစ်နိုင်ရမည်။ ပရဟိတစိတ်ထားဖြင့် အများ အကျိုး၊ လောကအကျိုး သယ်ပိုးသင့်သည်ဟူသော အသိအမြင်ကို ရရှိစေပါသည်။ ထို့ပြင် စစ်မှန်သော ဖြစ်ရပ်ဆိုးများကို ရင်ဆိုင်ရဲခြင်းသည်လည်း ရင့်ကျက်သူတို့၏အရည် အချင်းကောင်းတစ်ရပ်ပင် ဖြစ်သည်၊ အလုပ်ကို အချိန်မဆွဲလုပ်တတ်ရမည်။ မိမိစိတ်ကို ထိန်းချုပ်နိုင်ရမည်။ တာဝန်သိမှု တာဝန်ယူမှုလည်း ရှိရပေမည်။ အရွယ်ရောက်လာလျှင်ကိုယ့်အားကိုယ်ကိုးတတ်သောစိတ်ထားရှိရမည်။ မိမိဘဝ အတွက်အရေးပါသော ဆုံးဖြတ် ချက်တို့ကိုလည်း ပြုလုပ်တတ်ရမည်။ အကူအညီလိုလျှင် ရဲဝံ့စွာ တောင်းခံတတ်သကဲ့သို့ သူတစ်ပါးအကူအညီတောင်းလျှင်လည်း တတ်စွမ်းသမျှ ဆောင်ရွက်ပေးနိုင်ရမည်ဟူသော အသိအမြင်ကောင်းများကိုလည်း မှတ်သားရပါသည်။

ဤစကားပြေတွင် စာရေးသူသည် လူငယ်များကို တိုးတက်အောင်မြင်စေလိုသော စိတ်စေတနာဖြင့် လမ်းညွှန်ထားခြင်းဖြစ်သည်။ လူငယ်များစိတ်ဓာတ်ရင့်ကျက်မှုရှိရန် စစ်မှန်သော ခံယူချက်များ ထားရှိရန် လိုအပ်ပြီး၊ အောင်မြင်သူများဖြစ်ရန် ပရဟိတ စိတ်ထားများမွေးမြူတတ်ရန်၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းတတ်ရန်၊ မိမိကိုယ်ကို ထိန်းချုပ်တတ်ရန်၊ တာဝန်သိခြင်း၊တာဝန်ယူခြင်းတို့ရှိစေရန် လမ်းညွှန်ထားသော အသိအမြင် များကိုလည်းရရှိပါသည်။

လောကတွင်စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်ခြင်းရှိမှသာ၊ စိတ်ဓာတ်ရင့်ကျက်ခိုင်မာသူများဖြစ်မှသာ အောင်မြင်မှုကိုရရှိမည်ဖြစ်သည်။ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်သူတို့ ထားရှိရမည့် စိတ်ထား၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှုရှိစေရန် လုပ်ဆောင်သင့်ပုံများ၊ ဘဝတွင် အောင်မြင်မှုရစေရန် ထားရှိအပ်သော ခံယူချက်များကို ဆရာကြီးက ခေါင်းစဉ်များခွဲကာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ စိတ်ဓာတ်ရင့်ကျက်သူနှင့် မရင့်ကျက်သူတို့၏ကွာခြားမှု များကိုလည်း ဆရာကြီးက ထောက်ပြ ထားသဖြင့် များစွာအကျိုးရရှိကာဗဟုသုတဖြစ်ဖွယ်သိမြင်မှတ်သားရပါသည်။

အချုပ်အားဖြင့် ဆရာကြီးက သူပြောလိုသည့်အကြောင်းအရာများကို ပေါ်လွင်အောင် ဆောင်ပုဒ်များဖြင့်အကိုးအကားပြုတင်ထားပါသည်။ အလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့မရွှေ့ဘဲ ပြီးအောင်လုပ်တတ် ကြောင်းကို “ကိစ္စလတ်လတ်၊ ပြီးစေအပ်၏၊ အားလပ်မှသာ၊ မဟူရာတည်း” ဟူ၍ လည်းကောင်း၊ စိတ်ဓာတ် ရင့်ကျက်သူတို့သည် အရာရာစဉ်းစားဆင်ခြင်၍ ပြုမူသင့်သည်ကို “နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်” ဟု လည်းကောင်း ရေးသားထားရာ ဆိုလိုရင်းကိုပေါ်လွင်ကာ အသိအမြင်ကောင်းများစွာရရှိစေသောစကားပြေကောင်းတစ်ပုဒ်ပင်ဖြစ်ပါတော့သည်။

