17/07/2024
လွမ်းမိတယ် ငယ်ငယ်တုန်းကပေါ့ ဘောလုံးကန်ပြီဆိုရင်
၁. ဖက်တီးတွေက ဂိုးအမြဲဖမ်းရတယ် 🥅
၂. မကန်တတ်တဲ့သူက ကွင်းဘေးမှာ လွယ်အိတ်တွေစောင့်ရတယ်
၃. အုတ်နီခဲ အင်္ကျီထူတွေဟာ ဂိုးတိုင်တွေပဲ 🥅
၄. အရင်ရွေးခံရရင်ဆရာကြီး နောက်ဆုံးမှ အရွေးခံရကြည့်
အဲကောင် ကွင်းဘေးမှာထိုင်စောင့်နေရတယ်
၅. စကေးကောင်းတဲ့သူကို အရင်ရွေးကြပြီး ကိုယ့်အသင်းမှာကန်ဖို့
ဗြောင်တောင်တောင် ဗေဗေ့ဂျိ လုပ်ရသေးတယ် 😁
၆. ပင်နယ်တီနဲ့ Foul ball မရှိဘူး ဒါပေမယ့် အငယ်ဆုံးကောင်
ငိုပြီဆိုရင် Foul Ball ပေးရပြီ
၇. ဘောလုံးပိုင်ရှင်ဟာ ဒိုင်လူကြီး ကြိုက်တဲ့အချိန်ရပ်လို့ရတယ်
၈. စကေးကောင်းတဲ့ကောင်တွေက တသင်းတည်း အတူတူမကျဘူး
ဟိုဘက်ဒီဘက် ခွဲပေးရတယ်
၉. ဘောလုံးပိုင်ရှင်ဟာ ဒိုင်လူကြီးပေမယ့် စကေးကောင်းတဲ့သူရဲ့
မိဘတွေဟာလည်း တုတ်ကိုင်လာရင် ဒိုင်လူကြီးပဲ
၁၀.ဆေးအဖွဲ့မရှိဘူး ဒဏ်ရာရကြည့် မိဂသီနဲ့ သွေးတိတ်ရွက်က
ဒဏ်ရာပျောက်ဆေးပဲ တံတွေးတောင်ဆွတ်ကြသေး
၁၁. အလကားကြေးကန်လို့ နိုင်လည်း နိုင်တဲ့ဘက်က
လဘ္ဘက်ရည်ဆိုင်မှာ စားမြုံ့ ပြန်လို့မပြီးသေးဘူး
၁၂.လမ်းထိပ်က အကြော်ဆိုင်ဟာ နိုင်တဲ့အဖွဲ့ကိုရောင်းဖို့
အကြော်တွေ ချန်ထားရတယ်
၁၃.ဘေးနားမှာ အဆောက်အဦးရှိလို့. ဘောလုံးမှန်လို့
မှန်ကွဲကြည့် ဒိုင်ပွဲရပ်နဲ့ ကြက်ပျောက်ဌက်ပျောက်ပဲ 😁
၁၄. မိုးရွာနေရင် ကိုယ်ကန်တဲ့ကွင်းက အကောင်းဆုံးပဲ
၁၅. ကိုယ်ကြိုက်တဲ့ကောင်မလေး လာကြည့်တယ်မလား
အလိုလိုနေရင်း ရှေ့တန်းရောက်သွားတယ်
စီ အာ ဒီ ပါ