28/05/2026
#အနက်ဖြန်ည OneFridayFight156မှာပါဝင်တဲ့အကြိုက်ဆုံးပွဲတစ်ပွဲကိုပြောပါမယ် အဒါကတော့ Ramadan🇱🇧နဲ့Suriyanlek🇹🇭ပွဲပဲဖြစ်ပါတယ်။Ramadanကပေါက်ကွဲအားကြောင့်လူသိများတယ်အသက်၁၈နဲ့ဒေါ်လာ၁သိန်းတန်စာချုပ်ရထားတဲ့သူ #တိုက်ခိုက်တဲ့ ပုံကလဲသူမလဲကိုမလဲဇပြင်းတဲ့ကောင်လေးပါအရပ်က၅ပေ၆လက်မရှိလို့သူဆော့နေတဲ့ flight waight မှာတော့အနေတော်ပါပဲ။ဆူရီယံလက်ဆိုရင်တော့ဘာမှကိုပြောစရာမလိုတာပါ။မြန်မာတွေနဲ့ရင်းနှီးပြီးသားပါ၊သန့်စင်၊ဂင်ဆန်လက်တို့နဲ့ဆော့ဖူးထားလို့လူတိုင်းသိတယ်။ဆော့ပုံကကြမ်းတာထက်စိတ်ဓာတ်ပိုင်းနဲ့ဆော့တဲ့သူမျိုးပါ။ဘယ်တော့မှရှုံးမပေးတဲ့စိတ်မျိုးရှိတယ်။ဒါကြောင့်လည်း one မှာ၁၇ပွဲထိုးထားပြီးတော့ဘောနပ်၁၁ကြိမ်ထိရထားပါတယ်။Oneမှာစောသမျှကစားသမားတွေထဲမှာသူ့လောက် bonus ရဖူးတဲ့လူမရှိသေးဘူး။မမွေးသေးဘူး။၁၁ကြိမ်ဆိုတာက #နည်းနည်းနောနော မှမဟုတ်တာဒီလောက်ထိစိတ်ဓာတ်ကောင်းတဲ့သူပါ ဒါပေမယ့်ဒေါ်လာ၁သိန်းတန်စာချုပ်ထဲကတော့လွဲခဲ့တယ် ဒီပွဲမင်းနိုင်ရင်စာချုပ်ပေးမယ်ဆိုရင်အဲ့ပွဲသူရှုံးပြီအဲ့လိုကိုကံဆိုးခဲ့တာပါ Ramadanက လေးပွဲမြောက်မှာ ချာပါရက်🇹🇭 ကိုအလဲထိုးပြီးတော့စာချုပ်ရခဲ့ပေမယ့်ဆူရီယံလက်ကတော့ခုချိန်ထိမရသေးပါဘူး။Ramadanကပွဲစတွေမှာအသေကြမ်းပြီးတော့ရုံးနိုင်ပေမယ့်ဆူရီယံလက်ကပွဲစမှာငြိမ်နေပြီးတော့ဆူရီယံလက်ပြန်ကြမ်းတဲ့အချိန်ကြရင် Ramadanကပြန်ပြီးတော့ကျနေတတ်လိမ့်မယ်။စိတ်ဓာတ်ပိုင်းမှာလည်း ကလေးပဲရှိသေးတော့ emotion နည်းနည်းလေးရှိတယ်။ဆူရီယံလက်ကတော့စိတ်ဓာတ်ပိုင်းနည်းနည်းလေးပိုပြီးတော့မာလိမ့်မယ်။ပြောချင်တာကဗျာတစ်ယောက်နဲ့တစ်ယောက်နဲ့ကလုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ပွဲပါ။တစ်ယောက်က တက်နေတဲ့အချိန်မှာတစ်ယောက်ကကျနေတတ်ပြီးတော့တစ်ယောက်ကကျနေမဲ့အချိန်မှာတစ်ယောက်ကတက်နေပါလိမ့်မယ်။အဲ့လိုပဲ။ပွဲစမှာ Ramadanက သာမယ်။ဘောင်စာမို့လို့ဝိုက်လက်သီးတွေကောင်းတယ်။ အထူးသဖြင့်ဘယ်ဝိုက်လက်သီးကအားပါပြီးတော့ကြောက်ဖို့ကောင်းတယ်။နံကိုနိုက်မယ်။ဆူလီယံလက်က ဂျင်ဆန်လက်နဲ့ပွဲမှာဆိုရင်Bodyအကန်ခံရလို့အားကုန်နေေပမဲ့ ရအောင် ကမ်းဘတ်ပြန်လာတယ်။သန့်ဇင်နဲ့ ပွဲမှာဆိုရင်လည်းခြေထောက် နာနေတာတောင်မှရအောင်ပြန်ပြီးတော့အလဲထိုးပြန်ယူပြသွားတယ်။ ဒါကြောင့်လည်းဆူရီယံလက်ရဲ့ပါဝါကသူ့ရဲ့ကစားတဲ့ပုံစံထက်သူ့ရဲ့စိတ်ဓာတ်ပါပဲ။ ဒီပွဲက စောင့်ကြည့်ဖို့အရမ်းကောင့်ပွဲပါ။
#ညီကိုတို့အမြင်မှာ ဘယ်ဖိုက်တာအနိုင်ရမလဲ?