ဆရာမျိုးကို(မြန်မာစာ)


#ခွင့်ပြုချက်မရှိဘဲကူးယူအသုံးပြုခြင်သည်းခံပါ
#မြန်မာစာ
#စာပေ

ခုတလော ကျောင်းသားလူငယ်တွေကခိုက်ရန်ဒေါသဖြစ်ပွားတာတွေရှိနေကြတယ်။ဝမ်းနည်းစရာကောင်းတယ်။စိတ်မကောင်းစရာဖြစ်တယ်။ထိုးကြိတ်တယ်။ရိ...
30/01/2026

ခုတလော ကျောင်းသားလူငယ်တွေက
ခိုက်ရန်ဒေါသဖြစ်ပွားတာတွေရှိနေကြတယ်။
ဝမ်းနည်းစရာကောင်းတယ်။စိတ်မကောင်းစရာဖြစ်တယ်။
ထိုးကြိတ်တယ်။ရိုက်နှက်တယ်။
နောက်ဆုံး.....
တုတ်ဓားလက်နက်တွေပါလာရင်အသက်တွေသေဆုံးတယ်။
အသက်သေဆုံးတဲ့လူကလည်းဘ၀ဆုံးရှုံးတယ်။
လိမ္မာကြတာလို့ပြောချင်တယ်။မေတ္တာခံယူပါတယ်။
"ယနေ့ပညာရေးကလည်းဆရာတွေရဲ့မေတ္တာအခြေခံတာမဟုတ်တော့ဘူး။
စီးပွားရေးအခြေခံကြတာ။"

Jan30,2026

#ရွှေပြည်သာ
#ခိုက်ရန်ဖြစ်ပွား
#ကျောင်းသားကျောင်းသူ
#လယ်တွင်းသားစောချစ်

အခုဖြစ်ပေါ်နေတဲ့ ဇာတ်သဘင်နဲ့ပတ်သက်ပြီး Hits ဖြစ်နေတဲ့အကြောင်းအရာတွေမှာ လုံးဝဝင်မပါတော့ဘူးလို့နေခဲ့တာ။ အခုတော့ အရမ်းကိုပြ...
27/01/2026

အခုဖြစ်ပေါ်နေတဲ့ ဇာတ်သဘင်နဲ့ပတ်သက်ပြီး Hits ဖြစ်နေတဲ့အကြောင်းအရာတွေမှာ လုံးဝဝင်မပါတော့ဘူးလို့နေခဲ့တာ။ အခုတော့ အရမ်းကိုပြောချင်တဲ့အကြောင်းလေးဖြစ်လာလို့ပါ။ ဒါကလည်း ပညာရှင်ကို ပညာရှင်မှန်းမသိ စော်ကားမှုတွေလုပ်လာတဲ့ အစွန်းရောက်တချို့ကို သိစေချင်တဲ့အတွက်ပါ။ မင်းသားလေးများကို Blame တာလုံးဝ (လုံးဝ) မဟုတ်ပါဘူး ဆိုတာကြိုပြောပါရစေ။

