Secrets of Time page အသစ်လေးမို့ like and follow လုပ်ခဲ့ကြပါအုံးနော်🙏

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာUFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မ...
07/12/2025

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာ

UFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ‌ဂျော့ရှုဝါဗန်က လက်ရှိ ချန်ပီယံ ပန်တိုဂျာကို အလဲထိုး Technical Knockout နဲ့ အနိုင်ရရှိသွားပါပြီ။

ပွဲစပြီး စက္ကန့် ၂၀ ကျော် အကြာမှာ ပန်တိုဂျာက ဗန်ကို အမြင့်ကန်ချက်နဲ့ ကန်ပြီး ပြန်အကျ မှာ လက်တံတောင်ဆစ် လွဲသွားခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ပန်တိုဂျာက ဆက်ပြိုင်ဖို့ မဖြစ်နိုင်တာကြောင့် အနားပေးခံရပြီး ဗန်က ပန်တိုဂျာကို TKO နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျော့ရှုဝါဗန် နဲ့ ပန်တိုဂျာတို့ဟာ UFC 323 ပြိုင်ပွဲ ရဲ့ ဒုတိယခေါင်ပွဲအစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ချန်ပီယံ ခါးပတ် ၄ ကြိမ်တိုင်တိုင် ကာကွယ်လာပြီးတဲ့နောက် မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် နဲ့ တွေ့တဲ့အချိန်မှာ ပန်တိုဂျာက သူ့ရဲ့ ချန်ပီယံခါးပတ် ကို လက်လွှတ်ခဲ့ရတာပါ။

ကမ္ဘာတဝန်းပရိသတ်တွေအခိုင်အမာရှိပြီး ထင်ရှားကျော်ကြားလှတဲ့ UFC သမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာဖိုက်တာ တစ်ဦး ချန်ပီယံဖြစ်လာတာပါ။

UFC မှာ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာလည်း မြန်မာကိုယ်စားပြု ဖိုက်တာ ဂျော့ရှုဝါဗန်က ပထမဆုံး ချန်ပီယံ ဖြစ်လာတာပါ။

ချန်ပီယံဖြစ်လာတဲ့ ဂျော့ရှုဝါဗန်က ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့ ချန်ပီယံခါးပတ် ကာကွယ်ဖို့ အသင့်ပဲ လို့ ပြောသွားပါတယ်။
တို့မြန်မာပရိတ်သက်တွေကလဲဆက်အားပေးဖို့ အသင့်ဘဲ လားဆိုတာကို commentမှာရေးခဲ့ကြပါအုံး

ที่อยู่

Bang Phongphang

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Secrets of Timeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์