ဒီနေ့ မန္တလေးမြို့ရဲ့ အထင်ကရ အငြိမ့်မိခင်ကြီး အမေ ထိပ်သီးသန်းသန်း ရဲ့ အင်တာဗျူးလေးကြည့်လိုက်ရတယ်။ အမေထိပ်ကပြောသွားတယ်။ အခုခေတ်စားနေတဲ့ မင်းသားလေးနှစ်ယောက်ကို သူအားမရသေးဘူး။ လိုသေးတယ်။ ကြိုးစားရဦးမယ်။ ဖိုးချစ်တောင် လိုသေးတယ်။ မင်းသားတို့တတ်အပ်တဲ့ပညာတွေ အများကြီးလေ့လာဖို့လိုသေးတယ်။ အကလေးတွေ မဆိုးကြဘူး။ ရုပ်လေးတွေလည်း အသင့်အတင့်ရှိကြတယ်။ ဒါပေမဲ့ အဆိုတွေ၊ အပြောတွေလိုသေးတယ်။ ပရိသတ်မျက်စိနဲ့ကြည့်ရင်တော့ ကောင်းပေမဲ့ အမေတို့ ပညာရှင်မျက်စိနဲ့ကြည့်ရင်တော့ ​လိုပါသေးတယ်။ ကြိုးစားစေချင်တယ် လို့ပြောခဲ့တယ်။ ကျန်တာတွေလည်းရှိသေးပေမဲ့ ဒါကမှတ်မိသလောက်ပါ။ အစအဆုံးနားထောင်ကြည့်မယ်ဆို တကယ် မင်းသားလေးတွေအနေနဲ့ ပညာယူစရာပါပဲ။

အမေထိပ်ပြောတာ တစ်ခုမှငြင်းစရာမရှိပါဘူး။ ပရိသတ်အမြင်နဲ့ကောင်းပေမဲ့ တကယ် သဘင်ပညာရပ်ပိုင်းဆိုင်ရာ သိတဲ့သူတွေက သူတို့ရဲ့အသံကို နားထောင်လိုက်တာနဲ့ ဒီအသံက မင်းသားသံ ဟုတ်လား၊ မဟုတ်လားဆိုတာ သိပြီးသားပါ။ မင်းသားရဲ့ အပြောအဆို၊ လေယူလေသိမ်း၊ အသံအထားအသိုတွေ ရလား၊ မရလား ဆိုတာသိပြီးသားပါ။ ပညာရပ်ပိုင်းဆိုင်ရာအနေနဲ့ကြည့်မယ်ဆို အက ကလွဲလို့ မင်းသားလေးတွေ အများကြီးလိုပါသေးတယ်။ ဒါကို သဘင်ပညာရပ်အစစ်အမှန်ကိုလိုက်စားခဲ့တဲ့ သဘင်ပညာရှင်စစ်စစ်ကြီးတွေ၊ သဘင်ပညာရှင်မဟုတ်သော်လည်း သဘင်ပညာရပ်တွေကို နားလည်တတ်ကျွမ်းထားတဲ့သူမှန်ရင် သိကြပါတယ်။ မင်းသားလေးတွေလည်း သူတို့ကိုယ်သူတို့ သိကြပါလိမ့်မယ်။

မသိတာကတော့ သူတို့ပရိသတ်တွေပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်က ဇာတ်ဆိုတာကို နားကန်းတစ်လုံးမှမသိခဲ့တဲ့သူတွေက မင်းသားလေးတွေပေါ်လာမှ ဇာတ်ရုံထဲဝင်ဖူးပြီး ဇာတ်သဘင်ပညာရပ် သမားစဥ်ဆိုတာ ဘာဆိုဘာမှမသိဘဲ မင်းသားကိုကြည့်ချင်တာတစ်ခုတည်းနဲ့လာကြည့်ကြတဲ့ ပေါ်ပင်ပရိသတ်တွေက သုံးပုံပုံရင် နှစ်ပုံခွဲလောက်ရှိနေပါတယ်။ ခေတ်ရေစီးကြောင်းအရ မင်းသားလေးတွေရဲ့စန်းအရ မင်းသားလေးတွေကို ဝန်းရံပြီးချစ်ပေးကြတာ ဘာမှမပြောလိုပါဘူး။ ပြောစရာလည်းမလိုပါဘူး။ ဒါပေမဲ့ မင်းသားလေးတွေကို ဝေဖန်အကြံပြုကြတဲ့ ပညာရှင်ကြီးတွေကို ဇာတ်သဘင်ပညာရပ်ဆိုတာကို နားကန်းတစ်လုံးတောင် မသိတဲ့သူတွေက ပြန်ခွပ်နေကြတာကတော့ တွေ့ရမြင်ရ တော်တော်အဆင်မပြေပါဘူး။

ဒီနေ့ဆို အမေထိပ်ရဲ့ အင်တာဗျူး post အောက်မှာ အမေထိပ်လို ပညာရှင်မျိုးကို ပြန် blame နေတဲ့ comment အချို့ကိုတွေ့ရတာ တော်တော်လေးကို ပြောစရာပျောက်ရပါတယ်။ ကိုယ် blame နေတဲ့ ပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်လည်းဆိုတာ အရင်စုံစမ်းစေချင်တယ်။ ထိပ်သီးသန်းသန်း ဆိုတာ မန္တလေးအငြိမ့်လောကမှာ ဘယ်လို ဒင်္ဂမော် မင်းသမီးလည်းဆိုတာ သိကြရဲ့လား။ အငြိမ့်မင်းသမီးလည်းဟုတ်သလို ဇာတ်လောကမှာလည်း ကျင်လည်ခဲ့ဖူးတဲ့ ဇာတ်မင်းသမီး။ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဧည့်ပါမောက္ခ။ ဧယင်ကျူးပညာကိုလည်း တစ်ဖက်ကမ်းခတ်တတ်တဲ့ မင်းသမီး။ ဆရာမ ခင်ခင်ထူးရဲ့ တောမင်းသမီး စာအုပ်ထဲက ကြက်တူရွေးပျံ အကြောင်း (စာဖတ်တဲ့သူပဲသိမယ်) က အမေထိပ် တကယ်ကျူးခဲ့တဲ့ ဖြစ်ရပ်မှန်ပဲ။ (ဒါတောင် ဆရာမက သူ့ကလောင်သွားနဲ့ ဇာတ်လမ်းကိုနည်းနည်းပြင်ထားလို့ တကယ့်ဖြစ်ရပ်မှန်က ပိုတောင်စိတ်ဝင်စားစရာကောင်းသေးတယ်) အဲ့လို အငြိမ့်ပညာ ဇာတ်ပညာ ဧယင်ကျူး ဆိုငို​ပြောပညာရပ်တွေကို ရှစ်စပ်ကဂျင်ချေလည် ဒိုးလိုမွှေရေလိုနှောက်တတ်ထားတဲ့ သဘင်ပညာရှင်မင်းသမီးကြီး၊ သဘင်ပညာရပ်ဆိုင်ရာ စာပေတွေမှာ မှတ်တမ်းတင်ခြင်းခံရတဲ့ မင်းသမီးကြီးကိုများ ဇာတ်ဆိုလို့ ကိုယ်အားပေးတဲ့မင်းသားကလွဲလို့ ဘာတစ်ခုမှမသိတဲ့လူတွေက Blame နေတယ်ဆိုတော့ ရယ်လည်းရယ်ချင်။ ဒေါသလည်းထွက်မိတာအမှန်ပါ။ ပြီးတော့ အမေထိပ်ပြောသွားတဲ့ထဲမှာ အဖျက်သဘောတစ်ခုမှမပါပါဘူး။ အကုန်လုံးကို ကောင်းစေချင်တဲ့စေတနာနဲ့ အပြုသဘောဆောင်ပြီး ပြောသွားတာပါ။ တကယ်ဆို ကိုယ်ချစ်တဲ့မင်းသားတွေကို ဝေဖန်ထောက်ပြပြီး ပြောပြပေးလို့ ကျေးဇူးတောင်တင်ရဦးမှာပါ။ အခုတော့ဖြင့် ပညာရှင် ပညာရှင်မှန်းမသိ ပြန်ခွပ်နေတာတွေက ကြည့်ရတာ ရုပ်ပေါက်လွန်းပါတယ်။

အဲ့တော့ ဇာတ်ကြည့်ရင် မျက်လုံးနဲ့ပဲကြည့်ကြပါ။ နှာခေါင်းတွေနဲ့မကြည့်ကြပါနဲ့။ နှာခေါင်းတွေနဲ့ကြည့်လွန်းအားကြီးတော့ ပညာရှင်ကို ပညာရှင်မှန်းမသိ အမြင်တွေကွယ် မိုးမမြင်လေမမြင်တွေဖြစ်ပြီး ဦးနှောက်တွေပါသေးကုန်ကြပြီ ထင်ပါတယ်။ ကိုယ့်ရဲ့အပြုအမူတစ်ခု ကိုယ့်ရဲ့ comment တစ်ကြောင်းဟာ ကိုယ့်ရဲ့အဆင့်အတန်းကို ဖော်ပြတဲ့အပြင် ကိုယ်အားပေးတဲ့ အနုပညာရှင်ရဲ့ပုံရိပ်ကိုပါ တိုက်ရိုက်သက်ရောက်စေတယ်ဆိုတာ သတိထားပေးကြပါ။ သူ့ပရိသတ်တွေက ဒီလိုတွေလား... ဆိုတာမျိုး ကိုယ့်ကြောင့် ကိုယ့်မင်းသားကို ထိခိုက်စေတယ်ဆိုတဲ့ အသိလေးကပ်ကြစမ်းပါဦး။ သဘင်အလုပ်နဲ့လုပ်စားနေတဲ့ မင်းသားငယ်လေးတွေကိုအားပေးပြီး သဘင်ပညာရှင်ကြီးတွေကိုစော်ကားနေတာကြ မလွန်လွန်းဘူးလားကွယ်တို့ရေ။ ခင်ဗျားတို့မင်းသားလေးတွေလည်း တစ်ချိန်ကျ သူတို့နေရာရောက်လာမှာပဲဆိုတာလေး ခေါင်းထဲထည့်ထားကြပါ။ ဘာကောင်ကြီးဖြစ်ဖြစ် ပြန်ခွပ်လိုက်မယ်ဟဲ့လို့ပဲ အတောင်ပြင်မထားကြပါနဲ့။

ပြီးတော့ Media ။ နာမည်ထိုးတာ ' ထိပ်သီးတင်တင်သန်း ' တဲ့။ ကိုယ်အင်တာဗျူးတဲ့သူရဲ့ နာမည်တောင် သေသေချာချာ မှန်မှန်ကန်ကန် မသိဘဲနဲ့ ပရိသတ်နဲ့ ရန်တိုက်ဖို့အတွက် အပြုသဘောဆောင်ပြီး ပြောသွားတာတွေထဲကမှ ပရိသတ် အထင်မှားစေမယ့် Caption နဲ့ စကားလုံးတွေကို Edit ပြီး Preview ပြထားတယ်။ ဒါကို အစအဆုံးမကြည့်ဘဲ Preview ကြည့်ပြီး နှုတ်သီးပြင်ထားတဲ့အဖွဲ့က သက်သက်ရှိတယ်။ အစအဆုံးလေးနားထောင်ကြည့်ကြပါဦး။ အမေထိပ် ပြောသွားတဲ့အထဲမှာ မှားတာတစ်ခုမှမပါဘူး။

အခုအဖြစ်က ' ရင်ဘတ်ထဲကဓား ' ရုပ်ရှင်ဇာတ်ကားကိုကြည့်နေရသလိုဖြစ်နေပြီ။

" ရှင့်ဖိတ်စာကိုကြည့်တော့ ရေမွှေးဖိတ်စာနဲ့တူလို့ မွှေးကြည့်တော့ မမွှေးတာနဲ့ မမွှေးလို့မမွှေးဘူးပြောတာလေ... ရှင်ရော ရှင့်ဖိတ်စာကိုမွှေးတယ်လို့ ထင်လို့လား... အေး ဒါပေမဲ့ အပေါစား ဆိုတဲ့စကားကိုတော့ ကျွန်မပါးစပ်က တစ်ခွန်းမှမထွက်ခဲ့ဘူးနော်...
အဲ့ဒါ ဟိုကောင်မ သိန်းရင် ရှင့်ကိုလန်ကြုတ်ပြီး ချွန်တွန်းလုပ်သွားတာ.... "

အဲ့ဒါပါပဲ။ ဘယ်သူက လရိပ်ဝေး။ ဘယ်သူက မမကြူ။ ဘယ်သူက ရေမွှေးဖိတ်စာ။ ဘယ်သူက သိန်းရင် ဆိုတာတော့ ကိုယ့်ဘာကိုယ်သာ စဥ်းစားကြပါတော့။

ဇာတ်ကို မျက်လုံးနဲ့ကြည့်ပြီး ဦးနှောက်နဲ့တွေးကြ စဥ်းစားကြပါ။ နှာခေါင်းနဲ့ချည်းကြည့်မနေကြပါနဲ့။ဒီထပ်ပိုသိချင်ရင်" ရွှေမန်းက သန်းနှစ်သန်း"
စာအုပ်ဝယ်ဖတ်ကြ။

#မြန်မာ့ဇာတ်သဘင်
#အောင်ဇမ္ဗူ
#စမ်းရေမိုး
#ဖိုးချစ်
#ဇာတ်ပွဲ
#ပွဲ
#ထိပ်သီး

စေတနာနှိုးဆော်အသိပေးခြင်း*********************တက္ကသိုလ်ဝင်တန်း(GRADE 12)စာမေးပွဲကြီး နီးလာလေလေဘာသာရပ်ဆိုင်ရာဂျာနယ်တွေရဲ့...
26/01/2026

စေတနာနှိုးဆော်အသိပေးခြင်း
*********************
တက္ကသိုလ်ဝင်တန်း(GRADE 12)စာမေးပွဲကြီး နီးလာလေလေဘာသာရပ်ဆိုင်ရာဂျာနယ်တွေရဲ့ရောင်းအားဟာအင်မတန်မှမြင့်တက်လာပါတယ်။ရောင်းအားကောင်းနေခြင်းကိုမနာလိုလို့အပြစ်ပြောခြင်းမဟုတ်ပါ။နှစ်စဉ်နှစ်တိုင်းဂျာနယ်တွေဟာဒီအချိန်ဆိုပလူပျံအောင်တစ်ဘာသာပုံစံတစ်မျိုးနဲ့ထွက်ကြတာကို ကျောင်းသားများနှင့်မိဘပြည်သူများကလည်းဂျာနယ်ကိုအလုအယက်ဝယ်ယူအားပေးကြပါတယ်။
‌အကြောင်းမှာ ဒီဂျာနယ်လေးဟာ ကလေးတွေအတွက်နောက်ဆုံးဆုပ်ကိုင်မိတဲ့ကကြိုးတစ်မျှင်လိုအားကိုးကြလို့ပါ။ဂျာနယ်တွေကိုတက္ကသိုလ်ရဲ့ဌာနတွေကထုတ်တယ်ဆိုပြီး ဂျာနယ်ထဲကအပုဒ်တွေပါမလားရွေးကျက်။အရင်ကပုံစံတစ်မျိုးနဲ့ကျက်ခဲ့မှတ်ခဲ့ တွက်ခဲ့ရင်တောင် အချို့ကလေးတွေနဲ့ဆရာ/မတွေဟာ ဂျာနယ်ထဲကအတိုင်းဖြစ်အောင် နည်းအသစ်ကိုထပ်မှတ်ကြပါတယ်။

အရေးကြီးဆုံးကတော့ စာစစ်အတွေ့အကြုံအရ ဂျာနယ်ထဲကအဖြေအတိုင်း ဖြေလို့အမှတ်မရပါဘူး။

မှတ်မှတ်ရရဥပမာပြရရင် -

မနှစ်ကမြန်မာစာမှာ "အချစ်မီး"ဆိုတဲ့ရူပကအလင်္ကာ လေးကိုအမှတ်ခြစ်တဲ့အခါ scheme မှာက

အချစ်မီး-ရူပကအလင်္ကာ
ဖိစီးနှိပ်စက်ပူလောင်တတ်သောအချစ်(အနှိုင်းခံ)နှင့်ပူလောင်စေတတ်သော
မီး(အနှိုင်း)တို့ကို ဂုဏ်ရည်တူချင်းထပ်တူပြုရေးဖွဲ့ထားသောကြောင့်ရူပကအလင်္ကာမြောက်ပါသည်။

လို့ဆွဲထားပါတယ်။

Scheme ဘယ်လိုဆွဲဆွဲအလင်္ကာဆိုတော့ ကလေးတွေက တစ်ကျောင်းတစ်ဂါထာတစ်ပုဒ်ဆန်းနဲ့ဖြေကြပါတယ်။ဖြစ်ချင်တော့ကလေးတွေဖြေတဲ့အချို့အဖြေတွေဟာဂျာနယ်ထဲကအတိုင်းကျက်ပြီးဖြေလာကြတာကိုတွေ့ရပါတယ်။ကျွန်တော်ကလည်းအမှတ်ခြစ်နေရင်း Supervisor ဆီသွား‌ပြီးအမှတ်တောင်းပါတယ်။

"တီချယ်ကြီးခင်ဗျာ...
ဒီကလေးအဖြေဟာ 2025ဂျာနယ်ထဲကပုံစံအတိုင်းဖြေလာပါတယ်။
Schemeနဲ့တော့မတူဘူး။မှန်တယ်လို့ထင်ပါတယ်။အမှတ်မပေးသင့်ဘူးလားလို့ မေးလိုက်တဲ့အခါ.."
"အဲ့တီချယ်ကြီးက
ဆရာ..2025မှာဂျာနယ်မထုတ်ပါဘူးတဲ့။
ကျွန်တော်ကလည်း "ထုတ်ပါတယ်""တီချယ်မသိတာနေမှာပါ"လို့ထပ်ပြောပါတယ်။အဲ့အခါသူကဘေးကတီချယ်ကြီးတွေကိုဂျာနယ်မထုတ်ကြောင်းသူ့ဘက်ပါလာအောင် အဖော်လိုက်ညှိပါတယ်။

ဘယ်ရမလဲ..ကျွန်တော်ကလည်းအသင့်ပါလာတဲ့ stickကို ဖုန်းခဏတောင်းပြီးFileထိုးပြလိုက်ပါတယ်။အဲ့အခါကျမှ သူအထက်ကိုတင်ပြပေးမယ်ဆိုပြီး စာစစ်မှူးချုပ်ဆီတင်ပြပါတယ်။

သူကဘာပြန်ပြောလဲဆိုတော့-

"ဂျာနယ်ကအတိုင်းဖြေရင်အမှတ်မပေးရပါဘူးတဲ့။Schemeအတိုင်းပဲအတိအကျပေးပါတဲ့။ဂျာနယ်ဆိုတာ ရန်ကုန်တက္ကသိုလ်ဌာနက ဆရာအငယ်လေးတွေ Fundအဖြစ်စုရေးကြတာမို့ အတည်ယူလို့မရပါ။တဲ့။"

ကဲ...မြန်မာစာမှာဂျာနယ်အားကိုးရင်အမှတ်ဝက်တောင်မသေချာပါဘူး။

ဘယ်လောက်ထိအမှတ်မရသလဲဆိုရင်အချို့ကလေးတွေ
"နှိပ်စက်ဖိစီးပူလောင်စေသောအချစ်"လို့ဖြေထားတာကို "ဖိစီးနိပ်စက်ပူလောင်"မဟုတ်လို့အမှတ်မပေးရပါ။ရှေ့နောက်လွဲနေပါတယ်တဲ့ဗျာ။

အခုပုံမှာပြထားတဲ့ဂျာနယ်ထဲကအဖြေအတိုင်း"အချစ်မီး" ရူပကအလင်္ကာကိုဖြေတဲ့အခါ အမှတ်ရဖို့ရော သေချာပါ့မလား။

အဲ့တော့ဆရာတို့၊ဆရာမတို့တစ်ခုမှတ်ထားရမှာက မိမိကလေးတွေကိုအနားနီးမှဂျာနယ်ဘောင်ထဲမသွင်းကြဖို့ပါ။သူတို့နဂိုမှတ်ထားကြတဲ့ပုံစံလေးတွေအတိုင်းဖြေကြပါစေ။

အမှတ်ရဖို့ ဦးပုညပြန်ဖြေရင်တောင်မသေချာပါ။

ဆရာမျိုးကို(မြန်မာစာ)

ပြည်ထောင်စုနေ့အကြိုဆောင်းပါးတစ်ပုဒ်*****************************(တပည့်တစ်ယောက်ကိုပထမဆုံးလက်ရည်သွေးပေးခြင်း။)ဆရာမျိုးကို(...
26/01/2026

ပြည်ထောင်စုနေ့အကြိုဆောင်းပါးတစ်ပုဒ်
*****************************

(တပည့်တစ်ယောက်ကိုပထမဆုံးလက်ရည်သွေးပေးခြင်း။)

ဆရာမျိုးကို(မြန်မာစာ)

"ရွှေရည်သောက်ပြဿနာ"*****************တကယ်တော့ "ရွှေရည်သောက်"ဆိုတဲ့ကဗျာစာသားကလေးဟာ စာဆိုဗန်းမော်ညိုနွဲ့ရဲ့ကျစ်လျစ်ပြီး သမာ...
19/01/2026

"ရွှေရည်သောက်ပြဿနာ"
*****************

တကယ်တော့ "ရွှေရည်သောက်"ဆိုတဲ့ကဗျာစာသားကလေးဟာ စာဆိုဗန်းမော်ညိုနွဲ့ရဲ့ကျစ်လျစ်ပြီး သမာဓိဂုဏ်မြောက်အောင်သုံးထားတဲ့အင်မတန်လှပတဲ့အသုံးလေးပါ။ကဗျာအနေနဲ့ခံစားရင်လည်း‌တော်တော်အရသာရှိလှပါတယ်။အညာကျေးလက်ဒေသရဲ့လသာသာညမြင်ကွင်းကိုစိတ်မျက်စိမှာ မြင်ယောင်လာစေပါတယ်။
သို့ပေမဲ့ "ရွှေရည်သောက်"ကို ၀င်္ကဝုတ္တိအလင်္ကာအဖြစ်ယူကြတဲ့အခါ စာစစ်ဌာနနဲ့သင်ကြားပို့ချသူတွေကြားဝါဒကွဲပြားနေကြပါတယ်။ဒါကလည်းစာစစ်ဌာနတွေရဲ့တိုက်စစ်မှူးစနစ်ကြောင့်ပါ။သတင်းစာမှာကြေညာထားတဲ့

"ရွှေရည်သောက်=ရွှေရောင်လိမ်းကျံသည်"ဆိုတာဟာကဗျာအနှစ်သာရကိုပေါ်လွင်စေလောက်တဲ့ဖြေဆိုမှုမဟုတ်ပါဘူး။

တကယ်တမ်းက

"ရွှေရည်သောက်=အုန်းပင်၊ထန်းပင်၊ပေပင်နှင့်တမာပင်တို့၏အရွက်ကလေးများသည်လရောင်ဖြာကျမှုကြောင့်ဝင်းဝါနေကြသည်။" လို့ယူဆရင်ကဗျာ့အာဘော်ကိုခြုံငုံမိတဲ့အလင်္ကာဖြေဆိုမှုတစ်ခုဖြစ်ပါလိမ့်မယ်။

သို့သော်လည်း စာစစ်ဌာနတွေက ဝင်္ကဝုတ္တိ လို့မေးရင်"ခက်ဆစ်ယူဖြေ"ဆိုပြီး တိုက်စစ်ကြတာကြောင့်ကလေးတွေအမှတ်ရဖို့နစ်နာကြတာပါ။

သတင်းစာမှာသာကြေညာထားပေမဲ့လည်းအမှန်လို့မဆိုကြနဲ့ဦး။စာမေးပွဲ‌မှာထည့်မေးပြီး Scheme ထွက်လာမှာသာသိရမှာပါ။

ဒါကတော့သက်ဆိုင်ရာတာဝန်ရှိသူများရဲ့အပိုင်းမို့ကျွန်တော်မပြောလိုတော့ပါ။

ဆရာမျိုးကို(မြန်မာစာ)

မိမိတို့၏ရင်သွေးလေးများမြန်မာစာကိုလုံးဝမကြောက်တော့ဘဲ စာမေးပွဲတိုင်းမှာထူးချွန်မှတ်များရရှိစေချင်တယ်ဆိုရင်အခုပဲကြိုတင်စာရ...
19/01/2026

မိမိတို့၏ရင်သွေးလေးများမြန်မာစာကိုလုံးဝမကြောက်တော့ဘဲ
စာမေးပွဲတိုင်းမှာထူးချွန်မှတ်များရရှိစေချင်တယ်ဆိုရင်အခုပဲကြိုတင်စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီခင်ဗျာ။

သင်တန်းကြေး
သင်ရိုးပြတ် (၁)သိန်းကျပ်
သင်တန်းရက် -20.3.2026

ที่อยู่

Bang Naun
590-0975

เบอร์โทรศัพท์

+959952398615

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Sar Payผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์